Date

January 7, 2021

ဒီရာသီ ထရန့် ရုန်းကန်နေခဲ့ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို ယာဂင်ကလော့ပ် ထုတ်ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီမှာ ထရန့် ရုန်းကန်နေရတာက လူငယ် ညာအစွန်လူဟာ ကိုဗစ် ကူးစက်ခံခဲ့ရသလို၊ ဒဏ်ရာပြဿနာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေရတာကြောင့်လို့ ထုတ်ပြောပါတယ်။ ရာသီအစတုန်းက လီဗာပူးရဲ့ ရာသီကြို အစီအစဉ်မှာ ထရန့် မပါနိုင်ခဲ့ပါဘူး။ သူက လီဗာပူးမှာပဲ ကျန်နေခဲ့တာဖြစ်ကာ အဲ့တုန်းက အသေးစား ဒဏ်ရာ ပြဿနာလို့ သတင်းလွှင့်ခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ထရန့်က ကိုဗစ်ကြောင့် ရာသီကြိုကို မပူးပေါင်းနိုင်ခဲ့တာလို့ အခုချိန်မှ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။ ကလော့ပ်က ” သူက ဒီရာသီစမှာ ကိုဗစ်ကြောင့်… Continue Reading →

ရာမိုစ့် အပါအဝင် လီဗာပူးရဲ့ ဖြစ်လာဖို့ မရှိတဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကာလဟာလ (၄) ခု

ဇန်နဝါရီဈေးကွက် မတိုင်ခင်တည်းက သတင်းကြီးနေပေမယ့် ရာသီဝက် အပြောင်းအရွှေ့ ကာလမှာ ဖြစ်လာဖို့ မရှိနိုင်တဲ့ ကောလဟာလ သတင်း (၄) ခုကို ဖော်ပြမှာဖြစ်ပါတယ်။ လီဗာပူးနဲ့ ရားမိုစ့် သတင်းက မမှန်ကန်ဘူး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှ စပိန်သား ခံစစ်မှူး ရာမိုစ့်ကို လီဗာပူးအသင်းက စိတ်ဝင်စားနေပါကြောင်း စပိန်တီဗီ အစီအစဉ်တစ်ခုက ဖော်ပြရာမှာ ဒီသတင်းကို အားကစားဆိုဒ် မချို့က ဖော်ပြလာနေပါတယ်။ လီဗာပူးဟာ ခံစစ်မှူးသစ်တွေကို စောင့်ကြည့်မှုတွေ လုပ်နေပေမယ့် ကလပ်အတွက် အားကိုးရမယ့် အရွယ်ကောင်း ခံစစ်မှူးတွေပဲ ဖြစ်ပါတယ်။… Continue Reading →

ထရန့် တချက်မှားတာနဲ့ ပြောဖို့ စောင့်နေတဲ့ လူအုပ်ကြီး ရှိကြောင်း အီယန်ရိုက် ပြောဆို

လီဗာပူး ညာစွန်ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးဟာ ဒီတလော စွမ်းဆောင်ရည်များ ကျဆင်းတာကြောင့် ဝေဖန် ပြောဆိုမှုတွေ ခံယူနေရပြီး အာဆင်နယ် ကစားသမားဟောင်း အီယန် ရိုက်ကတော့ လူတွေက ထရန့်မှားရင် ပြောဖို့ စောင့်နေကြသလို ရှိနေတယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။ ထရန့်ဟာ အမှားတွေ ရှိပြီး ခက်ခဲတဲ့ကာလ ကြုံနေရသည့်တိုင် အခုချိန်ထိ ကမ္ဘာ့အကောင်းဆုံး ညာစွန်ခံစစ်မှူးတွေထဲ ပါဝင်နေသေးကာ အသက် ၂၂ နှစ်သာ ရှိသေးသူ ဖြစ်ကြောင်း ရိုက်က ထောက်ပြသွားခဲ့ပါတယ်။ ” လက်ရှိ… Continue Reading →

ဇန်နဝါရီဈေးကွက်ကနေ လီဗာပူးပရိသတ်တွေ သတင်းကောင်းကြားရဖို့ မရှိတော့ပါဘူး

လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက်ထဲ ဝင်ရောက်ပြီး ကစားသမားခေါ်ယူမှုကို လုပ်မှာ မဟုတ်ကာ ကာလတိုအတွက် ရည်ရွယ်တဲ့ အားဖြည့်မှုကို အစောတလျင် မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဇန်နဝါရီ ပထမအပတ် ကုန်ခါနီးချိန်ထိ ဈေးကွက်တွင်း လှုပ်ရှားမှုတွေ မသွက်လက် ဖြစ်နေရာက ဒီကနေ့မှာပဲ လီဗာပူးသတင်းထောက်ဖြစ်တဲ့ ဂျိမ်းပီရက်ဇ်က အသင်းရဲ့ စီနီယာအဆင့် ပုဂ္ဂိုလ်ထံက ရလာတဲ့ ဒီသတင်းကို ထုတ်ပြောလာခဲ့တာပါ။ အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ အဓိက ခံစစ်သမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်ကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးဟာ အဓိက ခံစစ်သမားဆိုလို့ မာတစ် တစ်ဦးတည်း… Continue Reading →

