ဆာလက်က လီဗာပူးအသင်းကိုရောက်တော့ မန်နေဂျာကလော့ပ်နဲ့ ပထမဆုံး စကားပြောမှုမှာ သူမေးခဲ့တာက မာနေးကကောလို့ ဖြစ်ကြောင်း ဝန်ခံပါတယ်။

၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ မာနေးက ညာတောင်ပံကို အားပြု ကစားသူဖြစ်ပါတယ်။ ၂၀၁၇ မှာ လီဗာပူးက ဆာလက်ကို ခေါ်ယူခဲ့ပြီး သူကလည်း ညာတောင်ပံကိုပဲ အားပြု ကစားတာပါ။ ဒီတော့ အီဂျစ်သားက သူ့ရဲ့ ပွဲထွက်ခွင့်နေရာအတွက် စိုးရိမ်မှု ရှိခဲ့ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ဆာလက်က ” လီဗာပူးအတွက် လက်မှတ်ထိုးတော့ ကျနော် စိုးရိမ်မိခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကျနော်နေရာမှာ မာနေးက ကစားနေတာလေ ဒီတော့ ကစားခွင့် မရမှာကို စိုးရိမ်ခဲ့တယ် ဒါပေမယ့် မန်နေဂျာကလော့ပ်က မာနေးက အခြားဘက်မှာ ကစားလိမ့်မယ်လို့ ရှင်းပြခဲ့တယ်။ ” လို့ ပြောပါတယ်။

ဆာလက်က ဘယ်ခြေအားသန် ကစားသမားဖြစ်ပြီး မာနေးက ညာခြေအားသန်သူပါ။ ဒီတော့ ဘယ်ခြေသန်တဲ့ ဆာလက်ကို ညာခြမ်းပိုပြီး ညာခြေသန်တဲ့ မာနေးကို ဘယ်ခြမ်းပို့တာက ပိုမိုလုပ်သင့်တဲ့ ကိစ္စအဖြစ် မြင်တယ်လို့ ထိုစဉ်က တိုက်စစ်ပိုင်း နေရာချမှုနဲ့ ပက်သက်ပြီး ကလော့ပ်က ပြောခဲ့ဖူးပါတယ်။

လီဗာပူးပရိသတ်တွေ သိလိုကြတဲ့ မေးခွန်းတစ်ခုအဖြစ် သူနဲ့ မာနေးကြားမှာ အဖုအထစ်တွေ ရှိနေသလားဆိုတဲ့ အချက်ကို ဆာလက်က ရှင်းလင်းပါသေးတယ်။ သူကတော့ ဒါက အသင်းအတွက် နိုင်ပွဲယူပေးလိုတဲ့ ကစားသမားတွေကြား ဖြစ်တတ်တဲ့ အပြုအမှုလို့ ပြောပြခဲ့တယ်။

ဆာလက်က ” ဒါက ယှဉ်ပြိုင်တာ မဟုတ်ဘူး။ လီဗာပူးအတွက် အားလုံးက နိုင်ပွဲတွေ ရယူပေးလိုတယ်။ အသင်းဖော်တွေချင်း ထောက်ပံ့ပေးလိုတယ်။ တစ်ခါတစ်လေမှာ ကွင်းထဲမှာ ကျနေ်ာတို့ ဒေါသထွက်ကြတယ် ဒါပေမယ့် အဲ့တာက ကွင်းထဲမှာ ပြီးသွားပါတယ်။ နောက်ပွဲမှာ ကျနေ်ာတို့ အချင်းချင်း ဖန်တီးမှုတွေ လုပ်ပေးကြတာပဲ ကျနေ်ာတို့ရဲ့ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေက လီဗာပူးကို ကူညီဖို့အတွက်ပါ ” လို့ ဖြေပေးခဲ့တာဖြစ်တယ်။

