Date

November 1, 2019

လီဗာပူးအသင်းသားတွေကို ခေါ်ယူလိုလားဆိုတဲ့ မေးခွန်းကို ဂျူဗင်တပ်အကြီးအကဲ ဝန်ခံစကားဆို

လီဗာပူးနဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ ကင်းထောက်တွေလည်း တက်ရောက်ခဲ့ပြီး စပါးအသင်းသား အဲရစ်ဆန်ကို အဓိက စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်ကို ပြောင်းလာပြီးနောက်ပိုင်း မြောက်လန်ဒန်ကလပ်ရဲ့ အဓိက အသင်းသားဖြစ်လာခဲ့ပေမယ့် ဒီနှစ်ပြီးရင် သက်တမ်းမတိုးလိုတဲ့ အဲရစ်ဆန်ကို ခေါ်ယူဖို့ အလေးအနက်ထားနေတာပါ။ ဒါပေမယ့်လို့ ဂျူဗင်တပ်ဟာ လီဗာပူး အသင်းသား အချို့နဲ့လည်း သတင်းတွေ ထွက်ခဲ့ဖူးတာကြောင့် သူတို့ ကင်းထောက်စောင့်ကြည့်မှု လာလုပ်တဲ့ ကစားသမားတွေထဲ ယာဂင်ကလော့ပ်ရဲ့ တပည့်တွေ ပါဝင်မလားဆိုတာက သိလိုကြတဲ့… Continue Reading →

စပါး ပစ်မှတ်တွေကို ယူနိုက်တက်အတွက် ဆိုးရှား ခေါ်ယူသင့်ပါကြောင်း ဝက်ဘရောင်း တိုက်တွန်း

ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မတ်ဒီဆန် (သို့) ဂရေးလစ် တစ်ဦးဦးကို ခေါ်ယူသင့်ပါတယ်လို့ ဝက်ဘရောင်းက တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ ကွင်းလယ်လူ နှစ်ဦးကို စပါးအသင်းက ပစ်မှတ်ထားနေတာဖြစ်ပေမယ့် ယူနိုက်တက်ကလည်း ဆွဲဆောင်နိုင်မယ်လို့ ဝက်ဘရွန်းက မြင်ပါတယ်။ နယူးရီးယားမှာ ယူနိုက်တက်ဟာ ဈေးကွက်ထဲ ဝင်လာဖို့ရှိပြီး ကလပ်အသင်း နွေတုန်းက မပြီးပြတ်ခဲ့တဲ့ ခေါ်ယူမှုတွေကို ပြန်လည် အသက်သွင်းဖို့ ရှိနေတာပါ။ ဆိုးရှားဟာ တိုက်စစ်မှူးသစ် အလိုရှိပြီး ဂျူဗင်တပ်မှ မန်ဇူကစ်ကို ခေါ်ယူလိုတာက သတင်းစိမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ နောက်ထပ်… Continue Reading →

ဘရန်ဒန်ရော်ဂျာ ယူနိုက်တက် မန်နေဂျာ ဖြစ်မလာနိုင်တဲ့ အကြောင်းအရင်း

လီဗာပူးအသင်း ခံစစ်မှူးဟောင်း ဂျင်မီ ကာရေဂါက လက်ရှိ လက်စတာအသင်းနဲ့ အတူ ရလဒ်ကောင်းများ ရယူပေးနေတဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာ ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြတော့ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အကြောင်း ရှင်းလင်း ပြောဆိုသွားပါတယ်။ လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းများ မရယူနိုင်ဘဲ အဆင့် ၇ နေရာမှာသာ အသင်းကို ဆွဲတင်ထားနိုင်တာကြောင့် ဖိအားများ ရှိနေပါတယ်။ ရော်ဂျာကတော့ လက်စတာနဲ့ အတူ ဘောလုံးရာသီကောင်း စတင်ထားပြီး လက်ရှိ… Continue Reading →

အားနည်းချက် အားသာချက် ထောက်ပြမှုနဲ့ အက်စတွန်ဗီလာ – လီဗာပူးပွဲအတွက် စကိုင်းစပေါ့ ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီစနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီခွဲပါ။ ဒီပွဲမတိုင်ခင်မှာ လီဗာပူးက ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယား ပထမနေရာမှာ ရှိပြီး အက်စတွန်ဗီလာကတော့ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိပါတယ်။ အက်စတွန်ဗီလာ – လီဗာပူးပွဲအတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့… Continue Reading →

လီဗာပူးကို အက်စတွန်ဗီလာ ဟန့်တားနိုင်မလားအတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်း

