ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ဗြိတိန်သတင်းဌာနတွေက ဆာလက်က တစ်ကိုယ်ကောင်းဆန်တဲ့ ဆိုတဲ့ ဝေဖန်သံတွေ ညံခဲ့တာက လီဗာပူးပရိသတ်တွေကို စိတ်အနှောက်အယှက်တွေ ပေးခဲ့ပါတယ်။

မြင်ကြတဲ့အတိုင်း တစ်ပွဲလုံးမှာ ဆာလက်က သူဂိုးရဖို့ပဲ ကြိုးစားနေခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ဆာလက် ဂိုးသွင်းနိုင်ဖို့ လီဗာပူးတစ်သင်းလုံးက ဖန်တီးမှုတွေ လုပ်ပေးနေတာကိုတော့ ထောက်ပြကြခြင်း မရှိပါဘူး။ လက်ကျန်ရာသီမှာ လီဗာပူး လိုအပ်နေတာက နိုင်ပွဲရဖို့ ဆာလက် ဂိုးသွင်းဖို့ပဲ ဖြစ်ပါတယ်။

ပထမဆုံးအဖွင့်ဂိုးကို ကြည့်မယ်ဆိုရင် ဧရိယာထဲ ဖိအားပေးပြီး ဘောလုံးရယူသွားတဲ့ ကီတာ သပ်သပ်ရပ်ရပ် ချပေးလိုက်တဲ့ ဘောလုံးကို တကယ်တမ်း အဆုံးသတ်ခွင့်ရသူက ဖာမင်နိုဖြစ်ပါတယ်။ ဧရိယာထဲမှာ ဒီလို အဆုံးသတ်မှုကို ဖာမင်နို ကောင်းကောင်းလုပ်နိုင်တာကို လီဗာပူးပရိသတ်တွေ သိကြပါတယ်။ ဒါပေမယ့် ဘရာဇီးသားက သူ့ရှေ့မှာ ဘောလုံးကို ဖြတ်ကျော်သွားစေပြီး ဆာလက်ကို ဂိုးသွင်းခွင့် ပေးလိုက်ပါတယ်။

လီဗာပူးပရိသတ်တွေအတွက် ဒါက မထူးဆန်းပါဘူး။ အရင်တုန်းကလည်း ဖာမင်နိုဟာ သူ ဂိုးသွင်းလို ရရဲ့နဲ့ မာနေးရဲ့ ကန်သွင်းချက် ဂိုးပေါက်ထဲ ဝင်တဲ့ထိ စောင့်ပေးတာတွေ၊ အသင်းဖော်တွေကို ဖန်တီးမှုလုပ်ပေးတာတွေက အမြဲလိုလိုပါ။ ဒါကြောင့်လည်း ဘရာဇီးသားရဲ့ သွင်းဂိုးမှတ်တမ်းက ဘယ်တော့မှ ထိပ်ဆုံးအဆင့်မှာ မရှိဘဲ ဖန်တီးမှုတာတင် ထိပ်ဆုံးမှာ ရှိနေတာဖြစ်တယ်။

ဆာလက်ရခဲ့တဲ့ ဂိုးက ဖာမင်နို လိုက်လိုက်လျောလျော ခွင့်ပြုတာကြောင့် သွင်းခွင့်ရလိုက်တာက မြင်သာပါတယ်။ ဆက်ပြီးလည်း လီဗာပူးအသင်းဖော်တွေက ဆာလက် ဂိုးရဖို့ ဘောလုံးထိုးပေးတာတွေ အကြိမ် အများကြီး လုပ်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကို ဆာလက် ခေါင်းတိုက်သွင်းတော့ အသင်းဖော်တွေရဲ့ အပြုအမှုကို ကြည့်မယ်ဆိုရင် ဆာလက် ဂိုးရတာကို သူတို့ ဘယ်လောက် ကျေနပ်နေသလဲ မြင်သာပါတယ်။

