Date

December 3, 2019

ရော်ဘတ်ဆန်က ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ကြောင်း ရှင်းပြသွားတဲ့ ချီဝဲလ်

အင်္ဂလန်နဲ့ လက်စတာအသင်း ဘယ်အစွန်လူ ဘမ်ချီဝဲလ်က အောက်တိုဘာလတုန်းက လီဗာပူးလူငယ်လေး ထရန့်ရဲ့ မွေးနေ့ပွဲကို တက်ရောက်စဉ် လီဗာပူးဘယ်အစွန်လူ ရော်ဘန်ဆန်နဲ့ ဆွေးနွေးစကားပြောခွင့် ရခဲ့တာအတွက် ကျေနပ်ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ရော်ဘတ်ဆန်နဲ့ ချီဝဲလ်တို့ဟာ အင်္ဂလန်လိဂ်ရဲ့ အကောင်းဆုံး ဘယ်အစွန်နှစ်ဦးလို့ သက်မှတ်ခံထားရသူပါ။ နှစ်ဦးလုံးက သွင်းဂိုး တစ်ဂိုးစီ ရယူထားပြိး ဂိုးထောက်ပံ့မှာတော့ ရော်ဘတ်ဆန်က ၅ ကြိမ်၊ ချီဝဲလ်က ၄ ကြိမ် လုပ်ထားနိုင်တာဖြစ်တယ်။ ချီဝဲလ်က ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်မရသေးပေမယ့် ရော်ဘတ်ဆန်ကတော့ လီဗာပူးနဲ့ ဥရောပ… Continue Reading →

ဇယားအလယ်က မတက်ဖြစ်နေတဲ့ ယူနိုက်တက်နဲ့ အိုလီကို သတိပေးမှု တစ်ခုပြုလုပ်တဲ့ စခိုးလ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ပေါစခိုးလ်က အသင်းဖော်ဟောင်း လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးရှားကို အချိန် အတိုင်းအတာ တစ်ခု ပေးကြဖို့ မျှော်လင့်နေပေမယ့် ကလပ်အသင်းဟာ ပြောင်းလဲမှုကြီးကြီး လုပ်ဖို့ လိုအပ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ အတွင်းက အသင်းတွေနဲ့ များစွာ ကွာခြားနေပြီး လာမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှု သုံး လေး ခု လိုအပ်တယ်လို့ စခိုးလ်က ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ပွဲတိုင်း အမှတ်တွေ… Continue Reading →

ဘလွန်းဒီအော့ဆုပေးပွဲကို မတက်ခြင်းကို ရှင်းပြပြီး နောက်နှစ်မှာ ဆုယူသူအဖြစ် တက်မယ်ဆိုတဲ့ မာနေး

မနေ့က ပြင်သစ်မှာ ကျင်းပတဲ့ ဘလွန်းဒီအော့ဆုပေးပွဲကို မတက်ရောက်နိုင်ခြင်း အကြောင်းရင်းကို ဘလွန်းဒီအော့ တရားဝင်တွစ်တာအကောင့်ကနေ မာနေးက ပြောဆိုခဲ့ပြီး လာမယ့်နှစ်မှာတော့ ဆုယူသူအဖြစ် သူတက်ရောက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပါမယ်လို့ ဆိုခဲ့ပါတယ်။ ဘလွန်းဒီအော့ဆုစာရင်းမှာ လီဗာပူးကစားသမားတွေ အများဆုံး ပါခဲ့သလို ထိပ်ဆုံး ၁၀ ဦးစာရင်းမှာတော့ ဗန်ဒိုက် (နံပါတ် ၂)၊ မာနေး (နံပါတ် ၄)၊ ဆာလက် (နံပါတ် ၅) နဲ့ အယ်လီဆန် (နံပါတ် ၇) တို့ ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ အခြားသော… Continue Reading →

မန်နေဂျာအဖြစ် အမြန်ဆုံးပြန်ဖို့ရှိကြောင်း အာဆင်နယ်၊ ယူနိုက်တက်ကို ပိုချက်တီနို သတင်းပေး

