Date

September 20, 2019

အာဆင်နယ်မှာ တော်ရဲရား ပြောင်းလဲကစားနေရတဲ့ နေရာသစ်အကြောင်း အမ်မရီ ရှင်းလင်း

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ကွင်းလယ်လူ တော်ရဲရားဟာ ကလပ်အသင်းမှာ နေရာပြောင်းလဲ ကစားနေရတာဖြစ်ကြောင်း ယူရိုပါလိဂ် လူစာရင်းမှာ ပါဝငကား ခြေစွမ်းပြတဲ့ပွဲအပြီး ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်အသင်းကို ဝဲလ်လော့၊ ဆာကာ၊ အူဘာမီယန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲမှာ တော်ရဲရားဟာ မန်နေဂျာအူနိုင်းအမ်မရီရဲ့ အသင်းအတွက် ဒီရာသီ ဒုတိယမြောက်အဖြစ် ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့သလို ပထမဆုံးအကြိမ်အဖြစ် ပွဲချိန်ပြည့် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီမြေမှာတော့ တော်ရဲရားဟာ တိုက်စစ်ကို လိုက်ပါကစားခွင့် ရခဲ့ပါတယ်။ အမ်မရီက ‘ ဒီပွဲမှာ… Continue Reading →

ကမ္ဘာပေါ်မှာ ချယ်ဆီးတစ်သင်းတည်းသာ လုပ်နိုင်မယ့် အားသာချက်ကို ကလော့ပ် ရှင်းပြ

ယာဂင်ကလော့ပ်က လက်ရှိ ငယ်ရွယ်နုပျိုတဲ့ ချယ်ဆီးအသင်းကို အတိတ်တုန်းက သူနည်းပြခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ ကလော့ပ်ဟာ ငယ်ရွယ်တဲ့ ကလပ်တစ်သင်းနဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဘွန်ဒက်လီဂါ အမှတ်ပေးဖလားကို အနိုင်ယူပြခဲ့ပါတယ်။ လမ်းပတ်ရဲ့ အသင်းဟာ ငယ်ရွယ်တဲ့ လူငယ်သွေးသစ်တွေနဲ့ ဝါရင့်ကစားသမားတွေ ပေါင်းစပ်ထားတဲ့ ကလပ်အသင်းလို့ ယာဂင်ကလော့ပ်က ယုံကြည်တယ်။ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးအသင်းကို အထင်ကြီးပါကြောင်း ကလော့ပ်က ပြေဆိုခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ဘက်အား အလေးအနက် ယှဉ်ပြိုင်ပြီး အနိုင်ရလိုပါတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ယာဂင်ကလော့ပ်က ‘… Continue Reading →

လီဗာပူးအသင်းရဲ့ အားနည်းချက်ကြီး နှစ်ချက်ကို တုန့်ပြန်ဖြေကြားပေးလာတဲ့ ယာဂင်ကလော့ပ်

ချယ်ဆီးပွဲကြို ဒီကနေ့ အင်တာဗျူးမှာ ယာဂင်ကလော့ပ်ဟာ ဒီနှစ်တွေထဲမှာ လီဗာပူးရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကြီး ၆ ကြီးကို အဝေးကွင်းမှာ အနိုင်မရခြင်းနဲ့ ရာသီစကတည်းက ရုန်းကန်နေရတဲ့ clean sheet နဲ့ ပက်သက်လို့ အဓိက မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးဟာ ကြီး ၆ ကြီးနဲ့ အဝေးကွင်းပွဲစဉ်တွေအဖြစ် နောက်ဆုံး ၁၂ ကြိမ် ယှဉ်ပြိုင်ရာမှာ ၁ ကြိမ်ပဲ အနိုင်ရထားတာဖြစ်တယ်။ ကျန်ပွဲတွေမှာတော့ သရေနဲ့ အရံှူ့းရရလဒ်တွေပဲ ပိုင်ဆိုင်ထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး မေးမြန်းခံရမှုမှာ ယာဂင်ကလော့ပ်က… Continue Reading →

မန်ယူဘက်က မတ်ဒီဆန်အတွက် ကမ်းလှမ်းမှုကို လက်ခံပေးမယ့် အချက်တစ်ချက်အား ရော်ဂျာ ထုတ်ဖော်

