Month

February 2024

ဘာမဟုတ်တဲ့ ဖလားလောက်ကို သည်းကြီးမဲကြီး လုပ်နေကြခြင်းကို ဂွာဒီယိုလာ လှောင်ပြောင်

အက်ဖ်အေပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ သတင်းသမားတွေက လီဗာပူးအသင်း ကာရာဘောင်းချန်ပီယံ ဖြစ်သွားခြင်းအတွက် ထင်မြင်ချက်ပေးဖို့ ဂွာဒီယိုလာကို မေးမြန်းခဲ့ကြပါတယ်။ ဂွာဒီယိုလာက ဖိုင်နယ်ရောက် နှစ်သင်းနဲ့တကွ ပွဲကောင်းတစ်ပွဲအတွက် ဂုဏ်ပြုကြောင်း ပြောဆိုပေမယ့် ဒီဖလားက အဲ့လောက်ကြီး စကားထဲ ထည့်ပြောနေရမယ့် ဖလား မဟုတ်ဘူးလို့ ပြောလာပါတယ်။ “ အင်္ဂလန်ကို ကျနော် ရောက်လာတော့က သတိပေးခံရတာကို မှတ်မိတယ်။ ကာရာဘောင်းဖလားလား? သိပ်ပြီး အာရုံထားမနေပါနဲ့ကွာ၊ လူငယ်တွေပဲ ထည့်ကန်ပါ၊ ဒီဖလား ဘယ်သူမှ ဂရုစိုက်မနေဘူး ” လို့ သတိပေးခံရကြောင်း ဂွာဒီယိုလာက… Continue Reading →

လီဗာပူး ကွင်းလယ်လူကို ကျိုးမတတ် လုပ်ခဲ့ပေမယ့် ကိုင်ဆီဒိုကို အပြစ်မပေးတဲ့ အကြောင်းရင်း

အင်္ဂလန်ဘောလုံးလိဂ်ကတော့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲမှာ ဂရာဗင်ဘက်ချ်ကို အဝင်ကြမ်းခဲ့တဲ့ ကိုင်ဆီဒိုအား ကတ်ပြ မပြရခဲ့တဲ့ အကြောင်းရင်းအား ထုတ်ပြောလာပါတယ်။ ဂရာဗင်ဘက်ချ်ရဲ့ ခြေကျင်းဝတ်ကို ကိုင်ဆီဒိုက တက်နင်းခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က မမြင်ခဲ့ပေမယ့် VAR က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဖြစ်ရပ်အတွက် အဝါကတ်၊ အနီကတ်တွေ မပြတဲ့အပြင် ဖောင်းတောင်မှ မပေးခဲ့ပါဘူး။ ကွင်းလယ်ဒိုင်က ကိုင်ဆီဒိုဟာ တမင် ပြင်းထန်တဲ့ ဖောင်းလုပ်ခဲ့တာ မဟုတ်ဘဲ မတော်တဆ ထိခိုက်စေခဲ့တာဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဘာပြစ်ဒဏ်မှ မပေးခဲ့တာပါ။ ဖြစ်ရပ်ကို စစ်ဆေးအပြီးမှာ… Continue Reading →

မိနစ် ၉၀ အတွင်း မန်ယူ မနိုင်ဘူး၊ ချယ်ဆီးတော့ နိုင်မယ် ဆိုတဲ့ ဆက်တန်ရဲ့ အက်ဖ်အေဖလား ရလဒ် ခန့်မှန်းများ

ဒီကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ Luton v Man City မန်စီးတီးက သိပ်ကောင်းကောင်း မကစားနိုင်ပေမယ့် နိုင်ပွဲတွေ ရနေပါတယ်။ သူတို့ နှစ်ပွဲဆက်တိုက် ၁-၀ တွေနဲ့ အနိုင်ရထားခဲ့တယ်။ မန်စီးတီးရဲ့ အားသာချက်က အလှည့်ကျ ထုတ်သုံးနိုင်အောင် အင်အားကောင်းတာပါ။ လူတန်က ၁ ဂိုးတော့ ရလောက်ပေမယ့် ဒီပွဲကိုတော့ မနိုင်နိုင်ပါဘူး။ ဆက်တန် ခန့်မှန်းရလဒ်။ ။ လူတန် ၁-၂… Continue Reading →

