Month

July 2019

ဆီမီဒို၊ ဘန်ချေးဝဲလ်၊ အိုရာဇာဘယ်တို့နဲ့ မန်စီးတီး အပြောင်းအရွှေ့ သတင်းတိုများ

မန်စီးတီးဟာ ဆာနေးကို လက်လွှတ်ရပါက အစားထိုး ခေါ်ယူရန် ရီးရဲလ် ဆိုဆီဒက် တိုက်စစ်သမား မီခေးလ် အိုရာဇာဘယ် ကို ပစ်မှတ် ထားလာပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်သမား အိုရာဇာဘယ်ကို ခေါ်ယူလိုပါက စီးတီး အနေနဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၇ သန်း ပေးရဖို့ ရှိပါတယ်။ မန်စီးတီး တိုက်စစ်မှူး စတားလင်းက အသင်း အ၀တ်လဲခန်းက ဦးဆောင်သူထဲမှာ သူလည်း တစ်ဦး အပါအ၀င်ဖြစ်ကြောင်း ၀န်ခံခဲ့ပေမယ့် ကွန်ပနီ… Continue Reading →

အမ်မရီ ဖြေကြားလိုက်တဲ့ ခါဒီယာ သတင်း၊ ဆေးစစ်ဖို့ လာနေပြီ ဖြစ်တဲ့ ပီပီနဲ့ အာဆင်နယ်သတင်းတိုများ

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက အမ်းမရိတ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂျူဗင်တပ်ကွင်းလယ်လူ ခါဒီယာကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားပါတယ်။ အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က လက်ငင်း သန်း ၂၀ အရင်ပေးပြီးမှ ငါးနှစ် အရစ်ကျနဲ့ လက်ကျန်ငွေကို ဆက်လက် ပေးသွားမှာပါ။ နစ်ကိုးလပ်စ် ပီပီဟာ ဆေးစစ်မှု ခံယူဖို့ အာဆင်နယ်အသင်းထံ ထွက်လာနေပြီ… Continue Reading →

ဗန်ဒိုက်၊ ကလော့ပ် အခြေအနေ၊ အသင်းခေါင်းဆောင်တို့ သတိပေးခြင်းနဲ့ လီဗာပူးသတင်းတိုများ

နာပိုလီနဲ့ ခြေစမ်းပွဲမှာ အင်ဇာဂီရဲ့ သွင်းဂိုးနဲ့ ပက်သက်ပြီး ကလော့ပ်က ဗန်ဒိုက်ကို တိုက်ရိုက် အပြစ်တင်ခြင်း မဟုတ်ပေမယ့်လို့ ခံစစ်မှူးရဲ့ အနေအထား အပေါ် နည်းပြလိုင်းက ကလော့ပ်ကတော့ မကျေမနပ်ဖြစ်နေခဲ့ကြောင်း သိရပါတယ်။ နာပိုလီအသင်း မန်နေဂျာအန်ဆယ်လော့တီကတော့ ရာသီကြိုပွဲတွေနဲ့တင် လီဗာပူးကို အကဲဖြတ်မယ်ဆိုရင် မှားသွားမယ်လို့ ဆိုပါတယ်။ ဥရောပချန်ပီယံ လီဗာပူးအသင်းက ရာသီကြိုမှာ သုံးပွဲဆက် အရေးနိမ့်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် အဓိက တိုက်စစ် တစ်တွဲလုံး မပါဝင်သေးပါဘူး။ လီဗာပူးရဲ့ ရာသီကြို ခြေစွမ်းကြောင့် လီဗာပူးအသင်း အဝတ်လဲခန်းထဲမှာ ပြင်းထန်တဲ့… Continue Reading →

