Date

February 18, 2020

ချန်ပီယံလိဂ်ပွဲကြိုမှာ လီဗာပူးကို စိန်ခေါ်စကား ပြောဆိုလိုက်တဲ့ အက်သလက်တီကိုခံစစ်မှူး ဆာဗစ်

အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး စတီဖန် ဆာဗစ်က ဒီည ရင်ဆိုင်ရမယ့် လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးအသင်းကို ၎င်းတို့ဘက်က ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ သတိပေးစကား ဆိုလိုက်ပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့်မှာ လီဗာပူးနဲ့ အက်သလက်တီကိုတို့က ထိပ်တိုက်တွေ့ဆုံနေပြီး ဆီမြွန်နီအသင်းက လက်ရှိ ချန်ပီယံကို ဒီညမှာ ၎င်းတို့ အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဆာဗစ်က ၎င်းတို့အသင်းကို လျှော့တွက်နေကြတဲ့ အနေအထားအပေါ် အခွင့်ကောင်းယူကာ ယာဂင်ကလော့ပ် အသင်းကို ချေမှုန်းနိုင်မယ် မျှော်လင့်ထားပါတယ်။… Continue Reading →

အက်သလက်တီကိုပွဲမှာ ပြိုင်ဘက်တွေကို ပြစ်ဒဏ်မကျူးလွန်မိဖို့ ကြိုးစားရမယ့် ရော်ဘတ်ဆန်

လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်က အက်သလက်တီကိုပွဲကြိုမှာ လီဗာပူးဘယ်အစွန်လူ အန်ဒီရော်ဘတ်ဆန်ရဲ့ ရှောင်တိမ်းဖို့ လိုအပ်တဲ့ ပြစ်ဒဏ်ကိစ္စကို သတင်းပေးလာပါတယ်။ ပီယာစ့်က သူ့ရဲ့ တွစ်တာအကောင့်ကနေပဲ စကော့တလန် ဘယ်အစွန်လူဟာ ဒီကနေ့ ယှဉ်ပြိုုင်မယ့် တီကိုနဲ့ပွဲမှာ အဝါကဒ် ရခဲ့မယ်ဆိုရင် လာမယ့် ဒုတိယအကျော့ အန်ဖီးနဲ့ပွဲကို လွဲချော်ယမ်လို့ သတိပေးခဲ့တာဖြစ်တယ်။ ဒီရာသီမှာ လီဗာပူးအတွက် အုပ်စုပွဲ ၆ ပွဲလုံး ပါဝင်ထားတဲ့ ရော်ဘတ်ဆန်က အဝါကဒ် ၂ ကဒ် ရရှိထားပြီး တစ်ပွဲပယ် ပြစ်ဒဏ်အတွက် ၁ ကဒ်ပဲ ကျန်တော့တာဖြစ်ပါတယ်။… Continue Reading →

အက်သလက်တီကိုပွဲကြို နောက်ဆုံးရ နှစ်သင်း ထူးခြားကိစ္စတွေနဲ့ လီဗာပူး ညနေခင်းသတင်းများ

အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲကစပြီး ယှဉ်ပြိုင်ခွင့်ရမယ့် ယူအီးအက်ဖ်အေပွဲတွေအထိ လီဗာပူးဟာ ဖီဖာ ကမ္ဘာချန်ပီယံတံဆိပ်ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ၂၀၂၀ အင်စတမ်ဘူလ်းကွင်းမှာ ကစားရမယ့် ဖိုင်နယ်ဘောလုံးကို ထုတ်ဖော် ပြသခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးညာအစွန်လူ ကလိုင်းဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့နောက် မဲဝုဒ်မှာ တစ်ဦးတည်း လေ့ကျင့်ရေးတွေ စလုပ်နေပါပြီ။ ဒီနွေမှာတော့ လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်တဲ့ ကလိုင်းဟာ လယ်လာနာနည်းတူ အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ကော်တင်ညိုကို… Continue Reading →

အက်သလက်တီကိုရဲ့ ၁၉ ဦးလူစာရင်း ထွက်ပေါ်ခြင်းနဲ့ ကမ္ဘာချန်ပီယံတံဆိပ် တပ်ဆင်ကစားမယ့် လီဗာပူး

