Date

October 23, 2020

သောကြာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးနဲ့ ရှက်ဖီးပွဲကို စကိုင်းစပေါ့အပြင် ရုပ်သံချန်နယ်တွေက တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ပါဘူး။ အဆိုပါပွဲကိုတော့ တစ်ပွဲချင်း ပေးသွင်းမှုဖြင့် ၁၅ ပေါင် သွင်းပြီးပဲ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အေဂျက်ရဲ့ အိမ်ကွင်း မြက်ခင်းပြင်က ဗွက်တွေထူနေပြီး ဆိုးရွားခဲ့တယ်လို့ သူပြောတာက အမှန်တရားဖြစ်ပြီး ဒါကို လူတွေက မယုံဘဲ ဟာသလုပ်နေကြတာကို စိတ်ပျက်မိတယ်လို့ ကလော့ပ်ကပြောတယ်။ သူကပဲ ဒီကနေ့မှာ လူတွေက အမှန်အတိုင်း ပြောတာကို သိပ်စိတ်မဝင်စားကြတော့ဘူးလို့ မှတ်ချက်ပေးပါတယ်။ မာတစ်နဲ့ သီယာဂိုတို့ရဲ့ အခြေအနေက ဒီကနေ့နဲ့ မနက်ဖြန်… Continue Reading →

လီဗာပူး V ရှက်ဖီးယူနိုက်တက် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးက ရှက်ဖီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ရှက်ဖီးဘက်က တိုက်စစ်မှူး ဘရူးစတားကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးလာနိုင်တယ်။ ပွဲကြိုမှာတော့ မာတစ်နဲ့ သီယာဂိုတို့ ရှက်ဖီးနဲ့ပွဲမှာ မပါနိုင်ဘူးလို့ ကလော့ပ် မပြောသလို ပါမယ်လို့လည်း မပြောပါဘူး။ မနက်ဖြန် လေ့ကျင့်ရေးထိ စောင့်ကြည့်မယ်လို့ ပြောခဲ့တယ်။ ဒီပွဲနဲ့ ပက်သက်လို့ လော်ရိုးက ဗန်ဒိုက် ဒဏ်ရာရနေပေမယ့် ဗုဒ္ဓဟူးနေ့ညက အေဂျျက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဖာဘင်ညိုက ကစားပုံ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့မှာလည်း တူညီတဲ့ နေရာက… Continue Reading →

ရိုဘိုကို ဒေါသတကြီး အော်ငေါက်ခဲ့တာက ပုဂ္ဂိုလ်ရေး မပါကြောင်း ယာဂင် ရှင်းပြ

အေဂျက်နဲ့ပွဲမှာ ရော်ဘတ်ဆန်က အကောင်းဆုံး ကစားပြခဲ့ပေမယ့် သူဟာ ပွဲချိန်တွင်းမှာ ကလော့ပ်ရဲ့ ဒေါတကြီး ပြောဆိုမှုကို ခံခဲ့ရပါတယ်။ ဖိအားပေးမှုနဲ့ တိုက်စစ်ပြန်စမှုမှာ ရော်ဘတ်ဆန်က တုန့်နှေးမှုတွေ ရှိနေခဲ့တယ်။ အဆိုပါ အမူအယာကို မကျေနပ်တဲ့ ကလော့ပ်က ကွင်းဘေးမှာ သူ့ကို ပြင်းပြင်းထန်ထန် အော်ပြောခဲ့တယ်။ ရော်ဘတ်ဆန်က မန်နေဂျာရဲ့ ဆူပူခံရမှုကြောင့် သူ့ဘာသာ စိတ်ပျက်သွားပြီး သိသာစွာပဲ ပိုမို ကြိုးစား ကစားပြခဲ့ပါတယ်။ ရှက်ဖီးပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ ကလော့ပ်က ဒီအကြောင်းကို ထည့်ပြောခဲ့တယ်။ ရော်ဘတ်ဆန်ကို ပိုကောင်းဖို့ ဆူပူခဲ့တာဖြစ်ပြီး… Continue Reading →

အင်္ဂလန်ရဲ့ အပျော်တမ်းလိဂ်ကနေ ချန်ပီယံလိဂ်မှာ ပွဲကစားခွင့်ရခဲ့တဲ့ လူငယ်လေး ရိုင်စ် ဝီလီယမ်

