လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ လီဗာပူး ရသင့်တဲ့ ပင်နယ်တီများ မျက်ကွယ်ပြုခံရပြီးနောက် ပွဲ အပြီးမှာ ပေါက်ကွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် ပင်နယ်တီ အများအပြား ရနေချိန် လီဗာပူးက ရသင့်တာတွေ မရဘူးလို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။

ကလော့ပ်က လီဗာပူးနဲ့ အတူ ငါးနှစ်ခွဲ ကာလအတွက် ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ဟာ မန်ချက်စတာ ယူနိုက်တက် ဒီနှစ်နှစ် အတွင်း ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ကိုတောင် မမှီဘူးလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲ နိုင်၊ ဆင်ခြေ မပေးနိုင်ပေမယ့် ဒါတွေက အချက်အလက်တွေပဲ လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

ကလော့ပ်ရဲ့ ထိုသို့ ပြောဆိုခဲ့မှုအပေါ် ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း ကာရာဘောင်းဖလား ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။

ဆိုးရှားက – ” အဲဒါက တကယ့် အချက်အလက်တွေလား။ ပိုရတယ် ဆိုလည်း ရတယ်ပေါ့ဗျာ ဒါပဲ ကျနော် ဖြေရမှာပေါ့။ ကျနော်ကတော့ သူတို့ ပင်နယ်တီ ဘယ်နှလုံးရလဲ ထိုင် ရေ မနေဘူး။ လီဗာပူး အနေနဲ့ ကျနော်တို့ ဧရိယာထဲ ဘယ်လောက် ပြစ်ဒဏ်ဘော ကျူးလွန်ခံရတယ် ပင်နယ်တီ ရတယ် ဆိုတာ ထိုင်ရေတွက် အားရင် တွက်ကြပေါ့။ ကျနော်ကတော့ ဒါမျိုး အချိန် မဖြုန်းနိုင်ဘူး။

အခြားမန်နေဂျာတွေနဲ့ ပက်သက်ပြီး ကျနော် မပြောပါဘူး။ သူတို့က ဘာလို့ ဒါတွေကို ပြောနေတာလဲ။ မနှစ်တုန်းကလည်း လမ်းပတ်က အခုလို ထပြောလို့ ကျနေ်ာတို့ ရသင့်တဲ့ ပင်နယ်တီ မရတော့ဘူး။ သူတို့တွေက ဒိုင်တွေအပေါ် လွှမ်းမိုးနိုင်ဖို့ ဒီနည်းလမ်းနဲ့ ကြိုးစားနေတာပါ။ ဧရိယာထဲမှာ ကျနော် ကစားသမားတွေကို ပြစ်ဒဏ်လုပ်ရင်တော့ ပင်နယ်တီပါပဲ။ အဲ့တာက ဧရိယာထဲမှာ ဖြစ်နေလို့ပါ” လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
လီဗာပူးမန်နေဂျာဟောင်း ရာဖာနဲ့ ယူနိုက်တက်မန်နေဂျာ ဆာအဲလက်စ်တို့ဟာ ‘တကယ့် အချက်အလက်’ ဆိုတဲ့ စကားလုံးနဲ့ ပက်သက်ပြီး စကားစစ်ထိုးပွဲ ဖြစ်ခဲ့ဖူးပါတယ်။ ဆိုးရှားက သူ့ဆရာလမ်းစဉ်အတိုင်း ယာဂင်ကလော့ပ်ကို စကားစစ်ထိုးဖို့ စတင်လိုက်တာလား မပြောနိုင်သေးပေမယ့် ဒီတစ်ကြိမ် အင်္ဂလန်ဒါဘီပွဲဟာ ယခင်နှစ်တွေကထက် ပိုမို ပြင်းထင်ဖွယ် ရှိလာခဲ့ပါပြီ။

Zawgyi – လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ေဆာက္သမ္တန္နဲ႕ ပြဲမွာ လီဗာပူး ရသင့္တဲ့ ပင္နယ္တီမ်ား မ်က္ကြယ္ျပဳခံရျပီးေနာက္ ပြဲ အျပီးမွာ ေပါက္ကြဲေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ ယူနိုက္တက္ ပင္နယ္တီ အမ်ားအျပား ရေနခ်ိန္ လီဗာပူးက ရသင့္တာေတြ မရဘူးလို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာပါ။

