Date

August 10, 2020

လိုသလောက် မထုတ်နိုင်အောင်ကို ဂျာစီ ရောင်းအား အရမ်းကောင်းခြင်းကြောင့် Nike ကျေနပ်နေ

လီဗာပူးနဲ့ Nike တို့ရဲ့ စပွန်ဆာ လက်တွဲမှုမှာ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ဂျာစီဟာ ဒီဇိုင်းနဲ့ ဈေးနှုန်းပိုင်းမှာ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ဂလိုဘယ်အဖွဲ့အစည်းနှစ်ခု ပူးပေါင်းမှုရဲ့ အောင်မြင်ခြင်းတွေကို ရပ်တန့်မရနိုင် ရှိနေပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် လီဗာပူးရဲ့ ဂျာစီသစ်နဲ့ လက်တွဲမှုကို နောက်ဆုတ်ခဲ့ရပြီး သြဂုတ်လ ၁ ရက်နေ့မှာမှ တရားဝင် ထုတ်ပြနိုင်ခဲ့တယ်။ အမေရိကန် အမှတ်တံဆိပ်ဟာ လီဗာပူးအသင်းနဲ့အတူ ပထမဆုံးအကြိမ် လက်တွဲခြင်းဖြစ်ပြီး လက်တွဲမှု အစပိုင်မှာတင် ၎င်းတို့ ရွေးချယ်တဲ့ ဒီဇိုင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဂျာစီရောင်းအားက… Continue Reading →

တနင်္လာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

Nike ဘက်က ရာသီအဖွင့်မှာတင် လီဗာပူးဂျာစီ ရောင်းအား အတော်လေးမြင့်ခြင်းကို နှစ်သက်နေပါတယ်။ စံချိန်တင် ရောင်းချရမှု ဖြစ်လာမယ်လို့လည်ူ ၎င်းတို့က မျှော်လင့်ထားပြီး ဝယ်လိုအားနဲ့ ညီမျှတဲ့ ထုတ်လုပ်အားကိုတောင် အလျင်မှီအောင် မလုပ်နိုင်ဘူးဖြစ်နေပါတယ်။ လီဗာပူးပစ်မှတ် ဆီမီးတက်စ်ဟာ နာပိုလီနဲ့ သဘောတူညီမှု တစ်ခုကို အရင်အပတ်တွေထဲက ရထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူက လီဗာပူးကို ပြောင်းဖို့က အိပ်မက်တစ်ခုဖြစ်ပြီး ဒီကိစ္စကိုပဲ အတည်ဖြစ်လာစေလိုခြင်းက မိုင်ကယ်အတ်ဝတ်ရဲ့ ညိနှိုင်းမှုကို အကူအညီဖြစ်ခဲ့ပါတယ်။ လူငယ်အသင်းမှာ တောက်ပခြင်းကြောင့် စီနီယာအသင်းထံ ခေါ်ယူထားတဲ့ နီးကိုးရဲ့ ခြေစွမ်းကို… Continue Reading →

အခက်ခဲဆုံးပြိုင်ဘက်က မာနေးဖြစ်ကြောင်း ထုတ်ပြောလိုက်တဲ့ ရှက်ဖီးရဲ့ ဘယ်ဒေါ့

ရှက်ဖီးအသင်းမှ ညာအစွန်တောင်ပံသမား ဘယ်ဒေါ့က ပရီးမီးယားလိဂ်မှာ မာနေးနဲ့ ယှဉ်ပြိုင်ကစားတာက သူ့အတွက် အခက်ခဲဆုံးနဲ့ အကောင်းဆုံး ပြိုင်ဘက်ဖြစ်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ရှက်ဖီးဟာ ဒီရာသီမှာ clean sheet ၁၃ ကြိမ်ထိ ရခဲ့သလို ခံစစ်ပိုင်းကလည်း ပေးဂိုး ၃၉ ဂိုးပဲ ပေးထားရတာပါ။ ခံစစ်ကို အကောင်းဆုံး ကာကွယ်နိုင်ပေမယ့်လည်း မာနေးကို ဘယ်ဒေါ့က အတော်လေး အထင်ကြီး လေးစားရင်းစွဲ ရှိနေတာဖြစ်တယ်။ ဘယ်ဒေါ့က ” ကျနော်အတွက် အခက်ခဲဆုံးပြိင်ဘက်ဆိုရင် မာနေးဖြစ်တယ်ဆိုတာ အမြဲ ပြောပြဖူးပါတယ်။ သူက… Continue Reading →

