ကာရာေဘာင္းပြဲမွာ လူငယ္ကစားသမားေတြ ေျခစြမ္းျပမႈနဲ႔အတူ အသင္းပရိသတ္ေတြကို ေက်နပ္မႈေတြ ေပးေစခဲ့ေပမယ့္ အဆိုပါပြဲမွာ လီဗာပူးအတြက္ အေရးပါတဲ့ ကစားသမားအျဖစ္ ပါဝင္ခဲ့သူကေတာ့ လယ္လာနာပဲျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း ဒဏ္ရာျပသနာေတြေၾကာင့္ ရုန္းကန္ေနရတဲ့ လယ္လာနာဟာ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီကေန စတင္လို႔ ပရီးမီးယားလိဂ္ပြဲ ၆ ပြဲမွာပဲ ပြဲထြက္ကစားသမားေနရာက ပါဝင္ခြင့္ရခဲ့ပါတယ္။ ကာရာေဘာင္းပြဲမွာေတာ့ မိနစ္ ၉၀ အျပည့္ ကစားခြင့္ရခဲ့တဲ့ လယ္လာနာဟာ ျပန္လည္ၾကံ႕ခိုင္ေနျပီး အေကာင္းဆံုး ျပန္ကစားႏုိင္ျပီဆိုတာကို ျပသခဲ့တယ္။

လီဗာပူးအသင္းအတြက္ လယ္လာနာဟာ ေနာက္ခ်န္တိုက္စစ္သမား၊ ေတာင္ပံသမားနဲ႔ ကြင္းလယ္တိုက္စစ္သမားအျဖစ္နဲ႔ ကစားခဲ့ေပမယ့္လို႔ ရာသီၾကိဳမွာနဲ႔ ကာရာေဘာင္းပြဲမွာ သူကစားခဲ့တာကေတာ့ ကြင္းလယ္အတြင္းလူေနရာျဖစ္ျပီး Role No 6 ေနရာက ကစားခဲ့့တာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ သူကစားရတာက စီနီယာအသင္းမွ ဖာဘင္ညိဳ ကစားရတာနဲ႔ေတာ့ မတူညီပါဘူး။

လယ္လာနာဟာ ခ်ယ္ဆီးမန္ေနဂ်ာေဟာင္းဆာရီရဲ႕ ကြင္းလယ္နံပါတ္ ၆ ေနရာကို တာဝန္ယူသူ ေဂ်ာ္ဂ်င္ဟိုရဲ႕ ကစားဟန္ကေနမွ ယာဂင္ကေလာ့ပ္ ဆင့္ပြားယူတဲ့ Role No 6 ေနရာကို ကစားရသူျဖစ္တယ္။ သူဟာ အဆိုပါ ေနရာမွာ ေဘာလံုးကို ျဖတ္ထုတ္မႈေတြ၊ လုယူမႈေတြထက္ ကြင္းလယ္အသက္ေသြးေၾကာအျဖစ္ ေဘာလံုးျဖန္႔ေဝမႈကို အဓိက တာဝန္ယူရမယ့္သူလည္းျဖစ္တယ္။

ကာရာေဘာင္းပြဲမွာ လယ္လာနာဟာ ေဘာလံုးထိခ်က္ ၁၁၈ ၾကိမ္ရွိခဲ့ျပီး လူငယ္ကစားသမားေတြကို ေထာက္ပံ့ေပးတဲ့ အဓိက ေဒါက္တိုင္လည္း ျဖစ္ခဲ့ပါတယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ျပည္တြင္းဖလားေတြမွာ လူငယ္ေတြကို အဓိက ထုတ္သံုးမွာျဖစ္ေပမယ့္ ဂိုးမက္စ္၊ လိုဗရန္၊ လယ္လာနာလို ဝါရင့္ကစားသမားေတြကို ရံျပီး ပြဲထုတ္သြားေတာ့မွာပါ။ လီဗာပူးရဲ႕ နည္းစနစ္ပိုင္းအတြက္ အဓိကက်သူကေတာ့ လယ္လာနာျဖစ္လာပါတယ္။

လယ္လာနာဟာ လီဗာပူးအသင္းနဲ႔ စာခ်ဳပ္ကုန္ခါနီးျပီျဖစ္ျပီး သူဟာ အသက္အရြယ္အရ အေကာင္းဆံုးေျခစြမ္းကို ျပသဖို႔ ေဘာလံုးရာသီလည္း သိပ္မက်န္ေတာ့ပါဘူး။ ၾကံ႕ခိုင္မႈ အေကာင္းဆံုးျဖစ္ေနျပီး ေဘာလံုးစေကးေကာင္းတဲ့ လယ္လာနာကို ျပည္တြင္းဖလားေတြမွာ အဓိက အသံုးျပဳျခင္းျဖင့္ ၂၀၀၆ ခုႏွစ္နဲ႔ ၂၀၁၁ ခုႏွစ္ေတြမွာ ေနာက္ဆံုးအႏုိင္ရထားတဲ့ အက္ဖ္ေအနဲ႔ လိဂ္ဖလားေတြကို အႏုိင္ရဖို႔ အကူအညီျဖစ္ေစေတာ့မွာ ျဖစ္ပါတယ္။

