Date

October 8, 2020

ကြာသပတေးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးအသင်းဟာ ယူ-၁၇ ကမ္ဘာဖလား ချန်ပီယံ ဘရာဇီးအသင်းရဲ့ ဂိုးသမားလေး Marcelo Pitaluga ကို အပြီးသတ် လက်မှတ်ထိုး ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ လီဗာပူးကွင်းလယ်လူ ရှာကွီရီကို ကိုဗစ် ထပ်မံစစ်ဆေးမှုမှာ negative အဖြေထွက်ခဲ့တာကြောင့် ပထမအကြိမ် စစ်ဆေးမှုက မှားယွင်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံအသင်းနဲ့ ပူးပေါင်းဖို့ရာ စပိန်ကို လိုက်သွားပြီဖြစ်ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ အကြိုက် ကွင်းလယ်လူဖြစ်တဲ့ ဝိုက်နယ်ဒမ်ဟာ ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း လီဗာပူးသတင်းထောက်တွေက ဖော်ပြလာခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးအသင်းက မန်နေဂျာအဖြစ်… Continue Reading →

ဂိုးသမားသစ်လေး မာဆယ်လို ပီတာလူးဂါနဲ့ ပက်သက်ပြီး မိတ်ဆက်ပေးတဲ့ လီဗာပူး ဂိုးနည်းပြ

လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဖလူမီနက်စ် အသင်းမှ အသက် ၁၇ နှစ်အရွယ် ဘရာဇီးဂိုးသမား မာဆယ်လို ပီတာလူးဂါကို အပြီးသတ် လက်မှတ်ထိုး ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပါပြီ။ သူဟာ မဲဝုဒ်မှာလည်း လေ့ကျင့်ရေး ဆင်းနေပြီဖြစ်ကာ စီနီယာအသင်းနဲ့ အဓိက လေ့ကျင့်ရေးဆင်းပြီး အကယ်ဒမီအသင်းအတွက် ပွဲထွက်ပေးရမယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁.၈ သန်းထိ ကုန်ကျမှာ ဖြစ်ပါတယ်။ လီဗာပူးဂိုးနည်းပြချုပ် အက်တာဘတ်က “ ကမ္ဘာဖလားမှာ သူ့ကို ပထမဆုံး မြင်ခဲ့တာပါ။ ဂိုးအားလုံးရဲ့… Continue Reading →

ကလော့ပ် အကြိုက် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွင့်ပေးမည်

မန်နေဂျာယာဂင်ကလော့ပ်ရဲ့ အကြိုက် ကွင်းလယ်လူဖြစ်တဲ့ ဝိုက်နယ်ဒမ်ဟာ ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း သတင်းတွေ စတင်ကာ ထွက်ပေါ်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်မှာ လီဗာပူးအသင်းကို ပေါင် ၂၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ အဓိကကျတဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်တယ်။ သူ့ရဲ့ စာချုပ်ဟာ ဒီနွေမှာ ကုန်ဆုံးမှာဖြစ်ကာ စာချုပ်သစ်ကိစ္စကလည်း မနှစ်ကရာသီ ပြီးကတည်းက ဆက်လက် ညိနှိုင်းမှုတွေ မရှိတော့တာ ဖြစ်ပါတယ်။ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ကလပ်နဲ့ စာချုပ် တစ်နှစ်ပဲ ကျန်တော့တဲ့… Continue Reading →

ကိုလီဘာလေကို မခေါ်ခဲ့လို့ လီဗာပူးခံစစ် ပြိုလဲနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂျွန်ဘမ်း ငြင်းဆန်