ကေလာ့ပ္က လီဗာပူးနဲ႕ အတူ ငါးနွစ္ခြဲ ကာလအတြက္ ရခဲ့တဲ့ ပင္နယ္တီ အေရအတြက္ဟာ မန္ခ်က္စတာ ယူနိုက္တက္ ဒီနွစ္နွစ္ အတြင္း ရခဲ့တဲ့ ပင္နယ္တီ အေရအတြက္ကိုေတာင္ မမွီဘူးလို႔ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။ ဒိုင္လူၾကီးေတြရဲ႕ ဆံုးျဖတ္ခ်က္ကို မေျပာင္းလဲ နုိင္၊ ဆင္ေျခ မေပးနုိင္ေပမယ့္ ဒါေတြက အခ်က္အလက္ေတြပဲ လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕ ထိုသို႔ ေျပာဆိုခဲ့မႈအေပၚ ယူနိုက္တက္ နည္းျပ ဆိုးရွားကလည္း ကာရာေဘာင္းဖလား ပြဲၾကိဳ သတင္းစာရွင္းလင္းပြဲမွာ ျပန္လည္ တုန္႔ျပန္ ေျပာဆိုသြားခဲ့ပါတယ္။

ဆိုးရွားက – ” အဲဒါက တကယ့္ အခ်က္အလက္ေတြလား။ ပိုရတယ္ ဆိုလည္း ရတယ္ေပါ့ဗ်ာ ဒါပဲ က်ေနာ္ ေျဖရမွာေပါ့။ က်ေနာ္ကေတာ့ သူတို႔ ပင္နယ္တီ ဘယ္နွလံုးရလဲ ထိုင္ ေရ မေနဘူး။ လီဗာပူး အေနနဲ႕ က်ေနာ္တုိ႔ ဧရိယာထဲ ဘယ္ေလာက္ ျပစ္ဒဏ္ေဘာ က်ဴးလြန္ခံရတယ္ ပင္နယ္တီ ရတယ္ ဆိုတာ ထိုင္ေရတြက္ အားရင္ တြက္ၾကေပါ့။ က်ေနာ္ကေတာ့ ဒါမ်ိဳး အခ်ိန္ မျဖဳန္းနုိင္ဘူး။

အျခားမန္ေနဂ်ာေတြနဲ႔ ပက္သက္ျပီး က်ေနာ္ မေျပာပါဘူး။ သူတို႔က ဘာလို႔ ဒါေတြကို ေျပာေနတာလဲ။ မႏွစ္တုန္းကလည္း လမ္းပတ္က အခုလို ထေျပာလို႔ က်ေန္ာတို႔ ရသင့္တဲ့ ပင္နယ္တီ မရေတာ့ဘူး။ သူတို႔ေတြက ဒိုင္ေတြအေပၚ လႊမ္းမိုးႏုိင္ဖို႔ ဒီနည္းလမ္းနဲ႔ ၾကိဳးစားေနတာပါ။ ဧရိယာထဲမွာ က်ေနာ္ ကစားသမားေတြကို ျပစ္ဒဏ္လုပ္ရင္ေတာ့ ပင္နယ္တီပါပဲ။ အဲ့တာက ဧရိယာထဲမွာ ျဖစ္ေနလို႔ပါ” လို႔ တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာေဟာင္း ရာဖာနဲ႔ ယူႏုိက္တက္မန္ေနဂ်ာ ဆာအဲလက္စ္တို႔ဟာ ‘တကယ့္ အခ်က္အလက္’ ဆိုတဲ့ စကားလံုးနဲ႔ ပက္သက္ျပီး စကားစစ္ထိုးပြဲ ျဖစ္ခဲ့ဖူးပါတယ္။ ဆိုးရွားက သူ႔ဆရာလမ္းစဥ္အတိုင္း ယာဂင္ကေလာ့ပ္ကို စကားစစ္ထိုးဖို႔ စတင္လိုက္တာလား မေျပာႏုိင္ေသးေပမယ့္ ဒီတစ္ၾကိမ္ အဂၤလန္ဒါဘီပြဲဟာ ယခင္ႏွစ္ေတြကထက္ ပိုမို ျပင္းထင္ဖြယ္ ရွိလာခဲ့ပါျပီ။