လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ခံစစ်သမား အလာဘာကို ခေါ်ယူနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေဆဲဖြစ်ကာ တစ်နှစ်ကို ယူရို ၁၀ သန်း ပေးမယ့် ကမ်းလှမ်းမှု လုပ်ထားကြောင်း Goal သတင်းထောက် Romeo Agresti က ဖော်ပြပါတယ်။

ဒီရာသီကုန်ထိ ဘိုင်ယန်မှာပဲ ဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အလာဘာကို ဇန်နဝါရီကစလို့ ဂျာမနီပြင်ပ ကလပ်တွေက အလွတ်ပြောင်းရွှေ့ကြေးဖြင့် စတင်ကာ ညိနှိုင်းလို့ ရနေပြီဖြစ်ပါတယ်။ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးတို့က သြစတြီးယား ခံစစ်မှူးကို ခေါ်ယူနိုင်ဖို့ အပြိုင် ကြိုးစားနေတယ်။

အလာဘာက ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ကို ပိုအားသန်နေပေမယ့် အသင်းသစ်ကို ဆုံးဖြတ်ပေးလာခြင်း မရှိသေးပါဘူး။ လီဗာပူးက ခံစစ်အတွက် အင်အားဖြည့်မှုကို နွေမှာလုပ်ဖို့ စီစဉ်ထားကာ ကစားသမားကို တစ်ပတ် ပေါင် ၂ သိန်းပေးမယ့် လုပ်ခမျိုးဖြင့် ကမ်းလှမ်းထားခြင်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကလည်း အလာဘာအတွက် လီဗာပူးနည်းတူ တစ်ပတ် ပေါင် ၂ သိန်း ဝန်းကျင်ပေးမယ့် ၄ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းထားတယ်လို့ သိရတယ်။ နည်းစနစ်ပိုင်းအရ ဘယ်အစွန်နဲ့ ဗဟိုခံစစ်အပြင် အခြားသော နေရာတွေမှာလည်း ကစားနိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးရဲ့ အနာဂတ်က ပြတ်ပြတ်သားသား သိလာရခြင်း မရှိသေးပါဘူး။

လီဗာပူးက လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်တယ်။ အဆိုပါပွဲမတိုင်ခင်မှာ အက်ဖ်အေပွဲအဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ မာတစ်ဟာ အက်စတွန်ဗီလာပွဲမှာ မသေချာသေးပေမယ့် ယူနိုက်တက်နဲ့ ပွဲမှာတော့ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။

ပေါင်အတွင်း ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရတဲ့ မာတစ်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပွဲချိန်တွင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး ဗဟိုခံစစ်သမား စစ်စစ် မရှိတဲ့နောက် လီဗာပူးဟာ နိုင်ပွဲရဖို့ ရုန်းကန်နေခဲ့ရကာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ ခံစစ္သမား အလာဘာကို ေခၚယူႏုိင္ဖို႔ ၾကိဳးစား လုပ္ေဆာင္ေနဆဲျဖစ္ကာ တစ္ႏွစ္ကို ယူရို ၁၀ သန္း ေပးမယ့္ ကမ္းလွမ္းမႈ လုပ္ထားေၾကာင္း Goal သတင္းေထာက္ Romeo Agresti က ေဖာ္ျပပါတယ္။

ဒီရာသီကုန္ထိ ဘိုင္ယန္မွာပဲ ဆက္ေနဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ အလာဘာကို ဇန္နဝါရီကစလို႔ ဂ်ာမနီျပင္ပ ကလပ္ေတြက အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ စတင္ကာ ညိႏိႈင္းလို႔ ရေနျပီျဖစ္ပါတယ္။ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္နဲ႔ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးတို႔က ၾသစၾတီးယား ခံစစ္မွဴးကို ေခၚယူႏုိင္ဖို႔ အျပိဳင္ ၾကိဳးစားေနတယ္။

အလာဘာက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းဖို႔ကို ပိုအားသန္ေနေပမယ့္ အသင္းသစ္ကို ဆံုးျဖတ္ေပးလာျခင္း မရွိေသးပါဘူး။ လီဗာပူးက ခံစစ္အတြက္ အင္အားျဖည့္မႈကို ေႏြမွာလုပ္ဖို႔ စီစဥ္ထားကာ ကစားသမားကို တစ္ပတ္ ေပါင္ ၂ သိန္းေပးမယ့္ လုပ္ခမ်ိဳးျဖင့္ ကမ္းလွမ္းထားျခင္း ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကလည္း အလာဘာအတြက္ လီဗာပူးနည္းတူ တစ္ပတ္ ေပါင္ ၂ သိန္း ဝန္းက်င္ေပးမယ့္ ၄ ႏွစ္စာခ်ဳပ္ျဖင့္ ကမ္းလွမ္းထားတယ္လို႔ သိရတယ္။ နည္းစနစ္ပိုင္းအရ ဘယ္အစြန္နဲ႔ ဗဟိုခံစစ္အျပင္ အျခားေသာ ေနရာေတြမွာလည္း ကစားႏုိင္တဲ့ အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴးရဲ႕ အနာဂတ္က ျပတ္ျပတ္သားသား သိလာရျခင္း မရွိေသးပါဘူး။

လီဗာပူးက လာမယ့္ ပရီးမီးယားလိဂ္ပြဲအျဖစ္ ယူႏုိက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္တယ္။ အဆိုပါပြဲမတိုင္ခင္မွာ အက္ဖ္ေအပြဲအျဖစ္ အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ မာတစ္ဟာ အက္စတြန္ဗီလာပြဲမွာ မေသခ်ာေသးေပမယ့္ ယူႏုိက္တက္နဲ႔ ပြဲမွာေတာ့ ပါဝင္ကစားႏုိင္မယ္လို႔ သိရပါတယ္။

ေပါင္အတြင္း ၾကြက္သား ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ မာတစ္ဟာ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ပြဲခ်ိန္တြင္း ဒဏ္ရာရခဲ့တာျဖစ္ျပီး ဗဟိုခံစစ္သမား စစ္စစ္ မရွိတဲ့ေနာက္ လီဗာပူးဟာ ႏုိင္ပြဲရဖို႔ ရုန္းကန္ေနခဲ့ရကာ ေနာက္ဆံုး ၃ ပြဲဆက္ ႏုိင္ပြဲေပ်ာက္ဆံုးေနပါတယ္။