Date

July 1, 2020

ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

ဆာလက်က လီဗာပူးအသင်းကိုရောက်တော့ မန်နေဂျာကလော့ပ်နဲ့ ပထမဆုံး စကားပြောမှုမှာ သူမေးခဲ့တာက မာနေးကို တိုက်စစ်ဘယ်နေရာမှာ ထားကစားမလဲလို့ ဖြစ်ကြောင်း ဝန်ခံပါတယ်။ ကလော့ပ်က ချန်ပီယံဘွဲ့ကို ခုခံမလားလို့ မေးခွန်းထုတ်မှုကို မနှစ်သက်ဘဲ လီဗာပူးက နောက်ထပ် ဆုဖလားတွေကို ထပ်မံ တိုက်ခိုက်ယူမယ့် အသင်းသာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။ ဂျော်ဒန်ဟန်ဒါဆန်က ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် လီဗာပူးအသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် သူက စတီဗင်ဂျရတ်ထက် ပိုသာလွန်တဲ့ ခေါင်းဆောင်တစ်ဦး မဟုတ်ပါကြောင်း ချီးကျူးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။ ဘိုင်ယန်အသင်း စီအီးအို ရူမန်နီဂီက ဒီရာသီ… Continue Reading →

သူနဲ့ မာနေးကြားမှာ အဖုအထစ်တွေ ရှိနေသလားဆိုတဲ့ အချက်ကို ရှင်းလင်းတဲ့ ဆာလက်

ဆာလက်က လီဗာပူးအသင်းကိုရောက်တော့ မန်နေဂျာကလော့ပ်နဲ့ ပထမဆုံး စကားပြောမှုမှာ သူမေးခဲ့တာက မာနေးကကောလို့ ဖြစ်ကြောင်း ဝန်ခံပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ မာနေးက ညာတောင်ပံကို အားပြု ကစားသူဖြစ်ပါတယ်။ ၂၀၁၇ မှာ လီဗာပူးက ဆာလက်ကို ခေါ်ယူခဲ့ပြီး သူကလည်း ညာတောင်ပံကိုပဲ အားပြု ကစားတာပါ။ ဒီတော့ အီဂျစ်သားက သူ့ရဲ့ ပွဲထွက်ခွင့်နေရာအတွက် စိုးရိမ်မှု ရှိခဲ့ပါတယ်။ ဒါနဲ့ ပက်သက်ပြီး ဆာလက်က ” လီဗာပူးအတွက် လက်မှတ်ထိုးတော့ ကျနော်… Continue Reading →

နောက်ရာသီ ငါတို့က ချန်ပီယံဘွဲ့ကို ခုခံမှာ မဟုတ်ဘူး နောက်ထပ် ဆုဖလားအတွက် တိုက်ခိုက်မှာ

မန်စီးတီးနဲ့ပွဲကြိုမှာ မန်နေဂျာကလော့ပ်က သတင်းထောက်တွေရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ခုခံမယ့် အနေအထား မေးခွန်းထုတ်ခံရမှုကို ပြန်ဖြေခဲ့ပါတယ်။ ကလော့ပ်က ချန်ပီယံဘွဲ့ကို ခုခံမလားလို့ မေးခွန်းထုတ်မှုကို မနှစ်သက်ဘဲ လီဗာပူးက နောက်ထပ် ဆုဖလားတွေကို ထပ်မံ တိုက်ခိုက်ယူမယ့် အသင်းသာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။ ဒါပေမယ့်လို့ မြို့လည်ခေါင်မှာ စည်းကမ်းမရှိဘဲ အောင်ပွဲခံခဲ့တဲ့ ပရိသတ်တွေရဲ့ ပုံစံကိုတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ကလော့ပ်က အခြေအနေ အချိန်အခါကို နားလည်ပေးကြဖို့လည်း တိုက်တွန်းထားပြီး ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က ” နောက်ရာသီမှာ… Continue Reading →