ကိုလီဘာလီ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ နာပိုလီကနေ ထွက်ခွာနိုင်ခဲ့ရင်တောင်မှ လီဗာပူးအတွက် ပြီးပြည့်စုံစေမှာ မဟုတ်ဘူးလို့ ဂျွန်ဘမ်းက ပြောဆိုခဲ့သလို လီဗာပူးမှာ ခံစစ်ပိုင်း အမှားတွေ ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။ နွေအပြောင်းအရွှေ့ ကာလအတွင်း လီဗာပူးအသင်းက ဗဟိုနောက်ခံလူကောင်း တစ်ယောက် ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် ဗန်ဒိုက်နဲ့ ကိုလီဘာလေကို တွဲဘက်ဟာ ခံစစ်ကြောင်းကို ပိုတောင့်တင်းအောင်လုပ်ဖို့ အကြံပေးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးက ခံစစ်ပိုင်းကို ပစ်မှတ်ထားဖို့ အကြံပေးမှုတွေအား လျစ်လျူရှုခဲ့တယ်။ ဂျွန်ဘမ်းကတော့… Continue Reading →

လီဗာပူးက ကလော့ပ်နဲ့အတူ အောင်မြင်တော့မယ်လို့ ဟောကိန်းထုတ်ဖူးတဲ့ ဆာအဲလက်စ်

ယာဂင်ကလော့ပ် လီဗာပူးအသင်းကို တာဝန်ယူပြီဆိုတဲ့ အတည်ပြု သတင်းထွက်လာချိန်မှာ ဘောလုံးလောကအတွင်း သံသယဝင်မှုတွေ အများကြီး ရှိခဲ့တယ်။ ယာဂင်ကလော့ပ် မတိုင်ခင် လီဗာပူးရဲ့ ထိပ်တန်းမန်နေဂျာ ခေါ်ယူမှုက လာလီဂါကို ဗလန်စီယာအသင်းနဲ့ အောင်မြင်ခဲ့တဲ့ ဘင်နီတက်စ်ကို ခေါ်ယူမှုဖြစ်ပြီး နောက်ပိုင်း ခန့်အပ်မှုတွေက အလယ်အလတ် ကလပ်တွေကို တာဝန်ယူတဲ့ ရွိုင်ဟောင်ဆန်နဲ့ ဘရန်ဒန် ရော်ဂျာတို့လို မန်နေဂျာတွေဖြစ်တယ်။ ကင်းကင်နီဟာ ပရီးမီးယားလိဂ်ကို အောင်မြင်ဖူးသလို ဆုဖလားပေါင်းများစွာကို ကစားသမားအဖြစ်ကော မန်နေဂျာအဖြစ်ပါ အောင်မြင်ခဲ့တဲ့ ဂန္တဝင်ဆိုပေမယ့် လီဗာပူးကို တစ်ကျော့ပြန် တာဝန်ယူချိန်မှာ သူဟာ… Continue Reading →

ရှာကွီရီ ပါဝင်လာပြီး ဟယ်ရီဝဲလ်ဆန် မပါခဲ့တဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ် လူစာရင်း (၂၄) ဦး

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွက် လူစာရင်း တင်ခဲ့ပြီဖြစ်ကာ ဝေလ်းလက်ရွေးစင် ဟယ်ရီဝဲလ်ဆန် ပါဝင်လာခြင်း မရှိပါဘူး။ လီဗာပူးအသင်းက လူစာရင်းကို ၂၅ ဦးထိ တင်ခွင့်ရှိပြီး ‘locally-trained’ ကစားသမား ၈ ဦးထိ ထည့်သွင်းခွင့် ရျိပါတယ်။ ဒါပေမယ့် လီဗာပူးက ၇ ဦးပဲ ထည့်ခဲ့ပြီး ဂျိမ်းမီလ်နာ၊ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ ကလယ်ဟာ၊ ထရန့်နဲ့ အီလီယော့တို့ကို ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် နာမည်စာရင်း ပေးခဲ့တယ်။ ဝဲလ်ဆန်ကို… Continue Reading →

