လီဗာပူးအသင်းဟာ ပြည်တွင်းဈေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ လူငယ်ရေးရာ ကိစ္စတွေကို စီမံနေပြီး ဟယ်ရီဝဲလ်ဆန်နဲ့ ဟာဘီကိန်းတို့အတွက် သဘောတူညီမှု ရသွားခဲ့ပါပြီ။

လီဗာပူးက ဝဲလ်ဆန်ကို ပရီးမီးယားလိဂ်ကလပ်တွေထံ ရောင်းထုတ်လိုပေမယ့် ဘန်လေဘက်က ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းတာကလွဲလို့ ညိနှိုင်းမှုတွေ မရှိခဲ့ဘူး။ ဥရောပဈေးကွက် ပိတ်သိမ်းအပြီး ပြည်တွင်းဈေးကွက်မှာတော့ ဆွမ်ဆီး၊ ဒါဘီ၊ နော်တင်ဟမ် ဖော်ရက်စ်နဲ့ ကာဒစ်အသင်းတို့က ချိတ်ဆက်မှုတွေ ဝင်လာခဲ့ကြတယ်။

အားလုံးထဲမှာ အကောင်းဆုံး ကမ်းလှမ်းမှု ပေးလာတာက ကာဒစ်အသင်းဖြစ်ပါတယ်။ ကာဒစ်မန်နေဂျာက သိပ်ကောင်းတဲ့ ကမ်းလှမ်းမှုနဲ့အတူ ၎င်းတို့ ဥက္ကဌကိုယ်တိုင်က လိုလိုလားလား ဆန္ဒတွေကို ပြသခဲ့ပြီး လီဗာပူးရဲ့ တောင်းဆိုချက်တွေကို ညိနှိုင်းသဘောတူပေးခဲ့တယ်။ ဒါကြောင့် တစ်ရာသီအငှား စေလွှတ်ပေးဖို့ လီဗာပူးက သဘောတူပါတယ်။

ကာဒစ်ဘက်ကတော့ အငှားခေါ်ယူကြေးအဖြစ် ပေါင် ၁.၂ သန်းကို လီဗာပူးအသင်းထံ ပေးအပ်မှာဖြစ်ပြီး ဝဲလ်ဆန်ရဲ့ လုပ်ခကို ၎င်းတို့ကပဲ အကုန်အကျခံမှာဖြစ်တယ်။ ဒါ့အပြင် ပုံမှန် ပွဲကစားခွင့်နဲ့အတူ ဝေလ်းလက်ရွေးစင်အတွက် လီဗာပူးရဲ့ တောင်းဆိုမှုတွေ အားလုံးကို သဘောတူပေးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ ဟာဘီကိန်းကတော့ ပေါင် ၁.၂၅ သန်းနဲ့အတူ ချန်ပီယံရှစ်ကလပ် ဘရန်စလေအသင်းထံ အပြီးသတ် ပြောင်းမှာဖြစ်တယ်။ အနာဂတ် ရောင်းချမှုကနေ ၁၅% ကို လီဗာပူးအသင်းထံ ခံစားခွင့်ပေးဖို့ အချက်လည်း ပါဝင်ခဲ့တယ်။

ဒီကနေ့မှာပဲ လီဗာပူးက ဝုဒ်ဘမ်းကို အငှား၊ နက်ဖီးလစ်ကို အပြီးသတ်ဖြင့် ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ျပည္တြင္းေစ်းကြက္ ေနာက္ဆံုးရက္ျဖစ္တဲ့ ဒီကေန႔မွာေတာ့ လူငယ္ေရးရာ ကိစၥေတြကို စီမံေနျပီး ဟယ္ရီဝဲလ္ဆန္နဲ႔ ဟာဘီကိန္းတို႔အတြက္ သေဘာတူညီမႈ ရသြားခဲ့ပါျပီ။

လီဗာပူးက ဝဲလ္ဆန္ကို ပရီးမီးယားလိဂ္ကလပ္ေတြထံ ေရာင္းထုတ္လိုေပမယ့္ ဘန္ေလဘက္က ေပါင္ ၁၂ သန္းျဖင့္ ကမ္းလွမ္းတာကလြဲလို႔ ညိႏိႈင္းမႈေတြ မရွိခဲ့ဘူး။ ဥေရာပေစ်းကြက္ ပိတ္သိမ္းအျပီး ျပည္တြင္းေစ်းကြက္မွာေတာ့ ဆြမ္ဆီး၊ ဒါဘီ၊ ေနာ္တင္ဟမ္ ေဖာ္ရက္စ္နဲ႔ ကာဒစ္အသင္းတို႔က ခ်ိတ္ဆက္မႈေတြ ဝင္လာခဲ့ၾကတယ္။

အားလံုးထဲမွာ အေကာင္းဆံုး ကမ္းလွမ္းမႈ ေပးလာတာက ကာဒစ္အသင္းျဖစ္ပါတယ္။ ကာဒစ္မန္ေနဂ်ာက သိပ္ေကာင္းတဲ့ ကမ္းလွမ္းမႈနဲ႔အတူ ၄င္းတို႔ ဥကၠဌကိုယ္တိုင္က လိုလိုလားလား ဆႏၵေတြကို ျပသခဲ့ျပီး လီဗာပူးရဲ႕ ေတာင္းဆိုခ်က္ေတြကို ညိႏိႈင္းသေဘာတူေပးခဲ့တယ္။ ဒါေၾကာင့္ တစ္ရာသီအငွား ေစလႊတ္ေပးဖို႔ လီဗာပူးက သေဘာတူပါတယ္။

ကာဒစ္ဘက္ကေတာ့ အငွားေခၚယူေၾကးအျဖစ္ ေပါင္ ၁.၂ သန္းကို လီဗာပူးအသင္းထံ ေပးအပ္မွာျဖစ္ျပီး ဝဲလ္ဆန္ရဲ႕ လုပ္ခကို ၄င္းတို႔ကပဲ အကုန္အက်ခံမွာျဖစ္တယ္။ ဒါ့အျပင္ ပံုမွန္ ပြဲကစားခြင့္နဲ႔အတူ ေဝလ္းလက္ေရြးစင္အတြက္ လီဗာပူးရဲ႕ ေတာင္းဆိုမႈေတြ အားလံုးကို သေဘာတူေပးခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္လူ ဟာဘီကိန္းကေတာ့ ေပါင္ ၁.၂၅ သန္းနဲ႔အတူ ခ်န္ပီယံရွစ္ကလပ္ ဘရန္စေလအသင္းထံ အျပီးသတ္ ေျပာင္းမွာျဖစ္တယ္။ အနာဂတ္ ေရာင္းခ်မႈကေန ၁၅% ကို လီဗာပူးအသင္းထံ ခံစားခြင့္ေပးဖို႔ အခ်က္လည္း ပါဝင္ခဲ့တယ္။

ဒီကေန႔မွာပဲ လီဗာပူးက ဝုဒ္ဘမ္းကို အငွား၊ နက္ဖီးလစ္ကို အျပီးသတ္ျဖင့္ ထြက္ခြာခြင့္ေပးမွာျဖစ္ျပီး ဆက္လက္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။