Date

September 21, 2019

ဗီလာနဲ့ ပွဲမှာ အမ်မရီ ချန်လှပ်သင့်တဲ့ အာဆင်နယ်အသင်းသား အမည် ချာလီ ပြောကြား

အာဆင်နယ်နဲ့ စကော့တလန် တိုက်စစ်မှူးဟောင်း ချာလီ နစ်ကိုးလပ်က အာဆယ်နယ်နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ ဒီတပတ် အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ ပွဲထွက် လူစာရင်းမှာ အသင်းခေါင်းဆောင် ဇာခါကို ချန်လှပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၅ ပွဲလုံး ပွဲထွက် စာရင်းကနေ ပါဝင်ကစားထားတာပါ။ အမ်မရီ အနေနဲ့ တိုက်စစ်သမား ပီပီထံ က အရည်အသွေးကောင်းတွေ ပိုမိုမြင်တွေ့ချင်ရင် ဒီတပတ်… Continue Reading →

မန်စီးတီး – ၀က်ဖို့ဒ်ပွဲ အတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက် အစုံအလင်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာ လက်ရှိ ပရီးမီးယားလိဂ် ချန်​ပီယံ မန်စီးတီးအသင်းဟာ ဝက်​ဖို့ဒ်​ အသင်းကို အီးတီဟတ်​မှာ လက်​ခံကစား သွားရမှာ ဖြစ်​ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် ဘောလုံး သုံးသပ်သူတွေရဲ့ ခန့်မှန်းချက်များကို ပြန်လည် စုစည်း ဖော်ပြပေးလိုပါတယ်။ ပွဲချိန်ကတော့ ယနေ့ စနေနေ့ ည ၈း၃၀ နာရီ ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင် ပက်ဂွာဒီယိုလာက ဒီနွေမှာ ဗဟိုခံစစ်သမား တစ်ဦး မခေါ်ခဲ့မိတာအတွက် နောင်တ ကောင်းကောင်း ရနေလောက်ပါပြီ။… Continue Reading →

ဂန်းနားပရိသတ်တွေ နှစ်သက်ကြမယ့် တီရာနေးဖွင့်ဟတဲ့ သူအကြိုက်ဆုံး အာဆင်နယ်အသင်းသား

ဒီနွေမှာ ဆဲလ်တစ်အသင်းကနေ အာဆင်နယ်ကို စကော်တလန်ကစားသမားတစ်ဦးအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တဲ့ တီရာနေးဟာ မကြာခင်မှာတော့ ကလပ်အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ဖို့ တာဆူနေခဲ့ပြီဖြစ်ပါတယ်။ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်တဲ့ တီရာနေးဟာ သောကြာနေ့က ယူ-၂၃ အသင်းပွဲမှာ အခြားသော အစွန်လူ ဘယ်လာရင်နဲ့အတူ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီး တီရာနေး ပါဝင်ကစားတဲ့ ပထမဆုံး ပွဲစဉ်လည်းဖြစ်ပြီး ဂန်းနားပရိသတ်တွေကတော့ အစွန်လူအပေါ် အများကြီး မျှော်လင့်ထားကြတာပဲဖြစ်တယ်။ အဆိုပါပွဲအပြီးမှာ တီရာနေးဟာ အာဆင်နယ်ပရိုဂရမ်အတွက် ဖြေကြားပေးမှုတွေ လုပ်သွားခဲ့ပါသေးတယ်။ အဲ့သည်ထဲမှာတော့ သူ့ရဲ့… Continue Reading →

မန်ယူရဲ့ Golden Boy ဟောင်းကြီး အသက် ၃၁ နှစ်မှာတင် ဘောလုံးကစားခြင်းက အနားယူလိုက်ပါပြီ

တစ်ချိန်က မန်ယူအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ဖူးသူ ဘရာဇီး ကွင်းလယ်လူ အန်ဒါဆန်ဟာ လက်ရှိ တူရကီမှာ ကစားနေမှုကနေ ဘောလုံးကစားခြင်းက အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။ တူရကီကလပ် အဒါနာက မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန်ရဲ့ အနားယူမှုသတင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သူဟာ အခုမှ အသက် ၃၁ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်တယ်။ ၂၀၁၈ ခုနှစ်မှာ တူရကီကလပ်ထံ ပြောင်းကစားခဲ့ပေမယ့် ဒီရာသီမှာတော့ သူဟာ ဘောလုံးကစားခြင်းက အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးကလပ် ဂရီမီရိုကနေ ပေါ်တိုအသင်းကို အသက် ၁၈ နှစ်အရွယ် ၂၀၀၆… Continue Reading →

၎-၂-၃-၁ နဲ့ ပွဲထွက်ပြီး အပြောင်းအလဲများမယ့် မန်ယူနဲ့ ဝက်ဟမ်း ခန့်မှန်း ပွဲထွက်လူစာရင်း