ဝီလ်ဆင်ကို ဒေါ့မွန်ဘက်က ချိတ်ဆက်ခြင်း၊ အသင်းသစ်ရမယ့် စတားရစ်နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းနဲ့လမ်းခွဲခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး စတားရစ်ဟာ Trabzonspor အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိလာနေပြီး ဒီအပတ်ထဲမှာ စကားပြောမှု ပြုလုပ်ကြမယ်လို့ သိရှိရပါတယ်။ လီဗာပူးခံစစ်မှူးဗန်ဒိုက်က ကလပ်အသင်းရဲ့ ကစားသမားတွေဟာ အမြင့်ဆုံး အဆင့်တွေကို ရောက်နေကြပြီလို့ ထုတ်ပြောပါတယ်။ သူကပဲ နာပိုလီအသင်းက ခြေစွမ်းအတိုင်း ကစားမယ်ဆိုရင် ကွန်မြူနတီဒိုင်းပွဲမှာ အရေးနိမ့်မယ့်အသင်းက လီဗာပူးဖြစ်မယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။ စပါးမန်နေရဂျာပိုချက်တီနိုက လီဗာပူးဟာ လက်ရှိ အဆင့်အတန်းကို ရောက်လာဖို့ ၁၀ နှစ်လောက် ငွေသုံးလာတာဖြစ်ပြီး စပါးအသင်းကတော့ ငွေမသုံးနိုင်တဲ့ အနေအထားကနေ ကြိုးစားလာတာဖြစ်လို့ အထင်မကြီးဘူးလို့… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၃၀-၇-၂၀၁၉၊ အင်္ဂါနေ့)

ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာကို ယူနိုက်တက် ဂန္တဝင်ဟောင်း ရွန်းနီက နှုတ်ဆက်စာ ပေးပို့ခဲ့ပါတယ်။ ဂျူဗင်တပ်ဘက်က ယူနိုက်တက်တိုက်စစ်မှူး လူကာကူအပြင် နောက်ထပ် ယူရို သန်း ၃၀ တန် ကမ်းလှမ်းမှုမျိုး ရမယ်ဆိုပါက ဒိုင်ဘာလာကို လက်လွတ်မယ်လို့ သတင်းတွေ ဖြန့်နေပါတယ်။ ယူနိုက်တက်က အသည်းအသန်ကြိုးစားနေတဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ နေမကောင်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် လက်စတာရဲ့ ရာသီကြိုပွဲစဉ်တွေကနေ ခွင့်ယူခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ Kristiansund အသင်းနဲ့ ရာသီကြိုပွဲစဉ် ထပ်မံကစားဖို့ နည်းပြဆိုးရှားရဲ့ ဇာတိ… Continue Reading →

အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ညနေခင်း နောက်ဆုံးရ မန်ယူသတင်းများ

ရှက်ဖီးယူနိုက်တက်သို့ အငှားနဲ့ ပြန်ရောက်သွားပြီ ဖြစ်တဲ့ ယူနိုက်တက် ဂိုး သမား ဒင်း ဟန်ဒါဆန်က ရှက်ဖီးသို့ ပြန် မသွားရမှာ နေ့စဉ် စိတ်ပူနေခဲ့မိကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။ ၄င်းက ပြီးခဲ့တဲ့ရာသီကပဲ ရှက်ဖီးမှာ လက်စွမ်းပြကာ ပရီးမီးယားလိဂ်သို့ တန်းတက်လာအောင် ကူညီပေးခဲ့ပြီး ယူနိုက်တက်နဲ့ သက်တမ်းတိုးစာချုပ် ကိစ္စရပ်များ ရှိနေတာကြောင့် အငှားပြန်သွားဖို့ ကြံ့ကြာနေခဲ့တာပါ။ ယူနိုက်တက်ဟာ လက်ကျန် အပြောင်းအရွှေ့ကာလတွေမှာ ကလပ်အသင်းရဲ့ ထိပ်တန်းဦးစားပေး ခေါ်ယူမှုအဖြစ် ဗဟိုခံစစ်နေရာကို အင်အားဖြည့်ဖို့ ရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူ အဒ်ဝုဒ်ဝတ် ဦးဆောင်တဲ့… Continue Reading →