အန်တိုနီိကို အရောင်းစာရင်းတင်၊ ဒီဘရိုင်းအတွက် ပေါင် သန်း ၁၀၀၊ အိုဆီမန်ကို ရနိုင်တဲ့ ချယ်ဆီးနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ပရီးမီးယားလိဂ်ဟာ အဲဗာတန်အသင်းရဲ့ အယူခံဝင်မှုကို လိုက်လျောမှုအဖြစ် ယခင် ၁၀ မှတ်လျော့ ပြစ်ဒဏ်အား ၆ မှတ်လျော့ ပြစ်ဒဏ်အဖြစ် ပြောင်းလဲပေးခဲ့ပါပြီ။ ယူနိုက်တက်ဟာ တိုက်စစ်သမား အန်တိုနီကို လျော့စျေးတစ်ရပ်နဲ့အတူ နွေစျေးကွက်မှာ ထုတ်ရောင်းတော့မှာ ဖြစ်ပါတယ်။ ကာရာဘောင်းဖလား ဖိုင်နယ်မှာ ဂိုးသွင်းခဲ့တဲ့ ဗန်ဒိုက်ကို သိပ်ကောင်းတဲ့ ကစားသမားပဲလို့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က လူမှုကွန်ယက်ကနေ မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဆော်ဒီကလပ်တွေ မျက်စိကျနေတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်း ကို ပေါင် သန်း ၁ဝဝ ရ… Continue Reading →

လီဗာပူးပရိသတ်တွေရဲ့ play ခံရလို့ ထထိုးလိုစိတ်တွေ ပေါက်ခဲ့တဲ့ အန်ဇို

လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်း ဖိုင်နယ်ပွဲမှာ အန်ဇိုဟာ ပြိုင်ဘက်အသင်း ပရိသတ်ကို လက်ပါတော့မယ့် အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ လီဗာပူးနဲ့ ချယ်ဆီးဟာ မိနစ် ၉၀ နဲ့ နာကျင်အချိန်ပို မိနစ် ၃၀ တွေကို ကစားခဲ့ပြီး သရေရလဒ်ကြောင့် ပင်နယ်တီထိ သွားရတော့မလို ဖြစ်ခဲ့ပါတယ်။ နာကျင်အချိန်ပို ပြီးခါနီး ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချယ်ဆီးတို့ အရှုံးပေးခဲ့ရတာပါ။ ဆုတံဆိပ် လက်ခံဖို့ အသင်းဖော်တွေနဲ့အတူ ကွင်းအပေါ်ကို တက်လာခဲ့ချိန် အန်ဇိုဟာ အတော်လေး စိတ်ပျက်နေပုံ ရခဲ့ပါတယ်။ ဝင်ဘာလေ… Continue Reading →

ချန်ပီယံဖြစ်အပြီး ကာရာဘောင်းဖိုင်နယ် ဒိုင်လူကြီးကို ပေါ်တင် ဖဲ့သွားတဲ့ နည်းပြကလော့ပ်

လီဗာပူးနည်းပြ ကလော့ပ်ကတော့ ကာရာဘောင်းဖလားရအပြီးမှာ ကွင်းလယ်ဒိုင် Chris Kavanagh ဟာ ဖိုင်နယ်လိုပွဲတွေကို ကိုင်နိုင်လောက်တဲ့ ဒိုင်မျိုး မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။ လီဗာပူးအသင်းဟာ သမိုင်းမှာ ၁၀ ကြိမ်မြောက်အဖြစ် လိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ပေးဆပ်မှုတွေ ရှိခဲ့သေးကာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ ချယ်ဆီး ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အဝင်ကြမ်းမှုကြောင့် ကွင်းထဲက ထွက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ဘာပြစ်ဒဏ်မှ မပေးခဲ့သလို ဖောင်းအဖြစ်တောင် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။ စကိုင်းစပေါ့ကနေ ကလော့ပ် ပြောရာမှာတော့ ‘… Continue Reading →

ဖိုင်နယ်မှာ လီဗာပူးကို ရှုံးသွားတဲ့နောက် ပိုချက်တီနိုအပေါ် ချယ်ဆီးပရိသတ်တွေရဲ့ သဘောထား