ဒုတိယပိုင်းမှာ မာနေး ဝင်လာပြီးနောက် ဆာလက်က ဘောလုံးထိုးပေးလို့ ရတဲ့ အနေအထားမှာ မထိုးပေးတာကြောင့် တစ်ကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်သံတွေ ထွက်လာခဲ့တာဖြစ်တယ်။ ကလော့ပ်ကတော့ ဆာလက်ကို လုံ့ဆော်မှုပေးနေတာက ဂိုးသွင်းဖို့ တစ်ခုတည်းကသာဖြစ်လို့ သူအတွက်တော့ ပြဿနာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ကလော့ပ်က ” သူက တိုက်စစ်သမားပါ။ ဂိုးသွင်းတာကပဲ သူ့ကို လုံ့ဆော်မှု ပေးနိုင်တာပါ။ အရင် နှစ်နှစ်တုန်းက သူက ရွှေဖိနပ်ဆု ရခဲ့တယ်။ မနှစ်က မာနေး၊ အူဘာတို့နဲ့ ပူးတွဲရခဲ့တယ်။ ဒါက အမြဲ အရေးကြီးတာပဲလေ။ ဒါပေမယ့် စွမ်းဆောင်ရည် ကောင်းမှသာ ဂိုသွင်းနိုင်တာပါ။ သူက ဒီညမှာ ဂိုးသွင်းနိုင်ခဲ့တာ စွမ်းဆောင်ရည် ကောင်းလို့ပါ။

ဒီတော့ ဂိုးတွေရခဲ့တာကောင်းတယ်။ ဂိုးကို သိပ်အာရုံစိုက်ရင် မှန်ကန်တဲ့ အခြေအနေတွေကို မလုပ်နိုင်တော့ဘူး ဒါပေမယ့်လည်း ဒီည ကျနေ်ာတို့ ဂိုးတွေ ကောင်းကောင်းသွင်းခဲ့တယ်။ ဂိုးပိုရခဲ့သင့်တယ်ဆိုတာလည်း မှန်ပါတယ် ” လို့ မှတ်ချက်ပေးသွားပါတယ်။

ZAWGYI

ဘရိုက္တန္ကို အႏုိင္ရတဲ့ပြဲအျပီးမွာ ျဗိတိန္သတင္းဌာနေတြက ဆာလက္က တစ္ကိုယ္ေကာင္းဆန္တဲ့ ဆိုတဲ့ ေဝဖန္သံေတြ ညံခဲ့တာက လီဗာပူးပရိသတ္ေတြကို စိတ္အေႏွာက္အယွက္ေတြ ေပးခဲ့ပါတယ္။

ျမင္ၾကတဲ့အတိုင္း တစ္ပြဲလံုးမွာ ဆာလက္က သူဂိုးရဖို႔ပဲ ၾကိဳးစားေနခဲ့ျပီး ဂိုးလည္း သြင္းႏုိင္ခဲ့တာပါ။ ဒါေပမယ့္ ဆာလက္ ဂိုးသြင္းႏုိင္ဖို႔ လီဗာပူးတစ္သင္းလံုးက ဖန္တီးမႈေတြ လုပ္ေပးေနတာကိုေတာ့ ေထာက္ျပၾကျခင္း မရွိပါဘူး။ လက္က်န္ရာသီမွာ လီဗာပူး လိုအပ္ေနတာက ႏုိင္ပြဲရဖို႔ ဆာလက္ ဂိုးသြင္းဖို႔ပဲ ျဖစ္ပါတယ္။

ပထမဆံုးအဖြင့္ဂိုးကို ၾကည့္မယ္ဆိုရင္ ဧရိယာထဲ ဖိအားေပးျပီး ေဘာလံုးရယူသြားတဲ့ ကီတာ သပ္သပ္ရပ္ရပ္ ခ်ေပးလိုက္တဲ့ ေဘာလံုးကို တကယ္တမ္း အဆံုးသတ္ခြင့္ရသူက ဖာမင္ႏိုျဖစ္ပါတယ္။ ဧရိယာထဲမွာ ဒီလို အဆံုးသတ္မႈကို ဖာမင္ႏို ေကာင္းေကာင္းလုပ္ႏုိင္တာကို လီဗာပူးပရိသတ္ေတြ သိၾကပါတယ္။ ဒါေပမယ့္ ဘရာဇီးသားက သူ႔ေရွ႔မွာ ေဘာလံုးကို ျဖတ္ေက်ာ္သြားေစျပီး ဆာလက္ကို ဂိုးသြင္းခြင့္ ေပးလိုက္ပါတယ္။

