Date

September 13, 2020

သတိပေးခံရမှုတွေနဲ့အတူ တနင်္ဂနွေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ပရီးမီးယားလိဂ်က အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ကစားကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့်ပေးဖို့ ကိစ္စအား အာဏာပိုင်တွေကို ဆက်လက် ဖိအားပေးနေပေမယ့် မအောင်မြင်မယ့် အနေအထားမှာလည်း ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ချန်ပီယံဖြစ်လာဖို့ ခက်ခဲပေမယ့် ပိုခက်ခဲတာက ချန်ပီယံဖြစ်လာခဲ့ပြီးရင် တူညီတဲ့ ဆာလောင်စိတ်နဲ့ အောင်မြင်မှုကို ဆက်ထိန်းဖို့ကိစ္စ ဖြစ်တယ်လို့ လီဗာပူးအသင်းကို သတိပေးလိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပဲရစ်ကလပ်ကို ဒီရာသီဟာ ပီအက်စ်ဂျီအတွက် သူနောက်ဆုံး ကစားပေးမယ့် ဘောလုံးရာသီဖြစ်ကြောင်း ပြောဆိုထားခဲ့ကာ သူထွက်ခွာနိုင်တဲ့ အသင်း… Continue Reading →

ပရီးမီးယားလိဂ် ချန်ပီယံကို ကာကွယ်ဖို့ အရမ်း မလွယ်ဘူးလို့ လီဗာပူးကို သတိပေးတဲ့ ဒီဘရိုင်း

လီဗာပူးအသင်းနဲ့ လိဒ်ယူနိုက်တက်တို့ပွဲ မတိုင်ခင်မှာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ အဲ့တာကတော့ ချန်ပီယံဖြစ်လာဖို့ ခက်ခဲပေမယ့် ပိုခက်ခဲတာက ချန်ပီယံဖြစ်လာခဲ့ပြီးရင် တူညီတဲ့ ဆာလောင်စိတ်နဲ့ အောင်မြင်မှုကို ဆက်ထိန်းဖို့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ မန်စီးတီးဟာ ချန်ပီယံ နှစ်ကြိမ်ဆက် ဖြစ်အပြီးမှာ အောင်မြင်မှုကို ဆက်မထိန်းနိုင်တော့ဘဲ လက်လွတ်ခဲ့ရမှုနဲ့အတူ ဒီရာသီမှာ လီဗာပူးရဲ့ ချန်ပီယံ ကာကွယ်မှုက လွယ်ကူမှာ မဟုတ်ကြောင်း သတိပေးခဲ့တယ်။ ဒီဘရိုင်းက ” မျှော်လင့်ထားတာထက် ပိုခက်ခဲခဲ့ပါတယ်။ လီဗာပူးနဲ့အတူ တိုက်ခိုက်ဖို့ ကျနော်တို့… Continue Reading →

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ မျှော်လင့်ချက်ကြီးက ကန့်ကွက်ခံရမှုနဲ့အတူ ထပ်မံ အထိနာဖွယ်ရှိ

ပရီးမီးယားလိဂ်က ကစားကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့်ပေးဖို့ ကိစ္စအား အာဏာပိုင်တွေကို ဆက်လက် ဖိအားပေးနေပေမယ့် မအောင်မြင်မယ့် အနေအထားမှာလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်လမှာတော့ ဘောလုံးကွင်းတွေထဲ ပရိသတ်တွေကို အကန့်အသတ်ဖြင့် ပြန်ဝင်ခွင့်ပေးဖို့ ပရီးမီးယားလိဂ်ကလပ်တွေက ကြိုးစားနေတာပါ။ သက်မှတ် ဝင်ဆံ့နှုန်းရဲ့ ၂၀% ကနေ ၃၀ % ထိ ဝင်ခွင့်ရမှုနဲ့အတူ ဘဏ္ဍာရေးပိုင်းအတွက် အသက်ဆက်နိုင်မယ့် အနေအထားမျိုးကို ကလပ်တွေက အလိုရှိနေပါတယ်။ ဘောလုံးအသင်းတွေဟာ ရုပ်သံဝင်ငွေ တစ်ခုတည်းကို အားကိုးနေရပြီး ပရီးမီးယားလိဂ် အောက်တန်းလိုက်တွေ အတွက်က ရပ်တည်မှု… Continue Reading →

