Month

February 2024

ဖာဒီနန်ရဲ့ ဝေဖန်ချက်ကို စကားတစ်ခွန်းတည်းနဲ့ တုန့်ပြန်သွားတဲ့ အာဆင်နယ် တိုက်စစ်သမား ဆာကာ

ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနေပေမယ့် သရဲနီဟောင်း ဖာဒီနန်ကတော့ သူ့ရဲ့ ကမ္ဘာ့အဆင့် ကစားသမား ၁၂ ဦးစာရင်းမှာ ဂန်းနားအသင်းသားကို ချန်လှပ်ခဲ့ပါတယ်။ ၎င်းကပဲ ဆာကာအနေနဲ့ သူရွေးချယ်တဲ့ ကမ္ဘာ့အဆင့်ထဲ ပါလိုတယ်ဆိုရင် ချန်ပီယံလိဂ်မှာ တစ်ခုခု စွမ်းဆောင်ပြရပါမယ်လို့ သတိပေးခဲ့သေးတာပါ။ စနေနေ့က နယူးကာဆယ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ဆာကာက ကိုယ်တိုင် ၁ ဂိုး သွင်းနိုင်တဲ့နောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးထိ ရလာခဲ့ကာ ရွှေဖိနပ်ဆုကို စိန်ခေါ်နေပြီဖြစ်ပါတယ်။ ဖာဒီနန်ရဲ့ ကမ္ဘာ့အဆင့်… Continue Reading →

ငယ်နိုင်လိုဖြစ်နေတဲ့ ပိုချက်တီနိုရဲ့ ချယ်ဆီးကို ယူ-၂၁ လူငယ်တွေနဲ့ အနိုင်ယူပြီး လီဗာပူး ကာရာဘောင်းချန်ပီယံဖြစ်လာ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကာရာဘောင်း ဖိုင်နယ်ပွဲမှာ လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ ချယ်ဆီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ အဓိက တိုက်စစ်သမားတွေ၊ ကွင်းလယ်လူတွေ မပါဝင်တဲ့ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို ပွဲစကတည်းက အပေါ်စီးက လွှမ်းမိုးကစားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပွဲအစကတည်းက လီဗာပူးကို ခြေစွမ်းကော စိတ်ဓါတ်ပိုင်းမှာ မယှဉ်နိုင်ခဲ့ပါဘူး။ လီဗာပူးဘက်က ဖိအားပေးပုံတွေ ကောင်းသလောက် စတာလင်၊ ဂျက်ဆန် ဦးဆောင်တဲ့ ချယ်ဆီးတိုက်စစ်က အတော်လေး ညံ့ဖျင်းလှပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဘောလုံးက ဘယ်လိုကန်ကန် လီဗာပူးခြေထဲ ဘောလုံး… Continue Reading →

အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ ဝုဗ်တိုက်စစ်မှူး နက်တိုကို ခေါ်ယူဖို့ရာ ရင်ဆိုင်ရမယ့် အဓိက အတားအဆီး

ဝုဗ်အသင်းမှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား နက်တိုဟာ ဒီနွေမှာ အင်္ဂလန် ထိပ်သီးတစ်သင်းသင်းထံ ပြောင်းနိုင်ကြောင်း သတင်းကြီးတွေ ထွက်နေပါတယ်။ ပေါ်တူဂီသားရဲ့ အပြောင်းအရွှေ့အတွက် David Ornstein က ပြောပြရာမှာ ” မေးခွန်းကောင်းပါ။ နက်တိုက ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ထားသလို လာမယ့် အပြောင်းအရွှေ့ စျေးကွက်မှာ စောင့်ကြည့်ရမယ့်သူ ဖြစ်ပါတယ်။ ပထမဆုံး ပြောချင်တဲ့ အချက်ကတော့ သူ ဝုဗ်ကနေ သေချာပေါက် ထွက်မယ်လို့ အာမခံချက် မရှိပါဘူး။ သူက ဝုဗ်အသင်းနဲ့… Continue Reading →

မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား ပြန်ရဖို့ ၁၀ နှစ်၊ ၁၀ နှစ်လို့ ဆိုလာတဲ့ အာဆင်နယ် ကစားသမားဟောင်း

အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ် ရှုံးပွဲကို မြင်ခဲ့ရတဲ့နောက် ဒီအသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ နီးတောင်မနီးစပ်ဘူးလို့ အာဆင်နယ်ကစားသမားဟောင်း ပေါမာဆန်က ဝေဖန်လိုက်ပါတယ်။ “ ယူနိုက်တက်က မန်စီးတီးနဲ့ အရမ်းကို အဆင့်ကွာခြားနေပါတယ်။ အခုမြင်နေရတဲ့ ယူနိုက်တက်ဟာဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အင်္ဂလန်အသင်းလိုပါပဲ။ အရင် ၁၀ နှစ်လောက် တုန်းကလည်း အင်္ဂလန်အသင်းဟာ ကျနော်တို့ တစ်သက်မှာ ဖလားရပါဦးမလားလို့ ပြောခဲ့ရတာပဲလေ။ လာမယ့် ၅ နှစ်အတွင်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်ဆိုရင် အဲ့လိုလုပ်ပေးနိုင်တဲ့… Continue Reading →