လီဗာပူးပရိသတ္ေတြအတြက္ ဒါက မထူးဆန္းပါဘူး။ အရင္တုန္းကလည္း ဖာမင္ႏိုဟာ သူ ဂိုးသြင္းလို ရရဲ႕နဲ႔ မာေနးရဲ႕ ကန္သြင္းခ်က္ ဂိုးေပါက္ထဲ ဝင္တဲ့ထိ ေစာင့္ေပးတာေတြ၊ အသင္းေဖာ္ေတြကို ဖန္တီးမႈလုပ္ေပးတာေတြက အျမဲလိုလိုပါ။ ဒါေၾကာင့္လည္း ဘရာဇီးသားရဲ႕ သြင္းဂိုးမွတ္တမ္းက ဘယ္ေတာ့မွ ထိပ္ဆံုးအဆင့္မွာ မရွိဘဲ ဖန္တီးမႈတာတင္ ထိပ္ဆံုးမွာ ရွိေနတာျဖစ္တယ္။

ဆာလက္ရခဲ့တဲ့ ဂိုးက ဖာမင္ႏို လိုက္လိုက္ေလ်ာေလ်ာ ခြင့္ျပဳတာေၾကာင့္ သြင္းခြင့္ရလိုက္တာက ျမင္သာပါတယ္။ ဆက္ျပီးလည္း လီဗာပူးအသင္းေဖာ္ေတြက ဆာလက္ ဂိုးရဖို႔ ေဘာလံုးထိုးေပးတာေတြ အၾကိမ္ အမ်ားၾကီး လုပ္ခဲ့တယ္။ ဒုတိယပိုင္းမွာလည္း ေရာ္ဘတ္ဆန္ရဲ႕ ေထာင့္ကန္ေဘာကို ဆာလက္ ေခါင္းတိုက္သြင္းေတာ့ အသင္းေဖာ္ေတြရဲ႕ အျပဳအမႈကို ၾကည့္မယ္ဆိုရင္ ဆာလက္ ဂိုးရတာကို သူတို႔ ဘယ္ေလာက္ ေက်နပ္ေနသလဲ ျမင္သာပါတယ္။

ဒုတိယပိုင္းမွာ မာေနး ဝင္လာျပီးေနာက္ ဆာလက္က ေဘာလံုးထိုးေပးလို႔ ရတဲ့ အေနအထားမွာ မထိုးေပးတာေၾကာင့္ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ေဝဖန္သံေတြ ထြက္လာခဲ့တာျဖစ္တယ္။ ကေလာ့ပ္ကေတာ့ ဆာလက္ကို လံု႔ေဆာ္မႈေပးေနတာက ဂိုးသြင္းဖို႔ တစ္ခုတည္းကသာျဖစ္လို႔ သူအတြက္ေတာ့ ျပႆနာမရွိဘူးလို႔ ေျပာခဲ့ပါတယ္။

ကေလာ့ပ္က ” သူက တိုက္စစ္သမားပါ။ ဂိုးသြင္းတာကပဲ သူ႔ကို လံု႔ေဆာ္မႈ ေပးႏုိင္တာပါ။ အရင္ ႏွစ္ႏွစ္တုန္းက သူက ေရႊဖိနပ္ဆု ရခဲ့တယ္။ မႏွစ္က မာေနး၊ အူဘာတို႔နဲ႔ ပူးတြဲရခဲ့တယ္။ ဒါက အျမဲ အေရးၾကီးတာပဲေလ။ ဒါေပမယ့္ စြမ္းေဆာင္ရည္ ေကာင္းမွသာ ဂိုသြင္းႏုိင္တာပါ။ သူက ဒီညမွာ ဂိုးသြင္းႏုိင္ခဲ့တာ စြမ္းေဆာင္ရည္ ေကာင္းလို႔ပါ။

ဒီေတာ့ ဂိုးေတြရခဲ့တာေကာင္းတယ္။ ဂိုးကို သိပ္အာရံုစိုက္ရင္ မွန္ကန္တဲ့ အေျခအေနေတြကို မလုပ္ႏုိင္ေတာ့ဘူး ဒါေပမယ့္လည္း ဒီည က်ေန္ာတို႔ ဂိုးေတြ ေကာင္းေကာင္းသြင္းခဲ့တယ္။ ဂိုးပိုရခဲ့သင့္တယ္ဆိုတာလည္း မွန္ပါတယ္ ” လို႔ မွတ္ခ်က္ေပးသြားပါတယ္။