Month

October 2019

လူတွေထင်တာ မှားကြောင်း လမ်းပတ်နဲ့ ချယ်ဆီးက သက်သေပြနေတယ်

အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်က မန်နေဂျာအသစ် လမ်းပတ် ဦးဆောင်မှုအောက်မှာ ပြောင်းလဲမှုကောင်းတွေ လုပ်ဆောင် လာနိုင်ခဲ့ပြီး ကလပ်အသင်း လိုအပ်နေတဲ့ အရာ အတိအကျ ကို ဖော်ဆောင်နေနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဒီရာသီ တာထွက်ကို မောင့်က ကျေနပ် ပျော်ရွှင်နေပြီး လူတွေ ထင်ထားခဲ့တာ မှားယွင်းကြောင်း ၎င်းတို့ သက်သေပြနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။ ချယ်ဆီးအသင်းဟာ နည်းပြ အပြောင်းအလဲ အပြင် ကစားသမား ခေါ်ယူဖို့ အပြောင်းအရွှေ့ ပိတ်ပင်ခံရတာကြောင့် ဒီရာသီမှာ ခက်ခဲတဲ့ အနေအထားတွေ… Continue Reading →

ချယ်ဆီးအသင်းနဲ့ပွဲမှာ လူစာရင်း အပြောင်းအလဲ လုပ်သွားမယ်လို့ ဆိုးရှား အာမခံ

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ဒီနေ့ည ကာရာဘောင်းဖလားပွဲ ချယ်ဆီးကို ရင်ဆိုင်ရာမှာ နောဝစ်ကို အနိုင်ယူထားတဲ့ အသင်းနဲ့ပဲ ပွဲထွက် ကစားမှာ မဟုတ်ဘူးလို့ အာမခံချက် ပေးလိုက်ပါတယ်။ ဆိုးရှားက ပြည်တွင်းဖလား ပြိုင်ပွဲတွေမှာ လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးဖို့ စိတ်အားထက်သန်နေပြီး စတန်းဖို့ ဘရစ်ချ်မှာ ဂျိမ်းစ် ဂါနာနဲ့ ဘရန်ဒန် ဝီလီယံတို့ ပါဝင်ကစားစေမယ့် အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ နိုင်ပွဲ ရလဒ်ကောင်းတွေ ပြန်လည် ရယူလာနိုင်တဲ့ ယူနိုက်တက်ဟာ နိုင်ငံတကာ သီတင်းပတ် အပြီး… Continue Reading →

ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားရတဲ့ ကစားသမားကို ဆက်လက် ထောက်ခံလိုက်တဲ့ လမ်းပတ်

ချယ်ဆီးမန်နေဂျာ လမ်းပတ်က အပြောင်းအရွှေ့တွေမှာ ဇူးမားကို ရောင်းထုတ်မလားဆိုတဲ့ မေးခွန်းတွေကို ငြင်းပယ်ခဲ့သလို နွေတုန်းကလည်း ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့သေးကြောင်း ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးခံစစ်ဟာ နွေကတည်းကစလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ရူဒီဂါနဲ့ ခရစ်စတန်ဆန်တို့ မကစားနိုင်တဲ့ အနေအထားမှာ ဇူးမားဟာ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲထိ ပွဲထွက်ကစားခဲ့ရတယ်။ ဇူးမားဟာ တစ်ကြိမ်ပဲ အနားပေးခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာတုန်းက ဘရိုက်တန်အသင်းထံ သွားရောက်ခဲ့စဉ်က ဖြစ်ပါတယ်။ မနှစ်ကရာသီမှာ အဲဗာတန်အသင်းထံ အငှားချခဲ့တဲ့ ဇူးမားဟာ မာဆေးဆိုဒ်ကလပ်မှာ အပြီးသတ် စာချုပ်ဖြင့် ဆက်နေမယ်လို့… Continue Reading →

ချယ်ဆီးက မနှစ်ကထက် ပိုကောင်းလာမှုအပေါ် လမ်းပတ်ရဲ့ ဦးဆောင်နိုင်မှုကို ချီးကျူးခြင်း

