လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လက်ရှိ သူ့ရဲ့ နည်းစနစ်မှာ တိုက်စစ်သမား ဖာမင်နိုကို အားကိုးအားထား ပြုရတာက ထင်ရှားပါတယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ ဖာမင်နိုက ဘာလို့ ဝေဖန်မှုတွေ ရနေသလဲဆိုတာအတွက် လီဗာပူးဖန်းဆိုဒ် TIA မှ ဆောင်းပါးရှင် Jack Lusby က အခုလို ရှင်းပြပါတယ်။

ဖာမင်နိုဟာ ဘောလုံးအမြင်ကောင်းသူဖြစ်ပြီး နည်းစနစ်ပိုင်းမှာလည်း ထူးချွန်တယ်။ အထူးသဖြင့် အသင်းဖော်တွေရဲ့ အဆုံးသတ်ပိုင်းတွေအတွက် သူ့ရဲ့ ပေးမှုတွေ၊ တိုက်စစ်ဖွင့်ဖို့အတွက် အကွက်မြင်တဲ့ နေရာလွတ်ရှာပေးမှုတွေက ဖာမင်နိုရဲ့ အဓိက အရည်အချင်းတွေဖြစ်တယ်။

အထောင်တိုက်စစ်သမားအဖြစ် ကစားတဲ့ ဖာမင်နိုဟာ တိုက်စစ်ပိုင်းမှာ သွင်းဂိုးရယူပေးဖို့ထက် False Nine ပုံစံ ကစားသူဖြစ်ကာ တိုက်စစ်အတွက် ဖန်တီးမှုကိုပဲ တာဝန်ယူသူပါ။
ဒါပေမယ့်လို့ ဒီရာသီ ဖာမင်နိုဟာ အဓိကကျတဲ့ ဘောလုံးလုယူပေးမှုနဲ့ ပေးမှုတိကျတဲ့ အပိုင်းတွေမှာ ဆက်တိုက် ကျဆင်းနေတယ်။

ဗီလာနဲ့ပွဲမှာဆိုရင်လည်း ဖာမင်နိုဟာ ဘောလုံးပေးမှု တိကျမှုက ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး လီဗာပူးအသင်းမှာ အဆိုးဆုံးအဖြစ် ၆၇.၉% ပဲ ရှိခဲ့တယ်။ သူဟာ ဘောလုံးဖြတ်တောက်မှုနဲ့ လုယူမှု တစ်ကြိမ်မှ မအောင်မြင်ခဲ့သလို ပြိုင်ဘက်ကို ပြစ်ဒဏ်ကျူးလွန်မှု ၂ ကြိမ်ထိ လုပ်ခဲ့ပါတယ်။ မနှစ်တုန်းက ဖာမင်နိုရဲ့ ပေးမှု တိကျမှုပိုင်းက ၇၉.၅% ထိ ရှိခဲ့ပါတယ်။

ဘောလုံးဆိုင်ရာ အချက်အလက်တွေ ထုတ်ပေးနေတဲ့ FBref က ပထမဆုံး လေးပွဲမှာ ဖာမင်နိုရဲ့ ပြိုင်ဘက်ကို ဖိအားပေးမှု အောင်မြင်နှုန်းဟာ အဆိုးဆုံး အနေအထားအဖြစ် ၂၁.၅% ထိ ကျဆင်းခဲ့တယ်လို့ ဆိုတယ်။ ဖာမင်နိုရဲ့ အမြင့်ဆုံး လုပ်နိုင်မှုက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကဖြစ်ပြီး ၃၁.၁% ဖြစ်တယ်။