စပိန်မြေမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ အက်သလက်တီကိုပွဲအတွက် အိမ်ရှင်ဘက်က ၎င်းတို့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေပဲ ကစားသမား ၁၉ ဦးပါ လူစာရင်းကို အတည်ပြု ထုတ်ပြန်ထားပြီဖြစ်ပါတယ်။ ဒီကနေ့ည ဝါနာကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ၁၆ သင်းရံှူးထွက် ပထမအကျော့ပွဲအတွက် တီကိုရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာတော့ ကြိုတင် သတင်းထွက်ထားသလိုပဲ တိုက်စစ်သမား ဖီလစ် မပါဝင်လာနိုင်ပါဘူး။ ဒါပေမယ့် ဝါရင့်တိုက်စစ်သမား ကော်စတာနဲ့ တိုက်စစ်သမား မိုရာတာတို့ကတော့ ပါဝင်လာခဲ့ကြတာဖြစ်တယ်။ ခံစစ်မှုူး ဂျင်မီနက်စ်၊ ကွင်းလယ်လူ လီမာ၊ ဗီလီတို၊ ကာရက်စကိုတို့လည်း ပြန်လည်ပါဝင်လာခဲ့တာကြောင့်… Continue Reading →

ကော်တင်ညို လီဗာပူးကို ပြန်လာမလား အပြောင်းအရွှေ့အတွက် မက်ဆေ့တစ်ခု ပြန်ပေးလိုက်တဲ့ ဟန်ဒို

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က လွန်ခဲ့တဲ့ နှစ်နှစ်က ဘာစီလိုနာကို ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ကော်တင်ညို အသင်းထံ ပြန်ရောက်လာမယ်ဆိုရင် ကြိုဆိုမှာပါလို့ စပိန်သတင်းနဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ဖြေပေးခဲ့ပါတယ်။ ကော်တင်ညိုဟာ ဘာစီလိုနာမှာ မအောင်မြင်တဲ့နောက် ဘွန်ဒက်လီဂါကို အငှားထွက်ကစားနိုင်ပြီး ဒီရာသီ အကုန်မှာတော့ ဘာစီလိုနာကို ပြန်ဖို့ ရှိနေပါတယ်။ သူ့ကို လီဗာပူးက ပြန်လည်ခေါ်ယူမလားဆိုတဲ့ မေးခွန်းတွေ ကျယ်ပြန့်နေတာဖြစ်ပြီး ဟန်ဒိုကတော့ ဒီကိစ္စကို အဖြေပေးနိုင်တာက သူမဟုတ်ပါဘူးလို့ ဆိုခဲ့တာဖြစ်တယ်။ စပိန်သတင်းနဲ့ အင်တာဗျူးမှာ ဟန်ဒိုက “ ကျနော်အတွက်တော့… Continue Reading →

နော်ဝစ်ပရိသတ်တွေ ကလော့ပ်ကို အလုအယက် လက်ဆွဲနုတ်ဆက်တာအတွက် အဲဗာတန်ပရိသတ်တွေ ဝေဖန်

လီဗာပူးအသင်း ပြည်တွင်း ပြည်ပမှာ အောင်မြင်တာကို မနှစ်သက်တဲ့ ကလပ်တစ်သင်းနဲ့ ပရိသတ်တွေရှိမယ်ဆိုရင်တော့ အဲ့တာက အဲဗာတန်ပါပဲ။ လီဗာပူးမြို့ အခြေစိုက်ကလပ်ဟာ ပရီးမီးယားလိဂ်ရဲ့ အပြင်းထန်ဆုံး ဒါဘီပြိုင်ဘက်တွေဖြစ် ဒီကနေ့တွေမှာ ထွက်ပေါ်နေတဲ့ တွစ်တာမှတ်ချက်ကလည်း ဒါကို ပေါ်လွင်စေပါတယ်။ နော်ဝစ်အိမ်ကွင်းမှာ လီဗာပူးက တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် စာဝါငှက်တို့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ခက်ခဲသွားခဲ့ပါပြီ။ ကလပ်အသင်းအတွက် အရေးပါတဲ့ ပွဲတစ်ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် နော်ဝစ်ပရိသတ်တွေက ပွဲအပြီးမှာ ကလော့ပ်နဲ့ လက်ဆွဲနုတ်ဆက်ခွင့် ဓါတ်ပုံရိုက်ခွင့်တွေကို အလုအယက် တောင်းဆိုခဲ့ကြပြီး… Continue Reading →

