Date

August 12, 2020

ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

လီဗာပူးနဲ့ ဘရာဇီးလူငယ်တိုက်စစ်မှူး တဲလက်စ် မက်နိုတို့ရဲ့ သတင်းတွေက လွန်ခဲ့တဲ့ လတွေတုန်းကလိုပဲ ကောလဟာလတာဖြစ်ပြီး တရားဝင်ဖြစ်လာဖို့ လမ်းစတောင် မရှိသေးတဲ့ စောင့်ကြည့် အဆင့်မှာတင် ရှိနေပါသေးတယ်။ လီဗာပူးခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ ရာသီကြို လေ့ကျင့်ရေးအဖြစ် ပြင်သစ်က Evian ကိုသွားမယ့် ခရီးစဉ်အတွက် လီဗာပူးနဲ့ ပူးပေါင်းမှု မလုပ်ခင်မှာပဲ ဆွစ်ဇလန်မှာ တစ်ဦးတည်း လေ့ကျင့်ရေး လုပ်နေပါတယ်။ ချန်ပီယံရှစ်ကလပ် နော်ဝစ်စီးတီးအသင်းက ဂျမယ်လူးဝစ် ကိစ္စမှာ တစ်ကြိမ်တည်း ကမ်းလှမ်းခဲ့တဲ့ လီဗာပူးရဲ့ လုပ်ဆောင်ချက်ကို ဒေါသထွက်နေပြီး သူတို့ကို… Continue Reading →

ဗန်ဒိုက်ကို ခေါ်ယူဖို့ ဝက်ရုပ်စုဗူး ခွဲလိုက်တော့မယ်လို့ အရွှန်းဖောက်တဲ့ ဆွစ်ဇလန်ကလပ်

လီဗာပူးခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ ရာသီကြို လေ့ကျင့်ရေးအဖြစ် ပြင်သစ်က Evian ကိုသွားမယ့် ခရီးစဉ်အတွက် လီဗာပူးနဲ့ ပူးပေါင်းမှု မလုပ်ခင်မှာပဲ ဆွစ်ဇလန်မှာ တစ်ဦးတည်း လေ့ကျင့်ရေး လုပ်နေပါတယ်။ ဗန်ဒိုက်က ဆွစ်ဇလန်က ဆဉ္စမတန်းလိဂ်က FC Perly-Certoux ဆိုတဲ့ ကလပ်ရဲ့ ကွင်းမှာ လေ့ကျင့်ရေး ဆင်းနေခဲ့တာပါ။ ဒါကိုတေ့ အဆိုပါကလပ်ကပဲ FC Perly-Certoux အသင်းရဲ့ နောက်ထပ် လက်မှတ်ထိုမှု ဖြစ်လာမယ့်သူလားဆိုပြီး ဗန်ဒိုက် လေ့ကျင့်ရေး ဆင်းနေတဲ့ ဗီဒီယိုကို လူမှုကွန်ယက်မှာ အရွှန်းဖောက်ပြီး… Continue Reading →

ပရီးမီးယားလိဂ် ချန်ပီယံက သူတို့ကို မလေးစားဘူးလို့ စိတ်ဆိုးဒေါသထွက်နေတဲ့ နော်ဝစ်စီးတီး

ချန်ပီယံရှစ်ကလပ် နော်ဝစ်စီးတီးအသင်းက ဂျမယ်လူးဝစ် ကိစ္စမှာ လီဗာပူးရဲ့ လုပ်ဆောင်ချက်ကို ဒေါသထွက်နေပြီး သူတို့ကို မလေစားခြင်းလို့ ခံစားနေရကြောင်း နော်ဝစ်သတင်းထောက် Paddy Davitt က နော်ဝစ်၊ လီဗာပူးနဲ့ ဂျမယ် လူးဝစ်တို့ကိစ္စ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတဲ့ The inside story မှာ ဖော်ပြသွားပါတယ်။ ဂျမယ် လူးဝသ်ဟာ လီဗာပူးကို ပြောင်းခွင့်က အိပ်မက်လို အပြောင်းအရွှေ့ကိစ္စလို့ ယုံကြည်တာကြောင့် ကိစ္စတွေမှာ ပါဝင်ဖို့ အားလပ်ရက်ကိုတောင် ရက်တိုနဲ့တင် ဖျက်သိမ်းထားခဲ့ပါတယ်။ သူက နော်ဝစ်ရဲ့ ချန်ပီယံရှစ်… Continue Reading →

လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲနဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက် ပြန်ပြင်သွားမယ့် အက်ဖ်အေ

၂၀၂၀-၂၀၂၁ ဘောလုံးရာသီစ ပထမဆုံးပွဲအဖြစ် သြဂုတ်လ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲနဲ့ ပက်သက်ပြီး အင်္ဂလန်အက်ဖ်အေက ဆုံးဖြတ်ချက် ပြောင်းလဲသွားဖွယ်ရှိတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။ အစောတုန်းက အဆိုပါပွဲမှာ ဗြိတိန်အာဏာပိုင်တွေက နှစ်သင်းပရိသတ်ပေါင်း ၂၂၅၀၀ ကို ဝင်ခွင့်ပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့်လို့ အဆိုပါ အစီအစဉ်က ကိုဗစ် နောက်ထပ်လှိုင်းတွေ ဖြစ်ပေါ်မယ့် အန္တရာယ်နဲ့အတူ ထိခိုက်မှုတွေ ဖြစ်စေမယ့် အရေးကိစ္စ ပိုမို များပြားနိုင်တာကြောင့် ပြန်လည် ရုတ်သိမ်းသွားဖွယ် ရှိနေပါတယ်။ အသေးစိတ် ကိစ္စတွေကိုတော့… Continue Reading →

လီဗာပူး ဝင်ကမ်းလှမ်းလိုရိပ် ပြလာစဉ်မှာပဲ ဆာအတွက် ဈေးတင်သွားတဲ့ ဝတ်ဖိုဒ့်

ဝတ်ဖိုဒ့်ကတော့ ၎င်းတို့ရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ဆာကို ဒီနွေမှာ ခေါ်ယူမယ့် ကလပ်တွေကနေ ပေါင် သန်း ၄၀ ထိ တောင်းဆိုသွားတော့မှာ ဖြစ်ပါတယ်။ စပိန်၊ ဂျာမနီ ကလပ်တွေက စောင့်ကြည့်မှုတွေ ရှိလာတဲ့ ဆာကို လက်ဦးမှု ယူနိုင်ဖို့ကို ပဲလေစ့်နဲ့ ဝုဗ်က ကြိုးစားလိုနေတာပါ။ မနှစ်ကမှ ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူထားတဲ့ ဆာကို ဝတ်ဖိုဒ့်ကလည်း လက်လွတ်မခံလိုပါဘူး။ ဆာကို ရောင်းချရမယ် ဆိုရင်တောင်… Continue Reading →

ဂရိဘောလုံးလောကကို တုန်လှုပ်စေခဲ့တဲ့ လီဗာပူးနဲ့ ကိုစတက် အပြောင်းအရွှေ့

လီဗာပူးအသင်းကို ကိုစတက် ပြောင်းရွှေ့နိုင်ခြင်းအတွက် အိုလံပီယာကိုစ့်အသင်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသလို ဂရိဘောလုံးအသိုင်းအဝိုင်းကလည်း အတော်လေး ကျေနပ်အားရခဲ့ကြတယ်လို့ သိရပါတယ်။ ဂရိဟာ လီဗာပူးအမာခံ ပရိသတ်တွေ အခိုင်အမာရှိထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ လီဗာပူးအသင်း ဝဘ်ဆိုဒ်မှာဆိုရင် ဂရိအမာခံ ပရိသတ်နဲ့ တွေ့ဆုံ အင်တာဗျူးကို ၂၀၁၃ ခုနှစ်က ထုတ်ပြန်ပေးထားခဲ့ဖူးပါတယ်။ ထိုနည်းတူပဲ နာမည်ကျော် လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ This is Anfield ကလည်း ကိုစတက် လီဗာပူးရောက်တဲ့ အခြေအနေအတွက် ဂရိဒေသခံ ပရိသတ်တွေနဲ့ မေးမြန်းမှု လုပ်ခဲ့ပြီးေ အာက်ပါအတိုင်း ပြန်ဖြေဆိုခဲ့ကြပါတယ်။… Continue Reading →