ရာသီအကုန် ပီအက်စ်ဂျီက ထွက်ခွာခဲ့ရင် လီဗာပူးကို ပြောင်းဖို့လည်း စိတ်ဝင်စားတဲ့ အမ်ဘတ်ပီ

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပဲရစ်ကလပ်ကို ဒီရာသီဟာ ပီအက်စ်ဂျီအတွက် သူနောက်ဆုံး ကစားပေးမယ့် ဘောလုံးရာသီဖြစ်ကြောင်း ပြောဆိုထားခဲ့ပြီးပြီလို့ The Times က ဖော်ပြပါတယ်။ အမ်ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ဟာ ၂၀၂၂ ခုနှစ်ထိပဲ စာချုပ်ရှိတာဖြစ်ပြီး နောက်နှစ်နွေမှာ ရောင်းထုတ်ခြင်း မလုပ်ရင် အလွတ်နဲ့ ထွက်ခွာခွင့်ရဖို့ နီးစပ်နေတာဖြစ်တယ်။ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရင်တော့ အမ်ဘတ်ပီရဲ့ အသက်က ၂၃ နှစ်အရွယ်မှာပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ အမ်ဘတ်ပီက စပိန်နဲ့ အင်္ဂလန်လိဂ်တွေမှာ ပြောင်းရွှေ့ ကစားနိုင်ကာ သူ ပြောင်းလိုတဲ့… Continue Reading →

သီယေဂိုကို အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှ အင်္ဂလန် ကလပ် ၂ သင်းက ကမ်းလှမ်းမည်

ဘိုင်ယန်အကြီးအကဲဟောင်း Uli Hoeneß က ကွင်းလယ်လူ သီယေဂိုနဲ့ ပက်သက်တဲ့ သတင်းကို ထုတ်ပြောလာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေက ယူရို သန်း ၃၀ ကို မပေးလိုကြဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ လီဗာပူးက သီယေဂိုကို ခေါ်ယူဖို့ ရေပန်းစားဆဲဖြစ်ကာ မန်နေဂျာကလော့ပ်ရဲ့ တောင်းဆိုမှုကြောင့် လီဗာပူးက ဈေးကွက်ထဲကနေ မထွက်သေးပါဘူး။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုလည်း မပေးသေးတဲ့ အနေအထားဖြစ်တယ်။ သီယေဂိုကို နောက်ထပ် စိတ်ဝင်စားနေတဲ့ ကလပ်က ယူနိုက်တက်ဖြစ်ပြီး သူတို့ကတော့ ကစားသမားရဲ့ အေးဂျင့်ဘက်ကနေ ဆက်သွယ်နေခဲ့တာလို့… Continue Reading →

လိဒ်ပွဲမှာ လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ထိုးနှက်ချက်တွေကို ဗန်ဒိုက် တည်ငြိမ်စွာ တုန့်ပြန်

ခံစစ်မှူး ဗန်ဒိုက်ဟာ လိဒ်နဲ့ပွဲမှာ လုပ်ခဲ့တဲ့ အမှားတွေအတွက် ဝေဖန်မှုတွေ ဆက်တိုက် ခံနေရပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်မှူးအဖြစ် ပြီးခဲ့တဲ့ ရာသီတွေမှာ ဆက်တိုက် ရွေးချယ်ခံရတဲ့ သူ့ကို ထိုးနှက်မှုတွေ အများကြီး လုပ်လာကြပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်နိုင်ခဲ့ကာ ပရီးမီးယားလိဂ် ချန်ပီယံအနိုင်ရ ဗန်ဒိုက်ကို အဆိုပါ ကာလအတွင်း အမှားအများဆုံး ခံစစ်မှူးအဖြစ်ပါ နာမည်တပ်လာခဲ့တာပါ။ ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ… Continue Reading →

