Date

September 3, 2020

ကြာသပတေးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးဟာ ၂၀၁၈ ခုနှစ်တုန်းက ကလပ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ကော်တင်ညိုကို ဘာစီလိုနာထံ လက်လွတ်မှုမှာ ၂၀၂၀ ခုနှစ်အထိ လီဗာပူးကစားသမား တစ်ဦးကို ဘာစီလိုနာဘက်က ထပ်မံ ခေါ်ယူမယ်ဆိုရင် လျော်ကြေး ယူရို သန်း ၁၀၀ ပေးဖို့ ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းထားခဲ့ပြီး ဒီနွေထိ သက်ရောက်မှု ရှိပါမယ်။ လီဗာပူးအသင်းဟာ နွေဈေးကွက် မပိတ်ခင်မှာ ကစားသမား ၂ ခု (သို့) ၃ ခု ပြုလုပ်မှာဖြစ်ပြီး အဲ့အတွက် ကစားသမား အတည်ပြု… Continue Reading →

ရာသီသစ်မှာ လီဗာပူး ပရီးမီးယားလိဂ် ထိပ်တန်း ၂ သင်းစာရင်းတောင် မဝင်ဘူးလို့ နဗီး ခန့်မှန်း

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂယ်ရီနဗီးက ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ဒီနွေမှာ ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်ထားတဲ့ ချယ်ဆီးတို့က လာမယ့်ရာသီအတွင်း ထိပ်ဆုံး ၂ သင်းပြင်ပမှာပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ လာမယ့်ရာသီ ထိပ်ဆုံး ၄ သင်းဝင်မယ့် အသင်းများကို ခန့်မှန်းရာမှာ ဂယ်ရီနဗီးက မန်စီးတီးက ပရီးမီးယားလိဂ်ကို အောင်နိုင်မယ်လို့ ဆိုခဲ့သလို မန်စီးတီးကို ယှဉ်ပြိုင်ပြီး အမှတ်ပေးဖလား လုမယ့်အသင်းအဖြစ် လက်ရှိ ချန်ပီယံ လီဗာပူးမဟုတ်ဘဲ ယူနိုက်တက်က စွမ်းဆောင်သွားမယ်လို့ ယုံကြည်နေတာပါ။ ဂယ်ရီနဗီးက ‘ ပရီးမီးယားလိဂ်ကို… Continue Reading →

ကီရာဘီကြောင့် စီနီယာနဲ့ လူငယ် ပေါင်းစည်းမှု ပိုမိုအောင်မြင်လာမယ်လို့ အကယ်ဒမီဒါရိုက်တာ ပြော

လီဗာပူးအကယ်ဒမီ ဒါရိုက်တာ အဲလက်စ်က ကီရာဘီကို အသစ်ပြန်တည်ဆောက်မှုက ပထမအသင်းကို လူငယ်ကစားသမား ရောက်ရှိမယ့် အနေအထားအား ပိုမို အားကောင်းစေမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အကယ်ဒမီ ကစားသမားတွေကို ကီရာဘီမှာ လေ့ကျင့်စေပြီး စီနီယာအသင်းသားတွေနဲ့တကွ မန်နေဂျာကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေ နှစ်သက်တဲ့ လူငယ်တွေက မဲဝုဒ်မှာ လေ့ကျင့်ကြတာပါ။ မဲဝုဒ်မှာ ကလော့ပ်နဲ့ နည်းပြအဖွဲ့တွေဟာ အကယ်ဒမီက ပို့လာတဲ့ လူငယ်ကြယ်ပွင့်တွေကို အကဲဖြတ်ပေးရတာဖြစ်တယ်။ ဒါပေမယ့်လို့ အနာဂတ်မှာတော့ ကီရာဘီမှာပဲ စီနီယာအသင်းကော သက်တမ်းအလိုက် လူငယ်အသင်းတွေပါ အတူတကွ လေ့ကျင့်နိုင်မှာဖြစ်ကာ… Continue Reading →

RUMOUR: လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်လာတဲ့ ဆဲလ်တစ်နဲ့ ဆဲလ်ဘတ်မှ ကစားသမားများ

