အက်စတွန်ဗီလာမှာ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူနေတဲ့ ချယ်ဆီးကစားသမားဟောင်းကြီး ဂျွန် တယ်ရီက မနက်ဖြန်ညမှာတော့ စတန်းဖို့ဘရစ်ချ်သို့ ဗီလာနဲ့ အတူ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီပွဲက အသက် ၃၈ နှစ် အရွယ် အင်္ဂလန်သား အတွက် စိတ်လှုပ်ရှားစရာ ပွဲ ဖြစ်မှာပါ။

တယ်ရီဟာ ၂၀၁၇ မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာသွားခဲ့ပြီး နည်းပြ အဖွဲ့ထဲ ပါဝင်သွားခဲ့ကာ မနက်ဖြန်မှာ ချယ်ဆီးအသင်းထံ ပြိုင်ဘက် အဖြစ် ပထမဆုံး ပြန်လာရမှာ ဖြစ်ပါတယ်။ တစ်နေ့မှာ ကလပ်အသင်း မန်နေဂျာ ဖြစ်လာဖို့ ရည်မှန်းချက် ရှိထားတဲ့ တယ်ရီဟာ ချယ်ဆီးအသင်း နည်းပြ အဖြစ်လည်း အနာဂတ်မှာ မြင်တွေ့ရဖွယ် ရှိနိုင်ပါတယ်။

မနက်ဖြန်မှာတော့ တယ်ရီက အသင်းဖော်ဟောင်း လမ်းပတ် ကိုင်တွယ်နေတဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တယ်ရီက လမ်းပတ်နဲ့အတူ ၁၃ နှစ်ကြာ အတူ ကစားခဲ့သူ ဖြစ်လို့ လမ်းပတ် အကြောင်း အသိဆုံးသူလည်း ဖြစ်ကာ ချယ်ဆီး ကွင်းလယ် ကစားသမားဟောင်းဟာ အကယ်ဒမီကြယ်ပွင့်တွေကို အချိန်ပေး စောင့်ကြည့်သူ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

” ဖရန့် (လမ်းပတ်)က နည်းပြ အဖြစ် ပြန်လာတည်းက စလို့ မယုံနိုင်စရာ အလုပ်ကောင်းတွေ လုပ်ပြထားပါတယ်။ အစောပိုင်းမှာ သူ့အတွက် မျှော်လင့်ချက်ကြီး မထားခဲ့ကြဘူး ဒါကပဲ သူ့ကို အကူအညီပေးရာ ရောက်ခဲ့တယ်လို့ ကျနော် ထင်တယ်။ အခုဆို ကလပ်အသင်း တစ်ခုလုံးက ပိုကောင်းလာခဲ့ပြီ။ ”

” လူငယ် ကစားသမားတွေဟာ ဖရန့်လမ်းပတ်နဲ့ လက်ထောက် မော်ရစ်တို့ လက်အောက်မှာ အစွမ်းပြနိုင်ရင် အခွင့်အရေးတွေ ရမယ်ဆိုတာ သဘောပေါက်ကြတယ်။ ဒါကပဲ အကောင်းဆုံး ဖြစ်တယ်။ ပရိသတ်တွေ မျှော်လင့်နေတဲ့ အရာ ဖြစ်တယ်။ ”

” နှစ်ပေါင်းများစွာ အတွင်း ချယ်ဆီးအကယ်ဒမီက ထွက်ပြီး အသင်းကြီးမှာ ကစားခဲ့တာ ကျနော်က တကယ် နောက်ဆုံး ဖြစ်မလားပဲ။ အခုဆို လမ်းပတ်က U23 အသင်း၊ U18 အသင်းတွေ ပွဲစဉ်တိုင်းကို စောင့်ကြည့်နေလိမ့်မယ်။ အသင်းက ဝန်ထမ်းတွေလည်း သွေးခုန်နှုန်းမြန်မြန် စောင့်ကြည့် နေရပြီး ပွဲပြီးတာနဲ့ အဝတ်လဲခန်းထဲဝင် ဘယ်ကစားသမားကတော့ သိပ်မကောင်းဘူး၊ သိပ်ကောင်းတယ် ဒါမှမဟုတ် မင်းက မနက်ဖြန် အသင်းကြီးနဲ့ ထရိန်နင်လာဆင်း အစရှိသဖြင့် လမ်းပတ်ပြောတာကို ရင်ခုန်နေကြတယ်။ ဒီသက်ရောက်မှုက အကယ်ဒမီ အတွက်တော့ လုံး၀ အကောင်းဆုံး ဖြစ်တယ်။ ”

