Date

September 13, 2019

အာဆင်နယ်အတွက် ယူဆောင်လာခဲ့ပြီဖြစ်တဲ့ လာကာဇက်တီ ဒဏ်ရာသတင်းဆိုး

အာဆင်နယ်အသင်း တိုက်စစ်မှူး လာကာဇက်တီဟာ ဒဏ်ရာကြောင့် ဒီအပတ် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲအပြင် ဒီတစ်လလုံး အနားယူရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ကလပ်အသင်းဘက်က အတည်ပြုခဲ့တဲ့ အဆိုပါ သတင်းအရ လာကာဇက်တီဟာ ဝတ်ဖိုဒ်နဲ့ပွဲအပြင် ဒီတစ်လလုံး ဂန်းနားပွဲတွေကို ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ လာကာဇက်တီဟာ အောက်တိုဘာလလောက်မှ ကြံ့ခိုင်မှု ပြန်ကောင်းလာမယ့် အနေအထားဖြစ်တယ်လို့ သိရပါတယ်။ လာကာဇက်တီဟာ ဘယ်ဘက် ခြေကျင်းဝတ်မှာ ဒဏ်ရာရခဲ့ခြင်းလို့ သိရပြီး အာဆင်နယ်ဆေးအဖွဲ့ကတော့ သီတင်းပတ် သုံးလေးပတ်ခန့် အနားပေးဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ယူရိုပါလိဂ် အဖွင့်ပွဲနဲ့ အရေးကြီး… Continue Reading →

ဝုဗ်ပွဲကြို သတိပေးချက်၊ ပွဲခန့်မှန်း၊ ဒဏ်ရာရအခြေအနေတွေနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ဝုဗ်နဲ့ ချယ်ဆီး ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ချယ်ဆီးက ရလဒ်ကောင်းပေမယ့် မမျှော်လင့်ထားတာတွေ ဖြစ်နေတယ်။ တိုက်စစ်ကောင်းပြီး ခံစစ်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဝုဗ်က အသင်းကောင်းဖြစ်ပေမယ့် ဒီပွဲတော့ ချယ်ဆီးဘက်ကပါပဲ ” လို့ ချယ်ဆီးအနိုင်အဖြစ် ခန့်မှန်းခဲ့ပါတယ်။ လမ်းပတ်ရဲ့ ချယ်ဆီး စီနီယာအသင်းကြီးနဲ့ အတူ ရာသီကြိုပွဲစဉ် နှစ်ပွဲ ပါဝင်ကစားခဲ့တဲ့ စကော့တလန် U21 လက်ရွေးစင် လူငယ် ကွင်းလယ် ကစားသမားလေး Billy Gilmour ဟာ ချယ်ဆီးအသင်းနဲ့ လေးနှစ် သက်တမ်းရှိ… Continue Reading →

ပွဲ အဖြေပြောင်းနိုင်ကြသူများ၊ ၀ယ်လော့ ၀မ်းမြောက်စကားနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ် ကစားသမားဟောင်း မာတီဆက်ကာက အာဆင်နယ်အသင်းဟာ တိုက်စစ်၊ ခံစစ် ဟန်ချက် မညီ ဖြစ်နေပြီး ‘ဒါကို ထိန်းညှိဖို့ အရေးကြီးကြောင်း အမ်မရီအား သတိပေးစကား ဆိုလိုက်ပါတယ်။ အာဆင်နယ် လူငယ်ကြယ်ပွင့်လေး ဂျိုး ၀ယ်လော့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တဲ့အပေါ် အမ်မရီက – ” ဂျိုး (၀ယ်လော့) ခြေစွမ်းက မနှစ်တည်းက အများကြီး တိုးတက်လာတာပါ။ နည်းစနစ်ပိုင်းလည်း ကျေညက်သလို ဘယ်လို ပြိုင်ဘက်ကို မဆို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင် ကစားနိုင်တယ်။… Continue Reading →