ပင်နယ်တီ အဆုံးသတ်မှုအကြောင်း ပြောဆိုမှုနဲ့အတူ လိဒ်ယူနိုက်တက်ကို ဆာလက် ချီးကျူး

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွေးအေးတဲ့ ပင်နယ်တီ အဆုံးသတ်မှု နှစ်ကြိမ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အပေါ် ဆာလက်က ရယ်ရယ်မောမော စကားပြောခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပွဲဘောလုံးကို အနိုင်ရခဲ့တဲ့ ဆာလက်က အန်ဖီးကွင်း မြက်ခင်းပြင်မှာပဲ အင်တာဗျူး ပြန်ဖြေပေးခ့တယ်။ သူ့ရဲ့ အဆုံးသတ်မှုအကြောင်း မေးရာမှာတော့ ဖိအားကြီးလွန်းတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတောင် ဂိုးသွင်းလာခဲ့တာဖြစ်လို့ ပရိသတ်မရှိတဲ့ ကွင်းမှာ အဆုံးသတ်ရတာက ဖိအား နည်းခဲ့တယ်လို့ ဆိုပါတယ်။ ဆာလက်က “ ကျနော်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးသတ်လာခဲ့သူပါ။ ဒီတော့ ပရိသတ်မရှိတဲ့… Continue Reading →

ခံစစ်ပိုင်း အမှားများပြီး ပေးဂိုး ၃ ဂိုးထိ ရှိခဲ့ခြင်းအပေါ် ယာဂင်ကလော့ပ် ကာကွယ်ပြောဆို

မန်နေဂျာကလော့ပ်က လိဒ်ကို ၃ ဂိုးပေးခဲ့ရတဲ့ လီဗာပူးအသင်း ခံစစ်ဟာ ဆိုးဆိုးရွားရွား လိုအပ်ချက်များနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို လက်မခံခဲ့ပါဘူး။ လိဒ်နဲ့ပွဲမှာ လီဗာပူးခံစစ်တန်းက သက်သောင့်သက်သာမရှိတဲ့ အနေအထားတွေ မြင်ခဲ့ရတယ်။ ထရန့် ကစားပုံ ညံ့ခဲ့ပြီး ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကလည်း ပုံမှန်ရဲ့အောက်ကို ကျဆင်းနေခဲ့တယ်။ ဒါပေမယ့်လို့ အသင်းရဲ့ ခံစစ်ဟာ မတူညီတဲ့ ခံစစ်ကစားပုံတွေကနေ ပြန်ရောက်အလာမှာ အထိုင်ကျဖို့ အချိန်တစ်ခု လိုအပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ကလော့ပ်က မြင်ပါတယ်။ ယာဂင်က ‘ ပွဲမစခင်တည်းက လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ ကျနေ်ာတို့… Continue Reading →

လိဒ်နိုင်ပွဲ နောက်ဆက်တွဲ တနင်္ဂနွေနေ့ မနက်ခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ဘရာဇီးကလပ် Fluminense အသင်းက ၎င်းတို့အသင်း လူငယ်ဂိုးသမား Marcelo Pitaluga ကို လီဗာပူးအသင်းက ခေါ်ယူခဲ့ပြီဆိုတဲ့ သတင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ စနေနေ့မှာပဲ အသင်းဖော်တွေကို နုတ်ဆက်ကာ ဆေးစစ်ဖို့ အင်္ဂလန်ကို လာနေပြီဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ တတိယဂိုးသွင်းပြီးနောက် ဆာလက်ရဲ့ အောင်ပွဲခံမှုဟာ ရှားပါးတဲ့ အဖျားရောဂါကြောင့် ဘောလုံးကစားခြင်းက အနားယူလိုက်ရတဲ့ အီဂျစ်အသင်းဖော် Moaamen Zakaria ကို ရည်ရွယ်ပါတယ်။ ဆာလက်က လိဒ်အသင်းက အတော်လေး ကောင်းမွန်တယ်လို့ ပွဲအပြီးမှာ ထုတ်ပြောခဲ့ပြီး အဆုံးထိ ယှဉ်ပြိုင်ကာ အနိုင်ရခဲ့တာအတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!