ဘယ်ရီ လွီတက်စ်ရဲ့ လက်ထောက်နည်းပြအဖြစ် အသင်းကို ဝင်ရောက်လာတဲ့ ဂယ်ရီ အိုနေး

အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ပိုစ့်မောက်၊ မယ်ဒယ်ဘရော့၊ ဝက်ဟမ်းတို့နဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ချန်ပီယံရှစ်ကလပ် ဘော်တန်အသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဂယ်ရီ အိုနေးဟာ ကစားသမားဘဝ အနားယူပြီးနောက် တစ်နှစ်အကြာမှာပဲ လီဗာပူးအသင်းကို လက်ထောက်နည်းပြတစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပါပြီ။ သူဟာ ယူ-၁၈ အသင်းကနေ ယူ-၂၃ အသင်းကို တိုးမြင့် ကိုင်တွယ်ခွင့်ရထားတဲ့ ဘယ်ရီ လွီတက်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူမှာဖြစ်တယ်။ အသက် ၃၇ နှစ်အရွယ် ကွင်းလယ်လူက အရည်အချင်းရှိ လူငယ်တွေ အများအပြား ပိုင်ဆိုင်ထားတဲ့… Continue Reading →

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဆုကြေး ပေါက်ကြား

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဆုကြေးကို ဆွစ်ဇလန်အခြေစိုက် ဘောလုံးဆိုင်ရာ စီးပွားရေးတွေ ဖော်ပြနေတဲ့ အဖွဲ့ရဲ့ စာရင်းထုတ်ပြန်မှုတွေမှာ ပါဝင် ဖော်ပြသွားပါတယ်။ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် ရံှူးထွက်ထိပဲ တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ မနှစ်ကထက်တော့ ဆုကြေး နည်းပါးခဲ့ပါတယ်။ လီဗာပူးဟာ ရံှူးထွက်အဆင့်မှာ အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်ပြီး ၁၆ သင်းအဆင့်မှာတင် ထွက်ခဲ့ရကာ သုံးနှစ်ဆက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခွင့် ဆုံးရံှူးခဲ့ပါတယ်။ လီဗာပူးအသင်းရမယ့် ဆုကြေးက ၁၆ သင်းအဆင့်မှာ လှည့်ပြန်ရတဲ့… Continue Reading →

လီဗာပူးက နော်ဝစ်ဘယ်အစွန်လူ ဂျမယ် လူးဝစ်ကို ခေါ်ယူဖို့ ဘာလို့ လက်လျော့ခဲ့သလဲ

လီဗာပူး အားကစားဒါရိုက်တာ မိုင်ကယ် အတ်ဝတ်က ဂျမယ် လူးဝစ်ကို ခေါ်ယူရေး ညိနှိုင်းမှု လုပ်နေပေမယ့် နော်ဝစ်ဘက်က အားကစားဒါရိုက်တာ ဝဘ်ဘာနဲ့ ညိနှိုင်းရေးမှာ အဆင်ပြေဖွယ် မရှိတာကို နားလည်တာကြောင့် ခပ်မြန်မြန် နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီဗာပူးဟာ နွေဈေးကွက်မှာ ဘယ်အစွန်လူသစ် ရှာဖွေဖို့ကို ရည်ရွယ်ခဲ့တယ်။ မနှစ်က ရာသီတစ်ခုလုံးမှာ ရော်ဘတ်ဆန် ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့ပေမယ့် သူ မကစားနိုင်ရင် ဘယ်အစွန်မှာ လူမရှိဘူးဆိုတာကို အသင်းက နားလည်ခဲ့တာကြောင့် ဘယ်အစွန် ရှာဖွေရေးကို ဦးစားပေးအဖြစ် သက်မှတ်ခဲ့တယ်။ လီဗာပူးက… Continue Reading →

