Date

February 16, 2020

လာမယ့်နွေမှာ လီဗာပူးရဲ့ အကြီးဆုံး အလောင်းအစားဆန်တဲ့ ကိစ္စကို တာဝန်ယူရမယ့် မိုင်ကယ်အဒ်ဝတ်

လီဗာပူးအသင်းဟာ လာမယ့် နွေမှာတော့ ကွင်းလယ်လူ ဂရုဂျစ်နဲ့ ပက်သက်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အပြီးသတ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လီဗာပူးသတင်းထောက် ပီယာစ့်က သတင်းပေးရာမှာ ဘွန်ဒက်လီဂါကလပ်ထံ အငှားချထားတဲ့ ကွင်းလယ်လူ ဂရုဂျစ်နဲ့ ပက်သက်ပြီး လီဗာပူးက လမ်းနှစ်ခုကို ရွေးချယ်မှာဖြစ်ကာ အသင်းမှာ ဆက်ထားရင်ဆက်ထား မဟုတ်ရင်တော့ အပြီးသတ် ရောင်းထုတ်လိုက်တော့မယ်လို့ သိလာရတာဖြစ်တယ်။ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လီဗာပူးအတွက် ပထမဆုံးသော ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဂရုဂျစ်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ရတ်စတား ဘဲလ်ဂရိတ်ကနေ ပေါင် ၅.၁… Continue Reading →

ဝါနာ၊ ခံစစ်မှတ်တမ်း၊ မန်စီးတီးရိုက်ခတ်မှု၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးဟာ ပြည်တွင်းမှာလည်း အရေးယူခံရနိုင်ပြီး ၂၀၁၄ ခုနှစ် ချန်ပီယံဘွဲ့ကို စွန့်လွှတ်ရနိုင်သလို လာမယ့် ရာသီမှာ အမှတ်လျော့ ပြစ်ဒဏ်ကို ကျခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်စီးတီးရဲ့ ဥရောပပြိုင်ပွဲ ပိတ်ခံရမှုကြောင့် အဓိက ကစားသမားတွေက မန်ချက်စတာကလပ်ကို စွန့်ခွာနိုင်ပြီး ဒီအခြေအနေမှာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားတဲ့ လီဗာပူးက ခေတ်တစ်ခေတ်ကို စတင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဘရာဇီး ဂန္တဝင်ကြီး ကာဖူးက အနာဂတ်မှာ လီဗာပူးခံစစ်သမား ထရန့်က ဘလွန်းဒီအော့ဆုကို စိန်ခေါ်ပြမှာဖြစ်ပြီး… Continue Reading →

ဘလွန်းဒီအော့ဆု ဓလေ့ကို လီဗာပူးအသင်းသားက ပြောင်းလဲပေးလိမ့်မယ်ဆိုတဲ့ ဂန္တဝင်ကြီး ကာဖူး

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာဖလားချန်ပီယံ နှစ်ကြိမ်အနိုင်ရခဲ့ပြီး ကမ္ဘာဘောလုံးဂန္တဝင် တစ်ဦးလည်းဖြစ်တဲ့ အစွန်လူ ကာဖူးက လီဗာပူးအသင်းမှ ညာအစွန်လူ ထရန့်ကို ထုတ်ဖော်ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟာ ဒီဘက်နှစ်တွေမှာ ကမ္ဘာအကောင်းဆုံး အစွန်လူအဖြစ် တောက်ပလာနေသူဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေကြောင့်ပဲ အစွန်သမားတွေက တိုက်စစ်မှူးတွေလိုပဲ အရေးပါတယ်ဆိုတာကို လူတွေ သတိပြုမိလာကြတာဖြစ်ပါတယ်။ ကာဖူးက ပြောရာမှာ ” ထရန့်က ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပါတယ်။ အဲ့တာကို သံသယမရှိလိုက်ပါတယ်။ သူက ကစားသမားကောင်းပါတယ်။ ကျနော် လုပ်ခဲ့သလို အမူအကျင့်ကောင်းတွေကို တူညီစွာပဲ သူ့မှာ… Continue Reading →

