Date

November 1, 2020

တနင်္ဂနွေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးရဲ့ ကစားသမား ၁၁ ဦးဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ ဘလက်ပူးလ်အသင်းကို အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ဝုဒ်ဘမ်းဟာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် သီးသန့် နေနေပါတယ်။ အင်္ဂလန်မှာ ကိုဗစ်ပိုးကူးစက်မှု မြင့်တက်ခြင်းကြောင့် တစ်နိုင်ငံလုံးကို ၄ ပတ်ကြာ လော့ဒေါင်း ပြုလုပ်ခဲ့ပြီဖြစ်ပေမယ့် ဘောလုံးပွဲတွေကိုတော့ ဆက်ကစားခွင့် ပြုမှာဖြစ်ပါတယ်။ ဝက်ဟမ်းမန်နေဂျာ မိုယက်စ်က လီဗာပူးကို အရန်တိုက်စစ်သမား ဂျိုတာရဲ့ သွင်းဂိုးကြောင့် အရေးနိမ့်အပြီးမှာ လူစားလဲမှု ၅ ခုကို… Continue Reading →

အရန်လူတွေကြောင့် လီဗာပူးကို အရေးနိမ့်အပြီး အသင်းငယ်တွေကို သတိပေးသွားတဲ့ မိုယက်စ်

ဝက်ဟမ်းမန်နေဂျာ မိုယက်စ်က လီဗာပူးကို အရန်တိုက်စစ်သမား ဂျိုတာရဲ့ သွင်းဂိုးကြောင့် အရေးနိမ့်အပြီးမှာ လူစားလဲမှု ၅ ခုကို ပြုလုပ်ခွင့်အတွက် ကြီး ၆ ကြီးရဲ့ ကြိုးစားနေမှုကို သတိထားဖို့ အသင်းငယ်တွေကို သတိပေးလိုက်ပါတယ်။ ဒီရာသီမှာ ကလပ် အများအပြားက ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရပြီး အဓိကအားဖြင့် ပွဲဆက်တွေရဲ့ ရိုက်ခတ်မှုကို ခံနေရတာပါ။ အထူးသဖြင့်ကတော့ ပြည်တွင်းကော ဥရောပပွဲတွေမှာပါ ယှဉ်ပြိုင်နေရတဲ့ အသင်းကြီးတွေက အထိနာနေတာဖြစ်တယ်။ လူစားလဲမှု ၅ ခုကို လုပ်ခွင့်ပေးရင် အသင်းကြီးတွေရဲ့ အရန်အင်အားနဲ့ ကစားသမား… Continue Reading →

ဗန်ဒိုက် မရှိတဲ့နောက် လီဗာပူးကျဆင်းနေတဲ့ နည်းစနစ်ပိုင်း တစ်နေရာမှာ ထူးချွန်ပြနေတဲ့ နက်ဖီးလစ်

လီဗာပူး နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ ရှက်ဖီးနဲ့ ဝက်ဟမ်းပွဲတွေမှာ အမြင့်ဘော လွမ်းမိုးနိုင်မှုက ဘာလို့ အရေးပါသလဲဆိုတာကို မြင်လာရပါတယ်။ လီဗာပူးအသင်းဟာ ရှက်ဖီးကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့စဉ် ခရစ်ဝိုက်ဒါရဲ့ အသင်းဟာ ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးထိချက် ၂၉ ကြိမ်တိုင် လုပ်နိုင်ခဲ့တယ်။ ဒါဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်း စတုတ္ထမြောက် အမြင့်ဆုံး လုပ်နိုင်ခြင်းဖြစ်တယ်။ ရှက်ဖီးဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၃ ကြိမ်တောင် လုပ်နိုင်ခဲ့ကာ လီဗာပူးထက် ၄ ကြိမ်ပဲ လျော့နည်းခဲ့ပါတယ်။ လီဗာပူးအသင်းကို တစ်ဦးကောင်းဖြင့်… Continue Reading →

Super Subs တွေအဖြစ် ဂျိုတာနဲ့တွဲပြီး လီဗာပူးအတွက် အကျိုးပြုလာတဲ့ ရှာကွီရီရဲ့ ဖွင့်ဟချက်

လီဗာပူးရဲ့ နောက်ဆုံး ၂ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာပြီး အသင်းကို အကျိုးဖြစ်နေစေတဲ့ ကွင်းလယ်လူ ရှာကွီရီက သူ့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို ပွဲအပြီးမှာ ထုတ်ပြောပါတယ်။ ရှာကွီရီဟာ ကိုဗစ်ဆိုင်ရာ စစ်ဆေးချက် အမှားတွေ၊ ကြွက်သား ပြဿနာတွေနဲ့အတူ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပေမယ့် လက်တလောမှာ အရန်စာရင်းကနေ အသင်းကို ပြန်လည် ပံ့ပိုးမှုတွေ လုပ်ပေးလာနိုင်ပါပြီ။ ရှာကွီရီက နေရာပြန်ရဖို့ ကြိုးစားရတော့မယ်ဆိုတာ နားလည်ပေမယ့် ပွဲကစားခွင့် မိနစ်တွေ ရလာတာကို ပျော်ရွှင်နေပါတယ်။ သူကပဲ “ အသင်းလူစာရင်းမှာ ပြန်ပါလာရတာက… Continue Reading →