အခုပြောပြမှာက ဒရာမာဇာတ်လမ်း ဆန်ကောင်းဆန်နေပါမယ်။ ဒါပေမယ့်လို့ ၁၉ နှစ်သားလေး ရိုင်စ် ဝီလီယမ်အတွက်ကတော့ အိပ်မက်ဆန်ဆန် ကိစ္စတွေက အမှန်တကယ် ဖြစ်လာခဲ့ခြင်းပါပဲ။ လီဗာပူးပရိသတ်တွေထဲမှာ ရိုင်စ် ဝီလီယမ်အကြောင်းကို သိပ်မသိကြပါဘူး။ ဘယ်သူမှလည်း သူဘယ်သူလည်းဆိုတာကို သိပ်မသိကြပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်က အင်္ဂလန်ဘောလုံးလောကမှာ နံပါတ် ၆ အဆင့် တနည်းအားဖြင့် လိဂ်တူထက်တောင် နှစ်ဆင့်နိမ့်တဲ့ အပျော်တမ်းလိဂ်မှာ အငှားထွက်ကစားရတဲ့ ကောင်လေးက လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်မှာ ကစားခွင့်ရလာတယ်။ ဧပရယ်လမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဗြိတိန်ပြည်တွင်းမှာ အပျော်တန်းလိဂ်တွေ… Continue Reading →

ဥရောပ ဘောလုံးရပ်ဝန်းမှာ လီဗာပူးရဲ့ မီးပြတိုက်အဖြစ် ကလော့ပ် စင်တင်ပေးလာတဲ့ အသင်းသား

မန်နေဂျာကလော့ပ်ဟာ စီနီယာအသင်းသားတွေထဲက ဖာဘင်ညိုကို အတော်လေး နေရာပေးမှုတွေ လုပ်လာခဲ့ပြီး သူ့ရဲ့ အယုံကြည်ရဆုံး ကစားသမား တစ်ဦးအဖြစ်ပါ မြင့်တင်ပေးလာတယ်လို့ The Athletic က ဖော်ပြပါတယ်။ ဖာဘင်ညိုဟာ သူ့ရဲ့ ပထမဆုံး ၂ ရာသီမှာ ကလော့ပ် ယုံကြည်ကိုးစားရတဲ့ ကွင်းလယ်လူဖြစ်လာတယ်။ လက်ထောက်နည်းပြ ပပ်လင်ဒါးကတော့ လေ့ကျင့်ရေးကွင်းမှာ ဖာဘင်ညိုကို မီးပြတိုက်အဖြစ် ခေါ်ဆိုကြတယ်လို့ ပြောပါတယ်။ လီဗာပူးက ဖာဘင်ညိုကို နည်းစနစ်ပိုင်းတင် မဟုတ်ဘဲ ခေါင်းဆောင်မှုပိုင်းအတွက်ပါ နေရာပေးလာခဲ့တယ်။ ဖာဘင်ညိုဟာ ဘောလုံးပိုင်ဆိုင်မှုပိုင်းတွေမှာ ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်… Continue Reading →

လီဗာပူး V ရှက်ဖီးယူနိုက်တက် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

လီဗာပူးဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ရှက်ဖီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ စနေပွဲဖြစ်ပေမယ့် မြန်မာစံတော်ချိန်အရ အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ မှာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဖွင့်သုံးပွဲလုံးကို အနိုင်ရထားပြီးနောက် နောက်ဆက်တွဲ ၂ ပွဲမှာတော့ ရမှတ် ၁ မှတ်ပဲ ရထားခဲ့တယ်။ ဒါကြောင့် ဒီပွဲမှာ ရမှတ် အထိအခိုက် ခံတော့မှာ မဟုတ်ဘဲ အနိုင်သေချာအောင် ကြိုးစားလာမယ်လို့ ယုံကြည်ထားရတာဖြစ်တယ်။… Continue Reading →

၁၀ မိနစ်ပဲ ကစားရတဲ့ ဗန်ဒိုက်ကြောင့် ပွဲပြည့်ကစားခဲ့တဲ့ ဂျိမ်း ဒဏ်ရာရကြောင်း အန်ဆယ်လော့တီ ပြော

အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဗန်ဒိုက်ရဲ့ ဒဏ်ရာအတွက် တောင်းပန်ကြောင်းနဲ့ ပစ်ဖိုဒ့်ကလည်း ဒီလို ဖြစ်သွားတာအတွက် အရမ်း ဝမ်းနည်းနေတယ်လို့ ထုတ်ပြောပါတယ်။ ၎င်းကပဲ ပစ်ဖိုဒ့်က အဝင် နောက်ကျပေမယ့် ဗန်ဒိုက်ကို ထိခိုက်ဖို့ မရည်ရွယ်ဘဲ ဘောလုံးကို ကာကွယ်ဖို့ပဲ ဦးတည်ခဲ့တာလို့ သူက ဆိုတယ်။ ပရီးမီးယားလိဂ်က သိပ်မြန်လွန်းတာကြောင့် ခပ်မြန်မြန် ဖြစ်ပွားခဲ့တာဖြစ်ကာ ကြိုတင်ကြံစည်ထားတဲ့ ကိစ္စလို့ ပြောကြတာက သိပ်များပါတယ်လို့ အီတလီမန်နေဂျာကြီးက ဆက်ပြောတယ်။ ဒါ့အပြင် သူကပဲ ကွင်းလယ်လူ ဂျိမ်းဟာ ပွဲထဲမှာ ဗန်ဒိုက်နဲ့ ထိခိုက်မိတာကြောင့်… Continue Reading →

အယ်လီဆန်နဲ့ ကိုစတက်တို ပြန်လည် ပါဝင်နိုင်မယ့် အချိန်နဲ့ ပက်သက်ပြီး သတင်း ထွက်ပေါ်

လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်နဲ့ ဘယ်အစွန်လူ ကိုစတက်တို့ဟာ စနေနေ့ပွဲမှာ ပါနိုင်မှာ မဟုတ်ပေမယ့် နောက်အပတ် ဝက်ဟမ်းနဲ့ပွဲမှာတော့ အဆင်သင့် ဖြစ်နေပါမယ်။ အယ်လီဆန်ဟာ ဒဏ်ရာက ပြန်လည် သက်သာလာခြင်းကြောင့် ပုံမှန်ပြန်ဖြစ်လာဖို့ လေ့ကျင့်ရေး ဆင်းနေပါပြီ။ သူဟာ တစ်ဦးချင်းမှာ ဒိုင်ဗင်ပစ်မှုတွေကိုတောင် ပြန်လုပ်နေပြီ ဖြစ်ပေမယ့် လာမယ့် ပွဲဆက်ကာလတွေမှာ ထပ်မံ ဒဏ်ရာရခြင်း မဖြစ်ဖို ကြံ့ခိုင်မှုကောင်းချိန်ထိ အသင်းဘက်က စောင့်နေတာပါ။ ဝက်ဟမ်းနဲ့ပွဲကို ပါဝင်နိုင်ရင် အယ်လီဆန်ဟာ နိုဝင်ဘာမှာ ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့ပွဲမှာ… Continue Reading →

ရှက်ဖီးနဲ့အတူ အသင်းဟောင်းကို ရင်ဆိုင်ဖို့ ပြန်လာမယ့် ဘရူးစတားနဲ့ လီဗာပူး မနက်ခင်းသတင်းများ

မနက်ဖြန်မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ရှက်ဖီးအသင်းဟာလည်း ဒဏ်ရာ ပြဿနာတွေ များနေပြီး အဓိက ကစားသမား ၃ ဦးလောက်ထိကို လက်လွတ်ထားရကာ မန်နေဂျာ ဝိုက်ဒါက သူတို့အသင်းက လီဗာပူး ဗန်ဒိုက်ကို လက်လွတ်ရတာထက် ပိုဆိုးနေပါတယ်လို့ ငြီးတွားပါတယ်။ အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဗန်ဒိုက် ကာလရှည် ဒဏ်ရာရသွားတဲ့ ဖြစ်ရပ်အတွက် တောင်းပန်ပါတယ်လို့ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့်လို့ ပစ်ဖိုဒ့်အပေါ် အရမ်း မဝေဖန်ကြဖို့နဲ့ ဂိုးသမားကလည်း အကောင်းဆုံး ကစားရင်း ဖြစ်ခဲ့တာပါလို့ ပြောပါတယ်။ ချန်ပီယံရှစ်ပွဲအဖြစ် ကာဒစ်နဲ့ ဘုန်းမောက်ပွဲမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!