လီဗာပူးအသင်းဟာ နွေဈေးကွက် မပိတ်ခင်မှာ ကစားသမား ၂ ခု (သို့) ၃ ခု ပြုလုပ်မှာဖြစ်ပြီး အဲ့အတွက် ကစားသမား အတည်ပြု ရွေးချယ်မှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ ဘယ်အစွန်အတွက် ကိုစတက်ကို ခေါ်ယူမှု မတိုင်ခင်မှာ အစွန်သမား ၅ ဦးကို ရွေးချယ်ခဲ့တဲ့ နည်းလမ်းအတိုင်း လီဗာပူးရဲ့ အပြောင်းအရွှေ့ ခေါ်ယူရေး တာဝန်ရှိသူတွေက ကစားသမား ရှာဖွေမှုတွေကို အပြီးသတ် ပြုလုပ်နေတယ်။ ကပ်ဘေးအတွင်း မသေချာမှုတွေကြောင့်နဲ့ အခြားသော အခက်အခဲတွေကြောင့် လီဗာပူးရဲ့ ခေါ်ယူမှုတွေက ဈေးကွက်ရဲ့… Continue Reading →

ဆောက်သမ်တန်မှာ သူအောင်မြင်ရခြင်းအတွက် ဖာမင်နိုကို ကျေးဇူးတင်ဟန်ရှိတဲ့ ဒန်နီအင့်

အင်္ဂလန် လက်ရွေးစင်အသင်းက ရွေးချယ်ခြင်းကို ခံထားရတဲ့ တိုက်စစ်မှူး အင့်က သူ့ရဲ့ တိုးတက်မှုတွေဟာ လီဗာပူးအသင်းမှာ သင်ယူခဲ့ရတဲ့ နည်းလမ်းတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒန်နီအင့်ဟာ လီဗာပူးအသင်းမှာ သုံးရာသီ ကစားခဲ့ကာ ဆောက်သမ်တန်ကို အငှားထွက်ခဲ့သူပါ။ လီဗာပူးအဝတ်လဲခန်းမှာ ထင်ရှားတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာက သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ သူ လီဗာပူးကနေ ထွက်ခွာမယ်လုပ်တုန်းက ဟန်ဒါဆန်နဲ့ မီလ်နာတို့က တားမြစ်မှုတွေ လုပ်ခဲ့ပေမယ့် အင့်က သူ့ကစားသမားဘဝအတွက် ရွေးချယ်မှု လုပ်ခဲ့ခြင်းဖြစ်တယ်။ အင်္ဂလန်အသင်းနဲ့ အင်တာဗျူးမှာတော့… Continue Reading →

ဂိုးမက်စ်နဲ့ စတာလင်တို့ကို တွဲသုံးရမယ့် ကိစ္စအား စဉ်းစားထားတဲ့ အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က သူ့ရဲ့ အသင်းမှာ ဂိုးမက်စ်နဲ့ စတာလင်တို့ကို တစ်သင်းတည်း တွဲဘက် ကစားစေဖို့ ပြဿနာ မဟုတ်ဘူးလို့ ယူဆထားကြောင်း သိရပါတယ်။ ဒီအပတ် နိုင်ငံတကာသီတင်းပတ်ဟာ ဂိုးမက်စ်နဲ့ စတာလင်တို့ ပြဿနာဖြစ်ခဲ့တဲ့ နိုဝင်ဘာ နိုင်ငံတကာသီတင်းပတ် နောက်ပိုင်း လက်ရွေးစင်အဆင့်မှာ ပထမဆုံးအကြိမ် ပြန်လည် ပူးပေါင်းကြခြင်းဖြစ်တယ်။ အဆိုပါတုန်းက မွန်တီနီဂရိုးပွဲ မတိုင်ခင်မှာ ကစားသမား နှစ်ဦးဟာ ကန်တင်းမှာ ပြဿနာတတ်ခဲ့ကြပါတယ်။ ပွဲနေ့မှာ လူစားဝင်လာတဲ့ ဂိုးမက်စ်ကို အင်္ဂလန်ပရိသတ်တွေက ဘူး လုပ် လှောင်ပြောင်ခဲ့ကြတယ်။ ၎င်းတို့က… Continue Reading →

