ဘိုင်ယန်အသင်း စီအီးအို ရူမန်နီဂီက ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တာအတွက် ဝမ်းသာ ဂုဏ်ယူပါတယ်လို့ ပြောဆိုသွားပါတယ်။

၎င်းကပဲ ဘိုင်ယန်ဟာ ကလော့ပ်ကို မန်နေဂျာအဖြစ် အလိုရှိခဲ့ပြီး အကြိမ်တိုင်းမှာ ကလော့ပ်က စာချုပ်တွေ ရှိနေခဲ့တာကြောင့် ခေါ်ယူလို့ မရခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ ဘိုင်ယန်ဟာ ကလော့ပ်ကို ဒေါ့မွန်မှာတုန်းက တစ်ကြိမ် လီဗာပူးမှာ တစ်ကြိမ် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့လည်း ကြားသိရဖူးပါတယ်။

ဘိုင်ယန်မြူးနစ် စီအီးအို ရူမန်နီဂီက ” ယာဂင်ကလော့ပ်ကို အသင်းရဲ့ မန်နေဂျာအဖြစ် ခေါ်ယူလိုတိုင်း သူက အခြားအသင်းနဲ့ စာချုပ် ရှိနေခဲ့တယ်။ ကျနေ်ာတို့မှာ ထိပ်တန်း မန်နေဂျာတွေ ပိုင်ဆိုင်ပေမယ့်လည်း သူ့ကိုတော့ လုံးဝ မေ့လို့မရဘူး။ ကျနေ်ာတို့က ဟေးနက်၊ ပပ်၊ ဗန်ဟားနဲ့ ဖလစ်တို့လို မန်နေဂျာကောင်းတွေကို ဒီကာလတွေမှာ ပိုင်ဆိုင်ခဲ့ပါတယ်။

မန်နေဂျာတစ်ယောက်ကို ခေါ်ယူဖို့ဆိုတာက ချိန်သားကိုက်ဖို့လည်း လိုပါတယ်။ ယာဂင်က ဥရောပရဲ့ အကောင်းဆုံး မန်နေဂျာ သုံးဦး၊ လေးဦး စာရင်းထဲမှာ ပါတယ်ဆိုတာ ကျနော် သိတယ်။ မနှစ်တုန်းက လီဗာပူးနဲ့ သူချန်ပီယံလိဂ် အနိုင်ရတော့ ကျနော် ပျော်မိပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ် အောင်မြင်သွားတော့ ပိုပျော်ပေးပါတယ်ဗျာ။

မနှစ်တုန်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ကြစဉ် ပီတာမိုး (လီဗာပူးစီအီးအို) နဲ့ စကားပြောခဲ့တာကို မှတ်မိသေးတယ်။ သူတိုပအတွက်က ချန်ပီယံလိဂ်ဖလားကို အောင်မြင်တာထက် ပရီးမီးယားလိဂ် ဖလားရရေးက ပိုအရေးကြီးတယ်လို့ ပြောပြခဲ့တယ်။ အဲ့သည်ဖလားကို သူတို့ နှစ်ပေါင်း ၃၀ စောင့်ခဲ့ရတာပါ။

အဲ့နှစ်တွေကို ယုံတောင် မယုံနိုင်ဘူး။ အဲ့သည် အကြောင်းရင်း တစ်ချက်နဲ့တင် ကိုရိုနာကြားထဲက ဘောလုံး ပြန်ကစားတော့ လီဗာပူးက ချန်ပီယံဖြစ်ဖို့ ထိုက်တန်နေတဲ့ အသင်းလေ။ ကျနော် သူတို့ကို တကယ်ကို ဂုဏ်ပြုပါတယ်။ ယာဂင်ကလော့ပ်က သိပ်ကောင်းတဲ့ မန်နေဂျာပါ၊ လေးစားဖို့ သိပ်ကောင်းတဲ့သူပါ။ ” လို့ ချီးကျူးခဲ့ပါတယ်။

ZAWGYI

ဘိုင္ယန္အသင္း စီအီးအို ရူမန္နီဂီက ဒီရာသီ လီဗာပူးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တာအတြက္ ဝမ္းသာ ဂုဏ္ယူပါတယ္လို႔ ေျပာဆိုသြားပါတယ္။

