Date

November 11, 2019

လီဗာပူး မန်စီးတီးပွဲ အပြီးမှာ ဂယ်ရီ နဗီးလ် ကိုယ်တိုင် ခါးသီးပေမယ့် ဝန်ခံခဲ့ရတဲ့ သုံးသပ်မှု

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က လီဗာပူး မန်စီးတီး ပွဲ အပြီးမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ် အမှတ်ပေးဖလား ကိုင်မြှောက်ရဖို့က အနှေးနဲ့ အမြန်ပဲ ဖြစ်လာဖို့ ရှိကြောင်း ဝန်ခံ သုံးသပ်သွားပါတယ်။ မန်စီးတီးကို ၃-၁ နဲ့ နိုင်လိုက်တဲ့နောက် လီဗာပူးဟာ လက်ရှိ ချန်ပီယံ စီးတီးနဲ့ ၉ မှတ်ထိ အမှတ်ဖြတ်နိုင်သွားခဲ့ပါပြီ။ လီဗာပူးအသင်းဟာ ၁၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၄ မှတ် ရရှိထားပြီး နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် အမှတ်ပေဖလား… Continue Reading →

မန်စီးတီးနဲ့ပွဲမှ ကလော့ပ်ရဲ့ နည်းစနစ်အတွက် ပြီးပြည့်စုံခဲ့တဲ့ တွဲဘက်မှုကို အလန်ရှီးယား သုံးသပ်

လီဗာပူးက အန်ဖီးကွင်းမှာ မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရတဲ့နောက်ပိုင်းမှာ သွင်းဂိုးရှင်တွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့နဲ့အတူ VAR ရဲ့ ဆုံးဖြတ်မှု အနေအထားတွေအတွက် မေးခွန်းထုတ် ဆွေးနွေးမှုတွေ ထွက်ပေါ်ခဲ့ကြပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ အမြင်တွေမှာတော့ ယာဂင်ကလော့ပ်ဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးကို ခေါင်းတစ်လုံးသာခဲ့တာဖြစ်ပြီး စပိန်သားဟာ မှားယွင်းတဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုနဲ့ အန်ဖီးကို လာခဲ့တာလို့ ဝေဖန်မှုတွေ ရှိခဲ့တယ်။ မော်ရင်ညိုက ဂွာဒီယိုလာရဲ့ ခံစစ်နေရာချမှု အမှားကို ထုတ်ပြောခဲ့ပြီး ဝါရင့် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ လီဗာပူးရဲ့ ကွင်းလယ်က… Continue Reading →

လက်ရွေးစင်ကို ချယ်ဆီးအသင်းသားတွေ လွှမ်းမိုးခြင်းနဲ့ လိဂ်မှာ အဆင့်တက်မှုအပေါ် လမ်းပတ် ဖွင့်ဟ

နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် လူစာရင်းမှာတော့ ချယ်ဆီးအသင်းသား ၅ ဦးထိ လက်ရွေးစင်မှာ ပါဝင်ခဲ့ပြီး ဒါဟာ မန်နေဂျာလမ်းပတ်ရဲ့ အသင်းသားတွေ ဘယ်လောက်တောင် တိုးတက်လာသလဲရဲ့ သက်သေတစ်ခု ဖြစ်လာပါတယ်။ ဒီရာသီ ပထမဆုံးအကြိမ် အဖြစ် အိုဒွိုင်းအပါအဝင် အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံရတဲ့ ချယ်ဆီးကစားသမား ငါးယောက်က မေဆန်မောင့်၊ အိုဒွိုင်း၊ ဘာကလေ၊ အေဘရာဟမ်နဲ့ တိုမိုရီတို့ဖြစ်ပြီး ကလပ်တစ်သင်းကနေ အင်္ဂလန်အသင်းအတွက် အများဆုံး ပါဝင်မှု ဖြစ်ခဲ့တယ်။ အေဘရာဟမ်၊ မောင့်နဲ့ တိုမိုရီတို့ဟာ… Continue Reading →

