Date

July 9, 2020

ကြာသပတေးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရလိုက်တာကြောင့် လီဗာပူးက အမှတ်ပေးပွဲ ၃၄ ပွဲမှာ နိုင်ပွဲ ၃၀ ထိ ရခဲ့ပြီဖြစ်တယ်။ ဒါက အင်္ဂလိပ် ဘောလုံးလောကမှာ နိုင်ပွဲ ၃၀ ကို အမြန်ဆုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ သူသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် ခေါင်းတိုက် သွင်းဂိုးမျိုးကို ရနိုင်ဖို့ လေ့ကျင့်ရေးမှာ ကြိုးစားခဲ့ရပါတယ်လို့ ဆာလက်က ပြောဆိုသွားပြီး ရော်ဘတ်ဆန်က နောက်ဆုံးတော့ သူ့အတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့ပါပြီလို့ အရွှင်ဖောက်လိုက်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ပထမဆုံးအဖွင့်ဂိုးကို တကယ်တမ်း… Continue Reading →

အနိုင်ရလဒ်ကိုပဲ ဦးတည်ကစားတယ် စံချိန်တွေက နောက်က လိုက်လာမယ်ဆိုတဲ့ အယ်လီဆန်

ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရလိုက်တာကြောင့် လီဗာပူးက အမှတ်ပေးပွဲ ၃၄ ပွဲမှာ နိုင်ပွဲ ၃၀ ထိ ရခဲ့ပြီဖြစ်တယ်။ ဒါက အင်္ဂလိပ် ဘောလုံးလောကမှာ နိုင်ပွဲ ၃၀ ကို အမြန်ဆုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဒါ့အပြင် လီဗာပူးက လက်ကျန် အိမ်ကွင်းပွဲ နှစ်ပွဲနိုင်ရင် တစ်ရာသီလုံး နိုင်ပွဲအားလုံးရမယ့် ပထမဆုံး ပရီးမီးယားလိဂ်အသင်း ဖြစ်လာမှာဖြစ်ပြီး ရမှတ် ၁၀၀ ကျော်တဲ့ ပထမဆုံး ချန်ပီယံဖြစ်လာဖို့ အခွင့်အရေးတွေလည်း ရှိနေပါသေးတယ်။ လီဗာပူးဂိုးသမား အယ်လီဆန်ကတော့… Continue Reading →

ခြေစွာလွန်းနေတာကြောင့် အကောင်းဆုံးဆု စာရင်းထဲ ပါဝင်လာတဲ့ ဘရူးစတား

လီဗာပူးလူငယ်လေး ဘရူးစတားက ဂိုးတွေ ပွဲတိုင်းနီးပါး သွင်းယူလာခဲ့တာကြောင့် ဆွမ်းဆီမန်နေဂျာ ကူပါက အတော်လေး ကျေနပ်နေပါတယ်။ သက်တမ်းအလိုက် ကမ္ဘာဖလားချန်ပီယံ အင်္ဂလန်အသင်းနဲ့အတူ ကူပါဟာ ဘရူးစတားနဲ့ လက်တွဲခဲ့ဖူးသူပါ။ လက်ရှိ ဆွမ်းဆီးအသင်းကို ကိုင်တွယ်နေတဲ့ ကူပါဟာ လီဗာပူးမှာ ဒဏ်ရာပြဿနာကနေ ရုန်းထဖို့ ကြိုးစားနေတဲ့ ဘရူးစတာကို အငှားခေါ်ယူနိုင်အောင် ကြိုးစားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်လည်း ပေးထားပါတယ်။ ဘရူးစတားဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းထံ ရာသီဝက် အငှားထွက်ကစားနေတာဖြစ်ပြီး ဝေလ်းကလပ်အတွက် ဒီရာသီ ၁၆ ပွဲ ကစားထားပြီး ၈ ဂိုးထိ… Continue Reading →