ဒီနွေဈေးကွက်မှာ ဘိုင်ယန်ကနေ သီယေဂို ထွက်သွားတော့မယ် အတည်ပြုတဲ့ မန်နေဂျာဖိလစ်

ဘိုင်ယန်မန်နေဂျာ ဖိလစ်က ကွင်းလယ်လူ အယ်ကန်တာရာဟာ ဒီနွေမှာ ဘိုင်ယန်ကနေ သေချာပေါက် ထွက်ခွာမယ်လို့ ထပ်မံကာ ထုတ်ပြောလိုက်ပါတယ်။ စပိန်သားဟာ ဘိုင်ယန်ကနေ ထွက်ခွာလိုသလို ဘိုင်ယန်ကလည်း သက်တမ်းမတိုးဘဲ ဒီနွေမှာတင် ရောင်းထုတ်လိုတယ်။ ဒါပေမယ့်လို့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ဘိုင်ယန်ရဲ့ တောင်းဆိုဈေးက မြင့်မားနေလို့ ကမ်းလှမ်းမယ့် ကလပ်တွေ အခုချိန်ထိ မဝင်လာသေးတာဖြစ်ပါတယ်။ ဖိလစ်က “ သူ ထွက်သွားမှာပါ။ ကျနေ်ာတို့က ချန်ပီယံလိဂ်ကို အလေးအနက်ထားနေခဲ့ပြီး ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ သူ့ရဲ့ စာချုပ်ကိစ္စကို… Continue Reading →

ဟယ်ရီဝဲလ်ဆန်ကို ချိတ်ဆက်နေကြခြင်း အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးရ အခြေအနေ

လီဗာပူးရဲ့ ဝေလ်းကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကိုတော့ ပရီးမီးယားလိဂ်ကလပ် သုံးသင်းက ချိတ်ဆက်မှုတွေ လုပ်ထားခဲ့ပြီး သဘောတူညီမှု ရလောက်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ မနှစ်ကရာသီ ဘုန်းမောက်ကို အငှားထွက်ခဲ့တဲ့ ဝဲလ်ဆန်ကို နယူးကာဆယ်၊ ဆောက်သမ်တန်နဲ့ လိဒ်ယူနိုက်တက်တို့က ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကမ်းလှမ်းမှု တစ်ခုကမှ လီဗာပူး တောင်းဆိုထားတဲ့ ပေါင် သန်း ၂၀ ဆိုတဲ့ ပမာဏကို မရောက်ခဲ့ဘူးလို့ သိရပါတယ်။ အသက် ၂၄ နှစ်ကို ရောက်လာတော့မယ့် ဝဲလ်ဆန်ဟာ ကုန်ခဲ့တဲ့ ၃ ရာသီလုံး… Continue Reading →

ဒီနွေမှာ လီဗာပူးကစားသမားကို ခေါ်ယူရင် လျော်ကြေး ယူရို သန်း ၁၀၀ ပေးရမယ့် ဘာစီလိုနာ

လီဗာပူးဟာ ၂၀၁၈ ခုနှစ်တုန်းက ကလပ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ကော်တင်ညိုကို ဘာစီလိုနာထံ လက်လွတ်မှုမှာ ရေရှည်အတွက် ရည်ရွယ်တဲ့ အချက်တစ်ချက် ထည့်သွင်းခဲ့ပါတယ်။ အဲ့တာကတော့ ၂၀၂၀ ခုနှစ်အထိ လီဗာပူးကစားသမား တစ်ဦးကို ဘာစီလိုနာဘက်က ထပ်မံ ခေါ်ယူမယ်ဆိုရင် လျော်ကြေး ယူရို သန်း ၁၀၀ ပေးဖို့ ဆိုတဲ့ သဘောတူညီချက်ဖြစ်တယ်။ ဒါဟာ ဆွာရက်စ်၊ ကော်တင်ညိုလို ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူသွားလေ့ရှိတဲ့ ဘာစီလိုနာထံ နောက်ထပ် ကစားသမားတွေ လက်မလွတ်ရဖို့ လီဗာပူးဘက်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!