မာနေးက လီဗာပူးကို ကိုယ်စားပြုနေပါတယ်လို့ ထူးချွန်တဲ့ ဥပမာပေးဖြင့် နှိုင်းယှဉ်ပြတဲ့ ရပ်နက်

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူနဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရပ်နက်က မာနေးဟာ အရမ်းကို ထူးချွန်သူဖြစ်ပြီး သူဟာ လီဗာပူးအသင်းကို ကိုယ်စားပြုတဲ့ ကစားသမားပါလို့ ထုတ်ဖော် ချီးကျူးမှု လုပ်ခဲ့ပါတယ်။ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာကြောင့် ပွဲအနည်းငယ် အနားယူနေရတဲ့ မာနေးဟာ နော်ဝစ်နဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့တယ်။ ရပ်နက်ကတော့ မာနေးက ရိုးကျိုးမှုရှိပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်နိုင်သူလို့ မြင်နေပါတယ်။ ဂျင်မီရပ်နက်က ” နော်ဝစ်နဲ့ပွဲမှာ မာနေးက အရမ်းကို… Continue Reading →

ဥရောပ အကောင်းဆုံးစံချိန်အတွက် ဘာကာကို ပုခုံးချင်းယှဉ်လာပြီး ဂျူဗီကို လိုက်မှီတော့မယ့် လီဗာပူး

မနက်က ယှဉ်ပြိုင်ကစားတဲ့ နော်ဝစ်နဲ့ လီဗာပူးပွဲမှာ မာနေးရဲ့ တစ်လုံးတည်သော သွင်းဂိုးနဲ့အတူ နိုင်ပွဲထပ်ရခဲ့တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးပွဲ ၄၃ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက မန်စီးတီးကို ၂-၁ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း ရံှူးပွဲ လုံးဝမရှိတဲ့ လီဗာပူးဟာ နောက်ဆုံးနှစ်ရာသီအတွင်း လိဂ်ပွဲ တစ်ပွဲတည်းကိုပဲ အရေးနိမ့်ထားခဲ့တာပါ။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပရဲ့ အချိန်အကြာဆုံး ရံှူးပွဲမရှိ အသင်းများစာရင်းမှာ ထိပ်ဆုံးတစ်နေရာကို ဝင်ရောက်လာခဲ့ပြီဖြစ်တယ်။ အမှတ်ပေးဖလား ၁၈… Continue Reading →

၂၀၁၄ ခုနှစ်က လီဗာပူးကို နှစ်မှတ်သာနဲ့ ချန်ပီယံဖြစ်မှုကို ပြန်လည် ရုတ်သိမ်းမယ့် အနေအထား ထွက်ပေါ်

ဥရောပဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုကြောင့် ဥရောပမှာ နှစ်ရာသီ ပွဲပယ်ခံထားရတဲ့ မန်စီးတီးကို အင်္ဂလန်လိဂ်ကလည်း အရေးယူမှုတွေ ပြုလုပ်နိုင်ပြီး ချန်ပီယံဆုတစ်ကြိမ် ရုတ်သိမ်းခံရနိုင်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။ အဆိုပါ ဖော်ပြမှုမှာ စိတ်ဝင်စားစရာက မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် ၂၀၁၄ ခုနှစ်က လီဗာပူးကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တဲ့ အမှတ်ပေးဖလားကို ပြန်လည် ရုတ်သိမ်းခံရမယ့် အနေအထားကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါရှိတာဖြစ်တယ်။ မန်စီးတီးဟာ ၂၀၁၂ ခုနဈ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ယူအီးအက်ဖ်အေရဲ့ စပွန်ဆာဝင်ငွေတွေကို… Continue Reading →