ကိတ်တာ၊ ရှာကွီရီတို့ ပြန်ရောက်လာခြင်း၊ လာမယ့်ရာသီအတွက် ကလော့ပ်အမြင်နဲ့ လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ မာဆေးဆိုဒ်ကလပ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်စွဲအောင် ဦးဆောင်ခဲ့ပြီးနောက် ဂျာမနီမှာ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့ပါတယ်။ ကစားသမားဆုကိုတော့ ဒေါ့မွန်မှ မာကိုရူးစ်က ရရှိခဲ့တာပါ။ လီဗာပူးဟာ ပြင်သစ်က Evian မှာပြုလုပ်မယ့် ရာသီသစ်အတွက် အရေးကြီးဆုံးသော ရာသီကြို ပြင်ဆင်မှု သီတင်းပတ်ကို စတင် သွားတော့မှာဖြစ်ပြီး နေးဖီးလစ်၊ ကာတစ်ဂျုံးနဲ့ ဘမ်ဝုဒ်ဘမ်းတို့ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ထို သုံးဦးဟာ နာပိုလီနဲ့ပွဲ မတိုင်ခင်တည်းက ယူ-၂၃ အသင်းထံ ပြန်ပို့ခံခဲ့ရပြီး စီနီယာတွေနဲ့ ရာသီကြို… Continue Reading →

လာကာဇက်တီ၊ ဘီလစ်၊ ဇာဟာ၊ တီရာနီတို့နဲ့ အာဆင်နယ်သတင်းတိုများ

အမ်းမရိတ်ဖလား ပွဲစဉ် အဖြစ် တနင်္လာနေ့ညက လိုင်ယွန်နဲ့ ရင်ဆိုင်တဲ့ ပွဲစဉ်မှာ အာဆင်နယ်က ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပြီး တိုက်စစ်မှူး လာကာဇက်တီလည်း ခြေကျင်းဝတ် ဒဏ်ရာ ရသွားတာကြောင့် လူစားလဲခဲ့ရတဲ့ ထိုးနှက်မှု ရင်ဆိုင်ခဲ့ရပါတယ်။ အာဆင်နယ်အတွက် လိုင်ယွန်ဘက် သွင်းတဲ့ တစ်လုံးတည်းသော ဂိုးကို အူဘာမီးယန်းက သွင်းယူခဲ့ပြီး လိုင်ယွန်ဘက်ကတော့ ဒမ်ဘီလီ တစ်ဦးတည်း ၂ ဂိုးလုံး သွင်းယူခဲ့တာပါ။ အာဆင်နယ် အသင်း ပစ်မှတ်ထားနေခဲ့တဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို အဲဗာတန်အသင်းက ပေါင် ၅၅… Continue Reading →

အိုဒွိုင်း စာချုပ်သစ် အခြေအနေ၊ မေဆန်မောင့်၊ ဘာကလေတို့ ခြေစွမ်းပြခြင်းနဲ့ ချယ်ဆီး သတင်းတိုများ

ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းဟာ ချယ်ဆီးအသင်း လူငယ်ကစားသမား ပါမာကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ချယ်ဆီးနဲ့ ရက်ဒင်းအသင်း ခြေစမ်းပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ပွဲအပြီးမှာ ချယ်ဆီးက ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို ဘာကလေ၊ ကင်နက်ဒီတို့က ၁ဂိုးစီနဲ့ လူငယ်ကစားသမား မေဆန်မောင့်က ၂ ဂိုး ခြေစွမ်းပြ သွင်းယူခဲ့ပါတယ်။ ယခင်နည်းပြဟောင်းများ ဖြစ်တဲ့ ကွန်တီ၊ ဆာရီတို့ မျက်နှာသာပေးခြင်း မခံခဲ့ရတဲ့ ဘာကလေဟာ နောက်ဆုံးမှာ လမ်းပတ် နည်းပြဖြစ်လာတဲ့ နောက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!