Date

September 8, 2020

အင်္ဂါနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ဘရူးစတားကို အပြီးသတ် ခေါ်ယူလိုတဲ့ ကလပ်တွေ များနေပြီး လီဗာပူးကတော့ အင်္ဂလန်တိုက်စစ်သမားကို ရောင်းထုတ်ခဲ့ရင်လည်း စာချုပ်မှာ အလိုရှိက ပြန်လည် ခေါ်ယူခွင့် သဘောတူညီချက် ထည့်သွင်းလိုနေပါတယ်။ ဝေလ်းကစားသမား ဝဲလ်ဆန်ဟာ လက်ရွေးစင်ကနေ ပြန်ရောက်လာပြီးနောက် ဒီကနေ့ မဲဝုဒ်မှာ ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ စတင် ပူးပေါင်း ပါဝင်သွားပါတယ်။ အသက် ၂၃ နှစ်အရွယ် ဝေလ်းကစားသမား ဝဲလ်ဆန်ကို အရောင်းစာရင်း တင်ထားပြီး သူ့ကို အမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းထားတဲ့ အသင်းက အက်စတွန်ဗီလာဖြစ်ကာ… Continue Reading →

အပြောင်းအရွှေ့မှာ ထင်သလို မဖြစ်လို့ ပြောင်းပြန် အကွက်ရွှေ့ဖို့ လီဗာပူး ပြင်ဆင်

လီဗာပူးအသင်းက အပြောင်းအရွှေ့မှာ မျှော်လင့်ထားသလို မဟုတ်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် ကစားသမား ရောင်းချမှုကို အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ကလပ်ဟာ အသက် ၂၃ နှစ်အရွယ် ဝေလ်းကစားသမား ဝဲလ်ဆန်ကို အရောင်းစာရင်း တင်ထားပြီး အသက် ၂၀ အရွယ် ဘရူးစတားကိုတော့ အတွေ့အကြုံတွေရဖို့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းထံ အငှားချဖို့ ရည်ရွယ်ခဲ့တာပါ။ နှစ်ဦးလုံးကို စိတ်ဝင်စားတဲ့ ကလပ်တွေ အများအပြား ရှိခဲ့ခြင်းကြောင့် လီဗာပူးက ကမ်းလှမ်းမှုတွေလည်း စတင် ရရှိထားပါတယ်။ ဝဲလ်ဆန်အတွက် ပေါင် သန်း ၂၀ကို… Continue Reading →

ချန်ပီယံလိဂ် ရုပ်သံကြေး ပေါင် ၅၁၈ သန်း ပြန်ပေးရမယ့်အထဲမှာ ပါဝင်သွားတဲ့ လီဗာပူး

ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေဟာ မနှစ်က ဘောလုံးရာသီအတွက် ရမယ့် ချန်ပီယံလိဂ်ဆုကြေးကနေ ရုပ်သံကြေး ပြန်သွင်းရမှာတွေအတွက် ဆုကြေး ဖြတ်တောက်ခံရမှုတွေ ရှိလာပါလိမ့်မယ်။ ယူအီးအက်ဖ်အေက ကပ်ဘေးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းပြီး ကျင်းပခြင်းနဲ့အတူ ပြိုင်ပွဲဟာ မျှော်လင့်ထားတာထက် အများကြီး တိုးတောင်းတဲ့ ပုံစံဖြင့် အဆုံးသတ်ခဲ့ရတယ်။ ဒါတွေကြောင့် ယူအီးအက်ဖ်အေက ရုပ်သံကြေး ပေါင် ၅၁၈ သန်း ဖြတ်တောက်မှာဖြစ်ကာ ဒီငွေကြေးတွေကို ဥရောပပြိင်ပွဲဝင် ကလပ်တွေ မျှဝေပြီး ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဆုကြေးပေးမှုနှုန်း ပိုမြင့်တဲ့ ချန်ပီယံလိဂ်က ပိုမို… Continue Reading →

သူ့အသင်းဟောင်းနဲ့ နှိုင်းယှဉ်ပြီး လီဗာပူးက ဒီနှစ်တော့ မလွယ်ပါဘူးလို့ ဆိုလာတဲ့ ဖာဒီနန်

ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က ရာသီသစ်အတွက် အမှတ်ပေးဖလား အနိုင်ရဖို့ ရေပန်းစားမှုမှာ လီဗာပူးက ထိပ်ဆုံးက ဆက်ရှိနေပေမယ့် အားနည်းချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဖာဒီနန်ကတော့ ကုန်ခဲ့တဲ့ နှစ်နှစ်မှာ လီဗာပူးရဲ့ အဓိက ကစားသမားတွေ ကြံ့ခိုင်မှု ကောင်းနေခဲ့တာက အမှတ်ပေးဖလား အောင်နိုင်ဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ သုံးနှစ်ဆက်တော့ ကံကောင်းမှာ မဟုတ်ဘူးလို့ သူက ဆိုတာပါ။ ဒါ့အပြင် ယူနိုက်တက်အတွက် သူကစားခဲ့စဉ်ကလည်း ကစားသမားကောင်းတွေက နှစ်ရာသီဆက်လောက် ကြံ့ခိုင်မှုကောင်းဖို့က မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါသေးတယ်။ ဖာဒီနန်က… Continue Reading →

လီဗာပူးနဲ့ အပြောင်းအရွှေ့ အပြီးသတ်မှုတွေ လုပ်နိုင်ဖို့ သီယေဂိုကို ခွင့်ရက်ပေးလိုက်တဲ့ ဘိုင်ယန်

အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်တွေဖြစ်တဲ့ Fabrizio Romano နဲ့ Christian Falk တို့ကတော့ လီဗာပူးနဲ့ သီယေဂိုတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို ဒီကနေ့မှာ သတင်းသစ် ထပ်ပေးခဲ့ပါပြီ။ Fabrizio Romano က ” သီယေဂိုဟာ ပုံမှန် စစ်ဆေးနေကျ ကိုဗစ် စစ်ဆေးမှုတွေကို လုပ်ဖို့ ဘိုင်ယန်အသင်းရဲ့ လေ့ကျင့်ရေးဆင်တာကို သွားရောက်မှာတောင် မဟုတ်တော့ပါဘူး။ အရေးပါတဲ့ နေ့ရက်တွေက ရောက်လာပါပြီ။ လီဗာပူးက သူ့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားဆဲဖြစ်ကာ ဘိုင်ယန်ဘက်က ယူရို သန်း ၃၀… Continue Reading →

အန်ဖီးကွင်းမှာ ရိုင်းပျခဲ့မိတာကို ရှက်မိပြီး သူ့ရဲ့ အပြုအမှုအတွက် နောင်တရကြောင်း လမ်းပတ် ဝန်ခံ

ချယ်ဆီးမန်နေဂျာ လမ်းပတ်က မနှစ်တုန်းက အန်ဖီးကွင်းမှာ ယာဂင်ကလော့ပ်နဲ့ ထိပ်တိုက်တွေ့ခဲ့စဉ် သူလုပ်ခဲ့တဲ့ အပြုအမှုအတွက် နောင်တရပါကြောင်း ဝန်ခံလိုက်ပါတယ်။ လမ်းပတ်က အဆိုပါပွဲမှာ လေးစားမှု ကင်းမဲစွာ ဆဲဆိုမှုတွေပါ လုပ်ခဲ့မိပြီး ဒါဟာ စိတ်ဆန္ဒပြင်းပြသွားရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်ဖြစ်ပါတယ်လို့ ဝန်ခံတယ်။ ဒါပေမယ့်လို့ လီဗာပူးရဲ့ အောင်မြင်မှုအပေါ်မှာ ဘာပြဿနာမှ မရှိပါဘူးလို့လည်း သူက ဖွင့်ဟပါသေးတယ်။ လမ်းပတ်က ‘ ဟုတ်ပါတယ်။ ကျနော် နောင်တရပါတယ်။ နောက်တစ်ရက်အကြာမှာ ကျနော် သူငယ်ချင်းက မနက်ကြီး အဲ့သတင်းကို မက်ဆေ့ကနေ ပို့လာတော့… Continue Reading →