မန်ယူဟာ အင်္ဂလန်လူငယ်တွေဖြစ်တဲ့ ဆန်ချိုနဲ့ မတ်ဒီဆန်တို့ကို လာမယ့် နွေမှာ ခေါ်ယူဖို့ ထိပ်တန်းပစ်မှတ်အဖြစ် ရွေးချယ်ထားပြီး စောင့်ကြည့်မှုတွေ ဆက်တိုက်လုပ်မှာဖြစ်တယ်။ အင်္ဂလန်ထိပ်တန်းကြယ်ပွင့်တွေဟာ မန်ယူအသင်းရဲ့ ဗြိတိန်ကစားသမား စုဆောင်းမှုမှာ ဦးစားပေးအဖြစ် ရွေးချယ်ထားခြင်းခံရတယ်လို့သိရပါတယ်။ ဒီနွေတုန်းကလည်း ပေါ့ဘာကို လက်လွတ်ရမယ်ဆိုရင် အစားထိုးဖို့ မတ်ဒီဆန်ကို ရည်ရွယ်ခဲ့ပြီး ပြင်သစ်သားကို ဆက်လက် ထိန်းသိမ်းနိုင်တဲ့နောက် မတ်ဒီဆန်ကို ကမ်းလှမ်းမှုတွေ ဆက်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ကွင်းလယ်မှာ မာတစ်နဲ့ မာတာတို့ အသက်ရလာပြီဖြစ်လို့ ငယ်ရွယ်တဲ့ ဗြိတိန်သားလေးကို ခေါ်ယူပြီး နည်းစနစ်ပိုင်းဆိုင်ရာ ပိုမို ကျယ်ပြန့်လာအောင်… Continue Reading →

ချယ်ဆီးအတွက် သူရည်ရွယ်တဲ့ ရည်မှန်းချက်နဲ့ အောင်မြင်လိုစိတ်အကြောင်း အိုဒွိုင်း ပြောဆို

ချယ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လူငယ်ကစားသမား အိုဒွိုင်းကို ကလပ်အသင်းမှာ ကာလရှည် ဆက်ရှိနေမယ့် ၅ နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် လက်မှက်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး သူဟာ စာချုပ်သစ်အရ ချယ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရမှာဖြစ်ပါတယ်။ ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တဲ့နောက် အင်္ဂလန်လူငယ်တိုက်စစ်သမားလေးက ချယ်ဆီးအတွက် သူရည်ရွယ်တဲ့ ရည်မှန်းချက်နဲ့ အောင်မြင်လိုစိတ်အကြောင်းအပြင် မန်နေဂျာလမ်းပတ်အပေါ် ယုံကြည်မှုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။ အိုဒွိုင်းက ”စာချုပ်သစ် ချုပ်ဆိုနိုင်တာအတွက် ခံစားရတာကတော့ အံ့အားသင့်စရာကောင်းပါတယ်။ အချိန်အကြာကြီး စောင့်ခဲ့ရတယ် ဆိုပေမယ့် စာချုပ်သစ်ကိစ္စ ပြီးမြောက်ခဲ့ပါပြီ။… Continue Reading →

တွစ်တာအကောင့် ပိတ်သွားတဲ့ ရော်ဘတ်ဆန်ရဲ့ ဆုံးဖြတ်ချက်အကြောင်း အသင်းဖော် ထရန့် ဖွင့်ဟ

လီဗာပူးညာအစွန်လူ ထရန့်က အွန်လိုင်း ဝေဖန်ပြစ်တင်မှုတွေကို ဆက်တိုက်ရရှိနေတဲ့ အသင်းဖော် ရော်ဘတ်ဆန်ရဲ့ တွစ်တာအကောင့် ပိတ်သွားမှုအပေါ် ကာကွယ်ပြောဆိုမှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။ ရော်ဘတ်ဆန်ဟာ နာပိုလီနဲ့ပွဲအပြီးမှာ ဝေဖန်မှုတွေ ဆက်တိုက်ရခဲ့တာကြောင့် သူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သွားခဲ့တာပါ။ အဆိုပွဲမှာ ပင်နယ်တီ ပြစ်ဒဏ်က လွဲမှားတဲ့ ဆုံးဖြတ်ချက်လို့ လီဗာပူးအသင်းဘက်က ယုံကြည်နေပေမယ့် ဒုတိယပေးဂိုးမှာတော့ ရော်ဘတ်ဆန်ရဲ့ တုံ့နှေးမှုဟာ အမှားအဖြစ် ထောက်ပြခံရမှုတွေလည်း ရှိခဲ့တာဖြစ်တယ်။ နာပိုလီပွဲအပြီး ၂၄ နာရီ အကြာမှာ အကောင့်ပိတ်သွားခဲ့တဲ့ ရော်ဘတ်ဆန်နဲ့ ပက်သက်လို့ ထရန့်ကတော့ ” ရိုဘိုက… Continue Reading →

