မနက်ဖြန်မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ရှက်ဖီးအသင်းဟာလည်း ဒဏ်ရာ ပြဿနာတွေ များနေပြီး အဓိက ကစားသမား ၃ ဦးလောက်ထိကို လက်လွတ်ထားရကာ မန်နေဂျာ ဝိုက်ဒါက သူတို့အသင်းက လီဗာပူး ဗန်ဒိုက်ကို လက်လွတ်ရတာထက် ပိုဆိုးနေပါတယ်လို့ ငြီးတွားပါတယ်။

အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဗန်ဒိုက် ကာလရှည် ဒဏ်ရာရသွားတဲ့ ဖြစ်ရပ်အတွက် တောင်းပန်ပါတယ်လို့ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့်လို့ ပစ်ဖိုဒ့်အပေါ် အရမ်း မဝေဖန်ကြဖို့နဲ့ ဂိုးသမားကလည်း အကောင်းဆုံး ကစားရင်း ဖြစ်ခဲ့တာပါလို့ ပြောပါတယ်။

ချန်ပီယံရှစ်ပွဲအဖြစ် ကာဒစ်နဲ့ ဘုန်းမောက်ပွဲမှာ ကာဒစ်အတွက် ခြေပဂိုး သွင်းခဲ့တဲ့ ဝဲလ်ဆန်က သူနဲ့ မန်နေဂျာကလော့ပ်တို့ဟာ တူညီတဲ့ ဆွေးနွေးမှုရလဒ် ထွက်ခဲ့ပြီး ပုံမှန် ပွဲကစားခွင့်အတွက် အငှားထွက်လာခဲ့တာပါလို့ ဆိုပါတယ်။

လီဗာပူးခံစစ်မှူးဟောင်း ဝါးနော့က လက်ရှိ အချိန်မှာ ဖာမင်နိုထက် မီနာမီနိုက ပိုမို ခြေစွမ်းကောင်းနေပြီး ဘောလုံးကိုင်ကစားမှု၊ ချိတ်ဆက်ကစားမှုနဲ့ ပြိုင်ဘက်ကို ဖိအားပေးမှုတွေမှာ ပိုမို သက်ရောက်မှုကြီးစွာ ကစားနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

အူပါမီကာနိုကို ခေါ်ယူလိုရင် သတိထားဖို့လိုပြီး ပြင်သစ်သားဟာ ပရီးမီးယားလိဂ်မှာ လာကစားဖို့ဆိုရင် အမြင့်ဘော အားနည်းသူဖြစ်သလို သူဟာ ဒူးဒဏ်ရာမှတ်တမ်းဆိုးနဲ့ မကြာခဏ ဒဏ်ရာရလေ့ရှိသူဆိုတဲ့ အချက်အလက်တွေ ပေါ်ထွက်လာပါတယ်။

ဒီရာသီမှာ လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲ ရှိမှာ မဟုတ်ပါဘူး။ နောက်ရာသီမှာ နှစ်ရာသီစာ ကလပ် ၆၄ သင်းကို ရံှူးထွက်တွေနဲ့ ယှဉ်ပြိုင်ခိုင်းမှာဖြစ်ပါတယ်။

အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ ရိုဒရီဂွက်စ် ပါမှာ မဟုတ်ကြောင်းနဲ့ ကိုလံဘီယာသားက ဗန်ဒိုက်ကြောင့် ဒဏ်ရာရသွားတယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုပါတယ်။

ဗန်ဒိုက်ရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုဆိုးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကလပ်ဘက်က နယ်သာလန်သားနဲ့ ပက်သက်ပြီး အလျင်မလိုဘဲ သူ ပြန်ကောင်းလာဖို့ကို စိတ်ရှည်ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပါတယ်။

ဒီအပတ် လီဗာပူးနဲ့ ရှက်ဖီးပွဲမှာ ဘရူးစတားဟာ ရှက်ဖီး ကစားသမားဘဝ ပထမဆုံးသော ပွဲထွက်ကစားသမားအဖြစ် ကစားရမယ်လို့ သိရပါတယ်။

ZAWGY

မနက္ျဖန္မွာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ရွက္ဖီးအသင္းဟာလည္း ဒဏ္ရာ ျပႆနာေတြ မ်ားေနျပီး အဓိက ကစားသမား ၃ ဦးေလာက္ထိကို လက္လြတ္ထားရကာ မန္ေနဂ်ာ ဝိုက္ဒါက သူတို႔အသင္းက လီဗာပူး ဗန္ဒိုက္ကို လက္လြတ္ရတာထက္ ပိုဆိုးေနပါတယ္လို႔ ျငီးတြားပါတယ္။

အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ဗန္ဒိုက္ ကာလရွည္ ဒဏ္ရာရသြားတဲ့ ျဖစ္ရပ္အတြက္ ေတာင္းပန္ပါတယ္လို႔ ထုတ္ေျပာခဲ့တယ္။ ဒါေပမယ့္လို႔ ပစ္ဖိုဒ့္အေပၚ အရမ္း မေဝဖန္ၾကဖို႔နဲ႔ ဂိုးသမားကလည္း အေကာင္းဆံုး ကစားရင္း ျဖစ္ခဲ့တာပါလို႔ ေျပာပါတယ္။

ခ်န္ပီယံရွစ္ပြဲအျဖစ္ ကာဒစ္နဲ႔ ဘုန္းေမာက္ပြဲမွာ ကာဒစ္အတြက္ ေျခပဂိုး သြင္းခဲ့တဲ့ ဝဲလ္ဆန္က သူနဲ႔ မန္ေနဂ်ာကေလာ့ပ္တို႔ဟာ တူညီတဲ့ ေဆြးေႏြးမႈရလဒ္ ထြက္ခဲ့ျပီး ပံုမွန္ ပြဲကစားခြင့္အတြက္ အငွားထြက္လာခဲ့တာပါလို႔ ဆိုပါတယ္။

လီဗာပူးခံစစ္မွဴးေဟာင္း ဝါးေနာ့က လက္ရွိ အခ်ိန္မွာ ဖာမင္ႏိုထက္ မီနာမီႏိုက ပိုမို ေျခစြမ္းေကာင္းေနျပီး ေဘာလံုးကိုင္ကစားမႈ၊ ခ်ိတ္ဆက္ကစားမႈနဲ႔ ျပိဳင္ဘက္ကို ဖိအားေပးမႈေတြမွာ ပိုမို သက္ေရာက္မႈၾကီးစြာ ကစားႏုိင္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။

အူပါမီကာႏိုကို ေခၚယူလိုရင္ သတိထားဖို႔လိုျပီး ျပင္သစ္သားဟာ ပရီးမီးယားလိဂ္မွာ လာကစားဖို႔ဆိုရင္ အျမင့္ေဘာ အားနည္းသူျဖစ္သလို သူဟာ ဒူးဒဏ္ရာမွတ္တမ္းဆိုးနဲ႔ မၾကာခဏ ဒဏ္ရာရေလ့ရွိသူဆိုတဲ့ အခ်က္အလက္ေတြ ေပၚထြက္လာပါတယ္။

ဒီရာသီမွာ လူငယ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ရွိမွာ မဟုတ္ပါဘူး။ ေနာက္ရာသီမွာ ႏွစ္ရာသီစာ ကလပ္ ၆၄ သင္းကို ရံွဴးထြက္ေတြနဲ႔ ယွဥ္ျပိဳင္ခိုင္းမွာျဖစ္ပါတယ္။

အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ဒီအပတ္ ပရီးမီးယားလိဂ္ပြဲမွာ ရိုဒရီဂြက္စ္ ပါမွာ မဟုတ္ေၾကာင္းနဲ႔ ကိုလံဘီယာသားက ဗန္ဒိုက္ေၾကာင့္ ဒဏ္ရာရသြားတယ္လို႔ အံ့အားသင့္ဖြယ္ ေျပာဆိုပါတယ္။

ဗန္ဒိုက္ရဲ႕ ဒဏ္ရာဟာ ေမွ်ာ္လင့္ထားတာထက္ ပိုဆိုးတယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ ကလပ္ဘက္က နယ္သာလန္သားနဲ႔ ပက္သက္ျပီး အလ်င္မလိုဘဲ သူ ျပန္ေကာင္းလာဖို႔ကို စိတ္ရွည္ေပးသြားဖို႔ စိတ္ပိုင္းျဖတ္ထားျပီ ျဖစ္ပါတယ္။

ဒီအပတ္ လီဗာပူးနဲ႔ ရွက္ဖီးပြဲမွာ ဘရူးစတားဟာ ရွက္ဖီး ကစားသမားဘဝ ပထမဆံုးေသာ ပြဲထြက္ကစားသမားအျဖစ္ ကစားရမယ္လို႔ သိရပါတယ္။