မန္ယူအသင္း တာဝန္ရွိသူေတြက ကလပ္အသင္း မန္ေနဂ်ာရာထူးကေန ဆိုးရွားကို ထုတ္ပယ္ပါက ျပန္လည္အစားထိုးဖို႔ရာ စပါးမွာ အနာဂတ္ မေသခ်ာျဖစ္ေနတဲ့ ပိုခ်က္တီႏိုကို ေခၚယူဖို႔ ၾကိဳးစားမႈေတြ ရွိလာမယ္လို႔ ေဒးလီးေမလ္းသတင္းစာက ထုတ္ေဖာ္လိုက္ပါတယ္။

အာဂ်င္တီးနား မန္ေနဂ်ာဟာ မန္ယူအသင္းနဲ႔ သတင္းထြက္ေနတဲ့ မန္ေနဂ်ာေတြထဲက တစ္ဦးပါ။ သူဟာ မႏွစ္က ဒီဇင္ဘာမွာတည္းက ေမာ္ရင္ညိဳေနရာ ဆက္ခံဖို႔ သတင္းၾကီးခဲ့ဖူးျပီး တရားဝင္ ျပီးေျမာက္ခဲ့ျခင္း မရွိကာ ဆိုးရွားက ယာယီမန္ေနဂ်ာအျဖစ္ ဝင္ေရာက္လာတာျဖစ္တယ္။ ပိုခ်က္တီႏိုဟာ မႏွစ္တုန္းက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိေရာက္ေအာင္ ၾကိဳးစားႏုိင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ဒီရာသီမွာ စပါးဟာ ထိပ္ဆံုးေလးသင္း ဝင္ခြင့္အတြက္ ရုန္းကန္ေနရျပီး နာမည္ေက်ာ္ ၾကယ္ပြင့္အခ်ိဳ႕ကို ဆက္ထိန္းႏုိင္ဖို႔လည္း ေသခ်ာတဲ့ အေနအထားမွာ ရွိမေနပါဘူး။ စပါးအသင္း ရလဒ္ေကာင္းေတြ မရခဲ့ရင္ ရာထူးကေန ထုတ္ပယ္မယ္လို႔ သတင္းထြက္ေနျပီး မန္ေနဂ်ာဆိုးရွားရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ မန္ယူအသင္းနဲ႔ပါ သတင္းထြက္လာခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုဟာ မႏွစ္က ရာသီစမွာ စပါးအသင္းနဲ႔ ငါးႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီး စာခ်ဳပ္ဖ်က္သိမ္းေၾကး မပါခဲ့ပါဘူး။ ဒါေၾကာင့္ မန္ယူဘက္က ပိုခ်က္တီႏိုကို လိုအပ္မယ္ဆိုရင္ သူ႔ရဲ႕ တစ္ႏွစ္ ေပါင္ ၈.၅ သန္းတန္ စာခ်ဳပ္အတြက္ လက္က်န္ သံုးႏွစ္ ကိုးလစာကို ေပါင္ ၃၂ သန္းထိ ေလ်ာ္ေၾကးေပးျပီး ေခၚယူဖို႔က အခြင့္အေရး ရွိေနပါတယ္။

မႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ အေရးနိမ့္မႈကေန ဦးတည္ခ်က္ေကာင္းေတြ ျပန္မရွာႏုိင္ေသးတဲ့ ပိုခ်က္တီႏိုအတြက္ မန္ယူဘက္က ေလ်ာ္ေၾကးအမ်ားအျပား ကုန္က်မွာျဖစ္ျပီး ဒီအခ်က္ဟာ ဝုဒ္ဝတ္အတြက္ စဥ္းစားစရာလည္း ျဖစ္လာႏုိင္တယ္။ လက္တေလာမွာေတာ့ ဂ်ဴဗင္တပ္မန္ေနဂ်ာေဟာင္း အယ္လီဂရီ၊ ပီအက္ဂ်ီမန္ေနဂ်ာ တူခ်ယ္တို႔နဲ႔ သတင္းထြက္ေနေပမယ့္ ကလပ္အသင္းဘက္ကေတာ့ မန္ေနဂ်ာဆိုးရွားကို ေထာက္ခံေနဆဲလည္း ျဖစ္ပါတယ္။

