Month

January 2020

ကိုင်းဟာဗက်ကို လီဗာပူးဘက်က ကမ်းလှမ်းလာဖို့ လေဗာကူဆင်ဘက်က စောင့်မျှော်နေ

ဂျာမနီ မီဒီယာဌာနကြီးဖြစ်တဲ့ Bild ရဲ့ ဘောလုံးအကြီးအကဲဖြစ်သူ Christian Falk က ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်ဟာ ၎င်းတို့ ကစားသမားဖြစ်သူ ကိုင်းဟာဗက်အတွက် လီဗာပူးဘက်က ကမ်းလှမ်းမှုပေးလာဖို့ မျှော်လင့်နေကြောင်း သတင်းထုတ်ပြန်သွားပါတယ်။ ဂျာမနီသတင်းသမားကြီးက အသက် ၂၀ အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်၊ စပိန်းကလပ်တစ်သင်းနဲ့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းတို့က စိတ်ဝင်စားတယ်လို့ ဖော်ပြခဲ့တာပါ။ ဆက်လက်ပြီး သိရတာက ဘာစီလိုနာဟာ ကွင်းလယ်လူကောင်းတွေ ခေါ်ယူထားခဲ့သလို အက်သလက်တီကို မက်ဒရစ်ကလည်း ဖီလစ်ကို ခေါ်ယူထားတာကြောင့် ဟာဗက်ကို စိတ်ဝင်စားနေတဲ့… Continue Reading →

ဂွာဒီယိုလာထက် ကလော့ပ်က ပိုပြီး ကိုယ့်လမ်းကိုယ်ဖောက်ကြောင်း ရှင်းပြသွားတဲ့ ဂယ်ရီလင်ကာ

အင်္ဂလန်အားကစားသုံးသပ်သူ ဂယ်ရီလင်ကာက ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ရင်ခုန်ဖွယ် ပြိုင်ဆိုင်မှုတွေ ပေးနေကြတဲ့ မန်နေဂျာတွေအဖြစ် ချီးကျုးလိုက်ပါတယ်။ ဒါပေမယ့် သူ့ကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ကစားခဲ့သေးတာဖြစ်လို့ ဂျိုဟန်ခရိုက်ရဲ့ နည်းလမ်းတွေကို ဆင့်ပွှားတဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်ကို ချီးကျူးပေမယ့် ကလော့ပ်ရဲ့ ပြင်းပြတဲ့ ကောင်တာ ဖိအားပေးစနစ်ကို ပိုမို နှစ်သက်ကြောင်းလည်း ဝန်ခံခဲ့တာဖြစ်တယ်။ ဂယ်ရီလင်ကာက ” ဘောလုံးမှာ မကြုံဖူးလောက်အောင် မူကွဲတဲ့ ဘောလုံးရာသီတွေ မြင်နေရပေမယ့် ပပ်နဲ့ ကလော့ပ်တို့က လွှမ်းမိုးထားပါတယ်။… Continue Reading →

တောရက်စ်ကို ကျော်တက်သွားတဲ့ ဆာလက်၊ အိုရီဂီ ဒဏ်ရာ အခြေအနေ အပါအဝင် လီဗာပူး ညနေခင်းသတင်းများ

လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ဝက်စ်ဟမ်းကို နိုင်ပြီး အမှတ်ပြတ် ဖြတ်နိုင်ခြင်း အပေါ် ဝမ်းမြောက်နေပါတယ်။ ၎င်းက အသင်းရဲ့ ဘယ်တော့မှ မရပ်တန့်တဲ့ သဘောထားကို ဆက်ထိန်းပြီး တစ်ပွဲချင်း စိန်ခေါ်မှုတွေ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။ အက်ဖ်အေဖလားပွဲစဉ်နဲ့ ပတ်သတ်ပြီး ကလော့ပ် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အသင်း ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က ပြောဆို လိုက်ပါတယ်။ ကလော့ပ်က သူ ဘာလိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး ကစားသမားတွေ ဘက်က အမြင်နဲ့… Continue Reading →

