Month

September 2019

အာဆင်နယ်ရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်နဲ့ လက်ထောက်ခေါင်းဆောင်ကို အမ်မရီ ရွေးချယ်

ဒီရာသီစတုန်းက ကိုစီရယ်နီ ထွက်ခွာသွားတဲ့နောက် သူ့နေရာမှာ အစားဝင်မယ့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ လက်ထောက်အသင်းခေါင်းဆောင်တို့ကို မန်နေဂျာအမ်မရီက ရွေးချယ်ပေးခဲ့ပြီဖြစ်ပါတယ်။ မနှစ်ကလိုပဲ အမ်မရီဟာ အသင်းခေါင်းဆောင် အုပ်စုအနေနဲ့ ကစားသမား ငါးယောက် သတ်မှတ်လိုကြောင်း ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် မတိုင်ခင်းတည်းက ပြောဆိုခဲ့ပေမယ့် ရွေးချယ်မှုနဲ့ ပက်သက်ပြီး အစီအစဉ်သစ်တစ်မျိုးကို စတင်ထားခဲ့တာပါ။ အမ်မရီရဲ့ အသင်းခေါင်းဆောင် ငါးယောက် စာရင်းမှာ ကစားသမား များစွာကို အကြံပြုထားကြပြီး အသင်းသားတွေကိုယ်တိုင် မဲပေးခွင့်ရခဲ့တာလို့ သိရတယ်။ ဒီရက်တွေထဲမှာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တာဝန် ပေးအပ်မယ့်သတင်းက ရေပန်းစားသတင်းဖြစ်လာနေပြီး… Continue Reading →

ဒီရာသီ လီဗာပူးအသင်း ပြည်တွင်းဖလားတွေ အနိုင်ရစေဖို့ အကူအညီဖြစ်စေမယ့် အမေ့ခံကစားသမား

ကာရာဘောင်းပွဲမှာ လူငယ်ကစားသမားတွေ ခြေစွမ်းပြမှုနဲ့အတူ အသင်းပရိသတ်တွေကို ကျေနပ်မှုတွေ ပေးစေခဲ့ပေမယ့် အဆိုပါပွဲမှာ လီဗာပူးအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်ခဲ့သူကတော့ လယ်လာနာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်နေရတဲ့ လယ်လာနာဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေ စတင်လို့ ပရီးမီးယားလိဂ်ပွဲ ၆ ပွဲမှာပဲ ပွဲထွက်ကစားသမားနေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။ ကာရာဘောင်းပွဲမှာတော့ မိနစ် ၉၀ အပြည့် ကစားခွင့်ရခဲ့တဲ့ လယ်လာနာဟာ ပြန်လည်ကြံ့ခိုင်နေပြီး အကောင်းဆုံး ပြန်ကစားနိုင်ပြီဆိုတာကို ပြသခဲ့တယ်။ လီဗာပူးအသင်းအတွက် လယ်လာနာဟာ နောက်ချန်တိုက်စစ်သမား၊ တောင်ပံသမားနဲ့ ကွင်းလယ်တိုက်စစ်သမားအဖြစ်နဲ့… Continue Reading →

ဂျိမ်းစ် စံထား နမူနာယူခဲ့ရတဲ့ ချယ်ဆီး ကစားသမားဟောင်းနဲ့ စီနီယာများ

ချယ်ဆီး လူငယ်ကစားသမား ရစ်စီဂျိမ်းစ်ဟာ ကာလရှည် ဒဏ်ရာကနေ ပျောက်ကင်းသက်သာ လာပြီးနောက် ပြီးခဲ့တဲ့ ကြားရက်က ဂရင်စဘီနဲ့ ကာရာဘောင်းဖလား ပွဲမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်က လူငယ်ကစားသမား တစ်ယောက် အနေနဲ့ ၄င်း စံထား နမူနာယူရတဲ့ ချယ်ဆီး ကစားသမား သုံးဦး ရှိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ အသက် ၁၉ နှစ်သားသာ ရှိသေးတဲ့ အင်္ဂလန်သား ခံစစ်မှူး ဂျိမ်းစ်ဟာ စတန်းဖို့ဘရစ်ခ်ျမှာ အနာဂတ်အိပ်မက်ကြီးတွေ ရှိနေပြီး ဆက်လက် တောက်ပမယ့်… Continue Reading →