” ချယ်ဆီးအသင်းကို လူတော်တော်များများက ချစ်ခင်နေတာကို ကျနော် သိတတ်စတည်းက စလို့ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ။ သူတို့ဟာ လူကြိုက်များလာကြတယ်။ ကစားသမားတွေ ဒီလို အခွင့်အရေး ရတာမြင်ရတာ သိပ်ကောင်းတယ်။ ” လို့ တယ်ရီက ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။

လမ်းပတ် ချယ်ဆီးအသင်းကို နည်းပြအဖြစ် တာဝန်ယူစက တယ်ရီဟာ လမ်းပတ်ရဲ့ အဖွဲ့ဝင် အဖြစ် ပါဝင်ကာ အတူ နည်းပြကြမယ်လို့ အများက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် တယ်ရီကတော့ ဗီလာပါ့ခ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကာ ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီး နည်းပြ စမစ်ရဲ့ ညာလက်ရုံး အဖြစ် ဆက်လက် တာဝန်ယူနေပါတယ်။

Zawgyi

အက္စတြန္ဗီလာမွာ လက္ေထာက္နည္းျပ အျဖစ္ တာ၀န္ယူေနတဲ့ ခ်ယ္ဆီးကစားသမားေဟာင္းၾကီး ဂၽြန္ တယ္ရီက မနက္ျဖန္ညမွာေတာ့ စတန္းဖို႔ဘရစ္ခ်္သို႔ ဗီလာနဲ႕ အတူ ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ ဒီပြဲက အသက္ ၃၈ နွစ္ အရြယ္ အဂၤလန္သား အတြက္ စိတ္လႈပ္ရွားစရာ ပြဲ ျဖစ္မွာပါ။

တယ္ရီဟာ ၂၀၁၇ မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာသြားခဲ့ျပီး နည္းျပ အဖြဲ႕ထဲ ပါ၀င္သြားခဲ့ကာ မနက္ျဖန္မွာ ခ်ယ္ဆီးအသင္းထံ ျပိဳင္ဘက္ အျဖစ္ ပထမဆံုး ျပန္လာရမွာ ျဖစ္ပါတယ္။ တစ္ေန႕မွာ ကလပ္အသင္း မန္ေနဂ်ာ ျဖစ္လာဖို႔ ရည္မွန္းခ်က္ ရွိထားတဲ့ တယ္ရီဟာ ခ်ယ္ဆီးအသင္း နည္းျပ အျဖစ္လည္း အနာဂတ္မွာ ျမင္ေတြ႔ရဖြယ္ ရွိနုိင္ပါတယ္။

မနက္ျဖန္မွာေတာ့ တယ္ရီက အသင္းေဖာ္ေဟာင္း လမ္းပတ္ ကိုင္တြယ္ေနတဲ့ အသင္းေဟာင္းနဲ႕ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ တယ္ရီက လမ္းပတ္နဲ႕အတူ ၁၃ နွစ္ၾကာ အတူ ကစားခဲ့သူ ျဖစ္လုိ႔ လမ္းပတ္ အေၾကာင္း အသိဆံုးသူလည္း ျဖစ္ကာ ခ်ယ္ဆီး ကြင္းလယ္ ကစားသမားေဟာင္းဟာ အကယ္ဒမီၾကယ္ပြင့္ေတြကို အခ်ိန္ေပး ေစာင့္ၾကည့္သူ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