ထူးခြားမှု တစ်ခုအဖြစ် ယခင်က မိနစ် ၉၀ အတွက် ဂိုးပေါက် ခြိမ်းခြောက်မှု (ဝ.၅၄) ပဲရှိတဲ့ ဖာမင်နိုဟာ ဒီရာသီမှာတော့ (၃.၅၁) ထိ မြင့်တက်လာခဲ့တယ်။ ပထမဆုံး လေးပွဲနဲ့တင် ဖာမင်နိုကို ဝေဖန်မှုတွေ လုပ်ဖို့ဆိုတာက မမျှတပါဘူး။ ဒီအချက်အလက်တွေက ဖာမင်နိုဟာ မနှစ်ကလို ခြေစွမ်း တည်ငြိမ်မှုကို မထိန်းနိုင်ဘူးလို့ ဆိုလိုတာဖြစ်တယ်။

ယာဂင်ဟာ သူ့ရဲ့ ကစားကွက်ကို ဖာမင်နိုအပေါ် တည်ပြီး ကစားနေခြင်းအား အကြိမ် အများအပြားမှာ တွေ့ထားရတယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ ဖာမင်နိုဟာ ဘောလုံးပေးမှုတွေ သိပ်ပျက်လွန်းကာ ဖိအားပေးမှုကို ဦးဆောင်ရာမျာလည်း ရုန်းကန်နေရတယ်။

လီဗာပူးတိုက်စစ်ဟာ အရင်နှစ်တွေလို မဟုတ်ဘဲ မီနာမီနို၊ ဂျိုတာတို့လို ကစားသမားတွေကလည်း အထောင်တိုက်စစ်နေရာ ကစားနိုင်တာကြောင့် ဖာမင်နိုရဲ့ ခြေစွမ်းတည်ငြိမ်မှု ဆက်ကျနေမယ်ဆိုရင် ပွဲနေ့ လူစာရင်းကို အပြောင်းအလဲ လုပ်ဖို့ ယာဂင်ကလော့ပ်က တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ Jack Lusby က ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ လက္ရွိ သူ႔ရဲ႕ နည္းစနစ္မွာ တိုက္စစ္သမား ဖာမင္ႏိုကို အားကိုးအားထား ျပဳရတာက ထင္ရွားပါတယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာ ဖာမင္ႏိုက ဘာလို႔ ေဝဖန္မႈေတြ ရေနသလဲဆိုတာအတြက္ လီဗာပူးဖန္းဆိုဒ္ TIA မွ ေဆာင္းပါးရွင္ Jack Lusby က အခုလို ရွင္းျပပါတယ္။

ဖာမင္ႏိုဟာ ေဘာလံုးအျမင္ေကာင္းသူျဖစ္ျပီး နည္းစနစ္ပိုင္းမွာလည္း ထူးခၽြန္တယ္။ အထူးသျဖင့္ အသင္းေဖာ္ေတြရဲ႕ အဆံုးသတ္ပိုင္းေတြအတြက္ သူ႔ရဲ႕ ေပးမႈေတြ၊ တိုက္စစ္ဖြင့္ဖို႔အတြက္ အကြက္ျမင္တဲ့ ေနရာလြတ္ရွာေပးမႈေတြက ဖာမင္ႏိုရဲ႕ အဓိက အရည္အခ်င္းေတြျဖစ္တယ္။

အေထာင္တိုက္စစ္သမားအျဖစ္ ကစားတဲ့ ဖာမင္ႏိုဟာ တိုက္စစ္ပိုင္းမွာ သြင္းဂိုးရယူေပးဖို႔ထက္ False Nine ပံုစံ ကစားသူျဖစ္ကာ တိုက္စစ္အတြက္ ဖန္တီးမႈကိုပဲ တာဝန္ယူသူပါ။
ဒါေပမယ့္လို႔ ဒီရာသီ ဖာမင္ႏိုဟာ အဓိကက်တဲ့ ေဘာလံုးလုယူေပးမႈနဲ႔ ေပးမႈတိက်တဲ့ အပိုင္းေတြမွာ ဆက္တိုက္ က်ဆင္းေနတယ္။

