ဒီရာသီမှာ လီဗာပူးအသင်းနဲ့ ပက်သက်လို့ ယာဂင်ကလော့ပ်ရဲ့ အကြီးဆုံးအမှားက မစ်ဂျီရန်နဲ့ပွဲမှာ ဂျိုတာကို ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း လီဗာပူးသတင်းထောက် Simon Hughes က မှတ်ချက်ပေးလိုက်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် နောက်ဆုံးပွဲအဖြစ် မစ်ဂျီရန်ကို ယှဉ်ပြိုင်တဲ့ပွဲမှာ ရလဒ် မလိုပေမယ့် မန်နေဂျာကလော့ပ်က ဂျိုတာကို ထုတ်သုံးခဲ့တယ်။ ကလော့ပ်ကတော့ ဒီရာသီမှာ ကစားသမားသစ်အဖြစ် ရောက်လာတဲ့ ဂျိုတာကို အသင်းရဲ့ စနစ်တွေမှာ ပိုမို အံဝင်စေဖို့ ရည်ရွယ်ချက်ဖြင့် ပေါ်တူဂီတိုက်စစ်သမားကို ထုတ်သုံးခဲ့ခြင်းလို့ ယူဆရတယ်။

ဒါပေမယ့်လည်း မစ်ဂျီရန်ကစားသမားတွေရဲ့ ကြမ်တမ်းတဲ့ ကစားပုံကြောင့် ဂျိုတာရဲ့ ဒူးမှာ ဒဏ်ရာရခဲ့ကာ ၂ လလောက်ထိ အနားယူနေရတာဖြစ်ပါတယ်။ ဒီရာသီ အရေးပါတဲ့ပွဲတွေမှာ လီဗာပူးအတွက် သွင်းဂိုးယူပေးနိုင်တဲ့ ဂျိုတာ မပါခဲ့တာက ဝက်စ်ဘရွန်း၊ နယူးကာဆယ်၊ ဆောက်သမ်တန်ပွဲတွေမှာ လီဗာပူးတိုက်စစ်ကို အပြောင်းအလဲလုပ်ဖို့ ခက်ခဲမှုတွေ ရှိစေခဲ့ပါတယ်။

Simon Hughes က “ မစ်ဂျီရန်ပွဲမှာ ဂျိုတာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး သူ့ကို ဘာကြောင့် ထည့်သွင်း ကစားစေခဲ့သလဲဆိုတာကို ကလော့ပ်က အခုချိန်ထိ မရှင်းပြသေးပါဘူး။ အဲ့တာက တကယ်ကို တွေးရခက်တဲ့ ကိစ္စ ဖြစ်နေဆဲပါပဲ။

အဲ့ပွဲမှာ မလိုအပ်တော့ပါဘဲနဲ့ ဂျိုတာကို ထည့်သုံးခြင်းကို ကလော့ပ်က သေချာပေါက် နောင်တရနေမှာပါ။ လီဗာပူးက ဂျိုတာကို သတိရနေခဲ့တာဖြစ်ပါတယ်။ အသင်း လိုအပ်ချိန်မှာ လန်းဆန်းတဲ့ လူစာရင်းကို ရစေဖို့ ဂျိုတာကို အသုံးပြုနိုင်ခြင်း မရှိတော့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီလအကုန်မှာတော့ ဂျိုတာ ပြန်ကစားနိုင်ဖွယ် ရှိနေပြီး သူ့ရဲ့ ကြံ့ခိုင်မှုပိုင်း တိုးတက်မှုက အတော်လေး ကောင်းမွန်တယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လီဗာပူးအသင္းနဲ႔ ပက္သက္လို႔ ယာဂင္ကေလာ့ပ္ရဲ႕ အၾကီးဆံုးအမွားက မစ္ဂ်ီရန္နဲ႔ပြဲမွာ ဂ်ိဳတာကို ထည့္သြင္း အသံုးျပဳခဲ့ျခင္းျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ Simon Hughes က မွတ္ခ်က္ေပးလိုက္ပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္ ေနာက္ဆံုးပြဲအျဖစ္ မစ္ဂ်ီရန္ကို ယွဥ္ျပိဳင္တဲ့ပြဲမွာ ရလဒ္ မလိုေပမယ့္ မန္ေနဂ်ာကေလာ့ပ္က ဂ်ိဳတာကို ထုတ္သံုးခဲ့တယ္။ ကေလာ့ပ္ကေတာ့ ဒီရာသီမွာ ကစားသမားသစ္အျဖစ္ ေရာက္လာတဲ့ ဂ်ိဳတာကို အသင္းရဲ႕ စနစ္ေတြမွာ ပိုမို အံဝင္ေစဖို႔ ရည္ရြယ္ခ်က္ျဖင့္ ေပၚတူဂီတိုက္စစ္သမားကို ထုတ္သံုးခဲ့ျခင္းလို႔ ယူဆရတယ္။

ဒါေပမယ့္လည္း မစ္ဂ်ီရန္ကစားသမားေတြရဲ႕ ၾကမ္တမ္းတဲ့ ကစားပံုေၾကာင့္ ဂ်ိဳတာရဲ႕ ဒူးမွာ ဒဏ္ရာရခဲ့ကာ ၂ လေလာက္ထိ အနားယူေနရတာျဖစ္ပါတယ္။ ဒီရာသီ အေရးပါတဲ့ပြဲေတြမွာ လီဗာပူးအတြက္ သြင္းဂိုးယူေပးႏုိင္တဲ့ ဂ်ိဳတာ မပါခဲ့တာက ဝက္စ္ဘရြန္း၊ နယူးကာဆယ္၊ ေဆာက္သမ္တန္ပြဲေတြမွာ လီဗာပူးတိုက္စစ္ကို အေျပာင္းအလဲလုပ္ဖို႔ ခက္ခဲမႈေတြ ရွိေစခဲ့ပါတယ္။

Simon Hughes က “ မစ္ဂ်ီရန္ပြဲမွာ ဂ်ိဳတာ ဒဏ္ရာရသြားခဲ့တာျဖစ္ျပီး သူ႔ကို ဘာေၾကာင့္ ထည့္သြင္း ကစားေစခဲ့သလဲဆိုတာကို ကေလာ့ပ္က အခုခ်ိန္ထိ မရွင္းျပေသးပါဘူး။ အဲ့တာက တကယ္ကို ေတြးရခက္တဲ့ ကိစၥ ျဖစ္ေနဆဲပါပဲ။

အဲ့ပြဲမွာ မလိုအပ္ေတာ့ပါဘဲနဲ႔ ဂ်ိဳတာကို ထည့္သံုးျခင္းကို ကေလာ့ပ္က ေသခ်ာေပါက္ ေနာင္တရေနမွာပါ။ လီဗာပူးက ဂ်ိဳတာကို သတိရေနခဲ့တာျဖစ္ပါတယ္။ အသင္း လိုအပ္ခ်ိန္မွာ လန္းဆန္းတဲ့ လူစာရင္းကို ရေစဖို႔ ဂ်ိဳတာကို အသံုးျပဳႏုိင္ျခင္း မရွိေတာ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီလအကုန္မွာေတာ့ ဂ်ိဳတာ ျပန္ကစားႏုိင္ဖြယ္ ရွိေနျပီး သူ႔ရဲ႕ ၾကံ႕ခိုင္မႈပိုင္း တိုးတက္မႈက အေတာ္ေလး ေကာင္းမြန္တယ္လို႔ သိထားရတာ ျဖစ္ပါတယ္။