ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရလိုက်တာကြောင့် လီဗာပူးက အမှတ်ပေးပွဲ ၃၄ ပွဲမှာ နိုင်ပွဲ ၃၀ ထိ ရခဲ့ပြီဖြစ်တယ်။ ဒါက အင်္ဂလိပ် ဘောလုံးလောကမှာ နိုင်ပွဲ ၃၀ ကို အမြန်ဆုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။

ဒါ့အပြင် လီဗာပူးက လက်ကျန် အိမ်ကွင်းပွဲ နှစ်ပွဲနိုင်ရင် တစ်ရာသီလုံး နိုင်ပွဲအားလုံးရမယ့် ပထမဆုံး ပရီးမီးယားလိဂ်အသင်း ဖြစ်လာမှာဖြစ်ပြီး ရမှတ် ၁၀၀ ကျော်တဲ့ ပထမဆုံး ချန်ပီယံဖြစ်လာဖို့ အခွင့်အရေးတွေလည်း ရှိနေပါသေးတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ကတော့ ကွင်းထဲမှာ မြတ်နိုးရတဲ့ ဘောလုံး အားကစားကို အကောင်းဆုံး ကစားခြင်းက နိုင်ပွဲတွေကို ရစေမှာဖြစ်ပြီး ဒီနိုင်ပွဲတွေ ရယူနိုင်ရင် စံချိန်နဲ့ အခြားသော ဆုလာဘ်တွေက သူအလိုလို ရလာမှာဖြစ်လို့ ကွင်းထဲမှာ ပေးဆပ် ကစားဖို့ကိုပဲ အာရုံစိုက်တယ်လို့ ပြောပါတယ်။

အယ်လီဆန်က “ ကျနေ်ာတို့ကတော့ ကိုယ်နှစ်သက်တာကိုပဲ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ကျနေ်ာတို့ ချစ်မြတ်နိုးတဲ့ ဘောလုံး ကစားတာကိုပေါ့။ သိပ်ကောင်းတဲ့ ဘောလုံးနဲ့ ပွဲတွေကို ပျော်ရွှင်စွာ ကစားပါတယ်။ နောက်လာမယ့် ပွဲကိုပဲ ကျနေ်ာတို့ အာရုံစိုက်လိုပါတယ်၊ အနိုင်သုံးမှတ်အတွက်ပဲ တိုက်ခိုက်လိုပါတယ်။

တစ်ခါတစ်လေမှာ ကျနေ်ာတို့က စံချိန်တွေကို ချိုးဖျက်ခဲ့ပါတယ်ဆိုတာကို အားလုံးက ပြောပြမှပဲ သိရပါတယ်။ အဲ့တာက ကောင်းပါတယ်။ ကျနေ်ာတို့က စံချိန်အတွက် မကစားပါဘူး။ ကွင်းထဲမှာ အကောင်းဆုံး ကြိုးစားပါတယ်။ အဲ့တာဆိုရင် နိုင်ပွဲတွေ ရောက်လာလိမ့်မယ်၊ စံချိန်တွေ ရလာလိမ့်မယ်။ အရေးကြီးဆုံးကတော့ ကျနေ်ာတို့က ချန်ပီယံတွေဖြစ်ဖို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

ဘရိုက္တန္ကို ၃-၁ နဲ႔ အႏုိင္ရလိုက္တာေၾကာင့္ လီဗာပူးက အမွတ္ေပးပြဲ ၃၄ ပြဲမွာ ႏုိင္ပြဲ ၃၀ ထိ ရခဲ့ျပီျဖစ္တယ္။ ဒါက အဂၤလိပ္ ေဘာလံုးေလာကမွာ ႏုိင္ပြဲ ၃၀ ကို အျမန္ဆံုးရတဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ပါတယ္။

ဒါ့အျပင္ လီဗာပူးက လက္က်န္ အိမ္ကြင္းပြဲ ႏွစ္ပြဲႏုိင္ရင္ တစ္ရာသီလံုး ႏုိင္ပြဲအားလံုးရမယ့္ ပထမဆံုး ပရီးမီးယားလိဂ္အသင္း ျဖစ္လာမွာျဖစ္ျပီး ရမွတ္ ၁၀၀ ေက်ာ္တဲ့ ပထမဆံုး ခ်န္ပီယံျဖစ္လာဖို႔ အခြင့္အေရးေတြလည္း ရွိေနပါေသးတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ကေတာ့ ကြင္းထဲမွာ ျမတ္ႏိုးရတဲ့ ေဘာလံုး အားကစားကို အေကာင္းဆံုး ကစားျခင္းက ႏုိင္ပြဲေတြကို ရေစမွာျဖစ္ျပီး ဒီႏိုင္ပြဲေတြ ရယူႏုိင္ရင္ စံခ်ိန္နဲ႔ အျခားေသာ ဆုလာဘ္ေတြက သူအလိုလို ရလာမွာျဖစ္လို႔ ကြင္းထဲမွာ ေပးဆပ္ ကစားဖို႔ကိုပဲ အာရံုစိုက္တယ္လို႔ ေျပာပါတယ္။

အယ္လီဆန္က “ က်ေန္ာတို႔ကေတာ့ ကိုယ္ႏွစ္သက္တာကိုပဲ ဆက္ျပီး လုပ္ေဆာင္ေနပါတယ္။ က်ေန္ာတို႔ ခ်စ္ျမတ္ႏိုးတဲ့ ေဘာလံုး ကစားတာကိုေပါ့။ သိပ္ေကာင္းတဲ့ ေဘာလံုးနဲ႔ ပြဲေတြကို ေပ်ာ္ရႊင္စြာ ကစားပါတယ္။ ေနာက္လာမယ့္ ပြဲကိုပဲ က်ေန္ာတို႔ အာရံုစိုက္လိုပါတယ္၊ အႏုိင္သံုးမွတ္အတြက္ပဲ တိုက္ခိုက္လိုပါတယ္။

တစ္ခါတစ္ေလမွာ က်ေန္ာတို႔က စံခ်ိန္ေတြကို ခ်ိဳးဖ်က္ခဲ့ပါတယ္ဆိုတာကို အားလံုးက ေျပာျပမွပဲ သိရပါတယ္။ အဲ့တာက ေကာင္းပါတယ္။ က်ေန္ာတို႔က စံခ်ိန္အတြက္ မကစားပါဘူး။ ကြင္းထဲမွာ အေကာင္းဆံုး ၾကိဳးစားပါတယ္။ အဲ့တာဆိုရင္ ႏုိင္ပြဲေတြ ေရာက္္လာလိမ့္မယ္၊ စံခ်ိန္ေတြ ရလာလိမ့္မယ္။ အေရးၾကီးဆံုးကေတာ့ က်ေန္ာတို႔က ခ်န္ပီယံေတြျဖစ္ဖို႔ပါပဲ ” လို႔ ေျပာဆိုခဲ့ပါတယ္။