နည်းစနစ်ပိုင်း ပက်သက်မှုတွေ ကျဆင်းနေခြင်းက ဖာမင်နိုရဲ့ ပွဲထွက်ခွင့်အပေါ် သက်ရောက်လာနိုင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လက်ရှိ သူ့ရဲ့ နည်းစနစ်မှာ တိုက်စစ်သမား ဖာမင်နိုကို အားကိုးအားထား ပြုရတာက ထင်ရှားပါတယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ ဖာမင်နိုက ဘာလို့ ဝေဖန်မှုတွေ ရနေသလဲဆိုတာအတွက် လီဗာပူးဖန်းဆိုဒ် TIA မှ ဆောင်းပါးရှင် Jack Lusby က အခုလို ရှင်းပြပါတယ်။ ဖာမင်နိုဟာ ဘောလုံးအမြင်ကောင်းသူဖြစ်ပြီး နည်းစနစ်ပိုင်းမှာလည်း ထူးချွန်တယ်။ အထူးသဖြင့် အသင်းဖော်တွေရဲ့ အဆုံးသတ်ပိုင်းတွေအတွက် သူ့ရဲ့ ပေးမှုတွေ၊ တိုက်စစ်ဖွင့်ဖို့အတွက် အကွက်မြင်တဲ့ နေရာလွတ်ရှာပေးမှုတွေက ဖာမင်နိုရဲ့ အဓိက အရည်အချင်းတွေဖြစ်တယ်။… Continue Reading →

ဗြိတိန်အစိုးရရဲ့ ကိုဗစ် စည်းမျဉ်းနဲ့ လီဗာပူးအသင်းသားတွေအပေါ် သက်ရောက်မှု

လက်ရှိ လီဗာပူးအသင်းသားတွေထဲမှာ သီယာဂို၊ မာနေး၊ ရှာကွီရီတို့ဟာ ကိုဗစ်ပိုး တွေ့ရှိခြင်းကြောင့် ကွာရန်တင်းဝင်မှုတွေ ပြုလုပ်ထားကြရပါတယ်။ ဗြိတိန် အာဏာပိုင်တွေရဲ့ ကိုဗစ်နဲ့ ပက်သက်လို့ သက်မှတ်ထာတဲ့ စည်းမျဉ်းအရ ပုဂ္ဂိုလ်တစ်ဦးဟာ ကိုဗစ်ပိုးတွေ့လို့ ရောဂါ လက္ခဏာ မပြရင်တောင်မှ အနည်းဆုံး ၁၄ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်တယ်။ ၎င်းတို့ဟာ အခြားသော စည်းမျဉ်းတွေလည်း ထုတ်ထားပြီး မာဆေးဆိုဒ်ဟာ ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ ဒေသတွေထဲမှာ ပါဝင်နေပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ သီယာဂိုမှာ ကိုဗစ်ပိုးတွေ့ကြောင်း… Continue Reading →

လီဗာပူးက ဈေးကွက် မပိတ်ခင် ဂိုးသမား ဘတ်လန်းကို ခေါ်ယူသင့်ကြောင့် အကြံပေးမှုတွေ တိုးပွှား

လီဗာပူးအသင်းကို လက်ကျန် ဈေးကွက်ကာလမှာ ဂိုးသမားနေရာအတွက် စဉ်းစားဖို့ အကြံပေးမှုတွေ မြင့်တက်လာနေပါတယ်။ အင်္ဂလန်ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆန်က “ လီဗာပူးအတွက် အယ်လီဆန်က ကာလရှည် မကစားနိုင်ဘူးဆိုရင် သူတို့ ဂိုးသမားနေရာအတွက် အဖြေရှာသင့်ပါတယ်။ ပြည်တွင်းဈေးကွက်က အခုထိ ဖွင့်နေဆဲဖြစ်ပြီး လီဗာပူးက အပြောင်းအရွှေ့ ကိစ္စတွေ လုပ်နိုင်နေဆဲ ဖြစ်ပါတယ်။ အခုချိန်မှာ ဘောလုံး ကစားနေကြခြင်း မရှိတဲ့ ဂိုးသမားကောင်း အများအပြားလည်း ရှိပါတယ်။ လီဗာပူးက ဂျက်ဘတ်လန်းကို ကာလတို စာချုပ်ဖြင့် လက်မှတ်ထိုး ခေါ်ယူလိုက်လို့ ရပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!