ZAWGYI

ဆာလက္က လီဗာပူးအသင္းကိုေရာက္ေတာ့ မန္ေနဂ်ာကေလာ့ပ္နဲ႔ ပထမဆံုး စကားေျပာမႈမွာ သူေမးခဲ့တာက မာေနးကေကာလို႔ ျဖစ္ေၾကာင္း ဝန္ခံပါတယ္။

၂၀၁၆ ခုႏွစ္မွာ ေဆာက္သမ္တန္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ မာေနးက ညာေတာင္ပံကို အားျပဳ ကစားသူျဖစ္ပါတယ္။ ၂၀၁၇ မွာ လီဗာပူးက ဆာလက္ကို ေခၚယူခဲ့ျပီး သူကလည္း ညာေတာင္ပံကိုပဲ အားျပဳ ကစားတာပါ။ ဒီေတာ့ အီဂ်စ္သားက သူ႔ရဲ႕ ပြဲထြက္ခြင့္ေနရာအတြက္ စိုး၇ိမ္မႈ ရွိခဲ့ပါတယ္။

ဒါနဲ႔ ပက္သက္ျပီး ဆာလက္က ” လီဗာပူးအတြက္ လက္မွတ္ထိုးေတာ့ က်ေနာ္ စိုးရိမ္မိခဲ့တယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ေနရာမွာ မာေနးက ကစားေနတာေလ ဒီေတာ့ ကစားခြင့္ မရမွာကို စိုးရိမ္ခဲ့တယ္ ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္က မာေနးက အျခားဘက္မွာ ကစားလိမ့္မယ္လို႔ ရွင္းျပခဲ့တယ္။ ” လို႔ ေျပာပါတယ္။

ဆာလက္က ဘယ္ေျခအားသန္ ကစားသမားျဖစ္ျပီး မာေနးက ညာေျခအားသန္သူပါ။ ဒီေတာ့ ဘယ္ေျခသန္တဲ့ ဆာလက္ကို ညာျခမ္းပိုျပီး ညာေျခသန္တဲ့ မာေနးကို ဘယ္ျခမ္းပို႔တာက ပိုမိုလုပ္သင့္တဲ့ ကိစၥအျဖစ္ ျမင္တယ္လို႔ ထိုစဥ္က တိုက္စစ္ပိုင္း ေနရာခ်မႈနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ေျပာခဲ့ဖူးပါတယ္။

လီဗာပူးပရိသတ္ေတြ သိလိုၾကတဲ့ ေမးခြန္းတစ္ခုအျဖစ္ သူနဲ႔ မာေနးၾကားမွာ အဖုအထစ္ေတြ ရွိေနသလားဆိုတဲ့ အခ်က္ကို ဆာလက္က ရွင္းလင္းပါေသးတယ္။ သူကေတာ့ ဒါက အသင္းအတြက္ ႏုိင္ပြဲယူေပးလိုတဲ့ ကစားသမားေတြၾကား ျဖစ္တတ္တဲ့ အျပဳအမႈလို႔ ေျပာျပခဲ့တယ္။

ဆာလက္က ” ဒါက ယွဥ္ျပိဳင္တာ မဟုတ္ဘူး။ လီဗာပူးအတြက္ အားလံုးက ႏုိင္ပြဲေတြ ရယူေပးလိုတယ္။ အသင္းေဖာ္ေတြခ်င္း ေထာက္ပံ့ေပးလိုတယ္။ တစ္ခါတစ္ေလမွာ ကြင္းထဲမွာ က်ေန္ာတို႔ ေဒါသထြက္ၾကတယ္ ဒါေပမယ့္ အဲ့တာက ကြင္းထဲမွာ ျပီးသြားပါတယ္။ ေနာက္ပြဲမွာ က်ေန္ာတို႔ အခ်င္းခ်င္း ဖန္တီးမႈေတြ လုပ္ေပးၾကတာပဲ က်ေန္ာတို႔ရဲ႕ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြက လီဗာပူးကို ကူညီဖို႔အတြက္ပါ ” လို႔ ေျဖေပးခဲ့တာျဖစ္တယ္။