အကောင်းဆုံး ဆုရ အဂွယ်ရို၊ အပြိုင်လုရမယ့် ဒီကလန်ရိုက်စ်နဲ့ မန်စီးတီး သတင်းတိုများ

စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းဟာ ကမ္ဘာ့အကောင်းဆုံး ထိပ်သီး ကစားသမားတွေထဲ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ၄င်း တန်ကြေးဟာ အနည်းဆုံး ပေါင် သန်း ၂၀၀ ရှိနေပြီလို့ စီးတီး ကစားသမားဟောင်း ထရီဗာ ဆင်ကလဲရားက ပြောကြားလိုက်ပါတယ်။ မန်စီးတီးရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး အဂွယ်ရို က ရရှိသွားပါတယ်။ အဂွယ်ရိုဟာ ဒီရာသီ ပရီးမီးယားလိဂ် လေးပွဲ ပြီးဆုံးထားချိန်မှာတင် ၆ ဂိုး သွင်းထားပြီး လိဂ် ထိပ်သီး ဂိုးသွင်းရှင်… Continue Reading →

လက်စတာပွဲကြို အရေးကြီး သတင်းတွေ၊ သတိပေးချက်တွေနဲ့ ညနေခင်း မန်ယူသတင်းများ

မန်ယူနဲ့ လက်စတာပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” မန်ယူအသင်း ဒီရာသီ ခြေစွမ်း အတက်အကျ များနေပေမယ့် လက်စတာဟာ နောက်တန်း ပိတ်ပြီးကစားမှာ မဟုတ်လို့ ယူနိုက်တက် တိုက်စစ်သမားတွေ နေရာလွတ်ရှာဖို့ ပိုလွယ်စေမှာပါ။ ခြေစွမ်းပိုင်းက ဘယ်လိုဖြစ်နေပါစေ ဒီပွဲကိုတော့ မန်ယူအသင်း အနိုင်ရမယ်လို့ ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့ပါတယ်။ လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ မန်ယူကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်၊ လုရှောတို့ဟာ ကြံ့ခိုင်မှု ပြသနာတွေနဲ့ ဒဏ်ရာတွေကြောင့် လွဲချော်သွားတော့မှာပဲ ဖြစ်ပါတယ်။ ဘစ်ဆာကာ၊ လင်ဂတ်နဲ့… Continue Reading →

၎-၂-၃-၁ နဲ့ လက်စတာကို ယှဉ်ပြိုင်မယ့် မန်ယူအသင်း အတောင့်တင်းဆုံး ပွဲထွက်လူစာရင်း

နိုင်ငံတကာ သီတင်းပတ်က မန်ယူအတွက်ကတော့ ပြသနာကြီးတွေ ပေးလာခဲ့ပြီဖြစ်ပြီး မာရှယ်၊ ပေါ့ဘာ၊ လုရှောတို့ဟာ ဒီအပတ် ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲ ပါဝင်နိုင်ဖို့ မရှိတာ သေချာခဲ့ပါပြီ။ ဒါ့အပြင် ညာအစွန်လူ ဘစ်ဆာကာ ကစားနိုင်ဖို့လည်း မသေချာပါဘူး။ သရဲနီတွေဟာ ပရီးမီးယားလိဂ် လေးပွဲမှာ ၅ မှတ်ပဲ ရထားတာဖြစ်ပြီး ဒီအပတ် မြေခွေးတွေနဲ့ ယှဉ်ပြိုင်ရာမှာ အနိုင်ရလဒ်ကို ပြန်ရယူနိုင်ဖို့ ကြိုးစားမှာဖြစ်တယ်။ ဒါပေမယ့်လည်း အဓိက ကစားသမားတွေ အများအပြား ဒဏ်ရာရနေတာက မန်နေဂျာဆိုးရှားအတွက် ထိုးနှက်ချက် ဖြစ်လာနေခဲ့ပါတယ်။ ကလပ်အသင်းဝဘ်ဆိုဒ်ကနေ… Continue Reading →