ရှုံးမယ့်သာ ရှုံးခဲ့တာ မန်ယူအသင်းက သိပ်ကိုကောင်းတာလို့ ရှင်းပြလာတဲ့ နည်းပြတန်ဟက်

မန်ချက်စတာ ယူနိုက်တက်ကတော့ မနေ့ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်ကို ဧည့်ခံ ကစားရင်း ရှုံးပွဲ ကြုံခဲ့ပေမယ့် နည်းပြ တန်ဟက်ကတော့ အကောင်းမြင်မှုတွေ ရှိနေဆဲပါ။ တန်ဟက်ကတော့ သူ့အသင်းဟာ ကာရိုက်တာကောင်းတွေ ပြသနိုင်ခဲ့ပြီး အမှားလေး တစ်ချက်ကြောင့်သာ ရှုံးသွားရတာ လို့ မချင့်မရဲ ဆိုခဲ့ပါတယ်။ ” ဖူလ်ဟမ်ကို ပေးလိုက်ရတဲ့ အနိုင်ဂိုးမှာ ကျွန်တော်တို့က ဖိအားဝင်နေခဲ့တယ်။ ကစားသမား တစ်ယောက် နေရာယူတာ မှားနေတယ်။ အသင်းတစ်သင်း အနေနဲ့ လူတိုင်း နေရာမှန်မှာ ရှိနေအောင် လုပ်ရမှာပါ။… Continue Reading →

ပွဲပြီးခါနီး စက္ကန့် ၃၀ အလိုမှာမှ တိုက်စစ်မှူး အန်တိုနီကို ထုတ်သုံးခဲ့လဲ နည်းပြတန်ဟက် ရှင်းပြလာ

မန်ချက်စတာ ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို ၁-၂ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ နည်းပြတန်ဟက်က ထူးထူးခြားခြား လူထုတ်မှုတွေ ပြုလုပ်သွားပါတယ်။ ဟွိုင်လန်း ဒဏ်ရာကြောင့် မပါနိုင်တဲ့ ဒီပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အတော်လေး အရေးပါတဲ့ ပွဲစဉ်ပါ။ ပွဲထွက်မှာတော့ ညာခြမ်းမှာ ဖော်ဆန်နဲ့ ဘယ်ခြမ်းမှာ ဂနာချိုတို့ကို ပွဲထုတ်ကာ တိုက်စစ်မှာ ရက်ဖိုဒ့်ကို တင်ထားခဲ့ပါတယ်။ ဖော်ဆန်ထံက ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မမြင်ရတာမို့ ပွဲချိန် ၅၂ မိနစ်မှာ လူစားလဲခဲ့ရပေမယ့် အန်တိုနီကို ထည့်သွင်းခြင်း မရှိပါဘူး။ ၉၆ မိနစ်မှာ… Continue Reading →

ဒီည ကာရာဘောင်းဖိုင်နယ်မှာ အနိုင်ရမယ့် အသင်းကို ဖော်ထုတ်လိုက်တဲ့ ပေါမာဆန်

တနင်္ဂနွေနေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီး vs လီဗာပူးတို့ရဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲစဉ်အတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်က အခုလို ရလဒ်တွေ ခန့်မှန်းခဲ့ကြပါတယ်။ ပေါမာဆန်က ပြောရာမှာ ” ဒီပွဲရဲ့ ချိန်သားကိုက်မှုကလည်း အတော်လေး အရေးကြီးပါတယ်။ ပြီးခဲ့တဲ့လတုန်းက ချယ်ဆီးအသင်းကို လီဗာပူးက ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပေမယ့် အခု သူတို့မှာ ဒဏ်ရာပြဿနာတွေ သိပ်များနေတာက ပွဲအလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။ နှစ်သင်းလုံး ဒီပွဲကို နိုင်သွားနိုင်ပါတယ်။ ချယ်ဆီးနိုင်ရင်တော့ ဆုလာဘ်ကြီးပါပဲ။ ဒီပွဲဟာ အန်ဖီးမှာ… Continue Reading →

မန်စီးတီး၊ လီဗာပူးကို ရှင်းထုတ်မယ် ကြွေးကြော်ပြီး အိမ်ကွင်းမှာတင် ဖူလ်ဟမ်ကို ရှုံးသွားပြန်တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားမှာ အဆင့် ၄ မှ ဗီလာအသင်းနဲ့ ၈ မှတ် ပြန်ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ဖေဖော်ဝါရီလထဲမှာ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာကြောင့် Top 4 နေရာ မျှော်လင့်လို့ ရလာတာပါ။ ဒါပေမယ့် ဖူလ်ဟမ်ပွဲမှာတော့ စိတ်ပျက်စရာ ခြေစွမ်းတွေ ပြသခဲ့ကာ ပြိုင်ဘက်ကတောင် ပိုပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ တိုက်စစ်မှူး ဟွိုက်လန်းနဲ့… Continue Reading →

ဖလားတွေ စိန်ခေါ်နိုင်ဖို့ ဒီနွေမှာ မန်ယူအသင်း ဝယ်ယူအားဖြည့်မယ့် ကစားသမား ၃ ဦး

ဆာဂျင်ရက်ကလစ်ကတော့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာ အရည်အချင်းပိုင်း တိုးတက်လာဖို့အတွက် နွေအပြောင်းအရွှေ့မှာ လူသစ် ခေါ်ယူမှု ၃ ခု ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ ကွင်းတွင်း ကွင်းပြင် အားလုံကို တိုးတက်လာတာမျိုး မြင်လိုနေတဲ့ ရက်ကလစ်ရဲ့ ဦးစားပေးကတော့ ကွင်းမှာ ကလပ်ရဲ့ စွမ်းဆောင်ရည်ပိုင်း မြင့်မားလာဖို့ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကို ကစားပြနေတဲ့ အသင်းမျိုး ဖြစ်လာဖို့ ရည်မှန်းနေပါတယ်။ နွေမှာတော့ အကြီးစား ရှင်းထုတ်မှုတွေနဲ့အတူ အသင်းသား အများအပြားကို အရောင်းစာရင်း တင်တာမျိုး ပြုလုပ်သွားဖို့လည်း ယူနိုက်တက် အကြီးအကဲတွေက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!