လီဗာပူးမှာ အောင်မြင်နေတဲ့ ဆာလက်အတွက် ရိုးမားဂန္တဝင်ကြီး တော့တီရဲ့ ဝမ်းသာပီတိစကား

ရိုးမားဂန္တဝင်ကြီး တော့တီက စီးရီးအေမှာ တွဲဘက်တွေအဖြစ် အတူကစားခဲ့ကြတဲ့ ဆာလက်နဲ့ ပက်သက်ပြီး ထုတ်ဖော်ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ ဆာလက်ဟာ ချယ်ဆီးကနေ ဖီအိုရင်တီးနား၊ အဲ့နောက်မှ ရိုးမားကို အငှားထွက်ကစားရာက အပြီးသတ် စာချုပ်ဖြင့် ရိုးမားကို ဆက်လက် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ စီးရီးအေမှာ တောက်ပတဲ့ ကစားသမားဖြစ်လာတဲ့ ဆာလက်ဟာ လီဗာပူးဘက်က ကမ်းလှမ်းမှုမှာသူ့ကစားသမားဘဝကို မှတ်ကျောက်တင်နိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာပါ။ ရိုးမားအသင်းမှာ နှစ်ရာသီကြာ အတူတွဲဘက် ကစားခဲ့တဲ့ ဆာလက်ဟာ ရည်ရွယ်ချက်ကောင်းတွေရှိပြီး ချန်ပီယံလိဂ်ဖလားကို အောင်မြင်လိုစိတ်ရှိသူလို့… Continue Reading →

လီဗာပူးက ရပ်လို့ မရဘူးလို့ ထုတ်ပြောသွားတဲ့ ဂိုးသမား အယ်လီဆန်

ဝက်ဟမ်းကို ရင်ဆိုင်တဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့သူ တစ်ဦးကတော့ ဂိုးသမား အယ်လီဆန်ပါ။ သူ့ရဲ့ အာရုံစိုက်မှုကောင်းတွေ မပါပဲတေ့ာ ဝက်ဟမ်းနဲ့ပွဲကို ဂိုးမပေးရအောင် လီဗာပူး လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဘရာဇီး ဂိုးသမားက လက်ရှိ ကလပ်အသင်းရဲ့ စိတ်ဓါတ်ပိုင်းတွေကို မရပ်တန့်စေပဲ ဆက်လက် ထိန်းသိမ်းဖို့နဲ့ မြင့်မားတဲ့ ရည်ရွယ်ချက်တွေအတွက် အစွမ်းကုန် အားထုတ် ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အယ်လီဆန်က “ ကျနေ်ာတို့ အမြဲတမ်း ပြောခဲ့ပြီး အမြဲတမ်း ပြောနေသလိုပဲ နောက်ထပ် စိန်ခေါ်မှုတွေကို… Continue Reading →

အသင်းဟောင်းတွေကို ရှေ့မျက်နှာ နောက်ထားပြီး လီဗာပူးနဲ့ ပက်သက်လို့ ဝန်ခံသွားတဲ့ မိုးယက်စ်

ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်က မနက်က ပွဲအပြီးမှာ လီဗာပူးကို လေးစားစွာ ချီူးကျုးမှု လုပ်ခဲ့ပါတယ်။ အဲဗာတန်နဲ့ ယူနိုက်တက်လို့ အသင်းတွေကို ကိုင်တွယ်ဖူးတဲ့ မန်နေဂျာတစ်ဦးအတွက်တော့ ဒါက ခက်ခဲတဲ့ ကိစ္စလို့လည်း သူက ဝန်ခံခဲ့ပါသေးတယ်။ မိုးယက်စ်က “ သူတို့က အရမ်းကောင်းပါတယ်။ အဲဗာတန်နဲ့ ယူနိုက်တက်တို့ကို ကိုင်တွယ်ဖူးတဲ့ မန်နေဂျာတစ်ယောက်အဖြစ် ဒီစကားကို ပြောဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် လီဗာပူးက သိပ်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ သူတို့ကို ရပ်တန့်ဖို့ ဘယ်လိုပင် ကြိုးစားပါစေ သူတို့မှာက အခြားနည်းလမ်းတွေ ရှိနေပါတယ်… Continue Reading →