အာဂျင်တီးနားသား မန်နေဂျာပိုချက်တီနိုက စပါးအသင်းရဲ့ မန်နေဂျာရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ကလပ်လက်မဲ့ ဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်တို့ကို လမ်းဖွင့်စကား ပြောဆိုခဲ့ပါတယ်။ တောင်အမေရိကသား အသက် ၄၇ နှစ်အရွယ် မန်နေဂျာက ၅ ရာသီခွဲကြာ ကိုင်တွယ်လာတဲ့ စပါးအသင်းကနေ ထွက်ခွာခဲ့ပြီး ဇာတိမြေကို ပြန်သွားပေမယ့် ဥရောပထံ မန်နေဂျာအဖြစ် လုပ်ကိုင်ဖို့ ပြန်လာမယ်လို့ ဆိုတယ်။ အာဆင်နယ်၊ ယူနိုက်တက်တို့ကို ပြောင်းဖြစ်မလားဆိုတဲ့ မေးမြန်းမှုကိုလည်း ငြင်းဆန်ခြင်း မပြုပဲ သူ့အပေါ် ဆွဲဆောင်နိုင်တဲ့ ပရော်ဂျက်တွေရှိတဲ့ အသင်းဆိုရင် ကိုင်တွယ်မှာပါလို့… Continue Reading →

လမ်းပတ်ကြောင့် အသက်ဝင်လာတဲ့ ချယ်ဆီးအကယ်ဒမီအကြောင်း တယ်ရီ ဖွင့်ဟ

အက်စတွန်ဗီလာမှာ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူနေတဲ့ ချယ်ဆီးကစားသမားဟောင်းကြီး ဂျွန် တယ်ရီက မနက်ဖြန်ညမှာတော့ စတန်းဖို့ဘရစ်ချ်သို့ ဗီလာနဲ့ အတူ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီပွဲက အသက် ၃၈ နှစ် အရွယ် အင်္ဂလန်သား အတွက် စိတ်လှုပ်ရှားစရာ ပွဲ ဖြစ်မှာပါ။ တယ်ရီဟာ ၂၀၁၇ မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာသွားခဲ့ပြီး နည်းပြ အဖွဲ့ထဲ ပါဝင်သွားခဲ့ကာ မနက်ဖြန်မှာ ချယ်ဆီးအသင်းထံ ပြိုင်ဘက် အဖြစ် ပထမဆုံး ပြန်လာရမှာ ဖြစ်ပါတယ်။ တစ်နေ့မှာ… Continue Reading →

စပါးနဲ့ မန်စီးတီးပွဲတွေအတွက် ယူနိုက်တက်မှာ ပလန်ရှိကြောင်း ဖွင့်ဟလာတဲ့ ဆိုးရှား

ယူနိုက်တက်မန်နေဂျာဆိုးရှားက အိုထရတ်ဖိုဒ့်မှာ အက်စတွန်ဗီလာကို သရေကျခဲ့တဲ့ပွဲအား ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် စပါးနဲ့ပွဲမှာ ရလဒ်ကောင်း ရယူခြင်းနဲ့အတူ တုန့်ပြန်ပြဖို့ အကောင်းမြင်နေပါတယ်။ မန်နေဂျာရာထူးမှာ ဆက်ရှိနေဖို့ မသေချာဖြစ်နေတဲ့ ဆိုးရှားက အိုထရတ်ဖိုဒ့်မှာ စပါးကို ရင်ဆိုင်ကစားဖို့ ပလန်ကောင်းကို စီစဉ်ထားတယ်လို့လည်း ဆိုတယ်။ နှစ်ပေါင်း ၃၁ နှစ်အတွင်း အညံ့ဆုံးအနေအထားအဖြစ် အမှတ်ပေးပွဲ ၁၄ ပွဲ ကစားထားချိန်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ်မှုအနေအထားကို ရင်ဆိုင်နေရပြီဖြစ်တယ်။ သီတင်းပတ်အကုန်က အက်စတွန်ဗီလာကို အနိုင်မယ်ဆိုရင်… Continue Reading →