တိုက်စစ်ကို အရှိန်မြင့်ဖို့ လိဂ်အကောင်းဆုံး ကစားသမားနှစ်ဦးကို ဇန်နဝါရီတင် ခေါ်ယူမယ့် ယူနိုက်တက်

ဇန်နဝါရီ အပြောင်းအရွှေ့ နီးကပ်လာတာနဲ့အမျှ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုတွေက ပိုမိုသိသာတဲ့ အသွင်ကို ဆောင်လာပြီဖြစ်ပြီး ရာသီဝက် ဈေးကွက်ဖွင့်ချိန်မှာ အဓိက ခေါ်ယူမှုကြီး နှစ်ခုကို ပြုလုပ်ဖို့ ယူနိုက်တက်ဘက်က ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။ အရင်လကတည်းက စပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အဲရစ်ဆန်နဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောနေခဲ့ပြီး လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်း ကာလတိုပဲ ကျန်ရှိတော့တဲ့ ဒိန်းမတ်လက်ရွေးစင်ကို ပေါင် ၄၂ သန်းနဲ့တင် ခေါ်ယူဖို့ ညိနှိုင်းနေတာဖြစ်တယ်။ ယူနိုက်တက်ဘက်က အခြားသော ကွင်းလယ်လူတွေကို စိတ်ဝင်စားသလို အဲရစ်ဆန်ကလည်း အခြားသော ထိပ်တန်းကလပ်တွေနဲ့… Continue Reading →

လီဗာပူးကို ရှုံးတဲ့ပွဲ ပြီးပြီးချင်း အဝတ်လဲခန်းထဲက စီးတီးအသင်းသားတွေ အခြေအနေ ဂွမ်ဒိုဂန် ဖွင့်ဟ

မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်က လီဗာပူးကို ရှုံးတဲ့ ပွဲအပြီးမှာ ၎င်းနဲ့ စီးတီးအသင်းေ်ဖာ်တွေက အဝတ်လဲခန်းထဲ ပြန်ရောက်ရောက်ချင်း ဘာလုပ်ဖြစ်ခဲ့သလဲ ဆိုတာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေ ရှိခဲ့တဲ့ ထိုပွဲအပြီးမှာ မန်စီးတီး အသင်းသားတွေက ပွဲပြီးတာနဲ့ ချက်ချင်း ၎င်းတို့ ခွင့်ပြုခြင်း မခံခဲ့ရတဲ့ လက်ထိဘော အဖြစ်အပျက်ကို ပြန်ကြည့်ရှုခဲ့ကြပါတယ်။ ဖာဘင်ညိုရဲ့ အဖွင့် ဂိုး မတိုင်ခင်မှာ ထရန့် အလက်ဇန်းဒါးအာနိုးက ဧရိယာထဲမှာ ဘောလုံးနဲ့ လက်ထိသွားခဲ့ပြီး VAR နဲ့… Continue Reading →

ပဲလေ့စ်နဲ့ ပွဲမှာ အစွမ်းပြခဲတဲ့ ခံစစ်နဲ့ တိုက်စစ် လူငယ်နှစ်ဦးကို လမ်းပတ် ချီးကျူးစကားဆို

လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ချယ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေကို အဓိက အားပြုလို့ နိုင်ပွဲတွေလည်း ဆက်တိုက် ရယူနေပြီ ဖြစ်ပါတယ်။ ဒီတပတ် ပဲလေ့စ်ကို နိုင်တဲ့ပွဲအပြီးမှာ လမ်းပတ်က တိုက်စစ်သမား ပူလီဆစ်နဲ့ အစွန်ခံစစ်သမား ရီစီဂျိမ်းစ်တို့ ကစားပုံကို ချီးကျူး စကား ဆိုခဲ့ပါတယ်။ ” ပူလီဆစ် က အစောပိုင်း မှာ ပွဲအနည်းငယ်ပဲ ကစားခဲ့ရပြီး ပရီးမီးယားလိဂ် ရဲ့ ပြင်းထန်မှုက ကစားသမားတိုင်းအတွက် တိုးတက်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် သူက ကြီးမားတဲ့ အရည်အသွေး ရှိပြီး… Continue Reading →