မန်စီးတီးရဲ့ ရမှတ် ၁၀၀ ချန်ပီယံစံချိန်ကို ချိုးဖျက်ဖို့ကိစ္စကို ကလော့ပ် ပြော

ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ် အများဆုံးအဖြစ် အမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အာရုံစိုက်မလားဆိုတဲ့ အမေးကို ဘရိုက်တန် ပွဲအပြီးမှာ ကလော့ပ်က အမေးခံခဲ့ရပါတယ်။ ကလော့ပ်က ” ကျနော် ဘာပြောနိုင်မလဲ? ” ဆိုပြီး ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀၀ ဖြင့် စံချိန်တင်ထားတဲ့ မှတ်တမ်းကို ချိုးဖျက်ဖို့ ကိစ္စအတွက် မေးခံရမှုကို ဖြေပါတယ်။ ” လာမယ့် ပြိုင်ဘက် လေးသင်းကို ကြည့်ပြီး သူတို့ကို ယှဉ်ပြိုင်လို့ ရမှတ်… Continue Reading →

သီယေဂိုနဲ့ တွဲပြီး နာဘီကီတာကို တွစ်တာမှာ စနောက်နေကျတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးအသင်းဟာ ကွင်းလယ်မှာ လိုအပ်ချက်ရှိလာတယ်လို့ ယုံကြည်ရင် ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလိုနေတဲ့ သီယေဂို အယ်ကန်တာရာကို ခေါ်ယူမယ်လို့ သတင်းကြီးနေတာဖြစ်တယ်။ မန်နေဂျာကလော့ပ်က သီယေဂို အပြောင်းအရွှေ့ ဖြစ်ဖို့ခဲတဲ့ ကိစ္စဖြစ်ကြောင်း အရိပ်အမြွက် ပြောထားပေမယ့် အပြတ်အသတ်လည်း ငြင်းဆန်ထားခြင်း မရှိပါဘူး။ သီယေဂိုက သူ နှစ်သက်ရတဲ့ နံပါတ် ၈ ကစားသမားပါလို့ ကလော့ပ်က ဝန်ခံထားပြီး စီနီယာကွင်းလယ်လူတွေကို ဖိအားပေးထားပါတယ်။ ကွင်းလယ်လူ ကီတာက ဒီနောက်ပိုင်း ပွဲတွေမှာ ပွဲကစားခွင့်ရတိုင်း ခြေစွမ်းပြနိုင်နေသူဖြစ်တယ်။ ဘရိုက်တန်နဲ့ပွဲမှာဆိုရင် ဆာလက်ဟာ ကီတာရဲ့ ထူးချွန်တဲ့… Continue Reading →

ဂိုးထောက်ပံ့မှု လုပ်ပေးတဲ့ ရိုဘိုအတွက် မှတ်ချက် စကားတစ်ခွန်းကို ဆာလက် ပြောဆို

ဘရိုက်တန်နဲ့ပွဲမှာ သူသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် သွင်းဂိုးမျိုးကို ရနိုင်ဖို့ လေ့ကျင့်ရေးမှာ ကြိုးစားခဲ့ရပါတယ်လို့ ဆာလက်က ပြောဆိုသွားပါတယ်။ ၃-၁ နဲ့ အနိုင်ရတဲ့ပွဲအပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမားလည်းဖြစ်တဲ့ ဆာလက်က “မနေ့ကကော၊ အရင် နှစ်ရက်ကပါ ဒါမျိုးကို ကျနေ်ာတို့ လေ့ကျင့်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ရိုဘိုက ကျနေ်ာအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့ပါပြီ။ အဲ့အတွက် အရမ်းလည်း ပျော်မိပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။ ဒီရာသီမှာ ဆာလက်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုး ရလာခဲ့ပြီဖြစ်ပြီး… Continue Reading →

ဆာလက်က တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး ဖာမင်နိုကိုယ်တိုင်က ခင်းပေးနေတာပါ

ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ဗြိတိန်သတင်းဌာနတွေက ဆာလက်က တစ်ကိုယ်ကောင်းဆန်တဲ့ ဆိုတဲ့ ဝေဖန်သံတွေ ညံခဲ့တာက လီဗာပူးပရိသတ်တွေကို စိတ်အနှောက်အယှက်တွေ ပေးခဲ့ပါတယ်။ မြင်ကြတဲ့အတိုင်း တစ်ပွဲလုံးမှာ ဆာလက်က သူဂိုးရဖို့ပဲ ကြိုးစားနေခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ဆာလက် ဂိုးသွင်းနိုင်ဖို့ လီဗာပူးတစ်သင်းလုံးက ဖန်တီးမှုတွေ လုပ်ပေးနေတာကိုတော့ ထောက်ပြကြခြင်း မရှိပါဘူး။ လက်ကျန်ရာသီမှာ လီဗာပူး လိုအပ်နေတာက နိုင်ပွဲရဖို့ ဆာလက် ဂိုးသွင်းဖို့ပဲ ဖြစ်ပါတယ်။ ပထမဆုံးအဖွင့်ဂိုးကို ကြည့်မယ်ဆိုရင် ဧရိယာထဲ ဖိအားပေးပြီး ဘောလုံးရယူသွားတဲ့ ကီတာ သပ်သပ်ရပ်ရပ်… Continue Reading →

ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်မယ့်ပွဲကို လွဲချော်သွားနိုင်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်

ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ဟန်ဒါဆန်ရဲ့ ဒူးဒဏ်ရာ အခြေအနေက စကန်ဖတ်ရဖို့ ရှိနေတယ်လို့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။ လီဗာပူးက ဘရိုက်တန်ကို ပွဲချိန် ၈ မိနစ်မှာပဲ ၂-၀ နဲ့ ဦးဆောင်နိုင်ဖို့ ဒုတိယဂိုးကို ဟန်ဒါဆန်က သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဒဏ်ရာရခဲ့လို့ ဂျိမ်းမီလ်နာနဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။ ဟန်ဒါဆန်ဟာ အသင်းနဲ့အတူပဲ လီဗာပူးကို ပြန်သွားပေမယ့် သူ့ရဲ့ ဒဏ်ရာအခြေအနေကို တိတိကျကျ မသိရသေးပါဘူး။ ဒဏ်ရာအခြေအနေ ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကို စကန်ဖတ်ပြီးမှ သိရမှာဖြစ်ပြီး လောလောဆယ်မှာတော့ မန်နေဂျာ ယာဂင်ကလော့ပ်… Continue Reading →

နီကိုးကို ပထမပိုင်း ၄၅ မိနစ်ပဲ ကစားစေရခြင်းကို ကလော့ပ် ရှင်းပြ

ဘရိုက်တန်နဲ့ပွဲမှာတော့ ဘယ်အစွန်နေရာကို နီကိုး ပွဲထွက်ကစားခွင့်ရခဲ့တယ်။ ညာအစွန်ကနေ ဘယ်အစွန်ကို ပြောင်းကစားရတာက နီကိုးအတွက် အခက်အခဲဖြစ်ပေမယ့် သူ အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ ဖြတ်တင်ဘောတွေ လုပ်ရာမှာ ဘယ်ခြေ အားမသန်တာကြောင့် အရမ်းကောင်းတဲ့ ပေးမှုတွေတော့ မထွက်ခဲ့ဘူး။ ဒါပေမယ့် ခံစစ်ကို ပြန်ကူရာမှာ ကောင်းမွန်ခဲ့သလို ဖြတ်ထုတ်မှုကောင်းလည်း လုပ်နိုင်ခဲ့တယ်။ အဝါကဒ် ရခဲ့တဲ့နောက် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတယ်။ ဒီအဝါကဒ်ကြောင့်ပဲ ဒုတိယပိုင်းမှာ နီကိုးကို လူစားလဲခဲ့ရပါတယ်။ ပွဲထွက်ကစားရာမှာ သွေးကြွနေပြီး လုပ်ပြလိုစိတ်တွေ များနေတဲ့ နီကိုးကို အမှားတွေ မလုပ်မိစေဖို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!