အလာဘာကို တစ်နှစ်လုပ်ခ ယူရို (၁၀) သန်းဖြင့် ကမ်းလှမ်းထား၊ ယူနိုက်တက်ပွဲ မာတစ် ပြန်ပါမည်

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ခံစစ်သမား အလာဘာကို ခေါ်ယူနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေဆဲဖြစ်ကာ တစ်နှစ်ကို ယူရို ၁၀ သန်း ပေးမယ့် ကမ်းလှမ်းမှု လုပ်ထားကြောင်း Goal သတင်းထောက် Romeo Agresti က ဖော်ပြပါတယ်။ ဒီရာသီကုန်ထိ ဘိုင်ယန်မှာပဲ ဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အလာဘာကို ဇန်နဝါရီကစလို့ ဂျာမနီပြင်ပ ကလပ်တွေက အလွတ်ပြောင်းရွှေ့ကြေးဖြင့် စတင်ကာ ညိနှိုင်းလို့ ရနေပြီဖြစ်ပါတယ်။ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးတို့က သြစတြီးယား ခံစစ်မှူးကို ခေါ်ယူနိုင်ဖို့ အပြိုင်… Continue Reading →

ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ တိုက်စစ်သမားက မာနေးခြေရာ နင်းလိုကြောင်း ဖွင့်ဟ

လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်တို့က စိတ်ဝင်စားထားကြောင်း သတင်းတွေရှိနေတဲ့ ဇမ်ဘီယာ တိုက်စစ်သမား ဒါကာက အနာဂတ်မှာ အူဘာမီယန်၊ ဆာလာနဲ့ မာနေးတို့ရဲ့ ခြေလှမ်းမတိုင်း လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောလာပါတယ်။ ဆဲလ်ဘတ်အသင်း တိုက်စစ်သမားဟာ ဒီရာသီ ၁၇ ပွဲမှာ သွင်းဂိုး ၁၅ ဂိုး ရထားသူပါ။ သူ့ရဲ့ တောက်ပမှုကြောင့် လီဗာပူးတင် မဟုတ်ဘဲ စပါးအသင်းကလည်း အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားကို အင်္ဂလန်ကို ခေါ်ယူလိုစိတ်တွေ ရှိနေတယ်။ ဒါကာကတော့ နောင်တော်ကြီးတွေလိုပဲ ပရီးမီးယားလိဂ်မှာ… Continue Reading →

ဒီရာသီ ယာဂင်ကလော့ပ် လုပ်မိတဲ့ အကြီးဆုံး အမှားကို ထောက်ပြတဲ့ လီဗာပူးသတင်းထောက်

ဒီရာသီမှာ လီဗာပူးအသင်းနဲ့ ပက်သက်လို့ ယာဂင်ကလော့ပ်ရဲ့ အကြီးဆုံးအမှားက မစ်ဂျီရန်နဲ့ပွဲမှာ ဂျိုတာကို ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း လီဗာပူးသတင်းထောက် Simon Hughes က မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် နောက်ဆုံးပွဲအဖြစ် မစ်ဂျီရန်ကို ယှဉ်ပြိုင်တဲ့ပွဲမှာ ရလဒ် မလိုပေမယ့် မန်နေဂျာကလော့ပ်က ဂျိုတာကို ထုတ်သုံးခဲ့တယ်။ ကလော့ပ်ကတော့ ဒီရာသီမှာ ကစားသမားသစ်အဖြစ် ရောက်လာတဲ့ ဂျိုတာကို အသင်းရဲ့ စနစ်တွေမှာ ပိုမို အံဝင်စေဖို့ ရည်ရွယ်ချက်ဖြင့် ပေါ်တူဂီတိုက်စစ်သမားကို ထုတ်သုံးခဲ့ခြင်းလို့ ယူဆရတယ်။ ဒါပေမယ့်လည်း မစ်ဂျီရန်ကစားသမားတွေရဲ့ ကြမ်တမ်းတဲ့… Continue Reading →

လီဗာပူးနဲ့ ကလော့ပ်အပေါ် သူ့ရဲ့ မကျေနပ်ချက်တွေအား ဖွင့်ထုတ်လာတဲ့ ဂရုဂျစ်

လီဗာပူးကနေ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ဂရုဂျစ်က လီဗာပူးနဲ့ ယာဂင်ကလော့ပ်အပေါ် သူ့ရဲ့ နားမလည်နိုင်မှုတွေကို ထုတ်ပြောလာခဲ့ပါတယ်။ ဂရုဂျစ်က လီဗာပူးဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ လောက် တောင်းဆိုကြောင်းနဲ့ အသင်းက သူ့ကို နေရာပေးဖို့ထက် အပြောင်းအရွှေ့ကနေ ငွေရှာလို့ရမယ့် အလားအလာရှိ ကစားသမားအဖြစ်ပဲ သက်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဆားဘီးယားသားဟာ အငှားထွက်ကစားမှုတွေမှာ ခြေစွမ်းပြနိုင်သော်ညား လီဗာပူးအသင်းမှာ နေရာမရတဲ့သူဖြစ်တယ်။ ဆားဘီးယား ပြည်တွင်းသတင်းနဲ့ အင်တာဗျူးမှာ သူက အခုလိုတွေ ဖြေသွားခဲ့ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!