၄င္းကပဲ ဘိုင္ယန္ဟာ ကေလာ့ပ္ကို မန္ေနဂ်ာအျဖစ္ အလိုရွိခဲ့ျပီး အၾကိမ္တိုင္းမွာ ကေလာ့ပ္က စာခ်ဳပ္ေတြ ရွိေနခဲ့တာေၾကာင့္ ေခၚယူလို႔ မရခဲ့ဘူးလို႔ ဝန္ခံခဲ့တယ္။ ဘိုင္ယန္ဟာ ကေလာ့ပ္ကို ေဒါ့မြန္မွာတုန္းက တစ္ၾကိမ္ လီဗာပူးမွာ တစ္ၾကိမ္ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ဖူးတယ္လို႔လည္း ၾကားသိရဖူးပါတယ္။

ဘိုင္ယန္ျမဴးနစ္ စီအီးအို ရူမန္နီဂီက ” ယာဂင္ကေလာ့ပ္ကို အသင္းရဲ႕ မန္ေနဂ်ာအျဖစ္ ေခၚယူလိုတိုင္း သူက အျခားအသင္းနဲ႔ စာခ်ဳပ္ ရွိေနခဲ့တယ္။ က်ေန္ာတို႔မွာ ထိပ္တန္း မန္ေနဂ်ာေတြ ပိုင္ဆုိင္ေပမယ့္လည္း သူ႔ကိုေတာ့ လံုးဝ ေမ့လို႔မရဘူး။ က်ေန္ာတို႔က ေဟးနက္၊ ပပ္၊ ဗန္ဟားနဲ႔ ဖလစ္တို႔လို မန္ေနဂ်ာေကာင္းေတြကို ဒီကာလေတြမွာ ပိုင္ဆိုင္ခဲ့ပါတယ္။

မန္ေနဂ်ာတစ္ေယာက္ကို ေခၚယူဖို႔ဆိုတာက ခ်ိန္သားကိုက္ဖို႔လည္း လိုပါတယ္။ ယာဂင္က ဥေရာပရဲ႕ အေကာင္းဆံုး မန္ေနဂ်ာ သံုးဦး၊ ေလးဦး စာရင္းထဲမွာ ပါတယ္ဆိုတာ က်ေနာ္ သိတယ္။ မႏွစ္တုန္းက လီဗာပူးနဲ႔ သူခ်န္ပီယံလိဂ္ အႏုိင္ရေတာ့ က်ေနာ္ ေပ်ာ္မိပါတယ္။ ဒီရာသီမွာ ပရီးမီးယားလိဂ္ ေအာင္ျမင္သြားေတာ့ ပိုေပ်ာ္ေပးပါတယ္ဗ်ာ။

မႏွစ္တုန္းက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔ၾကစဥ္ ပီတာမိုး (လီဗာပူးစီအီးအို) နဲ႔ စကားေျပာခဲ့တာကို မွတ္မိေသးတယ္။ သူတိုပအတြက္က ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္တာထက္ ပရီးမီးယားလိဂ္ ဖလားရေရးက ပိုအေရးၾကီးတယ္လို႔ ေျပာျပခဲ့တယ္။ အဲ့သည္ဖလားကို သူတို႔ ႏွစ္ေပါင္း ၃၀ ေစာင့္ခဲ့ရတာပါ။

အဲ့ႏွစ္ေတြကို ယံုေတာင္ မယံုႏုိင္ဘူး။ အဲ့သည္ အေၾကာင္းရင္း တစ္ခ်က္နဲ႔တင္ ကိုရိုနာၾကားထဲက ေဘာလံုး ျပန္ကစားေတာ့ လီဗာပူးက ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ေနတဲ့ အသင္းေလ။ က်ေနာ္ သူတို႔ကို တကယ္ကို ဂုဏ္ျပဳပါတယ္။ ယာဂင္ကေလာ့ပ္က သိပ္ေကာင္းတဲ့ မန္ေနဂ်ာပါ၊ ေလးစားဖို႔ သိပ္ေကာင္းတဲ့သူပါ။ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။