ချန်ပီယံလိဂ်နဲ့ ပက်သက်ပြီး လီဗာပူးရဲ့ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြန်တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးအသင်းဟာ မနှစ်က ချန်ပီယံလိဂ် အနိုင်ရအသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် သာယာနေမှာ မဟုတ်ပဲ ဒီရာသီမှာလည်း နောက်တစ်ကြိမ် အနိုင်ရဖို့ဆိုတဲ့ အာရုံစူးစိုက်မှုနဲ့ ယှဉ်ပြိုင်သွားမှာပါလို့ ထုတ်ဖော် ပြောဆိုပါတယ်။ ဥရောပချန်ပီယံဟာ ဒီကနေ့မှာတော့ အောင်မြေဖြစ်တဲ့ မက်ဒရစ်ကို နောက်တစ်ကြိမ် ထပ်သွားပြီး ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ကိုင်မြောက်နိုင်ခဲ့တဲ့ Wanda Metropolitano ကွင်းထဲမှာ အိမ်ရှင် တီကိုနဲ့ ယှဉ်ပြိင်ကစားရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်ကို ရမှတ် ၂၅ မှတ်ဖြတ်ထားတဲ့ လီဗာပူးဟာ ဒီရာသီ အင်စတမ်ဘူလ်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ထပ်သွားရဖို့ ဆန္ဒ… Continue Reading →

လီဗာပူးရဲ့ အမဲလိုက်ခွေးကြီးကို အရမ်းသဘောကျကြောင်း ဝန်ခံလိုက်တဲ့ ဆော နီဂွက်စ်

အက်သလက်တီကို ကွင်းလယ်လူ ဆော နီဂွက်စ်က လီဗာပူးအသင်းရဲ့ တိုက်စစ်သမားတွေ၊ ခံစစ်သမားတွေကို ချီးကျူးခဲ့ပေမယ့် သူနှစ်သက်တာက ကွင်းလယ်က အမဲလိုက်ခွေးကြီးဖြစ်ကြောင်း တင်စားလိုက်ပါတယ်။ (မှတ်ချက် – ဆောက perros de presa လို့ စပိန်လိုပြောခြင်းက အင်္ဂလိပ်လို “hunting dog” ဆိုပြီး ဘာသာပြန်လို့ရပါတယ်။ မြန်မာလိုဆိုရင် အမဲလိုက်ခွေးလို့ဖြစ်ပြီး သူဆိုလိုတာက ရိုင်းစိုင်းတဲ့ စကားလုံး မဟုတ်ပဲ တစ်ရွာတစ်ပုဒ်ဆန်းစွာပဲ တန်ဖိုးထား နှစ်သက်ရခြင်းကို ဖော်ပြတာဖြစ်ပါတယ်) ဆောက ‘ နော်ဝစ်နဲ့ လီဗာပူးပွဲကို ကျနော်… Continue Reading →

လီဗာပူးအတွက် ရွှေဖလားပေးဖို့ ရှိမလား ဆွေးနွေးမှု လုပ်လာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ ဒီရာသီ လီဗာပူးအသင်း တစ်ရာသီလုံး ရံှူးပွဲမရှိပါက ပရီးမီးယားလိဂ်ဖလားကို ငွေရောင်ဖလားအစား ရွှေဖလားပေးဖို့အတွက် တရားဝင် မဟုတ်တဲ့ ဆွေးနွေးမှုတစ်ခုကို ပြုလုပ်နေပြီဖြစ်ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အာဆင်နယ်တစ်သင်းကပဲ ရံှူးပွဲလုံးဝမရှိပဲ တရာသီလုံးကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ရွှေရောင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ဖူးတာပါ။ ဒီရာသီမှာ လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၂၆ ပွဲအတွင်း ၂၅ ပွဲထိ အနိုင်ရထားကာ ၁ ပွဲပဲ သရေရလဒ် ထွက်ပေါ်ထားတာဖြစ်ပါတယ်။ လီဗာပူးရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးက ရမှတ် ၂၅ မှတ် ပြတ်ကျန်နေတာဖြစ်လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!