စတီဗင်ဂျရတ်အတွက် ပရီးမီးယားလိဂ်ကို အရယူပေးနိုင်တာ ဝမ်းသာမိတယ်ဆိုတဲ့ ဟန်ဒို

ဂျော်ဒန်ဟန်ဒါဆန်က ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် လီဗာပူးအသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် သူက စတီဗင်ဂျရတ်ထက် ပိုသာလွန်တဲ့ ခေါင်းဆောင်တစ်ဦးဆိုတဲ့ ချီးကျူးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။ လီဗာပူးအသင်းကို ဦးဆောင်ပြီး နှစ်ပေါင်း ၃၀ အတွင်း ဘယ်သူမှ မအောင်မြင်ထားတဲ့ အမှတ်ပေး ချန်ပီယံကို အရယူနိုင်ရေး ဦးဆောင်ပေးခဲ့တာအတွက် ဟန်ဒိုအပေါ် ချီးကျူးမှုတွေ အများကြီး ရှိပါတယ်။ ဟန်ဒိုကတော့ သူက အသင်းအတွက် အကောင်းဆုံး လုပ်ခဲ့ခြင်းသာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့တယ်။ ဟန်ဒါဆန်က “ မန်နေဂျာကလည်း ပြောခဲ့ပြီးပါပြီ။ ချန်ပီယံဆုက ကျနော်တို့လို ကစားသမားတွေနဲ့… Continue Reading →

ဘိုင်ယန်မြူးနစ်က ယာဂင်ကလော့ပ်ကို မန်နေဂျာအဖြစ် ခေါ်ယူလိုကြောင်း ဝန်ခံ

ဘိုင်ယန်အသင်း စီအီးအို ရူမန်နီဂီက ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တာအတွက် ဝမ်းသာ ဂုဏ်ယူပါတယ်လို့ ပြောဆိုသွားပါတယ်။ ၎င်းကပဲ ဘိုင်ယန်ဟာ ကလော့ပ်ကို မန်နေဂျာအဖြစ် အလိုရှိခဲ့ပြီး အကြိမ်တိုင်းမှာ ကလော့ပ်က စာချုပ်တွေ ရှိနေခဲ့တာကြောင့် ခေါ်ယူလို့ မရခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ ဘိုင်ယန်ဟာ ကလော့ပ်ကို ဒေါ့မွန်မှာတုန်းက တစ်ကြိမ် လီဗာပူးမှာ တစ်ကြိမ် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့လည်း ကြားသိရဖူးပါတယ်။ ဘိုင်ယန်မြူးနစ် စီအီးအို ရူမန်နီဂီက ” ယာဂင်ကလော့ပ်ကို အသင်းရဲ့ မန်နေဂျာအဖြစ် ခေါ်ယူလိုတိုင်း သူက… Continue Reading →

ဆောင်းပါးရှည် | မိုင်ကယ်အတ်ဝပ် (သို့) လီဗာပူး အောင်မြင်လာမှုနောက်ကွယ်က မာစတာဘရိန်း

အကယ်လို့ အွန်လိုင်း ရှာဖွေရေး အင်ဂျင်တွေမှာ “Michael Edwards” ဆိုတဲ့ နာမည်ကို ရိုက်ပြီး ရှာလိုက်မယ်ဆိုရင် နာမည်တူတဲ့ သူတွေကိုပဲ ရှာတွေ့ပါလိမ့်မယ်။ လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ မိုင်ကယ်အက်ဝပ်ကိုတော့ ရှာဖွေတွေ့မှာ မဟုတ်ပါဘူး။ ဥရောပနဲ့ အင်္ဂလန်မှာ လီဗာပူးကို အောင်မြင်မှုတွေ ပြန်ရစေဖို့ အဓိက တည်ဆောက်သူတွေထဲမှာ ကြီးကြီးမာစတာ တစ်ဦးဖြစ်တဲ့ အက်ဝပ်ဟာ သိုးဝှက်စွာ နေထိုင်တတ်ပြီး ကျော်ကြားမှုကို သိပ်မမက်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အင်တာဗျူးတွေမှာလည်း မြင်ရခဲ့သလို လူရှေ့ကိုလည်း သိပ်ထွက်မလားခဲ့ဘူး။ ဒါပေမယ့် လီဗာပူးမန်နေဂျာ… Continue Reading →

