Date

October 16, 2020

သောကြာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးအသင်းဟာ ပြည်တွင်းဈေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ လူငယ်ရေးရာ ကိစ္စတွေကို စီမံနေပြီး အီးလီးယော့၊ ဟယ်ရီဝဲလ်ဆန်နဲ့ ဟာဘီကိန်းတို့အတွက် သဘောတူညီမှု ရသွားခဲ့ပါပြီ။ ချန်ပီယံရှစ်ကလပ် ကာဒစ်အသင်းက ဝဲလ်ဆန်အတွက် လုပ်ခကို ကျခံပေးမှာဖြစ်ပြီး အငှားခေါ်ယူကြေး ပေါင် ၁.၂ သန်းဖြင့် လည်းကောင်း၊ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းက အီးလီးယော့ကို တစ်ရာသီအငှားဖြင့် လည်းကောင်း၊ ဟချန်ပီယံရှစ်ကလပ် ဘရန်စလေက ာဘီကိန်းကို ပေါင် ၁.၂၅ သန်းအပြင် အနာဂတ် အပြောင်းအရွှေ့ရဲ့ ၁၅%ကို ခံစားခွင့်ပါတဲ့ အပြီးသတ်ဖြင့် လည်းကောင်း ခေါ်ယူသွားပါတယ်။… Continue Reading →

ဒါဘီပွဲမှာ ကစားသမားတွေ ပါဝင်နိုင်ခွင့်အတွက် ကိုဗစ် စစ်ဆေးထားမှု ရလဒ် မနက်ဖြန်မှ သိရမည်

မာဆေးဆိုဒ်ဒါဘီပွဲကြိုမှာပဲ မန်နေဂျာယာဂင်ကလော့ပ်က အသင်းရဲ့ ဒဏ်ရာကိစ္စတွေကို ထုတ်ပြောရင်းနဲ့ ကိုဗစ်စစ်ဆေးမှု ရလဒ်တွေက မနက်ဖြန်မှ သိရမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ လက်ရွေးစင်တာဝန်တွေအတွက် စေလွှတ်ထားရတဲ့ တောင်အမေရိက ကစားသမားတွေနဲ့ ဥရောပကို ထွက်ပြီး ယှဉ်ပြိုင်ထားတဲ့ အသင်းသားတွေကို မဲဝုဒ်ကို ပြန်ခေါ်ထားပါပြီ။ ဒါ့အပြင် သီယာဂို၊ မာနေးနဲ့ ရှာကွီရီလို ကစားသမားတွေကလည်း အသင်းလေ့ကျင့်ရေးမှာ ပါဝင်ထားပြီဖြစ်တယ်။ သူတို့တွေက ကြံ့ခိုင်မှု ကောင်းနေပေမယ့် ပုံမှန် လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်ဟာ မနက်ဖြန်မှာ သိရမှာဖြစ်ပြီး အသင်းဘက်ကတော့ အကောင်းမြင်ထားတယ်လို့ ကလော့ပ်က… Continue Reading →

အယ်လီဆန်၊ ကိတ်တာ၊ သီယာဂို၊ မာနေးတို့ရဲ့ ပွဲကစားနိုင်မယ့် အခြေအနေကို ကလော့ပ် ပြော

မန်နေဂျာ ယာဂင်ကလော့ပ်က အဲဗာတန်နဲ့ပွဲကို ကိုဗစ်ကနေ သက်သာလာတဲ့ သီယာဂိုနဲ့ မာနေးတို့ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။ ဂူနီယာအသင်းကနေ ပြန်ရောက်လာတဲ့ ကိတ်တာကတော့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပုခုံးဒဏ်ရာ ရနေတဲ့ အယ်လီဆန်ကလည်း အခြေအနေ အတော်လေး ကောင်းနေပေမယ့် ပါဝင်သွားမှာ မဟုတ်ပါဘူး။ ကလော့ပ်ရဲ့ ပြောပုံအရတော့ အယ်လီဆန်ရဲ့ ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုမြန်မြန် သက်သာလာပုံ ရပါတယ်။ ကလော့ပ်က ” အယ်လီက အရမ်းကို အခြေအနေ ကောင်းနေပါတယ်။… Continue Reading →

လီဗာပူးကို ပြောင်းရွှေ့လာလို့ လက်ရွေးစင်အသင်းမှာ လေးစားခံရကြောင်း ဂျိုတာ ထုတ်ပြော

