ယူနိုက်တက်မန်နေဂျာဆိုးရှားက အိုထရတ်ဖိုဒ့်မှာ အက်စတွန်ဗီလာကို သရေကျခဲ့တဲ့ပွဲအား ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် စပါးနဲ့ပွဲမှာ ရလဒ်ကောင်း ရယူခြင်းနဲ့အတူ တုန့်ပြန်ပြဖို့ အကောင်းမြင်နေပါတယ်။

မန်နေဂျာရာထူးမှာ ဆက်ရှိနေဖို့ မသေချာဖြစ်နေတဲ့ ဆိုးရှားက အိုထရတ်ဖိုဒ့်မှာ စပါးကို ရင်ဆိုင်ကစားဖို့ ပလန်ကောင်းကို စီစဉ်ထားတယ်လို့လည်း ဆိုတယ်။ နှစ်ပေါင်း ၃၁ နှစ်အတွင်း အညံ့ဆုံးအနေအထားအဖြစ် အမှတ်ပေးပွဲ ၁၄ ပွဲ ကစားထားချိန်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ်မှုအနေအထားကို ရင်ဆိုင်နေရပြီဖြစ်တယ်။

သီတင်းပတ်အကုန်က အက်စတွန်ဗီလာကို အနိုင်မယ်ဆိုရင် အဆင့် ၅ နေရာထိ တက်လှမ်းနိုင်မှာဖြစ်ပေမယ့် သရေကျခဲ့ခြင်းက ယူနိုက်တက်ကို ဖိအားများစေခဲ့ပါတယ်။ စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီးရင် သီးတင်းပတ်အကုန်မှာတော့ ဒါဘီပြိုင်ဘက် မန်စီးတီး အိမ်ကွင်းကိုသွားပြီး ယှဉ်ပြိုင်ကစားရဖို့လည်း ရှိနေတာဖြစ်ပါတယ်။

မနှစ်က ဒီဇင်ဘာလမှာ ယူနိုက်တက်မန်နေဂျာရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ညိုကို အိုထရတ်ဖိုဒ့်မှာ ထိပ်တိုက်တွေ့မယ့် အနေအထားနဲ့ သီတင်းပတ်အကုန် ယှဉ်ပြိုင်ရမယ့် ဒီဘီပွဲတွေအပေါ် ယုံကြည်မှု ရှိနေကြောင်းကို ပွဲကြိုမှာပဲ ဆိုးရှားက

” ဒီ သုံး လေးရက်က အရာအားလုံးကိုတော့ မပြောင်းလဲပစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီနှစ်ပွဲက ကောင်းမွန်တဲ့ အချို့သော အသင်းတွေကို ရင်ဆိုင်ပြီး ကျနေ်ာတို့ ဆက်လက် ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ကိုယ်ဘာသာ သက်သေပြဖို့နဲ့ တိုးတက်မှုတွေကို ရှာဖွေဖို့အတွက် အခွင့်အရေးကောင်းပဲဖြစ်တယ်။ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ကစားရာမှာ ကျနော်တို့ဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး စပါးနဲ့ပွဲ ရလဒ်ကောင်းဖို့အတွက် အစီအစဉ်တွေ ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားက အိုထရတ္ဖိုဒ့္မွာ အက္စတြန္ဗီလာကို သေရက်ခဲ့တဲ့ပြဲအား ၾကားရက္မွာ ယွဥ္ျပိဳင္ရမယ့္ စပါးနဲ႔ပြဲမွာ ရလဒ္ေကာင္း ရယူျခင္းနဲ႔အတူ တုန္႔ျပန္ျပဖို႔ အေကာင္းျမင္ေနပါတယ္။

မန္ေနဂ်ာရာထူးမွာ ဆက္ရွိေနဖို႔ မေသခ်ာျဖစ္ေနတဲ့ ဆိုးရွားက အိုထရတ္ဖိုဒ့္မွာ စပါးကို ရင္ဆုိင္ကစားဖို႔ ပလန္ေကာင္းကို စီစဥ္ထားတယ္လို႔လည္း ဆိုတယ္။ ႏွစ္ေပါင္း ၃၁ ႏွစ္အတြင္း အညံ့ဆံုးအေနအထားအျဖစ္ အမွတ္ေပးပြဲ ၁၄ ပြဲ ကစားထားခ်ိန္မွာ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနတဲ့ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိန္ေခၚမႈအေနအထားကို ရင္ဆုိင္ေနရျပီျဖစ္တယ္။

သီတင္းပတ္အကုန္က အက္စတြန္ဗီလာကို အႏုိင္မယ္ဆိုရင္ အဆင့္ ၅ ေနရာထိ တက္လွမ္းႏုိင္မွာျဖစ္ေပမယ့္ သေရက်ခဲ့ျခင္းက ယူႏုိက္တက္ကို ဖိအားမ်ားေစခဲ့ပါတယ္။ စပါးကို အိမ္ကြင္းမွာ ဧည့္ခံကစားျပီးရင္ သီးတင္းပတ္အကုန္မွာေတာ့ ဒါဘီျပိဳင္ဘက္ မန္စီးတီး အိမ္ကြင္းကိုသြားျပီး ယွဥ္ျပိဳင္ကစားရဖို႔လည္း ရွိေနတာျဖစ္ပါတယ္။

မႏွစ္က ဒီဇင္ဘာလမွာ ယူႏုိက္တက္မန္ေနဂ်ာရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ ေမာ္ရင္ညိဳကို အိုထရတ္ဖိုဒ့္မွာ ထိပ္တိုက္ေတြ႔မယ့္ အေနအထားနဲ႔ သီတင္းပတ္အကုန္ ယွဥ္ျပိဳင္ရမယ့္ ဒီဘီပြဲေတြအေပၚ ယံုၾကည္မႈ ရွိေနေၾကာင္းကို ပြဲၾကိဳမွာပဲ ဆိုးရွားက

” ဒီ သံုး ေလးရက္က အရာအားလံုးကိုေတာ့ မေျပာင္းလဲပစ္ႏုိင္ပါဘူး။ ဒါေပမယ့္ ဒီႏွစ္ပြဲက ေကာင္းမြန္တဲ့ အခ်ိဳ႕ေသာ အသင္းေတြကို ရင္ဆုိင္ျပီး က်ေန္ာတို႔ ဆက္လက္ ယွဥ္ျပိဳင္ႏုိင္တယ္ဆိုတာ ကိုယ္ဘာသာ သက္ေသျပဖို႔နဲ႔ တိုးတက္မႈေတြကို ရွာေဖြဖို႔အတြက္ အခြင့္အေရးေကာင္းပဲျဖစ္တယ္။ အသင္းေကာင္းေတြနဲ႔ ရင္ဆုိင္ကစားရာမွာ က်ေနာ္တုိ႔ဟာ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ထားျပီး စပါးနဲ႔ပြဲ ရလဒ္ေကာင္းဖို႔အတြက္ အစီအစဥ္ေတြ ရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။