လီဗာပူးနဲ့ ရှရူဘူရီရဲ့ အက်ဖ်အေ ပြန်ကန်ပွဲကို လီဗာပူးပရိသတ်တွေပါ ကြည့်ရဖွယ် မရှိ

အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ ရှရူဘူရီပွဲကို မန်နေဂျာအဖြစ် ကလော့ပ် ကိုင်တွယ်မှာ မဟုတ်ပဲ သူဟာ အန်ဖီးကွင်းမှာလည်း ရှိနေမှာ မဟုတ်ပါဘူး။ သီးခြားအစီအစဉ်တွေအရ စီနီယာအသင်းသားတွေကော ယာဂင်ကလော့ပ်ပါ မရှိနိုင်ပေမယ့် အဆိုပါပွဲမှာ အီလီယော့၊ ကာတစ်ဂျုံး၊ ချီရီဗီလာတို့ ပါဝင်ကစားရမယ်လို့ သိထားရတာဖြစ်တယ်။ အဆိုပါပွဲကို ကလော့ပ်နဲ့ နည်းပြအဖွဲ့တို့ဟာ ကွင်းထဲက စောင့်ကြည့်မှာ မဟုတ်သလို တီဗီကနေလည်း ကြည့်နိုင်ဖွယ် မရှိတော့ပါဘူး။ ပြန်ကန်ပွဲအတွက် ရုပ်သံလွှင့်ခွင့် မရဖြစ်နေပြီး အင်္ဂလန်ရုပ်သံဖြစ်တဲ့ BBC က တူညီတဲ့ အချိန်အတွင်း… Continue Reading →

လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲက အရင်လိုပါပဲလို့ ခန့်မှန်းသွားတဲ့ မိုင်ကယ်အိုဝင်

ဝက်ဟမ်းနဲ့ ကစားပြီး ၃ ရက် မပြည့်ခင်မှာပဲ လီဗာပူးဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲပြီးရင် အက်ဖ်အေပွဲကို လီဗာပူးက ယူ-၂၃ အသင်းနဲ့ပဲ ယှဉ်ပြိုင်မှာဖြစ်ကာ စီနီယာအသင်းတွေကို အနားပေးမှာပါ။ ၂ ပတ်နီးပါး ကြာမယ့် အဆိုပါ ရာသီဝက် အနားကာလပြီးရင်တော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ရဖို့ ရှိလာမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်မှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဒန်နီအင့် အတော်လေး ခြေစွမ်းထက်နေပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ် တို့နဲ့… Continue Reading →

ပရီးမီးယားလိဂ်ရဲ့ အခက်ခဲဆုံး မဟာ စံချိန်ကြီး နှစ်ခုကို ရိုက်ချိုးပြခဲ့တဲ့ လီဗာပူး

မနက်က ယှဉ်ပြိုင်ကစားတဲ့ ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာတော့ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ပွဲစဉ် ၂၄ ကစားပြီး ရမှတ် ၇၀ ဖြင့် အမှတ်ပေးဇယားကို ၁၉ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် ၁၄ ပွဲအနက် ၈ ပွဲ အနိုင်ရရင်ကို အမှတ်ပေးဖလား အနိုင်ရမှာဖြစ်တဲ့ လီဗာပူးဟာ ဝက်ဟမ်းနဲ့ပွဲအပြီးမှာတော့ ဘောလုံးရာသီ တစ်ခုအတွင်း ပြိုင်ဘက်အားလုံးကို အနိုင်ရခြင်းနဲ့ အမှတ်ပေးပြိုင်ပွဲအတွင်း နိုင်ပွဲဆက်မှု စံချိန်တွေမှာ မှတ်တမ်းသစ်တွေကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!