ဒီနှစ်တော့ လီဗာပူး မလွယ်ပါဘူးဆိုတဲ့ ဆောင်းနက်ရဲ့ ထိပ်ဆုံး ၄ သင်း ခန့်မှန်းမှု

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဆောင်းနက်က ဒီရာသီဟာ မနှစ်တုန်းကလို မဟုတ်ဘဲ ခက်ခဲမယ့် ဘောလုံးရာသီ ဖြစ်လာလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒါပေမယ့်လို့ ဆောင်းနက်က လိဂ်ချန်ပီယံအဖြစ် လီဗာပူး ဆက်လက် အနိုင်ရဦးမယ်လို့ ယုံကြည်နေပြီး အသင်း ၄ သင်းကပဲ ထိပ်ဆုံးအဆင့်နေရာတွေအတွက် ပြိုင်ဆိုင်ကြပါလိမ့်မယ်လို့ သုံးသပ် ပြောဆိုပါသေးတယ်။ ဆောင်းနက်က ” လက်ရှိ အခြေအနေမှာတော့ အမှတ်ပေးဖလားအတွက် လီဗာပူးက ရေပန်းစားအသင်းတစ်သင်း ဖြစ်နေဦးမှာပါ။ ဒါပေမယ့်လို့ ပြိုင်ဘက်တွေထက် ခပ်ဝေးဝေးရောက်နေတာမျိုး နောက်တစ်ကြိမ် ထပ်တွေ့ရမယ်လို့ မထင်ပါဘူး။ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်။… Continue Reading →

ဘရူးစတားကို အငှားမဟုတ်ဘဲ အပြီးရောင်းထုတ်ပေးဖို့ ပရီးမီးယားလိဂ်ကလပ်တွေ မျှော်လင့်

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ပဲလေစ့်၊ အက်စတွန်ဗီလာတို့ဟာ လီဗာပူးထံကနေ ဘရူးစတားကို အငှားမဟုတ်ဘဲ အပြီးသတ် ခေါ်ယူခွင့်ရဖို့ ညိနှိုင်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တယ်လီဂရပ်က ဖော်ပြရာမှာတော့ ကစားသမားကို အငှားခေါ်ယူခြင်း (သို့) အပြီးသတ် ခေါ်ယူခြင်းတွေကို အဆိုပါ ကလပ်တွေက တောင်းခံလိုတယ်လို့ ဆိုတယ်။ အစောပိုင်းက သတင်းထွက်နေသလို လီဗာပူးက ဘရူးစတားအတွက် ပေါင် သန်း ၂၀ ဈေးတောင်းခြင်း မဟုတ်ဘဲ ပရီးမီးယားလိဂ် ကလပ်တွေဘက်က ပေါင် သန်း ၂၀ ဖြင့် အင်္ဂလန်တိုက်စစ်သမားကို ကမ်းလှမ်းလိုကြတာဖြစ်တယ်လို့ သိရပါတယ်။… Continue Reading →

အင်္ဂါနေ့ မနက်ပိုင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ဗဟိုခံစစ်နေရာမှာ ယာယီသုံးနိုင်ဖို့ ဖာဘင်ညိုကို ရည်ရွယ်ထားပါတယ်။ ခံစစ်မှူးသစ် ထပ်မံ အင်အားဖြည့်လိုပေမယ့် ခပ်မြန်မြန် လုပ်ဆောင်နိုင်ဖို့ရာ သံသယရှိစရာ အနေအထားကို ရောက်လာနေကြောင်း မာဆေးဆိုဒ် သတင်းထောက်က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရာမှာ ဗဟိုခံစစ်အတွဲအဖြစ် ဂိုးမက်စ်နဲ့ ဗန်ဒိုက်အတွဲကိုပဲ အသုံးပြုပါမယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲကို ကွင်းလယ်ဒိုင်အဖြစ် မိုင်ကယ် အိုလီဗာက ကိုယ်တွယ်သွားမှာ ဖြစ်ပါတယ်။ ဘိုင်ယန်ကနေ ထွက်ခွာမယ့် ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာဟာ ဘာစီလိုနာကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!