အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဗန်ဒိုက်ရဲ့ ဒဏ်ရာအတွက် တောင်းပန်ကြောင်းနဲ့ ပစ်ဖိုဒ့်ကလည်း ဒီလို ဖြစ်သွားတာအတွက် အရမ်း ဝမ်းနည်းနေတယ်လို့ ထုတ်ပြောပါတယ်။

၎င်းကပဲ ပစ်ဖိုဒ့်က အဝင် နောက်ကျပေမယ့် ဗန်ဒိုက်ကို ထိခိုက်ဖို့ မရည်ရွယ်ဘဲ ဘောလုံးကို ကာကွယ်ဖို့ပဲ ဦးတည်ခဲ့တာလို့ သူက ဆိုတယ်။ ပရီးမီးယားလိဂ်က သိပ်မြန်လွန်းတာကြောင့် ခပ်မြန်မြန် ဖြစ်ပွားခဲ့တာဖြစ်ကာ ကြိုတင်ကြံစည်ထားတဲ့ ကိစ္စလို့ ပြောကြတာက သိပ်များပါတယ်လို့ အီတလီမန်နေဂျာကြီးက ဆက်ပြောတယ်။

ဒါ့အပြင် သူကပဲ ကွင်းလယ်လူ ဂျိမ်းဟာ ပွဲထဲမှာ ဗန်ဒိုက်နဲ့ ထိခိုက်မိတာကြောင့် ဆောက်သမ်တန်နဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ကြောင့် အံ့အားသင့်ဖွယ် ပြောဆိုပါသေးတယ်။ အဆိုပါပွဲမှာ ဗန်ဒိုက်ဟာ ပထမ ၁၀ မိနစ်မှာတင် ရတဲ့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပြီး ဂျိမ်းက မိနစ် ၉၀ အပြည့် ပါဝင်သွားခဲ့တာဖြစ်တယ်။

အန်ဆယ်လော့တီကတော့ ပထမ ၁၀ မိနစ်မှာတင် ဂျိမ်းက ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့တာလို့ ဆိုတယ်။ သူက ” ကံမကောင်းစွာပဲ လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ဂျိမ်းက ဒဏ်ရာရခဲ့ပါတယ် ” လို့ ပြောပါတယ်။

ဘယ်လိုဖြစ်ပြီး ဒဏ်ရာရသလဲအပေါ်ကိုတော့ ” ပွဲအစမှာ ဗန်ဒိုက်ရဲ့ ချိန်သားမကိုက်တဲ့ ဖြတ်ထုတ်မှုကြောင့် ထိခိုက်ခဲ့တာပါ။ ဆောက်သမ်တန်နဲ့ပွဲမှာ ဂျိမ်း ပါဝင်သွားနိုင်တော့မှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒါဘီပွဲမှာ ဂျိမ်း မိနစ် ၉၀ လုံး ကောင်းကောင်းကစားတာကို မြင်ခဲ့ရသူတွေအတွက်ကတော့ အန်ဆယ်လော့တီရဲ့ ပြောဆိုမှုက အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေပါလိမ့်မယ်။

ZAWGYI

အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ဗန္ဒိုက္ရဲ႕ ဒဏ္ရာအတြက္ ေတာင္းပန္ေၾကာင္းနဲ႔ ပစ္ဖိုဒ့္ကလည္း ဒီလို ျဖစ္သြားတာအတြက္ အရမ္း ဝမ္းနည္းေနတယ္လို႔ ထုတ္ေျပာပါတယ္။

၄င္းကပဲ ပစ္ဖိုဒ့္က အဝင္ ေနာက္က်ေပမယ့္ ဗန္ဒိုက္ကို ထိခိုက္ဖို႔ မရည္ရြယ္ဘဲ ေဘာလံုးကို ကာကြယ္ဖို႔ပဲ ဦးတည္ခဲ့တာလို႔ သူက ဆိုတယ္။ ပရီးမီးယားလိဂ္က သိပ္ျမန္လြန္းတာေၾကာင့္ ခပ္ျမန္ျမန္ ျဖစ္ပြားခဲ့တာျဖစ္ကာ ၾကိဳတင္ၾကံစည္ထားတဲ့ ကိစၥလို႔ ေျပာၾကတာက သိပ္မ်ားပါတယ္လို႔ အီတလီမန္ေနဂ်ာၾကီးက ဆက္ေျပာတယ္။

ဒါ့အျပင္ သူကပဲ ကြင္းလယ္လူ ဂ်ိမ္းဟာ ပြဲထဲမွာ ဗန္ဒိုက္နဲ႔ ထိခိုက္မိတာေၾကာင့္ ေဆာက္သမ္တန္နဲ႔ပြဲကို ပါဝင္ႏုိင္မွာ မဟုတ္ေၾကာင့္ အံ့အားသင့္ဖြယ္ ေျပာဆိုပါေသးတယ္။ အဆိုပါပြဲမွာ ဗန္ဒိုက္ဟာ ပထမ ၁၀ မိနစ္မွာတင္ ရတဲ့ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတာျဖစ္ျပီး ဂ်ိမ္းက မိနစ္ ၉၀ အျပည့္ ပါဝင္သြားခဲ့တာျဖစ္တယ္။

အန္ဆယ္ေလာ့တီကေတာ့ ပထမ ၁၀ မိနစ္မွာတင္ ဂ်ိမ္းက ဗန္ဒိုက္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာရခဲ့တာလို႔ ဆိုတယ္။ သူက ” ကံမေကာင္းစြာပဲ လီဗာပူးနဲ႔ ရင္ဆိုင္ရတဲ့ပြဲမွာ ဂ်ိမ္းက ဒဏ္ရာရခဲ့ပါတယ္ ” လို႔ ေျပာပါတယ္။

ဘယ္လိုျဖစ္ျပီး ဒဏ္ရာရသလဲအေပၚကိုေတာ့ ” ပြဲအစမွာ ဗန္ဒိုက္ရဲ႕ ခ်ိန္သားမကိုက္တဲ့ ျဖတ္ထုတ္မႈေၾကာင့္ ထိခိုက္ခဲ့တာပါ။ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂ်ိမ္း ပါဝင္သြားႏုိင္ေတာ့မွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒါဘီပြဲမွာ ဂ်ိမ္း မိနစ္ ၉၀ လံုး ေကာင္းေကာင္းကစားတာကို ျမင္ခဲ့ရသူေတြအတြက္ကေတာ့ အန္ဆယ္ေလာ့တီရဲ႕ ေျပာဆိုမႈက အနည္းငယ္ အံ့အားသင့္စရာ ျဖစ္ေနပါလိမ့္မယ္။