ပေါမာဆန်က လက်တလော ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသလာခဲ့ပြီး ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေတဲ့ ချယ်ဆီးအသင်းကို ထုတ်ဖော် ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။ မာဆန်ကတော့ ချယ်ဆီးလူငယ်တွေဟာ မယုံနိုင်လောက်အောင် ခြေစွမ်းကောင်းမွန်ကြပါတယ်ဆိုတဲ့ ချီးကျူးမှုနဲ့အတူ ဒီကစားသမားတွေကို အဓိက ဦးဆောင်နေတဲ့ လမ်းပတ်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့တယ်။ ဒါပေမယ့်လို့ အပြောင်းအရွှေ့ အပိတ်မခံခဲ့ရင် အနေအထားတွေက ဒီလို ဖြစ်မလာနိုင်ဘူးလို့ သူက မြင်ပါတယ်။ ပေါ့မာဆန်က ” ဘန်လေကို ၄-၂ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ပူလီဆစ်ကို ကျနော်… Continue Reading →

အမှတ်ပေးဇယားမှာ ယူနိုက်တက်တို့ အပေါ်ကို စတင်ပြီး တက်လာတော့မယ်ဆိုတဲ့ သုံးသပ်ချက်

အင်္ဂလန်ဝါရင့် သုံးသပ်သူကြီး ပေါမာဆန်က ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်လာနေခဲ့ပြီဖြစ်ကာ ဒါကိုလည်း ကောင်းမွန်တဲ့ ရက်သတ္တပတ် ပိုင်ဆိုင်ခြင်းနဲ့ သက်သေပြလာပြီလို့ ဆိုပါတယ်။ ရာသီစကတည်း ရုန်းကန်နေရတဲ့ ယူနိုက်တက်တို့ ဒီလို သီတင်းပတ် တစ်ပတ်လောက် ခြေစွမ်းကောင်းနေတာကို စကားထဲ ထည့်ပြောနေရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ သူက ဆိုတယ်။ ဒါပေမယ့်လို့ မာရှယ်နဲ့ ရပ်ဖို့တို့ ကောင်းကောင်းတွဲဘက်ပြီး ပြန်ကစားနိုင်တာက ယူနိုက်တက်ကို အမှတ်ပေးဇယားမှာ ထိပ်ဆုံးတွေကို ပြန်တက်ဖို့ အင်အားဖြစ်စေတယ်လို့ သူက ပြောပါတယ်။ ပေါမာဆန်က ” ယူနိုက်တက်အတွက်… Continue Reading →

လူငယ်တွေနဲ့ ပတ်သတ်တဲ့ ဆိုးရှား မှတ်ချက်ကို လမ်းပတ် ငြင်းဆန်တုန့်ပြန်

ဒီတပတ် ကာရာဘောင်းပွဲ မတိုင်ခင်မှာပဲ ယူနိုက်တက်နည်းပြ ဆိုးရှားက ချယ်ဆီးအသင်း လူငယ်ကစားသမားတွေဟာ ချန်ပီယံရှစ်မှာ အငှား ထွက်ကစားကာ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် တိုးတက်မှုတွေ မြန်ဆန်နေပြီး ယူနိုက်တက် လူငယ်တွေထက် ပိုကောင်းမွန်နေတယ်လို့ ပြောဆိုထားပါတယ်။ ဆိုးရှားရဲ့ မှတ်ချက်ကို လမ်းပတ်က ငြင်းဆန်လိုက်ပြီး ယူနိုက်တက်မှာလည်း လူငယ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ တုန့်ပြန်ထောက်ပြခဲ့ပါတယ်။ ချယ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းဟာ ဒီရာသီ ဒုတိယအကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့ညမှာ ကာရာဘောင်းဖလားပွဲစဉ် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပထမအကြိမ် ပရီးမီးယားလိဂ်ပွဲ… Continue Reading →