ဗီလာနဲ႔ပြဲမွာဆိုရင္လည္း ဖာမင္ႏိုဟာ ေဘာလံုးေပးမႈ တိက်မႈက ဆိုးဆိုးရြားရြား က်ဆင္းခဲ့ျပီး လီဗာပူးအသင္းမွာ အဆိုးဆံုးအျဖစ္ ၆၇.၉% ပဲ ရွိခဲ့တယ္။ သူဟာ ေဘာလံုးျဖတ္ေတာက္မႈနဲ႔ လုယူမႈ တစ္ၾကိမ္မွ မေအာင္ျမင္ခဲ့သလို ျပိဳင္ဘက္ကုို ျပစ္ဒဏ္က်ဴးလြန္မႈ ၂ ၾကိမ္ထိ လုပ္ခဲ့ပါတယ္။ မႏွစ္တုန္းက ဖာမင္ႏိုရဲ႕ ေပးမႈ တိက်မႈပိုင္းက ၇၉.၅% ထိ ရွိခဲ့ပါတယ္။

ေဘာလံုးဆိုင္ရာ အခ်က္အလက္ေတြ ထုတ္ေပးေနတဲ့ FBref က ပထမဆံုး ေလးပြဲမွာ ဖာမင္ႏိုရဲ႕ ျပိဳင္ဘက္ကို ဖိအားေပးမႈ ေအာင္ျမင္ႏႈန္းဟာ အဆိုးဆံုး အေနအထားအျဖစ္ ၂၁.၅% ထိ က်ဆင္းခဲ့တယ္လို႔ ဆိုတယ္။ ဖာမင္ႏိုရဲ႕ အျမင့္ဆံုး လုပ္ႏုိင္မႈက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကျဖစ္ျပီး ၃၁.၁% ျဖစ္တယ္။

ထူးျခားမႈ တစ္ခုအျဖစ္ ယခင္က မိနစ္ ၉၀ အတြက္ ဂိုးေပါက္ ျခိမ္းေျခာက္မႈ (၀.၅၄) ပဲရွိတဲ့ ဖာမင္ႏိုဟာ ဒီရာသီမွာေတာ့ (၃.၅၁) ထိ ျမင့္တက္လာခဲ့တယ္။ ပထမဆံုး ေလးပြဲနဲ႔တင္ ဖာမင္ႏိုကို ေဝဖန္မႈေတြ လုပ္ဖို႔ဆိုတာက မမွ်တပါဘူး။ ဒီအခ်က္အလက္ေတြက ဖာမင္ႏိုဟာ မႏွစ္ကလို ေျခစြမ္း တည္ျငိမ္မႈကို မထိန္းႏုိင္ဘူးလို႔ ဆိုလိုတာျဖစ္တယ္။

ယာဂင္ဟာ သူ႔ရဲ႕ ကစားကြက္ကို ဖာမင္နိုအေပၚ တည္ျပီး ကစားေနျခင္းအား အၾကိမ္ အမ်ားအျပားမွာ ေတြ႔ထားရတယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာ ဖာမင္ႏိုဟာ ေဘာလံုးေပးမႈေတြ သိပ္ပ်က္လြန္းကာ ဖိအားေပးမႈကို ဦးေဆာင္ရာမ်ာလည္း ရုန္းကန္ေနရတယ္။

လီဗာပူးတိုက္စစ္ဟာ အရင္ႏွစ္ေတြလို မဟုတ္ဘဲ မီနာမီႏို၊ ဂ်ိဳတာတို႔လို ကစားသမားေတြကလည္း အေထာင္တိုက္စစ္ေနရာ ကစားနုိင္တာေၾကာင့္ ဖာမင္ႏိုရဲ႕ ေျခစြမ္းတည္ျငိမ္မႈ ဆက္က်ေနမယ္ဆိုရင္ ပြဲေန႔ လူစာရင္းကို အေျပာင္းအလဲ လုပ္ဖို႔ ယာဂင္ကေလာ့ပ္က တြန္႔ဆုတ္ေနမွာ မဟုတ္ဘူးလို႔ Jack Lusby က ဆိုသြားခဲ့ပါတယ္။