ကာရာဘောင်းဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့နောက် နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်သင့်ပြီလို့ ချယ်ဆီးပရိသတ်တွေက တုန့်ပြန်လာပြီဖြစ်ပါတယ်။ ဒီရာသီ အနိမ့်အမြင့်တွေ အများကြီး ရင်ဆိုင်နေရတာကို ချယ်ဆီးပရိသတ်တွေ သည်ခံနိုင်ခဲ့ပေမယ့် မနက်က ဖိုင်နယ်ပွဲမှာ အကယ်ဒမီ ကစားသမား အများအပြားတဲ့ လီဗာပူးအသင်းကို အောက်ကနေ ကစားခဲ့ပြီး ရှုံးပါရှုံးခဲ့ချိန်မှာ ဒေါသတွေက အပြင်ဘက်ကို ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီး ပရိသတ် တစ်ဦးက “ ဒီဖလားကို လက်လွတ်ပြီးတည်းက ပိုချက် ထုတ်ခံရသင့်ပါပြီ ” လို့ ဝေဖန်ခဲ့တယ်။ အခြားတစ်ဦးကလည်း “… Continue Reading →

ပွဲစဉ် ၁၂ ပွဲပဲအကျန် ဘယ်အသင်းက ချန်ပီယံဖြစ်နိုင်ချေ ပိုများလဲ အလန်ရှီးယား သုံးသပ်

ဒီအပတ်မှာလည်း လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ် ၃ သင်းလုံး နိုင်ပွဲထပ်ရပေမယ့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ စီးတီးရဲ့ သမ္ဘာက အသာရသွားမယ်လို့ အလန်ရှီးယားက မြင်နေပါတယ်။ လီဗာပူးအသင်းဟာ ဒဏ်ရာ ပြဿနာတွေနဲ့အတူ ရာသီကုန်မှာ ကလော့ပ် ထွက်တော့မှာမို့ နည်းပြအတွက် ဖလားယူပေးလိုတဲ့ ဖိအားတွေ ရှိနေတာပါ။ အာဆင်နယ်ကလည်း မနှစ်က ခြေချော်ဖူးတာကြောင့် ဒီတစ်ကြိမ် ထပ်ဖြစ်မလားဆိုတဲ့ ဖိအားမျိုး ဝင်နေနိုင်ကြောင်း သုံးသပ်ခံနေရပါတယ်။ ဘယ်အသင်း ဖလားရဖို့ ရေပန်းစားသလဲအတွက် အလန်ရှီးယားကတော့ ‘ သီတင်းပတ်တိုင်းမှာ တစ်သင်းသင်းတော့ ရမှတ်တွေ… Continue Reading →

ပေါင်ဘီလျံနဲ့ချီ သုံးစားမရတဲ့ အသင်းလို့ နဗီး မှတ်ချက်ပေးမှုကို ပိုချက်တီနို တုန့်ပြန်

လီဗာပူးအသင်းက ချယ်ဆီးအသင်းကို အနိုင်ရခဲ့တာဟာ ကလော့ပ်ရဲ့ ကလေးတစ်သိုက်က ပေါင် ဘီလျံနဲ့ချီ သုံးမရတဲ့ ချယ်ဆီးကို အနိုင်ယူခဲ့တာလို့ ဂယ်ရီနဗီးရဲ့ ပြောဆိုမှုဟာ ပြောသင့်တဲ့ စကားမျိုး မဟုတ်ဘူးလို့ ပိုချက်တီနိုက တုန့်ပြန်လိုက်ပါတယ်။ ဒုတိယပိုင်းမှာ ကလော့ပ်က လူငယ်တွေကို ဦးစားပေး ထည့်သုံးခဲ့သလို ချယ်ဆီးကို ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရချိန်မှာ ကွင်းထဲ ရှိနေတဲ့ သူ့ ကစားသမား ၁၁ ဦးထဲက ၆ ဦးဟာ လီဗာပူးအကယ်ဒမီက လာတဲ့သူတွေ ဖြစ်ပါတယ်။ နဗီးက ချယ်ဆီးအသင်း ဂိုးပေးရချိန်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!