မန်ချက်စတာ ယူနိုက်တက်ဟာ မနက်ဖြန်မှာတော့ ဝက်ဟမ်းကွင်းမှာ သွားကစားရမှာဖြစ်ပြီး ဒီရာသီ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို ရနိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဓိက ကစားသမား အနည်းငယ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဝက်ဟမ်းနဲ့ပွဲမှာ မန်ယူဟာ ၄-၂-၃-၁ ကစားကွက် နဲ့ ပွဲထွက်ပြီး အက်စတာနာနဲ့ပွဲ ပွဲထွက်လူစာရင်းကိုမှ အပြောင်းအလဲ ကိုးခုလောက်လည်း လုပ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဓိကအားဖြင့် လူငယ်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထည့်ပဲ အနားပေးထားတဲ့ စီနီယာတွေကို လူစာရင်းထဲ ပြန်ထည့်လာနိုင်တာဖြစ်တယ်။ ဗဟိုခံစစ်မှာ ဟယ်လာလို… Continue Reading →

ချယ်ဆီးမှာ ဆာလက် ဘာလို့ မအောင်မြင်ခဲ့ရသလဲ အဖြေပေးတဲ့ လမ်းပတ်

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကလပ်အသင်း တိုက်စစ်သမားဟောင်း ဆာလက်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ခေတ်ဦးအဖြစ် လန်ဒန်မြေမှာ ခြေစွမ်းမပြနိုင်တာက အခွင့်အရေးတွေ နည်းပါးခဲ့လို့ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။ ဆာလက်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်ဆီးကို ရောက်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ် ရိုးမားကို ထွက်မသွားခင်ထိ ပွဲ ၁၉ ပွဲပဲ ကစားခဲ့ရတာဖြစ်တယ်။ ချယ်ဆီးအသင်းမှာတော့ အော်စကာ၊ ဝီလီယမ်၊ ဟာဇက်တို့ နောက်မှာပဲ နေရာရခဲ့တဲ့ ဆာလက်ဟာ ဒုတိယမြောက် ပရီးမီးယားလိဂ် ကစားသမားဘဝမှာတော့ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၁၁… Continue Reading →

ချယ်ဆီးအသင်း လီဗာပူးကို နိုင်စေချင်ရတဲ့ အကြောင်းရင်း နဗီး ရှင်းလင်း

မန်ယူခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံလုပွဲ ပိုမို အသက်ဝင်စေဖို့ ဒီတနင်္ဂနွေမှာ ချယ်ဆီးက လီဗာပူးကို အနိုင်ယူနိုင်ဖို့ မျှော်လင့် အားပေးနေပါတယ်။ လီဗာပူးအသင်းဟာ ဒုတိယနေရာမှ လက်ရှိ ချန်ပီယံ မန်စီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေး ဇယား ပထမနေရာမှာ ရှိနေပါတယ်။ လီဗာပူးက ဒီရာသီ ပရီးမီယားလိဂ် ၅ ပွဲလုံး အနိုင်ရထားတာပါ။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက ဒီတပတ်မှာတော့ ချယ်ဆီးကို စတန်းဖို့ ဘရစ်ခ်ျမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး နဗီးလ်က ချယ်ဆီးနိုင်ပွဲ… Continue Reading →

ကာလရှည်ဒဏ်ရာက ပြန်လာပြီး နှုတ်ဆက်စကား ဆိုလာတဲ့ ဘယ်လာရင်

ကာလရှည် ဒူးဒဏ်ရာကို ကုသမှု ခံယူနေခဲ့ရတဲ့ ဟက်တာဘယ်လာရင်ဟာ သောကြာနေ့ညမှာတော့ ပရီးမီးယားလိဂ် – ၂ မှာ အာဆင်နယ် U23 အသင်းနဲ့ အတူ ပါဝင်ကစားပြီး ၀ုဗ် U23 ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ထိုပွဲမှာတော့ ၂ ဂိုးစီနဲ့ သရေ ရလဒ်ထွက်ပေါ်ခဲ့တာပါ။ အသက် ၂၄ နှစ် အရွယ် ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီတည်းက ချယ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဘောလုံး ပြန်ကစားနိုင်ဖို့ တောက်လျောက်ကြိုးစားခဲ့ပါတယ်။ အာဆင်နယ် လူငယ်အသင်းမှာ… Continue Reading →

မောင့်နဲ့ ကန်တီတို့ လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ကစားနိုင်မလား မေးခွန်းကို လမ်းပတ် အဖြေပေး

ချယ်ဆီးမန်နေဂျာ လမ်းပတ်က ဒဏ်ရာပြသနာ ရင်ဆိုင်နေရတဲ့ ကလပ်အသင်း ကွင်းလယ်လူတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ ကန်တီတို့ရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုတွေအပြင် လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားနိုင်မလားနဲ့ ပက်သက်ပြီး တုန့်ပြန် ပြောဆိုပါတယ်။ လမ်းပတ်ကိုယ်တိုင်ကတော့ သူတို့နှစ်ဦးလုံးကို လီဗာပူးနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပါဝင်စေလိုတာပါ။ အခြေအနေ ကောင်းနေပေမယ့်လို့ နောက်ဆုံး စစ်ဆေးမှုကို ပြုလုပ်ရဦးမှာဖြစ်ပြီး ပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးမှာ ကွင်းလယ်လူနှစ်ဦး အခြေအနေ ကောင်းမွန်မယ်ဆိုရင်တော့ ထည့်သွင်းနိုင်တာဖြစ်ပါတယ်။ လမ်းပတ်က ‘ မောင့်မှာ အခွင့်အရေး ရှိပါတယ်။ ဒဏ်ရာဖြတ်ထုတ်မှု ပုံရိပ်တွေကို မြင်တော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!