နယူး၊ နာပိုလီပွဲကြို ထူးခြားသတင်းနဲ့ ခန့်မှန်းများ၊ ကလော့ပ်ဆုရခြင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

သြဂုတ်လရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆုကို လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ရရှိသွားပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းကို လေးပွဲကစား လေးပွဲနိုင်ရလဒ် ထွက်ပေါ်အောင် ဦးဆောင်ပေးခဲ့တာပါ။ နိုင်ငံတကာသီတင်းပတ်ကာ မဲလ်ဝုဒ်မှာ လေ့ကျင့်ရေး လာဆင်းကြတဲ့ အကယ်ဒမီ ကစားသမားတွေထဲက လူငယ် ကစားသမား လိုက်တန် ကလပ်ဆန် ဟာ စီနီယာအသင်း နည်းပြအဖွဲ့ဝင်တွေ အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြသခဲ့ပါတယ်။ အသက် ၁၇နှစ်အရွယ် ကစားသမား ဟာ U18 အသင်း ကွင်းလယ်မှာ အဓိကနေရာက ပါဝင်ခဲ့ပြီး ဆာလက်၊ မာနေးတို့နဲ့အတူ တွဲလုပ်တာက… Continue Reading →

ဘယ်လာရင်၊ တီရာနေးတို့ ပါဝင်လာရင် ဖြစ်လာမယ့် အာဆင်နယ် အကောင်းဆုံး ပွဲထွက်လူစာရင်း

အာဆင်နယ် အစွန်လူတွေဖြစ်တဲ့ ဘယ်လာရင်နဲ့ တီရာနေးတို့ဟာ ဒဏ်ရာကနေ ပြန်သက်သာလာနေပြီဖြစ်ပြီး လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်မှုတွေ လုပ်လာနေကြပြီဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ဇန်နဝါရီမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး သူ့ရဲ့ ACL ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတာပါ။ တီရာနေးကတော့ ဆဲလ်တစ်မှာ ဒဏ်ရာရနေခဲ့တာဖြစ်ပြီး ပြန်လည်သက်သာလာဖို့ ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ထားခဲ့ရတာဖြစ်တယ်။ အစွန်သမား နှစ်ဦးလုံးက ပွဲထွက်ကစားပေးဖို့ အဆင်သင့် ဖြစ်လာနေပါပြီ။ လက်ရှိ ညာအစွန်မှာ မစ်လန်နေး ကစားနေပေမယ့် သူဟာ ကွင်းလယ်လူဖြစ်ပြီး အစွန်လူမရှိတဲ့ အနေအထားမှာ ဖြည့်ကစားပေးနေတာဖြစ်တယ်။ ဘယ်အစွန်မှာတော့… Continue Reading →

နယူးကို အနိုင်ရရင် လီဗာပူးနဲ့အတူ မာနေး ပိုင်ဆိုင်သွားမယ့် ပရီးမီးယားလိဂ် စံချိန်တင် မှတ်တမ်း

စပါးအိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ရလဒ် ထွက်ပေါ်အောင် ကြိုးစားဖူးတာကြောင့် ဒီအပတ် အန်ဖီးကို လာရောက် ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်ဟာ အကောင်းမြင်မှုတွေ ရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လို့ စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အိမ်ကွင်းပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးက ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက်ပြီး ထိန်းသိမ်းနိုင်မှာ ဖြစ်သလို ပွဲထွက်လူစာရင်းမှာ ဘယ်တောင်ပံတိုက်စစ်ကို ဦးဆောင်လာမယ့် မာနေးကလည်း စံချိန်တစ်ခုကို ချိုးဖျက်နိုင်ဖွယ် ရှိလာနေတယ်။ မာနေးဟာ အန်ဖီးကွင်းမှာ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄၉ ပွဲထိ အရှူံးမရှိထားတဲ့ တိုက်စစ်သမားပါ။ ဒါက ပရီးမီးယားလိဂ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!