လီဗာပူးလူငယ်လေး အီးလီးယော့်ဟာ ဘလက်ဘန်းကို အငှားထွက်နေပြီး သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ဝတ်ဖိုဒ့်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အထောင်တိုက်စစ်သမားအဖြစ် မိနစ် ၉၀ ကစားခွင့် ရခဲ့သလို ကစားပုံကောင်းတွေ ပြသခဲ့တယ်။

လီဗာပူးအသင်းက ခံစစ်ပိုင်း အားဖြင့်ဖို့အတွက် ရှော်ကေးခံစစ်သမား ကာဘတ်ကို ဇန်နဝါရီမှာ ခေါ်ယူလိုတယ်ဆိုရင် ယူရို သန်း ၃၀ ပေးရမယ်လို့ သတင်းထွက်နေပါတယ်။

ဖီဖာ ဥက္ကဌ အင်ဖန်တီနိုက ဥရောပကလပ်တွေ အများအပြားနဲ့အတူ ချန်ပီယံလိဂ်နဲ့ အပြိုင်ဖြစ်လာမယ့် ဥရောပ ပရီးမီးယားလိဂ်ကို စိတ်မဝင်စားကြောင်းနဲ့ ကလပ် ကမ္ဘာဖလားကိုပဲ ပိုမို အဆင့်မြင့်တင်လိုကြောင်းကို ထုတ်ပြောပါတယ်။

အေဂျက်ပွဲမှာလို ဖာမင်နို အပါအဝင် တိုက်စစ်သမားတွေကို ဂျိုတာ၊ မီနာမီနိုနဲ့ လူစားလဲမှုတွေလုပ်ပြီး အဓိက တိုက်စစ်သမားတွေရဲ့ ကစားချိန်ကို လျော့ချပေးကာ လန်းဆန်းအောင်လုပ်ခြင်းက အသင်းအတွက် အကူအညီ အဖြစ်ဆုံး နည်းလမ်းလို့ ထောက်ခံမှုတွေ မြင့်တက်နေပါတယ်။

မန်နေဂျာကလော့ပ်ဟာ အေဂျက်ပွဲမှာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ကို တစ်ကြိမ်တည်းနဲ့ တစ်ပြိုင်နက် လူစားလဲမှုကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ ကလော့ပ်က သူတို့ သုံးဦးလုံးကို လူစားလဲပြီး အရန်ခုံမှာ ထိုင်စေတာမျိုးကို ၅ ကြိမ်ပဲ လုပ်ထားပါတယ်။

နယ်သာလန်တိုက်စစ်သမားဟောင်း ဗန်ပါစီက လီဗာပူးက အေဂျက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မာဆေးဆိုဒ်ကလပ်ဟာ ကံကောင်းခဲ့တာပါလို့ မှတ်ချက်ပေးသွားပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က အေဂျက်ရဲ့ ဂျိုဟန်ခရိုက်ကွင်းကို သိပ်သဘောမတွေ့ခဲ့ပဲ ဗွက်ထူအောင် လုပ်ထားတယ်လို့ ဝေဖန်ခဲ့ကာ ပြိုင်ဘက်မန်နေဂျာ တန်ဟက်ကတော့ အန်ဖီးကွင်းကျရင် ပိုကောင်းပါစေလို့ တုန့်ပြန် စကားဆိုပါတယ်။

မန်နေဂျာကလော့ပ်က သူ့လက်ထက် ပထမဆုံးအကြိမ် ထုတ်သုံးတ့ ဖာဘင်ညိုနဲ့ ဂိုးမက်စ် ခံစစ်အတွဲသစ်နဲ့ ပက်သက်ပြီး ချီးကျူးခဲ့ကာ အနာဂတ်မှာ ပိုကောင်းလာဦးမယ်လို့ မှတ်ချက်ပေးပါတယ်။

အေဂျက်နဲ့ပွဲမှာ လူစားလဲခံရပြီးနောက် ခြေထောက်ကို ရေခဲအုပ်ထားရတဲ့ မာနေးရဲ့ အခြေအနေက အရင်ရက်တွေတုန်းက ကြွက်တက်ထားတာကြောင့် ကြိုတင်ကာကွယ်တာပါလို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးရဲ့ စီနီယာကစားသမားအချို့ဟာ ရှက်ဖီးပွဲမှာလည်း အရန်ခုံမှာပဲ ထိုင်ရဖွယ်ရှိပြီး အသင်းဆေးအဖွဲ့က ပွဲထွက်သင့်တယ်လို့ ရာနှုန်းပြည့် မယုံကြည်ရင် ကလော့ပ်က ထုတ်သုံးသွားမှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးလူငယ္ေလး အီးလီးေယာ့္ဟာ ဘလက္ဘန္းကို အငွားထြက္ေနျပီး သူ႔ရဲ႕ ပထမဆံုးပြဲအျဖစ္ ဝတ္ဖိုဒ့္ကို ၃-၁ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ အေထာင္တိုက္စစ္သမားအျဖစ္ မိနစ္ ၉၀ ကစားခြင့္ ရခဲ့သလို ကစားပံုေကာင္းေတြ ျပသခဲ့တယ္။