ဘရိုက်တန်ကို ယူနိုက်တက်က ၇ ဂိုး ၈ ဂိုးလောက် သွင်းနိုင်ခဲ့သင့်တယ်

မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ၃ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ သုံးဂိုးသွင်းခဲ့ပေမယ့် ဒိထက်တောင် ဂိုးတွေ ပို ရသင့်သေးတယ်လို့ နည်းပြ ဆိုးရှားနဲ့ လူငယ်တိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်တို့က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ” ကျနေ်ာတို့ ဂိုးတွေ ဒိထက် များများ သွင်းနိုင်ခဲ့ရမှာ။ ဒီပွဲက ကျနော့် ကောင်လေးတွေ ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည် မြင်ခဲ့ရတာပဲ ဖြစ်တယ်။ ဒီလိုမျိုး ကြည့်လို့ကောင်းတဲ့… Continue Reading →

မန်စီးတီးအတွက် ခုခံသူ ကွန်ပနီကို လီဗာပူးဘက်ကနေ ပြန်ထိုးနှက်ခဲ့တဲ့ မော်ရင်ညိုနဲ့ ရွိုင်ကိန်း

တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်းအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ယှဉ်ပြိုင်ကစားစဉ် နာမည်ကျော် ဘောလုံးသမားဟောင်းတွေနဲ့ မန်နေဂျာဟောင်းတွေက ပွဲအပေါ် သုံးသပ်သူတွေအဖြစ် ပါဝင် လုပ်ကိုင်သွားခဲ့ကြပါတယ်။ မန်စီးတီးကစားသမားဟောင်း ကွန်ပနီ၊ ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်း၊ လီဗာပူးမန်နေဂျာဟောင်း ဆောင်းနပ်နဲ့ ပရီးမီးယားလိဂ် မန်နေဂျာဟောင်း မော်ရင်ညိုတို့က ပါဝင်သုံးသပ်ခဲ့ကြတာပါ။ အဆိုပါပွဲမှာ ဗဟိုခံစစ်မှူး ဗဟိုခံစစ်မှူးဟောင်း ကွန်ပနီက မန်စီးတီးဘက်ကနေ ဒိုင်ခံဆွေးနွေးခဲ့ပြီး ကျန်ပုဂ္ဂိုလ်တွေကတော့ အလျင့်သင့်သလို နှစ်သင်းလုံးအတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့တာဖြစ်တယ်။ ကွန်ပနီက မန်စီးတီးရဲ့ ရလဒ်နဲ့ ပက်သက်လို့တော့ “ မန်စီးတီးက… Continue Reading →

လီဗာပူး ၃-၁ မန်စီးတီးပွဲမှ အနီရောင်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြမှုများ

လီဗာပူးဟာ နှစ် ၃၀ ကြာ လိဂ်ဖလားမရခဲ့တာကို အဆုံးသတ်ဖို့ ဒီရာသီကို အထင်ကြီးစရာ အကောင်းဆုံး ပုံစံနဲ့ စတင်လာခဲ့တာဖြစ်ပြီး ရာသီအစ ၁၂ ပွဲထိကို ရံှူးပွဲမရှိ မှတ်တမ်းကို ထိန်းသိမ်းခဲ့ပါတယ်။ ဖာဘင်ဟို၊ ဆာလက်၊ မာနေးတို့အားလုံး ဂိုးရခဲ့ပြီး စီးတီးအတွက် ဘာနာဒို ဆေးဗားက နောက်ကျ နှစ်သိမ့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အန်ဖီးက ကစားသမား တွေ အားလုံး ရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြပေးပါမယ်။ လီဗာပူး အယ်လီဆန် – 6 Clean… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!