ဆိုးရှားနေရာ အစားထိုးဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက်မန်နေဂျာကို ချိတ်ရွယ်လာတဲ့ မန်ယူ

မန်ယူအသင်း တာဝန်ရှိသူတွေက ကလပ်အသင်း မန်နေဂျာရာထူးကနေ ဆိုးရှားကို ထုတ်ပယ်ပါက ပြန်လည်အစားထိုးဖို့ရာ စပါးမှာ အနာဂတ် မသေချာဖြစ်နေတဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိလာမယ်လို့ ဒေးလီးမေလ်းသတင်းစာက ထုတ်ဖော်လိုက်ပါတယ်။ အာဂျင်တီးနား မန်နေဂျာဟာ မန်ယူအသင်းနဲ့ သတင်းထွက်နေတဲ့ မန်နေဂျာတွေထဲက တစ်ဦးပါ။ သူဟာ မနှစ်က ဒီဇင်ဘာမှာတည်းက မော်ရင်ညိုနေရာ ဆက်ခံဖို့ သတင်းကြီးခဲ့ဖူးပြီး တရားဝင် ပြီးမြောက်ခဲ့ခြင်း မရှိကာ ဆိုးရှားက ယာယီမန်နေဂျာအဖြစ် ဝင်ရောက်လာတာဖြစ်တယ်။ ပိုချက်တီနိုဟာ မနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိရောက်အောင် ကြိုးစားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လို့… Continue Reading →

ခြေစွမ်းပြနေတဲ့ အီလီယာ့ကြောင့် ဖူလ်ဟမ်နဲ့ ဆွေးနွေးမှုမှာ အကြပ်တွေ့ရဖွယ်ရှိတဲ့ လီဗာပူး

ကာရာဘောင်းပွဲမှာ အကောင်းဆုံးကစားသမားဆုရတဲ့ထိ အီလီယာ့ ခြေစွမ်းပြခဲ့တာကြောင့် ကလပ်အသင်း ပရိသတ်တွေ နှစ်သက်မငတွေ ရှိကြမှာပါ။ ဒါပေမယ့်လို့ လီဗာပူးအတွက်ကတော့ ဒါဟာ ညိနှိုင်းမှုမှာ အကြပ်ရိုက်စရာ ဖြစ်လာခဲ့ပါတယ်။ လီဗာပူးဟာ ဒီနွေမှာ ဖူလ်ဟမ်အသင်းကနေ ဆယ်ကျော်သက် ကစားသမားလေးကို ခေါ်ယူခဲ့ပေမယ့် ပြောင်းရွှေ့ကြေးး သဘောတူညီမှု မရသေးပါဘူး။ လီဗာပူးဟာ ဖူလ်ဟမ်ကို အကယ်ဒမီကြေး ပေးရမှာဖြစ်ပြီး အဆိုပါကိစ္စ ညိနှိုင်းမှု လုပ်ရမှာဖြစ်တယ်။ ဖူလ်ဟမ်ရဲ့ စကောလာရှစ်ကို ငြင်းဆန်ပြီး ငယ်ဘဝတည်းက အားပေးခဲ့တဲ့ လီဗာပူးကို အီလီယာ့ ကူးပြောင်းလာခဲ့တာဖြစ်တယ်။ ရီးရဲလ်မက်ဒရစ်၊ ပီအက်ဂျီလို… Continue Reading →

ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် စကိုင်းစပေါ့ ခန့်မှန်းချက်များ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ရှက်ဖီးယူနိုက်တက် Vs လီဗာပူး စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ညနေ ၆ နာရီ ရှက်ဖီးဟာ ပြီးခဲ့တဲ့ အပတ်က အဲဗာတန်အိမ်ကွင်းမှာ အထင်ကြီးစရာ ကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတွေရဖို့အတွက်တော့ ရုန်းကန် ခဲ့ရပါတယ်။ သူတို့ဟာ ကျင့်သားရနေပြီး စည်းစည်းလုံးလုံး ရှိကြတယ်။ တောင်ပံခံစစ် နှစ်ယောက်က အရှေ့တက်လာပြီး… Continue Reading →

ချယ်ဆီး ဥရောပအဆင့်ကို ပြန်တက်နိုင်ဖို့ လိုအပ်နေမှုကို ထောက်ပြလိုက်တဲ့ အိုင်ဗန်နိုဗစ်