လီဗာပူးအသင္းက ခံစစ္ပိုင္း အားျဖင့္ဖို႔အတြက္ ေရွာ္ေကးခံစစ္သမား ကာဘတ္ကို ဇန္နဝါရီမွာ ေခၚယူလိုတယ္ဆိုရင္ ယူရို သန္း ၃၀ ေပးရမယ္လို႔ သတင္းထြက္ေနပါတယ္။

ဖီဖာ ဥကၠဌ အင္ဖန္တီႏိုက ဥေရာပကလပ္ေတြ အမ်ားအျပားနဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ အျပိဳင္ျဖစ္လာမယ့္ ဥေရာပ ပရီးမီးယားလိဂ္ကို စိတ္မဝင္စားေၾကာင္းနဲ႔ ကလပ္ ကမၻာဖလားကိုပဲ ပိုမို အဆင့္ျမင့္တင္လိုေၾကာင္းကို ထုတ္ေျပာပါတယ္။

ေအဂ်က္ပြဲမွာလို ဖာမင္ႏို အပါအဝင္ တိုက္စစ္သမားေတြကို ဂ်ိဳတာ၊ မီနာမီႏိုနဲ႔ လူစားလဲမႈေတြလုပ္ျပီး အဓိက တိုက္စစ္သမားေတြရဲ႕ ကစားခ်ိန္ကို ေလ်ာ့ခ်ေပးကာ လန္းဆန္းေအာင္လုပ္ျခင္းက အသင္းအတြက္ အကူအညီ အျဖစ္ဆံုး နည္းလမ္းလို႔ ေထာက္ခံမႈေတြ ျမင့္တက္ေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ေအဂ်က္ပြဲမွာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ကို တစ္ၾကိမ္တည္းနဲ႔ တစ္ျပိဳင္နက္ လူစားလဲမႈကို ပထမဆံုးအၾကိမ္ လုပ္ေဆာင္ခဲ့ပါတယ္။ ကေလာ့ပ္က သူတို႔ သံုးဦးလံုးကို လူစားလဲျပီး အရန္ခံုမွာ ထိုင္ေစတာမ်ိဳးကို ၅ ၾကိမ္ပဲ လုပ္ထားပါတယ္။

နယ္သာလန္တိုက္စစ္သမားေဟာင္း ဗန္ပါစီက လီဗာပူးက ေအဂ်က္ကို အႏုိင္ရခဲ့တဲ့ပြဲမွာ မာေဆးဆိုဒ္ကလပ္ဟာ ကံေကာင္းခဲ့တာပါလို႔ မွတ္ခ်က္ေပးသြားပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေအဂ်က္ရဲ႕ ဂ်ိဳဟန္ခရိုက္ကြင္းကို သိပ္သေဘာမေတြ႔ခဲ့ပဲ ဗြက္ထူေအာင္ လုပ္ထားတယ္လို႔ ေဝဖန္ခဲ့ကာ ျပိဳင္ဘက္မန္ေနဂ်ာ တန္ဟက္ကေတာ့ အန္ဖီးကြင္းက်ရင္ ပိုေကာင္းပါေစလို႔ တုန္႔ျပန္ စကားဆိုပါတယ္။

မန္ေနဂ်ာကေလာ့ပ္က သူ႔လက္ထက္ ပထမဆံုးအၾကိမ္ ထုတ္သံုးတ့ ဖာဘင္ညိဳနဲ႔ ဂိုးမက္စ္ ခံစစ္အတြဲသစ္နဲ႔ ပက္သက္ျပီး ခ်ီးက်ဴးခဲ့ကာ အနာဂတ္မွာ ပိုေကာင္းလာဦးမယ္လို႔ မွတ္ခ်က္ေပးပါတယ္။

ေအဂ်က္နဲ႔ပြဲမွာ လူစားလဲခံရျပီးေနာက္ ေျခေထာက္ကို ေရခဲအုပ္ထားရတဲ့ မာေနးရဲ႕ အေျခအေနက အရင္ရက္ေတြတုန္းက ၾကြက္တက္ထားတာေၾကာင့္ ၾကိဳတင္ကာကြယ္တာပါလို႔ ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးရဲ႕ စီနီယာကစားသမားအခိ်ဳ႔ဟာ ရွက္ဖီးပြဲမွာလည္း အရန္ခံုမွာပဲ ထိုင္ရဖြယ္ရွိျပီး အသင္းေဆးအဖြဲ႔က ပြဲထြက္သင့္တယ္လို႔ ရာႏႈန္းျပည့္ မယံုၾကည္ရင္ ကေလာ့ပ္က ထုတ္သံုးသြားမွာ မဟုတ္ပါဘူး။