NEWS: ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းက လီဗာပူးဖြစ်လာ

ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ် တောင်ပံသမားဖြစ်သူ ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းက လီဗာပူးဖြစ်လာခဲ့ပြီး ဒေါ့မွန် တောင်ပံသမားကတော့ ဇန်နဝါရီမှာတင် အသင်းပြောင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖော်ပြခဲ့သူက ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါ ကစားသမားဟောင်းဖြစ်ကာ လက်ရှိမှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ Jan Aage Fjortoft ပဲ ဖြစ်ပါတယ်။ သူကပဲ တွစ်တာစာမျက်နှာမှတစ်ဆင့် ” ဂျာမနီက အရမ်းကောင်းမွန်တဲ့ သတင်းပေးကနေပြီး ကလော့ပ်နဲ့ လီဗာပူးဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ကစားသမားက ဇန်နဝါရီမှာ… Continue Reading →

လီဗာပူးက ပွဲတွေကို နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကွင်းထဲဝင်ကစားတယ်ဆိုတဲ့ ချိန်ဘာလိန်

လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်က ဒီရာသီ ပရီးမီးယားလိဂ်ကို လီဗာပူး လွှမ်းမိုထားနိုင်မှုမှာ အသင်းရဲ့ စိတ်ဓာတ်က အဓိကကျခဲ့တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ၁၄ပွဲ ကစားပြီးချိန်မှာ ၁၃ပွဲနိုင်၊ ၁ပွဲသရေကျထားပြီး အမှတ်ပေးဇယားမှာ ၈မှတ် အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ အသက် ၂၆နှစ်အရွယ် ကွင်းလယ်လူ ချိန်ဘာလိန်က ကလပ်ဟာ ဗုဒ္ဓဟူးနေ့မှာ မာဆေးဆိုဒ်ဒါဘီ ကစားဖို့ ပြင်ဆင်နေသလို ယုံကြည်မှုက အရာအားလုံးကို ပိုလွယ်ကူစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပွဲကြပ်ဟာ လီဗာပူးအတွက် စိန်ခေါ်မှုဖြစ်ပြီး အဲဗာတန်ကလည်း အသင်းအတွက် ပြိုင်ဘက်ကောင်း တစ်သင်းပဲဖြစ်ပါတယ်။… Continue Reading →

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီက လီဗာပူးအတွက် လွယ်မှာ မဟုတ်ဘူးလို့ ခန့်မှန်းသွားတဲ့ လော်ရိုး

ဒီအပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးဟာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲ ကစားရမှာဖြစ်ပြီး ဒီဇင်ဘာပွဲကြပ်ကို ပြင်းထန်မယ့် ပွဲတစ်ပွဲနဲ့အတူ ဝင်ရောက်ရမှာပဲဖြစ်ပါတယ်။ အစဉ်အလာအရ မာဆေးဆိုဒ်ဒါဘီဟာ ပြင်းထန်တဲ့ ဒါဘီပြိုင်ပွဲဖြစ်ပြီး ဒီတစ်ကြိမ် တွေ့ဆုံချိန်မှာ အဲဗာတန်က တန်းဆင်းဇုံကို မရောက်ဖို့ ရုန်းကန်ရမှာဖြစ်လို့ လီဗာပူးအတွက် လွယ်မှာ မဟုတ်ဘူးလို့ လော်ရိုးက ခန့်မှန်းသွားပါတယ်။ ” အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားရဲ့ အနာဂတ်က အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားပါ။ ဒါပေမယ့် သူ့အသင်းဟာ တနင်္ဂနွေနေ့ လက်စတာနဲ့ ကစားတုန်းက ရှုံးပွဲတွေ့ခဲ့သည့်တိုင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!