Date

November 15, 2019

ခြေစွမ်းတက်နေတဲ့ မိုဒရစ်လက်သစ်ကို လက်လွတ်ခံမှာ မဟုတ်တဲ့ ချယ်ဆီး

ချယ်ဆီးကို လမ်းပတ်ရောက်လာစဉ်မှာ အပြောင်းအရွှေ့ ပိတ်ခံထားရတာဖြစ်လို့ အငှားကစားသမားတွေကို စီနီယာအသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်လာခဲ့ပြီး ဥရောပတလွှားမှာ အငှားချမှုက အရင်နှစ်တွေလောက် မများတော့ပါဘူး။ ချယ်ဆီးဟာ ကစားသမား ၂၇ ယောက်ကိုပဲ အငှားချထားပြီး အဲ့သည်ထဲမှာတော့ ချာတန်မှာ ခြေစွမ်းတောက်ပနေပြီး ဒီရာသီ ပွဲပေါင်း ၁၆ ပွဲထွက် ပွဲထွက်ကစားခွင့် ရထားတဲ့ အသက် ၁၉ နှစ်အရွယ် ဂါလယ်ဟာ၊ နှစ်ရာသီဆက် အငှားချမှုအဖြစ် အသင်းဟောင်း မိုနာကိုထံ အငှားချထားပြီး ဖာဘရီဂတ်စ်နဲ့ တွဲဘက်ကာ ခြေစွမ်းကောင်းနေတဲ့ ဘာကာယိုကိုတို့ ပါဝင်တယ်။… Continue Reading →

လီဗာပူးက သူတို့ကစားသမားကို လိုက်နေတယ်လို့ ဆိုလာတဲ့ ဥရောပပြိုင်ဘက်ရဲ့ အားကစားဒါရိုက်တာ

လီဗာပူးဟာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းမှာ ကစားနေတဲ့ နော်ဝေသားလေး Sander Berge ကို ခေါ်ယူူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကို စောင့်ကြည့်မှုတွေ လုပ်နေပါကြောင်း ချန်ပီယံလိဂ် အုပ်စုတွင်းပြိုင်ဘက် ဂျန့်အသင်းရဲ့ အားကစားဒါရိုက်တာ Dimitri De Conde က ထုတ်ပြောလာပါတယ်။ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ Berge လည်း ပါဝင်ခဲ့ပြီး ယာဂင်ကလော့ပ်က ကစားသမားကို ပုဂ္ဂိုလ်ရေးအရ သဘောကျခဲ့တာဖြစ်သလို နာပိုလီကလည်း လူငယ်လေးကို သဘောတွေ့တယ်လို့ သိရတယ်။ လီဗာပူးဘက်က ကစားသမားကို စောင့်ကြည့်မှုတွေကိုလည်း လုပ်ခဲ့တယ်လို့ ဂျန့်အားကစားဒါရိုက်တာက… Continue Reading →

ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့ ချယ်ဆီး တိုက်စစ်မှူးကို ဇူးမား ချီးကျူး

ချယ်ဆီး ခံစစ်မှူး ဇူးမားက အသင်းမှာ ပွဲကစားချိန် နည်းပါးနေသည့်တိုင် ပရော်ဖက်ရှင်နယ် ဆန်စွာ ပြုမူထိန်းသိမ်းနေနိုင်တဲ့ ချယ်ဆီး တိုက်စစ်မှူး ဂျီရူးကို ချီးကျူး စကား ဆိုလိုက်ပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်က ဒီရာသီ အသင်းတိုက်စစ်မှာ အေဗရာဟမ်နဲ့ ဘတ်ရှူဝါရီကို ဂျီရူးထက် ဦးစားပေး ကစားခွင့် ပေးထားပါတယ်။ ဂျီရူးဟာ ဘန်လေကို နိုင်တဲ့ အောက်တိုဘာလကုန်က ပွဲနောက်ပိုင်း ပါဝင်ကစားခွင့် မရသေးပါဘူး။ ချယ်ဆီးအသင်း အဝတ်လဲခန်းထဲမှာတော့ ဂျီရူးက လွှမ်းမိုးနိုင်စွမ်းရှီတဲ့ စီနီယာ ကစားသမား ဖြစ်ဆဲလို့ ဇူးမားက… Continue Reading →

ကလပ်များကမ္ဘာဖလားကို ကိုင်မြောက်နိုင်ရင် အကျိုးကြီးပါလိမ့်မယ်ဆိုတဲ့ လီဗာပူးအသင်းသားဟောင်း