လီဗာပူးတိုက်စစ်သမားသစ် ဂျိုတာက ဒီနွေမှာ ဝုဗ်ကနေ လီဗာပူးကို ပြောင်းလာခဲ့ခြင်းက သူ့ကစားသမားဘဝ အမြင့်ဆုံး အခြေအနေကို ရောက်လာစေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ဖြစ်တဲ့ ဂျိုတာဟာ အရင်နှစ်တွေတုန်းက လက်ရွေးစင်အသင်းမှာ လူစားဝင် ကစားသမားအဖြစ်လောက်ပဲ ပွဲထွက်ခွင့် ရခဲ့သူပါ။ အခုဆိုရင် ပေါ်တူဂီအသင်းက သူ့ကို ပွဲထွက်လူစာရင်းမှာပါ ထုတ်သုံးပြီး နေရာပေးလာခဲ့ပါပြီ။ လီဗာပူးကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေကို အောင်မြင်အောင် ကြိုးစားပေးနိုင်ခဲ့ပြီး ကမ္ဘာအကောင်းဆုံး မန်နေဂျာအဖြစ် ထင်ရှားတဲ့ ကလော့ပ်ရဲ့ ယုံကြည်မှုကို ခံရသူက ပေါ့သေးသေး ကစားသမား မဟုတ်ပါဘူး။… Continue Reading →

ကလော့ပ်နေရာ စတီဗင် တိုက်ရိုက် အစားဝင်တာကို မမြင်ချင်တဲ့ အကြောင်း ရှင်းပြတဲ့ အင်းနရစ်

လီဗာပူးကစားသမားဟောင်း အင်းနရစ်က သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ စတီဗင်ဂျရတ်ကို လီဗာပူး မန်နေဂျာအဖြစ် မြင်လိုပေမယ့် ကလော့ပ်နေရာ ဆက်ခံသူအဖြစ် မမြင်လိုဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းအတွက် သစ္စာရှင် ကစားသမားဖြစ်ခဲ့ပြီး ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်လို ဆုဖလားအောင်မြင်ဖို့ သေချာတဲ့ ကလပ်တွေက ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး လီဗာပူးမှာ ဆက်နေခဲ့သူပါ။ စတီဗင်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ၂ ကြိမ်တိုင် ကြိုးစားခဲ့ပေမယ့် လီဗာပူးသားကြီးကတော့ တစ်ကိုယ်ရည်အောင်မြင်မှုထက် သူချစ်ရတဲ့ ကလပ်မှာပဲ ဆက်နေခဲ့တယ်။ အန်းနရစ်က စတီဗင်ဟာ လီဗာပူးအတွက်ဆိုရင် အရာအားလုံး… Continue Reading →

ဝဲလ်ဆန်ကို အငှား၊ ဟာဘီကိန်းကို အပြီးသတ် ရောင်းထုတ်ခဲ့ပြီး ဒီကနေ့မှာ အထွက် ၄ ဦးရှိလာမည်

လီဗာပူးအသင်းဟာ ပြည်တွင်းဈေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ လူငယ်ရေးရာ ကိစ္စတွေကို စီမံနေပြီး ဟယ်ရီဝဲလ်ဆန်နဲ့ ဟာဘီကိန်းတို့အတွက် သဘောတူညီမှု ရသွားခဲ့ပါပြီ။ လီဗာပူးက ဝဲလ်ဆန်ကို ပရီးမီးယားလိဂ်ကလပ်တွေထံ ရောင်းထုတ်လိုပေမယ့် ဘန်လေဘက်က ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းတာကလွဲလို့ ညိနှိုင်းမှုတွေ မရှိခဲ့ဘူး။ ဥရောပဈေးကွက် ပိတ်သိမ်းအပြီး ပြည်တွင်းဈေးကွက်မှာတော့ ဆွမ်ဆီး၊ ဒါဘီ၊ နော်တင်ဟမ် ဖော်ရက်စ်နဲ့ ကာဒစ်အသင်းတို့က ချိတ်ဆက်မှုတွေ ဝင်လာခဲ့ကြတယ်။ အားလုံးထဲမှာ အကောင်းဆုံး ကမ်းလှမ်းမှု ပေးလာတာက ကာဒစ်အသင်းဖြစ်ပါတယ်။ ကာဒစ်မန်နေဂျာက သိပ်ကောင်းတဲ့ ကမ်းလှမ်းမှုနဲ့အတူ… Continue Reading →