” ဖရန္႕ (လမ္းပတ္)က နည္းျပ အျဖစ္ ျပန္လာတည္းက စလို႔ မယံုနိုင္စရာ အလုပ္ေကာင္းေတြ လုပ္ျပထားပါတယ္။ အေစာပိုင္းမွာ သူ႔အတြက္ ေမွ်ာ္လင့္ခ်က္ၾကီး မထားခဲ့ၾကဘူး ဒါကပဲ သူ႔ကို အကူအညီေပးရာ ေရာက္ခဲ့တယ္လို႔ က်ေနာ္ ထင္တယ္။ အခုဆို ကလပ္အသင္း တစ္ခုလံုးက ပိုေကာင္းလာခဲ့ျပီ။ ”

” လူငယ္ ကစားသမားေတြဟာ ဖရန္႔လမ္းပတ္နဲ႕ လက္ေထာက္ ေမာ္ရစ္တို႔ လက္ေအာက္မွာ အစြမ္းျပနိုင္ရင္ အခြင့္အေရးေတြ ရမယ္ဆိုတာ သေဘာေပါက္ၾကတယ္။ ဒါကပဲ အေကာင္းဆံုး ျဖစ္တယ္။ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ အရာ ျဖစ္တယ္။ ”

” နွစ္ေပါင္းမ်ားစြာ အတြင္း ခ်ယ္ဆီးအကယ္ဒမီက ထြက္ျပီး အသင္းၾကီးမွာ ကစားခဲ့တာ က်ေနာ္က တကယ္ ေနာက္ဆံုး ျဖစ္မလားပဲ။ အခုဆို လမ္းပတ္က U23 အသင္း၊ U18 အသင္းေတြ ပြဲစဥ္တိုင္းကို ေစာင့္ၾကည့္ေနလိမ့္မယ္။ အသင္းက ၀န္ထမ္းေတြလည္း ေသြးခုန္နႈန္းျမန္ျမန္ ေစာင့္ၾကည့္ ေနရျပီး ပြဲျပီးတာနဲ႕ အ၀တ္လဲခန္းထဲ၀င္ ဘယ္ကစားသမားကေတာ့ သိပ္မေကာင္းဘူး၊ သိပ္ေကာင္းတယ္ ဒါမွမဟုတ္ မင္းက မနက္ျဖန္ အသင္းၾကီးနဲ႕ ထရိန္နင္လာဆင္း အစရွိသျဖင့္ လမ္းပတ္ေျပာတာကို ရင္ခုန္ေနၾကတယ္။ ဒီသက္ေရာက္မႈက အကယ္ဒမီ အတြက္ေတာ့ လံုး၀ အေကာင္းဆံုး ျဖစ္တယ္။ ”

” ခ်ယ္ဆီးအသင္းကို လူေတာ္ေတာ္မ်ားမ်ားက ခ်စ္ခင္ေနတာကို က်ေနာ္ သိတတ္စတည္းက စလို႔ ပထမဆံုး အၾကိမ္ ျမင္ဖူးတာပဲ။ သူတုိ႔ဟာ လူၾကိဳက္မ်ားလာၾကတယ္။ ကစားသမားေတြ ဒီလို အခြင့္အေရး ရတာျမင္ရတာ သိပ္ေကာင္းတယ္။ ” လို႔ တယ္ရီက ၀မ္းေျမာက္ စကား ဆိုခဲ့ပါတယ္။

လမ္းပတ္ ခ်ယ္ဆီးအသင္းကို နည္းျပအျဖစ္ တာ၀န္ယူစက တယ္ရီဟာ လမ္းပတ္ရဲ႕ အဖြဲ႕၀င္ အျဖစ္ ပါ၀င္ကာ အတူ နည္းျပၾကမယ္လို႔ အမ်ားက ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္ တယ္ရီကေတာ့ ဗီလာပါ့ခ္မွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ကာ ၂ နွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီး နည္းျပ စမစ္ရဲ႕ ညာလက္ရံုး အျဖစ္ ဆက္လက္ တာ၀န္ယူေနပါတယ္။