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာတော့ လီဗာပူးဟာ အဝေးကွင်းပွဲအဖြစ် ပရီးမီးယားလိဂ် တန်းတက်ကလပ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့ အပတ်တုန်းက မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားထားခဲ့ပြီး ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမယ့် ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အသင်းပါ။ မိုက်ကယ်အိုဝင်က ဒီတစ်ကြိမ် အိမ်ကွင်းအဖြစ် အမှတ်ပေးဇယား ဦးဆောင်သူတွေကို ဧည့်ခံရာမှာ ဗီလာဟာ ရလဒ်ကောင်း မရနိုင်ပဲ ကြားရက်မှာ အနားကောင်းကောင်း ရထားခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ အသင်းကပဲ အသာစီးယူ ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။… Continue Reading →

ယူနိုက်တက် နိုင်ပွဲနဲ့ ဝေးဦးမယ်ဆိုတဲ့ ဘုန်းမောက် – ယူနိုက်တက်ပွဲ စကိုင်းစပေါ့ ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက်ဟာ ကာရာဘောင်း နိုင်ပွဲ ရပြီးတဲ့နောက် ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။ ကြားရက် ချယ်ဆီးနဲ့ ပွဲမှာ တိုက်စစ်မှူး ရက်ဖို့ဒ်နဲ့ ခံစစ်မှူး မက်ဂွဲရားတို့ ဒဏ်ရာ အနည်းငယ်စီ ရှိခဲ့ပေမယ့် ဘုန်းမောက်နဲ့ပွဲ အမှီ ပြန် ကစားနိုင်မယ်လို့ ဆိုးရှားက မျှော်လင့်ထားပါတယ်။ ဘုန်းမောက် နဲ့ ယူနိုက်တက်ပွဲဟာ စနေနေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ… Continue Reading →

ခံစစ်က ပြောစရာ ဖြစ်နေဦးမယ် ဆိုတဲ့ အာဆင်နယ် – ဝုဗ် ပ ွဲအတွက် စကိုင်းစပေါ့ ခန့်မှန်း

အာဆင်နယ်အသင်းက ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ ည မြန်မာစံတော်ချိန် ၈ နာရီခွဲပါ။ ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားမှာ အာဆင်နယ်က ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိပြီး ဝုဗ်ကတော့ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၂ နေရမှာ ရှိနေပါတယ်။ အာဆင်နယ်နဲ့ ဝုဗ်ပွဲအတွင် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ကို ပြန်လည်ဖော်ပြပေးပါမယ်။ ”… Continue Reading →

ယူနိုက်တက် ခြေစွမ်းထက်နေပေမယ့် ဘုန်းမောက်ကို အနိုင်မရနိုင်ဘူးဆိုတဲ့ မိုက်ကယ်အိုဝင် ခန့်မှန်း

မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အစောပိုင်း ပွဲအဖြစ် ဘုန်းမောက်ကွင်းမှာ ယူနိုက်တက်တို့ အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ လီဗာပူးကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ပြီးနောက်ပိုင်း ယူနိုက်တက်ဟာ အဝေးကွင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ဘုန်းမောက်နဲ့ပွဲလည်း ပါဝင်နေဆဲပါ။ အိုထရတ်ဖိုဒ့်က နောက်ဆုံးပွဲမှာ ခြေစွမ်းကောင်းခဲ့တဲ့နောက် ယူနိုက်တက်ဟာ တက်ရိပ်တွေ ပြသလာခဲ့ပြီး ဒီပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွေကို ပြန်လည် စိန်ခေါ်နိုင်မှာ ဖြစ်ပေမယ့် မိုက်ကယ်အိုဝင်ကတော့ အဲ့လို မမြင်ပါဘူး။ ယူနိုက်တက် ကစားသမားဟောင်းကြီးက ”… Continue Reading →

ဒီတပတ်လည်း မှားကောင်း မှားမယ်ဆိုတဲ့ ဝက်ဖို့ဒ် – ချယ်ဆီးပွဲ အတွက် စကိုင်စပေါ့ ခန့်မှန်း

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ၁၂ နာရီ တိတိပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း သုံးသပ်ချက်ကို ဖော်ပြပေးပါမယ်။ ” ကျနော်ကတော့ ချယ်ဆီးအသင်းကို ကြည့်မိရင် ကိုယ့်လက်ကိုယ် မျက်နှာအုပ်ပြီး ဝိုး လို့ အော်မိမယ်။ လူငယ်တွေရဲ့ အစွမ်းပြ ကစားနေပုံ မြင်ရတာ၊ ကန်တေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!