လီဗာပူးရဲ့ ချန်ပီယံလိဂ်သမိုင်းအတွင်း အကြိုက်ဆုံးပွဲကို ရွေးချယ်တဲ့ ဂန္တဝင်ကြီး ဂျွန်ဘန်းစ်

လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းစ်က လီဗာပူးနဲ့ ပက်သက်ပြီး သူအကြိုက်ဆုံး ပွဲကို ရွေးချယ်ရာမှာ ၂၀၀၅ က အင်စတမ်ဘူလ်း ဗိုလ်လုပွဲကို ကျော်ပြီး ၂၀၁၉ ဘာစီလိုနာကို အနိုင်ယူတဲ့ပွဲကို ရွေးချယ်လိုက်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးသော ဂန္တဝင်ပွဲအဖြစ် အခုချိန်ထိ မှတ်တမ်းဝင်တဲ့ ၂၀၀၅ အင်စတမ်ဘူလ်းပွဲကို ကျော်ပြီး ရွေးချယ်ရခြင်းမှာ ဂျွန်ဘမ်းစ်အတွက်လည်း အကြောင်းပြချက် ရှိပါတယ်။ သူကတော့ ပြိုင်ဘက်က ဘယ်သူတွေလဲဆိုတာထက် ကိုယ်က အကောင်းဆုံး စွမ်းဆောင်ပြမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့တဲ့ ၂၀၁၉ အသင်းကို ပိုနှစ်သက်တယ်လို့ ပြောပါတယ်။… Continue Reading →

လာရိုစီ၊ နီကိုး၊ ဝုဒ်ဘမ်း၊ အဒမ် လူးဝစ်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စများ

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်ရေး စတင်ဖို့ နီးကပ်လာချိန်မှာပဲ အသင်းရဲ့ လူငယ်တွေအတွက် အစီအစဉ် ဆွဲပေးမှုတွေ ထွက်ပေါ်လာပါပြီ။ ပထမဆုံးအားဖြင့် လူငယ်အသင်းမှာ တောက်ပခြင်းကြောင့် စီနီယာအသင်းထံ ခေါ်ယူထားတဲ့ နီးကိုးရဲ့ ခြေစွမ်းကို နှစ်သက်ပါတယ်။ ဒါကြောင့် ကစားသမားလေးကို ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးပို့သွားတော့မှာပါ။ သူနဲ့ ကားတစ်ဂျုံးဟာ လာမယ့်ရာသီ လီဗာပူး စင်တင်ပေးလိုတဲ့ လူငယ်နှစ်ဦး ဖြစ်လာပါမယ်။ ဆီမီးကတ်စ် ရောက်လာတော့မှာဖြစ်လိ့ လီဗာပူးက လာရိုစီကို အသင်းကနေ အပြီးသတ် စာချုပ်ဖြင့် ထွက်ခွင့် ပြုတော့မှာဖြစ်တယ်။… Continue Reading →

ကစားသမားတွေ ထွက်ခွာမှုကို အခြေခံပြီး လူသစ်ခေါ်ယူဖို့ အစီအစဉ် ဆွဲထားတဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ ဒီနွေအတွက် ကစားသမား ခေါ်ယူမှုဟာ အသင်းရဲ့ ကစားသမား ရှင်းထုတ်မှုအပေါ် အခြေခံသွားမယ်လို့ The Times က Paul Joyce က ဖော်ပြသွားပါတယ်။ လီဗာပူးက ဒီနွေမှ အသင်းက ကစားသမား ရောင်းထုတ်မှုကနေ ရတဲ့ ငွေကြေးတွေဖြင့် ကစားသမားသစ်တွေ ပြန်ခေါ်ယူရာမှာ အသုံးချနိုင်သလို၊ ကစားသမား ရောင်းထုတ်မှုကြောင့် လှစ်လှပ်သွားတဲ့ နေရာတွေအတွက် အစားထိုး ခေါ်ယူမှုတွေ ပြန်လုပ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ လက်ရှိ လီဗာပူးအသင်းမှာ ကားရီးယက်စ်၊ ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီ တို့လို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!