ကိုစတက် လီဗာပူးမှာ အောင်မြင်နိုင်တဲ့ အကြောင်းရင်းကို ချီရီဗီလာ ပြောပြ

နန့်တက်အသင်း ကွင်းလယ်လူ ချီရီဗီလာက လီဗာပူးဘယ်အစွန်လူသစ် ကိုစတက်ဟာ အသင်းမှာ ဘာလို့ အောင်မြင်နိုင်သလဲ ဆိုတာကို ထုတ်ပြောမှု လုပ်သွားပါတယ်။ လီဗာပူးကနေ Willem II ကို အငှားထွက်ခဲ့စဉ်က ချီရီဗီလာ၊ ကိုစတက်နဲ့ ဝိုက်နယ်ဒမ်ရဲ့ ညီဖြစ်သူတို့ဟာ ကလပ်တစ်သင်းတည်းမှာ အတူ တွဲဘက် ကစားခဲ့ကြတာပါ။ ကိုစတက်ရဲ့ စိတ်ဓါတ်ပိုင်းကို ကောင်းကောင်းသိတဲ့ ချီရီဗီလာကပဲ ဂရိ ကစားသမားအကြောင်း လီဗာပူးပရိသတ်တွေကို ဖောက်သည်ချခဲ့တာဖြစ်တယ်။ ကံမကောင်းစွာပဲ အသင်းဖော်ဟောင်း ကိုစတက် ရောက်လာချိန်မှာပဲ ချီရီဗီလာက အသင်းကနေ ထွက်ခွာသွားခဲ့ပါပြီ။ နန့်တက်… Continue Reading →

ပရီးမီးယားလိဂ် ဆုကြေးခွဲဝေမှုနဲ့ ပက်သက်ပြီး သတင်းကောင်းရလိုက်တဲ့ လိဂ်ချန်ပီယံ လီဗာပူး

ပရီးမီးယားလိဂ် ကလပ်တွေက ရုပ်သံကုမ္ပဏီတွေကို ငွေကြေး ပြန်သွင်းရခြင်း ကိစ္စအား ရွှေ့ဆိုင်းလိုက်ဖို့ သဘောတူညီခဲ့ကြပြီဖြစ်လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းဟာ စံချိန်တင် ဆုကြေးနဲ့ ရုပ်သံလွှင့်ခကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ရာသီဝက်တစ်ခုလုံးဟာ ပွဲတွေ ရွှေ့ဆိုင်းရခြင်း၊ စီးပွားရေးတွဲဘက်တွေ ရပ်နားကုန်ခြင်း၊ ကွင်းအတွင်း ပရိသတ်တွေ ဝင်ခွင့် မရခြင်းတို့ကြောင့် ဝင်ငွေပိုင်းမှာ အကြီးအကျယ် ထိခိုက်ခဲ့ကြတာပါ။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ဝင်ငွေ ရလမ်းတစ်ခုဖြစ်တဲ့ ရုပ်သံလွှင့်ကြေးကိုတော့ ပုံမှန်အတိုင်း ပေးကြဖို့ကိုပဲ သဘောတူညီခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေက ရုပ်သံလွှင့်ခ ပြန်သွင်းရတဲ့… Continue Reading →

လီဗာပူးနဲ့ အယ်ကန်တာရာကြား အပြောင်းအရွှေ့ အခြေအနေနဲ့ ဝိုက်နယ်ဒမ်ရဲ့ စာချုပ်ကိစ္စ

ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာ လီဗာပူးကို ပြောင်းလိုနေတဲ့ သတင်းက မှန်ပါကြောင်း စကိုင်းစပေါ့ သတင်းထောက် Kaveh Solhekol က အတည်ပြုသွားပါတယ်။ ဒါပေမယ့် လီဗာပူးက သူ့ကို ခေါ်ယူဖို့ စိတ်မဝင်စားသေးပါဘူး။ ဒီကိစ္စဟာ အပြောင်းအလဲ မရှိသေးဘဲ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ ကလပ်တွေက စိတ်ဝင်စားနေဆဲပါ။ ဘိုင်ယန်နဲ့ စာချုပ် တစ်နှစ်ပဲကျန်တဲ့ အယ်ကန်တာရာက သက်တမ်းမတိုးဘဲ စိတ်ခေါ်မှုအသစ်တွေအတွက် နယ်မြေသစ်တွေထံ ပြောင်းရွှေ့လိုနေပါတယ်။ ဘိုင်ယန် အားကစားဒါရိုက်တာ ရူမန်နီဂီက ဒီအပတ်မှာပဲ အယ်ကန်တာရာအတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!