UNICODE

မန်ယူအသင်း တာဝန်ရှိသူတွေက ကလပ်အသင်း မန်နေဂျာရာထူးကနေ ဆိုးရှားကို ထုတ်ပယ်ပါက ပြန်လည်အစားထိုးဖို့ရာ စပါးမှာ အနာဂတ် မသေချာဖြစ်နေတဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိလာမယ်လို့ ဒေးလီးမေလ်းသတင်းစာက ထုတ်ဖော်လိုက်ပါတယ်။

အာဂျင်တီးနား မန်နေဂျာဟာ မန်ယူအသင်းနဲ့ သတင်းထွက်နေတဲ့ မန်နေဂျာတွေထဲက တစ်ဦးပါ။ သူဟာ မနှစ်က ဒီဇင်ဘာမှာတည်းက မော်ရင်ညိုနေရာ ဆက်ခံဖို့ သတင်းကြီးခဲ့ဖူးပြီး တရားဝင် ပြီးမြောက်ခဲ့ခြင်း မရှိကာ ဆိုးရှားက ယာယီမန်နေဂျာအဖြစ် ဝင်ရောက်လာတာဖြစ်တယ်။ ပိုချက်တီနိုဟာ မနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိရောက်အောင် ကြိုးစားနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒီရာသီမှာ စပါးဟာ ထိပ်ဆုံးလေးသင်း ဝင်ခွင့်အတွက် ရုန်းကန်နေရပြီး နာမည်ကျော် ကြယ်ပွင့်အချို့ကို ဆက်ထိန်းနိုင်ဖို့လည်း သေချာတဲ့ အနေအထားမှာ ရှိမနေပါဘူး။ စပါးအသင်း ရလဒ်ကောင်းတွေ မရခဲ့ရင် ရာထူးကနေ ထုတ်ပယ်မယ်လို့ သတင်းထွက်နေပြီး မန်နေဂျာဆိုးရှားရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ မန်ယူအသင်းနဲ့ပါ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ မနှစ်က ရာသီစမှာ စပါးအသင်းနဲ့ ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး မပါခဲ့ပါဘူး။ ဒါကြောင့် မန်ယူဘက်က ပိုချက်တီနိုကို လိုအပ်မယ်ဆိုရင် သူ့ရဲ့ တစ်နှစ် ပေါင် ၈.၅ သန်းတန် စာချုပ်အတွက် လက်ကျန် သုံးနှစ် ကိုးလစာကို ပေါင် ၃၂ သန်းထိ လျော်ကြေးပေးပြီး ခေါ်ယူဖို့က အခွင့်အရေး ရှိနေပါတယ်။

မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ အရေးနိမ့်မှုကနေ ဦးတည်ချက်ကောင်းတွေ ပြန်မရှာနိုင်သေးတဲ့ ပိုချက်တီနိုအတွက် မန်ယူဘက်က လျော်ကြေးအများအပြား ကုန်ကျမှာဖြစ်ပြီး ဒီအချက်ဟာ ဝုဒ်ဝတ်အတွက် စဉ်းစားစရာလည်း ဖြစ်လာနိုင်တယ်။ လက်တလောမှာတော့ ဂျူဗင်တပ်မန်နေဂျာဟောင်း အယ်လီဂရီ၊ ပီအက်ဂျီမန်နေဂျာ တူချယ်တို့နဲ့ သတင်းထွက်နေပေမယ့် ကလပ်အသင်းဘက်ကတော့ မန်နေဂျာဆိုးရှားကို ထောက်ခံနေဆဲလည်း ဖြစ်ပါတယ်။