UNICODE

ကာရာဘောင်းပွဲမှာ လူငယ်ကစားသမားတွေ ခြေစွမ်းပြမှုနဲ့အတူ အသင်းပရိသတ်တွေကို ကျေနပ်မှုတွေ ပေးစေခဲ့ပေမယ့် အဆိုပါပွဲမှာ လီဗာပူးအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်ခဲ့သူကတော့ လယ်လာနာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်နေရတဲ့ လယ်လာနာဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေ စတင်လို့ ပရီးမီးယားလိဂ်ပွဲ ၆ ပွဲမှာပဲ ပွဲထွက်ကစားသမားနေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။ ကာရာဘောင်းပွဲမှာတော့ မိနစ် ၉၀ အပြည့် ကစားခွင့်ရခဲ့တဲ့ လယ်လာနာဟာ ပြန်လည်ကြံ့ခိုင်နေပြီး အကောင်းဆုံး ပြန်ကစားနိုင်ပြီဆိုတာကို ပြသခဲ့တယ်။

လီဗာပူးအသင်းအတွက် လယ်လာနာဟာ နောက်ချန်တိုက်စစ်သမား၊ တောင်ပံသမားနဲ့ ကွင်းလယ်တိုက်စစ်သမားအဖြစ်နဲ့ ကစားခဲ့ပေမယ့်လို့ ရာသီကြိုမှာနဲ့ ကာရာဘောင်းပွဲမှာ သူကစားခဲ့တာကတော့ ကွင်းလယ်အတွင်းလူနေရာဖြစ်ပြီး Role No 6 နေရာက ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူကစားရတာက စီနီယာအသင်းမှ ဖာဘင်ညို ကစားရတာနဲ့တော့ မတူညီပါဘူး။

လယ်လာနာဟာ ချယ်ဆီးမန်နေဂျာဟောင်းဆာရီရဲ့ ကွင်းလယ်နံပါတ် ၆ နေရာကို တာဝန်ယူသူ ဂျော်ဂျင်ဟိုရဲ့ ကစားဟန်ကနေမှ ယာဂင်ကလော့ပ် ဆင့်ပွားယူတဲ့ Role No 6 နေရာကို ကစားရသူဖြစ်တယ်။ သူဟာ အဆိုပါ နေရာမှာ ဘောလုံးကို ဖြတ်ထုတ်မှုတွေ၊ လုယူမှုတွေထက် ကွင်းလယ်အသက်သွေးကြောအဖြစ် ဘောလုံးဖြန့်ဝေမှုကို အဓိက တာဝန်ယူရမယ့်သူလည်းဖြစ်တယ်။

ကာရာဘောင်းပွဲမှာ လယ်လာနာဟာ ဘောလုံးထိချက် ၁၁၈ ကြိမ်ရှိခဲ့ပြီး လူငယ်ကစားသမားတွေကို ထောက်ပံ့ပေးတဲ့ အဓိက ဒေါက်တိုင်လည်း ဖြစ်ခဲ့ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ ပြည်တွင်းဖလားတွေမှာ လူငယ်တွေကို အဓိက ထုတ်သုံးမှာဖြစ်ပေမယ့် ဂိုးမက်စ်၊ လိုဗရန်၊ လယ်လာနာလို ဝါရင့်ကစားသမားတွေကို ရံပြီး ပွဲထုတ်သွားတော့မှာပါ။ လီဗာပူးရဲ့ နည်းစနစ်ပိုင်းအတွက် အဓိကကျသူကတော့ လယ်လာနာဖြစ်လာပါတယ်။

လယ်လာနာဟာ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်ခါနီးပြီဖြစ်ပြီး သူဟာ အသက်အရွယ်အရ အကောင်းဆုံးခြေစွမ်းကို ပြသဖို့ ဘောလုံးရာသီလည်း သိပ်မကျန်တော့ပါဘူး။ ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်နေပြီး ဘောလုံးစကေးကောင်းတဲ့ လယ်လာနာကို ပြည်တွင်းဖလားတွေမှာ အဓိက အသုံးပြုခြင်းဖြင့် ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ နောက်ဆုံးအနိုင်ရထားတဲ့ အက်ဖ်အေနဲ့ လိဂ်ဖလားတွေကို အနိုင်ရဖို့ အကူအညီဖြစ်စေတော့မှာ ဖြစ်ပါတယ်။