ကလော့ပ်ကို ချီးကျူးပြီး ချန်ပီယံလိဂ် ရေပန်းစားမှုကနေ ရှောင်းပြေးသွားတာပါလို့ ဆိုလိုက်တဲ့ ဆာရီ

ဂျူဗင်တပ်မန်နေဂျာ ဆာရီက ယာဂင်ကလော့ပ်ကို တုန့်ပြန် ချီးကျူးမှုလုပ်ခဲ့ပြီး ကလော့ပ်ဟာ သူတွေ့ဖူးသမျှထဲမှာ စမတ်အကျဆုံးနဲ့ ပျော်စရာအကောင်းဆုံး ပြိုင်ဘက်နည်းပြအဖြစ် တင်စားလိုက်ပါတယ်။ ယာဂင်ကလော့ပ်က သူ့အမြင်မှာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းက ဂျူဗင်တပ်ဖြစ်ပြီး စီးရီးအေမှာ ပြိုင်ဘက်ကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခြင်း မရှိတဲ့အပေါ် အံ့အားသင့်မိတယ်လို့ မကြာသေးခင်ကပဲ ထုတ်ဖော် ပြောဆိုထားသေးတာပါ။ အဆိုပါ ပြောဆိုမှုကို ဂျူဗင်တပ်မန်နေဂျာက တုန့်ပြန်ပြောဆိုလာတာဖြစ်တယ်။ ကလော့ပ်က ” ဘောလုံးရာသီ မစခင်မှာ ကျနော်ကတော့ ဂျူဗင်တပ်က ချန်ပီယံလိဂ်ကို… Continue Reading →

ဘောလုံးပဲဗျာ နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်ရှိမှာပေါ့လို့ တုန့်ပြန်လိုက်တဲ့ မာနေး

လီဗာပူးဟာ အဝေးကွင်းပွဲအဖြစ် နော်ဝစ်ထံ သွားကစားရာမှာ မာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ၂၅ မှတ်ထိ ဖြတ်နိုင်ခဲ့ပါတယ်။ နော်ဝစ်မန်နေဂျာ ဖာကီက လီဗာပူးရတဲ့ သွင်းဂိုးမတိုင်ခင် ဒိုင်လူကြီးက ပြစ်ဒဏ်မပေးတဲ့အပေါ် သဘောမတွေ့ပေမယ့် သူ့အသင်းက ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရပြီး မာနေးရဲ့ ထူးချွန်တဲ့ လှုပ်ရှားမှုကောင်းက သူတို့ကို အရေးနိမ့်စေခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ ဖာကီက ” မာနေးကို ဒိုင်လူကြီးတွေက ပြစ်ဒဏ်မပေးခဲ့ဘူး။ အဲ့တာက ပြန်ပြောင်းလို့လည်း မရတော့ပါဘူး။ နောက်ပြီး ဘောလုံးထိန်းမှုကောင်းပြီး လှည့်ထွက်ပုံကောင်းတာကလည်း… Continue Reading →

ဘာစီလိုနာစံချိန် လိုက်မှီခြင်း၊ မန်စီးတီးနဲ့ပက်သက်ပြီး ပြောဆိုမှု၊ ဝါနာကို စလိုက်ခြင်းနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

နောဝစ်ချ်နဲ့ ပွဲမှာ လီဗာပူးအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဆီနီဂေါသား တိုက်စစ်မှူး ဆာဒီယို မာနေးက အင်္ဂလိပ် ကလပ်အသင်းတွေ အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မာနေးက လီဗာပူး အတွက် ၇၅ ဂိုး၊ ဆောက်သမ်တန် အတွက် ၂၅ ဂိုး သွင်းပေးခဲ့တာပါ။ လီဗာပူး ကြယ်ပွင့် ထရန့် အလက်ဇန်းဒါး အာနိုးက တချိန်မှာ ဘလွန်းဒီအော ဆုပါ ရနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ဘရာဇီး ဂန္တဝင်ကြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!