Sinama-Pongolle ဟာ ၂၀၀၅ ခုနစ် ဂျပန်မှာ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ဘင်နီတက်ဇ်ရဲ့ ချန်ပီယံလိဂ် အောင်မြင်တဲ့အသင်းထဲမှာ ပါဝင်ခဲ့သူပါ။ ဒါပေမယ့် ယိုကိုဟားမားက ဖိုင်နယ်ပွဲမှာ ဆောပိုလိုကို ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးတို့ ဖီဖာချန်ပီယံ တံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဘင်နီတက်ဇ်ရဲ့ အသင်းဟာ ဖိုင်နယ်မှာ ၁-၀ နဲ့ မရှုံးခင် နောက်ဆုံးလေးသင်း အဆင့်မှာ ကော်စတာရီကာ ကလပ် ဒီပို့တီဗီု ဆာပရစ်ဆာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ” မင်းဟာ ပိုပြီး အောင်မြင်ချင်တယ်ဆိုတာကို နားလည်အောင် ကြိုးစားရုံပါပဲ။… Continue Reading →

ဒီရာသီ မန်ချက်စတာ ယူနိုက်တက်မှာ အမြန်ဆုံး ကစားသမား နှစ်ဦး

အချက်အလက် မှတ်တမ်းများရဲ့ အဆိုအရ မားကပ် ရက်ဖို့ဒ်နဲ့ ဒန်နီရယ် ဂျိမ်းစ် တို့ နှစ်ယောက်ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်မှာ အမြန်ဆုံး ကစားသမား နှစ်ဦး ဖြစ်နေပါတယ်။ ယူနိုက်တက်ရဲ့ တာတို အမြန်ဆုံး ၁၀ ကြိမ်မှာ ရက်ဖို့ဒ်နဲ့ ဂျိမ်းစ်တို့ ပြေးနှုန်းတွေကသာ နေရာယူထားပါတယ်။ ဒန်နီရယ် ဂျိမ်းစ်ဟာ ဒီနွေကမှ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့ပေမယ့် ချန်ပီယံရှစ်က လာတဲ့ ကစားသမားလေးဟာ လျင်လျင်မြန်မြန်ပဲ အသင်း အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး… Continue Reading →

လာမယ့်ပွဲတွေမှာ လီဗာပူးအတွက် ယာဂင်ကလော့ အဓိက စဉ်းစားဖြေရှင်းပေးရမယ့် ကိစ္စကြီး သုံးခု

နိုင်ငံတကာသီတင်းပတ်တွေကြောင့် တစ်ပတ်ခွဲကြာလောက် ကလပ်ပွဲတွေ ကစားရဖို့ မရှိတာကြောင့် ပြိုင်ပွဲတွေအပေါ် ပရိသတ်တွေရဲ့ သွေးဆူူမှုက အနည်းငယ် ငြိမ်သက်နေတာ ဖြစ်နိုင်ပါတယ်။ အမှတ်ပေးဇယားကို ရမှတ်အများအပြား ဖြတ်ထားနိုင်ပြီး ဆုဖလားတိုင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတဲ့ လီဗာပူးအနေနဲ့ နိုင်ငံတကာသီတင်းပတ်အပြီးမှာ အာရုံစိုက်ရမယ့် ကိစ္စကြီးတွေလည်း ရှိနေတယ်။ အဲ့သည်အထဲက ယာဂင်ကလော့ပ် အဓိက စဉ်းစားပေးဖို့လိုပြီး စဉ်းစားနေမယ့် ကိစ္စကြီး သုံးခုကို ဖော်ပြမှာဖြစ်ပါတယ်။ အဓိက ကစားသမားနှစ်ဦးရဲ့ ဒဏ်ရာ ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ တိုက်စစ်မှူး ဆာလက်တို့ဟာ မန်စီးတီးပွဲနောက်ပိုင်းမှာ ခြေကျင်းဝတ်ဒဏ်ရာတွေကြောင့် လက်ရွေးစင်လူစာရင်းတွေကနေ… Continue Reading →

ဒီရာသီ လိဂ် အတိုးတက်ဆုံး ကစားသမားများစာရင်းမှာ ချယ်ဆီးအသင်းသား နှစ်ဦး ထိပ်ဆုံးမှာရှိနေ