ယူနိုက်တက်တို့ မေ့နေကြတာ တစ်ခုရှိပါတယ်ဆိုတဲ့ ကာရေဂါရဲ့ ခနဲ့စကား

ယူနိုက်တက်ရဲ့ ပြိုင်ဘက် လီဗာပူူးအသင်း ကစားသမားဟောင်းကြီး ကာရေဂါက စကိုင်းစပေါ့မှာ ဝေဖန်သူတွေအဖြစ် တွဲဘက် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးကို ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေနဲ့ ပက်သက်ပြီး လှောင်ပြောင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စကိုင်းစပေါ့မှာ အပြန်အလှန် တွယ်နေကြတဲ့ ဒီကစားသမားဟောင်း နှစ်ဦးဟာ သက်တော်ရှက် အမှုထမ်းခဲ့ကြသူတွေပီပီ သူတို့ရဲ့ မခံချိမခံသာ ဖြစ်လောက်တဲ့ စကားတွေက နှစ်ဘက် ပရိသတ်တွေကိုလည်း အမြဲတမ်း စိတ်နာစရာတွေ ဖစ်စေခဲ့တာပါ။ ဒီတစ်ကြိမ် ကာရေဂါက အိုထရတ်ဖိုဒ့် ကစားသမားဘဝ အောင်မြင်မှုများစွာ ရခဲ့တဲ့ နဗီးကို ဦးတည်ပြီး… Continue Reading →

ဆောင်းပါး – ဆိုးရှားလို အစပဲ ကောင်းတာမဟုတ်ဘူးဆိုတာ သက်သေပြရမယ့် လမ်းပတ်

ချယ်ဆီးရဲ့ လက်ရှိအခြေအနေနဲ့ အိုလီဂန်နာဆိုးရှား ရဲ့ ယူနိုက်တက် နည်းပြဘဝ အစောပိုင်း ရက်တွေကြားမှာ တူညီမှု အနည်းငယ် ရှိတယ်လို့ တယ်လီဂရပ်ဖ် သတင်းမှာ သုံးသပ် ဖော်ပြလာပါတယ်။ ယူနိုက်တက် ဟာ နည်းပြအဖြစ် ကစားသမားဟောင်း ကို ခန့်အပ်ခဲ့သလို ချယ်ဆီးကလည်း ကစားသမားဟောင်း ဖရန့်လမ်းပတ် ကို ခေါ်ယူခဲ့တာပါ။ ၂၀၁၈ အကုန်မှာ ဆိုးရှား ရောက်လာပြီးနောက် ခဏလေးအတွင်း အိုးလ်ထရက်ဖို့ဒ်အတွက် ပျော်ရွှင်စရာတွေ ယူဆောင်ပေးခဲ့သလို အခု လမ်းပတ်ကလဲ စတန်းဖို့ဒ်ဘရစ်ချ် မှာ ကောင်းမွန်တဲ့ အခြေအနေ… Continue Reading →

ဒီရာသီ ချယ်ဆီးအသင်းက ဘယ်ဆုဖလားကို ဦးတည်မလဲ မေးခွန်းကို လမ်းပတ် အဖြေပြန်

ယူနိုက်တက်နဲ့ ပွဲအတွက် ပွဲကြိုတွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့ လန်ဒန်အခြေစိုက် သတင်းထောက်ရဲ့ မေးခွန်းတွေကို လမ်းပတ် အဖြေပြန်ခဲ့မှုအား ဖော်ပြခြင်း ဖြစ်ပါတယ်။ ခုနှစ်ပွဲဆက်တိုက် နိုင်ထားတယ်၊ ၂၁ ဂိုးသွင်းထားတယ်၊ တိုးတက်လာနေပြီလား ကျနော်တို့ တိုးတက်လာနေပါတယ်။ ဒါက အရေးကြီးဆံးဖြစ်ပြီး ကျနော်တို့ ဆက်သွားရပါမယယ်။ ကောင်းတာတွေ မြင်လာရတာကို ကျေနပ်ပပါတယ်။ နေရာ အများအပြားမှာ တိုးတက်လာတယ်။ ဒါလမ်းကြောင်းကနေ ဖဲ့ခွာသွားတာမျိုး မဖြစ်ခြင်ပပါဘူး။ ဒါပေမယ့် ပိုပြီး အာရုံစိုက် ကြိုးစားရပါမယ်။ မျှော်လင့်ချက်တွေကို ဘယ်လို ကိုင်တွယ်မလဲ လူတွေရဲ့ အမြင်ကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!