ဂရင်းဝုဒ်နှင့် သူသယ်ဆောင်လာသော နိုင်ပွဲရဲ့ နောက်ဆက်တွဲ သတင်းကောင်းများ

မန်ယူးနဲ့ အက်စတာနာတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အကယ်ဒမီ တိုက်စစ်မှူးလေးဂရင်းဝုဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကလပ်အသင်းခြံပေါက် အကယ်ဒမီကစားသမားလေးဟာ မနှစ်တုန်းကလည်း လူငယ်အသင်းနဲ့ ရွှေဖိနပ်ဆုကို အနိုင်ရခဲ့သေးတဲ့ တိုက်စစ်သမားလေး ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင်က ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်မှာတောင် ကစားပေးနိုင်တဲ့ အရည်အသွေးရှိပြီး သူ့ရဲ့ ထူးချွန်လှတဲ့ ဂိုးသွင်းမှတ်တမ်းက အံ့အားသင့်စရာကောင်းသလို မန်ယူရဲ့ အနာဂတ် တိုက်စစ်သမားပါလို့ ချီးကျူးခဲ့တယ်။ အစီအစဉ် သုံးသပ်သူအဖြစ် ပူးတွဲ တာဝန်ယူနေတဲ့ ဟားဂရိတ်ကလည်း ဂရင်းဝုဒ်က သူ့ကို စိတ်လှုပ်ရှားစေပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် တိုက်စစ်သမားဖြစ်လာမယ့်သူလို့… Continue Reading →

အယ်လီဆန်၊ ကီတာ၊ အိုရီဂီတို့ရဲ့ ဒဏ်ရာတိုးတက်မှု နောက်ဆုံးရ အခြေအနေ

ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ရလဒ်ကောင်းတွေ ရနေပေမယ့်လည်း မကြာခင် ရောက်လာတော့မယ့် ပွဲကြပ်ကာလတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီ မတိုင်ခင်မှာ ဒဏ်ရာပြသနာတွေ ထပ်တိုးမရလာအောင် ကလပ်ရဲ့ ဒဏ်ရာရ ကစားသမားတွေကို ကြံ့ခိုင်မှုပိုင်း တည်ဆောက်ပေးနိုင်ဖို့ အရေးကြီး လိုအပ်တော့မှာဖြစ်တယ်။ လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ရာသီအစ အဖွင့်ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ချယ်ဆီးနဲ့ပွဲမှာလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ခြေသလုံးကြွက်သား ဒဏ်ရာဟာ ပြန်သက်သာလာဖို့ ကုသမှုတွေနဲ့ အချိန်ယူနေရဆဲဖြစ်ပြီး ဒါဟာ လီဗာပူးအသင်း ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲမှာ အကြီးမားဆုံးလည်းဖြစ်ပါတယ်။ အတ်ဒရီယန်ဟာ… Continue Reading →

အာဆင်နယ်အတွက် သွင်းဂိုးသွင်းပေးနိုင်ဖို့ ပျော်ရွှင်နေတဲ့ အကယ်ဒမီ တိုက်စစ်သမားလေး ဆာကာ

ဂျာမနီမြေမှာ ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ကစာခဲ့စဉ် ဂန်းနားတို့အတွက် နှစ်ခြိုက် အထင်ကြီးဖွယ် ခြေစွမ်းကို ပြသနိုင်ခဲ့သူကတော့ အသက် ၁၈ နှစ်အရွယ် အကယ်ဒမီတိုက်စစ်သမားလေး ဆာကာပဲ ဖြစ်ပါတယ်။ ဆာကာဟာ ဒီရာသီမှာ အာဆင်နယ် ယူ-၂၃ အသင်းအတွက် အဓိက ကစားသူဖြစ်ပြီး နည်းစနစ်ပိုင်း ကောင်းမွန်မှု၊ လျှင်မြန်မှုတွေကြောင့် လူငယ်အသင်းမှာ နေရာရနေခဲ့သူဖြစ်တယ်။ ယူရိုပါလိဂ်အဖြစ် အိမ်ကွင်းမှာ ရလဒ်ကောင်းနေတဲ့ ဖရန့်ဖတ်အသင်းနဲ့ ပွဲမှာတော့ ဒီလူငယ်လေးဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဆာကာက ” အာဆင်နယ်အတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!