ပရီးမီးယားလိဂ် ကစားသမားဟောင်း Shaka Hislop က ESPN အစီအစဉ်က ပြုလုပ်တဲ့ ဒီရာသီ အံ့အားသင့်ဖွယ်ကောင်းစွာ အတိုးတက်ဆုံး ကစားသမားများစာရင်းရဲ့ ထိပ်ဆုံးမှာတော့ အေဘရာဟမ်နဲ့ မေဆန်မောင့်တို့ကို ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။ မန်နေဂျာလမ်းပတ်လက်ထက် သူတို့နှစ်ဦးဟာ တောက်ပတဲ့ ကစားသမားတွေဖြစ်လာခဲ့ပြီး ဝါရင့်တိုက်စစ်သမား ဗာဒီကပဲ အေဘရာဟမ်ရဲ့ ၁၀ ဂိုးထက် ဂိုးပိုသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်တာဖြစ်တယ်။ မေဆန်မောင့်ကလည်း အမှတ်ပေးပွဲ ၁၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၄ ဂိုးထိ ရရှိထားပြီဖြစ်ပါတယ်။ ဒီရာသီ အံ့အားသင့်ဖွယ်ကောင်းအောင် အတိုးတက်ဆုံး… Continue Reading →

ချယ်ဆီးရဲ့ အဓိက အားနည်းချက်ကို ဖာထေးဖို့ နည်းပြအဖွဲ့ထဲ အင်အားဖြည့်မှု ထပ်လုပ်မယ့် လမ်းပတ်

ချယ်ဆီးမန်နေဂျာလမ်းပတ်က ဂိုးသမားကီပါရဲ့ အနေအထား ပိုတိုးတက်လာစေဖို့ ကလပ်အသင်းထံ နည်းပြအဖွဲ့ဝင်သစ်တစ်ဦး ခေါ်ယူလိုပြီး အသင်းဟောင်း ဒါဘီမှာ လက်တွဲခဲ့တဲ့ ဂိုးသမား ဂစ်ဗမ်းကို ထည့်သွင်းမှု ထပ်လုပ်မယ်လို့ သိရပါတယ်။ ဂစ်ဗမ်းဟာ ဒါဘီအသင်းမှာ မိုရစ်၊ ခရစ်ဂျုန်းလိုပဲ လမ်းပတ်နဲ့အတူ တွဲပြီး အလုပ်လုပ်ခဲ့ကာ ဂိုးနည်းပြတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစစ်တယ်။ ကလပ်အသင်းရဲ့ အုပ်ချုပ်မှုဆိုင်ရာ အပြောင်းအလဲ အနည်းငယ်ကို စတမ်းဖိုဒ့်ဘရစ်က ဘုတ်အဖွဲ့ထံက သဘောတူညီမှု ရယူပြီး ထည့်သွင်းမှု ပြုလုပ်မှာဖြစ်တယ်။ လောလောဆယ်မှာ ဂစ်ဗမ်းဟာ ဒါဘီမန်နေဂျာသစ် Philipp Cocu လက်အောက်မှာ… Continue Reading →

လီဗာပူးအသင်းမှာ နာမည်ပြောင်နှစ်ခု ရခဲ့ပြီး နာမည်တွေက လန်းတယ်လို့ ဆိုလာသူ ဖာဘင်ညို

လီဗာပူးရဲ့ ဘရာဇီးသား ကွင်းလယ်ကစားသမား ဖာဘင်ညိုကို ဒီတလောအင်တာဗျူးမှာ ကလော့ပ်က အင်္ဂလန်နာမည်ကျော် ဖုန်စုတ်စက် ဒိုင်ဆန် နဲ့ ခိုင်းနှိုင်း နာမည်ပေးခဲ့ပါတယ်။ ထိုသို့ တံဆိပ်ကပ်ခံရခြင်း အပေါ် ဖာဘင်ညိုက တုန့်ပြန်စကား ဆိုလာခဲ့ပါပြီ။ လီဗာပူး ကွင်းလယ် ခံစစ်မှာ ဖာဘင်ညိုက အသင်းအတွက် အရေးပါတဲ့ ကစားသမား အဖြစ် နေရာယူထားပြီး တိုက်စစ်နဲ့ ခံစစ်သမားတွေကို ချိတ်ဆက်ကာ ပြိုင်ဘက်တွေကို ရှင်းလင်းပေးနေပါတယ်။ ၎င်းရဲ့ အထင်ကြီးလောက်ဖွယ် အစွမ်းပြမှုတွေကို ကလော့ပ်က အားရကျေနပ် နေပြီး ထုတ်ဖော် ချီးကျူးမှုတွေလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!