အသင်းသား သုံးဦးနဲ့ လီဗာပူးမှာ တွဲဘက်ကစားခွင့်ရတာက ကံကောင်းလှတယ်ဆိုတဲ့ မာနေး

ဆာဒီယိုမာနေးက လီဗာပူးအသင်းမှာ အသင်းဖော် သုံးဦးနဲ့အတူ တွဲဘက်ကစားခွင့်ရတာအတွက် ကံကောင်းကြောင်း ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။ မာနေးပြောခဲ့တဲ့ အသင်းဖော် သုံးဦးထဲက နှစ်ဦးကတော့ ဆာလက်နဲ့ ဖာမင်နိုတို့ ဖြစ်ပါတယ်။ ဆာဒီယို မာနေးက ” ကျနေ်ာတို့က ကံကောင်းတဲ့ ကောင်တွေလို့ အမြဲပြောဖြစ်တယ်။ လူတွေက အမြတြမ်း ကျနေ်ာတို့ သုံးယောက်အကြောင်းကို ပြောကြတယ်။ ဒါပေမယ့် အသင်းက တိုက်စစ်သမား သုံးဦးဆိုတာထက် ပိုပါတယ်။ တိုက်စစ်မှာ ဒီ ထူးချွန်လွန်းတဲ့ ကစားသမား နှစ်ဦးနဲ့ တွဲဘက်ကစားခွင့်ရတာက ကျနော်အတွက် ကံကောင်းလှပါတယ်။… Continue Reading →

ဘရန်ဒန်ရော်ဂျာနေရာ ယာဂင်ကလော့ပ်နဲ့ အစားထိုးခင် လီဗာပူးချိန်ရွယ်ခဲ့တဲ့ မန်နေဂျာ ၃ ဦး

လီဗာပူးအသင်းဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ‘Klopp for the Kop’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုအတိုင်း မန်နေဂျာကလော့ပ်ကို လီဗာပူးမန်နေဂျာသစ်အဖြစ် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လို့ ဘရန်ဒန်ရော်ဂျာနေရာ အစားထိုးဖို့ လီဗာပူးအသင်း တာဝန်ရှိသူတွေက ဆန်ကာတင် သုံးဦးကို ရွေးချယ်ခဲ့ကြတယ်။ သူတို့ရဲ့ ရွေးချယ်မှုမှာတော့ ဝါရင့်မန်နေဂျာ အန်ဆယ်လော့တီ၊ မန်နေဂျာယာဂင်ကလော့ပ်နဲ့ မန်နေဂျာ ဟိုဝီတို့ဖြစ်ကြတယ်လို့ The Athletic က ဖော်ပြပါတယ်။ မန်နေဂျာ အန်ဆယ်လေ့ာတီက ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာမယ် သတင်းကြီးနေတာဖြစ်ပြီး မန်နေဂျာကလော့ပ်ကတော့ ဒေါ့မွန်ကနေ… Continue Reading →

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ခုကိုရွေးဆိုရင် ဘာရွေးမလဲ အဖြေပေးတဲ့ ဆာလက်

မို ဆာလက်က ချန်ပီယံလိဂ်ဖလားကိုကော ပရီးမီးယားလိဂ်ဖလားကိုပါ အောင်မြင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာတာအတွက် ဘယ်လောက်တောင် ပျော်ရွှင်ရသလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲလှတယ်လို့ ပြောလာပါတယ်။ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေပဲ ဆာလက်က ” ကျနော် စကားလုံးနဲ့တောင် မပြောတတ်ဘူးဗျ။ အဲ့တာက ပြောရ သိပ်ခက်ပါတယ်။ ကျနော် လီဗာပူးကို ရောက်လာတော့ ပရီးမီးယားလိဂ်ဖလား အနိုင်ရလိုတယ်လို့ ပြောခဲ့တယ်။ အဲ့တာက ကျနော် ခေါင်းထဲမှာရှိတဲ့ ပထမဆုံး ကိစ္စပါပဲ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို အနိုင်ရချင်တယ်။ လူတွေက ပြောကြတယ် ‘အခုနေ နှစ်ခုထဲက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!