အဲဗာတန် V လီဗာပူးရဲ့ ဒီတစ်ကြိမ် ဒါဘီက ခန့်မှန်းရ သိပ်ခက်တယ်ဆိုတဲ့ လော်ရိုးရဲ့ သုံးသပ်မှု

မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် အစောပိုင်း ပွဲအဖြစ် လီဗာပူးအသင်းဟာ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ပြီး ဒါဘီပွဲ ကစားရပါမယ်။ အဲဗာတန်က ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ ရနေတာဖြစ်ပြီး လီဗာပူးကတော့ ပြီးခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ထားတာပါ။ ဒါကြောင့် ဒီအပတ် တွေ့ဆုံမှုဟာ ရလဒ်အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါမယ်။ ပွဲနဲ့ ပက်သက်လို့ လော်ရိုးကတော့ အောက်ပါအတိုင်း ခန့်မှန်းသွားပါတယ်။ လော်ရိုးက ” အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ လီဗာပူးဟာ… Continue Reading →

ကလပ်မှာ ဂိုးမသွင်းနိုင်ပေမယ့် လက်ရွေးစင်မှာ ဂိုတွေရနေခြင်းရဲ့ ကွာခြားမှုကို ဖာမင်နို ထုတ်ပြော

လီဗာပူးတိုက်စစ်သမား ဖာမင်နိုဟာ လက်ရွေးစင်အသင်းမှာနဲ့ ကလပ်အသင်းမှာ မန်နေဂျာတွေက သူ့ကို တာဝန်ပေးပုံတွေ မတူညီဘူးလို့ ထုတ်ပြောလာခဲ့တယ်။ နိုင်ငံတကာသီတင်းပတ်မှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ကာ ဘိုလီဗီယာအသင်းဘက်ကို ၂ ဂိုးသွင်းခဲ့ပြီး ပီရူးနဲ့ပွဲမှာ အရေးပါတဲ့ ဂိုးထောက်ပံ့မှုကို လုပ်ခဲ့တဲ့ ဖာမင်နိုဟာ လက်ရွေးစင်အသင်းနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ ၂ ပွဲလုံး အနိုင်ရခဲ့တယ်။ သူဟာ လီဗာပူးအသင်းမှ deep-lying centre-forward အဖြစ် နောက်ကိုဆင်းပြီး ကစားရတာကြောင့် သူ့ထံက ဂိုးတွေကို မြင်ရဖို့ ပိုခက်ခဲ့တယ်။ ဘရာဇီးမှာတော့ မန်နေဂျာက နောက်ကိုဆင်းဖို့… Continue Reading →

လက်ရွေးစင်အသင်းက ပြန်ရောက်လာတဲ့ စီနီယာတွေနဲ့အတူ မဲဝုဒ်ထံက သတင်းကောင်း

လီဗာပူးအသင်းဟာ မနက်ဖြန်မှာတော့ မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ သီတင်းပတ်ဟာ ပြီးဆုံးခဲ့တာဖြစ်ပြီး မဲဝုဒ်ကို အသင်းသားတွေ ပြန်လာနေကြပြီဖြစ်တယ်။ သတင်းကောင်းကတော့ ကစားသမား အားလုံးဟာ ကြာသပတေးနေ့ နောက်ဆုံးနာရီလောက်မှာတင် မဲဝုဒ်ကို ပြန်ရောက်လာခဲ့ကြပြီး ကိုဗစ်စစ်ဆေးမှုတွေမှာလည်း ရလဒ်ကောင်း ထွက်ခဲ့ကြပါတယ်။ ပြန်ရောက်လာတဲ့ ကစားသမားတွေထဲမှာ ထရန့်၊ ဟန်ဒို၊ ဂိုးမက်စ်လို အင်္ဂလန်ကစားသမားတွေ ဝိုက်နယ်ဒမ်နဲ့ ဗန်ဒိုက်လို နယ်သာလန်သားတွေ ပြန်ပါလာခဲ့တယ်။ သူတို့ဟာ လေ့ကျင့်ရေးကွင်းမှာ ရှိနေတဲ့ ဆာလက်၊… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!