ချယ်ဆီးအသင်းသားဟောင်း အိုင်ဗန်နိုဗစ်က ကလပ်အသင်းဟာ ထိပ်တန်းအဆင့်တွေကို ပြန်ရောက်နိုင်ဖို့ရာ အခြားသော ကြိုးစားမှုတွေအပြင် ကလပ်အသင်းပိုင်ရှင်ရဲ့ အားပေးထောက်ခံမှုနဲ့အတူ စတမ်းဖိုဒ့်ဘရစ်မှာ လာရောက်အားပေးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေကြောင့် အင်္ဂလန်မှာ ပြည်ဝင်ခွင့် ပိတ်ခံထားရတဲ့ အေဘရာမိုဗစ်ဟာ ချယ်ဆီးအသင်းရဲ့ပွဲတွေကို လာရောက် မကြည့်နိုင်ခဲ့တာ ကြာခဲ့ပါပြီ။ သူက ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ ဖုန်းအဆက်အသွယ် လုပ်ပေမယ့်လို့ ချယ်ဆီးအပေါ်ထားတဲ့ စိတ်တွေက အရင်နှစ်တွေကလို မဟုတ်တော့ပဲ ဖြစ်နိုင်မယ်ဆိုရင် ရောင်းထုတ်လိုနေတယ်လို့လည်း သတင်းထွက်နေခဲ့တယ်။ မန်နေဂျာဟောင်း ဆာရီတုန်းက အေဘရာမိုဗစ်နဲ့ အကြိမ်အနည်းငယ် တွေ့ဆုံခွင့်ရခဲ့သလို… Continue Reading →

အာဆင်နယ်အသင်းခေါင်းဆောင် ဖြစ်လိုတယ်လို့ ဝန်ခံလာတဲ့ စီနီယာအသင်းသား

ဒီရက်တွေထဲမှာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တာဝန် ပေးအပ်မယ့်သတင်းက ရေပန်းစားသတင်းဖြစ်လာနေပြီး အဆိုပါ ကိစ္စနဲ့ ပက်သက်လို့ အာဆင်နယ်ကစားသမား ဟိုးဒင်းက ထုတ်ပြောမှုတစ်ခု လုပ်လာခဲ့ပါတယ်။ ဟိုးဒင်းဟာ နော်တင်ဟမ်ဖောရတ်နဲ့ ပွဲမှာ အိုဇေးနဲ့ လူစားလဲပြီးနောက် နောက်ဆုံးမိနစ်နှစ်ဆယ်အတွင်း အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ရပါတယ်။ ဒါက သူ့အတွက် ဂုဏ်ယူစရာ အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ပြီး ဒါကို နောက်ထပ် အခွင့်အရေး ရရင်လဲ လိုချင်ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ” အရင်ပတ်က ကျနော်တို့ မဲပေးခဲ့ကြပြီး ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့… Continue Reading →

လီဗာပူးနဲ့ပွဲမှာ လုံးဝ လုပ်ခွင့်မရှိတဲ့ တားမြစ်ချက်ကိစ္စကို ထုတ်ပြန်လိုက်တဲ့ ရှက်ဖီးနည်းပြ

ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲအပြီး အဆင့် ၁၀ မှာ ရပ်တည်နေတာ တန်းတက်ရာသီကို အထင်ကြီးဖွယ် စတင်နိုင်ခဲ့ပေမယ့် ဘရာမောလိန်းမှာ ဥရောပ ချန်ပီယံတွေကို လက်ခံကစားရမယ့် အခက်ခဲဆုံး စိန်ခေါ်မှုကြီး ရှိနေပါတယ်။ ဒီရာသီမှာ လီဗာပူးဟာ အဖွင့် ၆ ပွဲကို နိုင်ပြီး ထိပ်ဆုံးမှာ ငါးမှတ်အသာနဲ့ ရပ်တည်နေသလို ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး မှတ်တမ်းအဖြစ် ၁၅ ပွဲဆက်အထိ အနိုင်ရထားတာပါ။ ဒီလို အသင်းကို ရင်ဆိုင်ရမှာဖြစ်လို့ ရှက်ဖီးမန်နေဂျာ ခရစ်ဝိုင်ဒါက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!