အန်ဖီးကွင်းမှာ လီဗာပူးကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ အနိုင်ယူလို့မရတာ ၃ ရာသီဆက် ရှိလာပြီ

ဝက်ဟမ်းကို အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ အိမ်ကွင်း စံချိန်ကောင်းတစ်ခုအဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲ ၆၃ ပွဲဆက်တိုက် ရံှူးပွဲမရှိ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး အိမ်ကွင်းမှတ်တမ်းကို လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်က ဂန္တဝင် မန်နေဂျာကြီး ပီယာစလေရဲ့ လီဗာပူးကလည်း အန်ဖီးကွင်းမှာ အမှတ်ပေးပွဲ ၆၃ ပွဲဆက်တိုက် ရံှူးပွဲမရှိ စံချိန်ကို စိုက်ထူထားသေးတာပါ။ ယာဂင်ရဲ့ လီဗာပူးက အဆိုပါ စံချိန်ကို ဒုတိယအကြိမ်မြောက် ထပ်လုပ်နိုင်တာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးသမိုင်းမှာ ပွဲ ၆၀… Continue Reading →

ဖာမင်နို၊ ဂျိုတာနဲ့ လီဗာပူးတိုက်စစ် စွမ်းရည်ထက်ကာ ဂိုးပိုရလာဖို့ ဘယ်လို ကစားစေမလဲ သုံးသပ်မှု

လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကို ဆာလက်၊ မာနေးတို့က အဓိက တာဝန်ယူနေပြီး တွဲဘက် တိုက်စစ်သမား ဖာမင်နိုက ဂိုးရယူနိုင်မှု အားနည်းနေပေမယ့် လူစာရင်းကနေ ဖယ်ထုတ်လိုက်လို့ မရပါဘူးလို့ ကာရေဂါက သုံးသပ်သွားခဲ့တယ်။ ဖာမင်နိုဟာ လီဗာပူးမှာ ဂိုးရယူဖို့ထက် တိုက်စစ်တွဲဘက်တွေ ကစားနိုင်ဖို့ ကွင်းလယ်ကို ကူညီပေးဖို့ပဲ အဓိက ကြိုးစားနေရသူဖြစ်တယ်။ ပွဲထဲမှာ ဆာလက်နဲ့ မာနေးတို့ ဂိုးမသွင်းနိုင်တိုင်း ဖာမင်နိုရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု နည်းပါးခြင်းက ထောက်ပြစရာ ကိစ္စကြီးတစ်ခုလို ဖြစ်လာနေပါတယ်။ ကာရေဂါကတော့ ဖာမင်နိုဟာ ကွင်းထဲမှာ သူလုပ်ရမယ့်… Continue Reading →

အေဂျက်အသင်းမှ ဗန်ဒိုက်လက်သစ်ဆိုတဲ့ ခံစစ်မှူးကို စတင် စောင့်ကြည့်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဗဟိုခံစစ်သမားနေရာအတွက် ရှာဖွေနေရင်းက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြထားတဲ့ လူငယ်ခံစစ်သမားလေး Perr Schuurs ကို သဘောကျနေပါတယ်။ နယ်သာလန် ခံစစ်သမားဟာ ဗန်ဒိုက်လက်သစ်လို့ နာမည်ရနေသူဖြစ်ပြီး သူ့ရဲ့ အမိန့်ပေးနိုင်စွမ်းရှိတဲ့ ခံစစ်စွမ်းရည်တွေကြောင့် နယ်သာလန် လူစာရင်းမှာပါ ရွေးချယ်ခံထားရသူပါ။ မနှစ်ကရာသီမှာ အေဂျက်အတွက် ပွဲကစားခွင့်တွေ အတော်ရလာခဲ့ပြီး ဒီရာသီမှာလည်း ဆက်တိုက် ပါဝင်ခွင့်ရထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် အသက် ၁၇ နှစ်အရွယ်မှာ အန်ဖီးကိုလာပြီး ခြေစွမ်း စစ်ဆေးမှု ခံယူခဲ့ဖူးတယ်။ သို့သော် အသင်းဘက်က… Continue Reading →

အသင်းက ထွက်ဖို့နီးစပ်ခဲ့လို့ UCL လူစာရင်းကတောင် ဖယ်ထုတ်ခံခဲ့ရတဲ့ နက်ဖီးလစ်ရဲ့ ပီတိစကား

လီဗာပူး လူငယ်ခံစစ်သမား နက်ဖီးလစ်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲထွက်မှုကို ဝက်ဟမ်းနဲ့ပွဲမှာ လုပ်နိုင်ခဲ့ပါတယ်။ နက်ဖီးလစ်က သိပ်တော့ မငယ်တော့ဘဲ အသက် ၂၃ နှစ်အရွယ်ကို ရောက်နေပါပြီ။ သူဟာ မနှစ်တုန်းက ဘွန်ဒက်လီဂါ-၂ ကလပ် စတုဂတ်မှာ အငှားထွက်ကစားခဲ့ပြီး လိဂ်-၂ ရဲ့ အမြင့်ဘော အောင်နိုင်မှု အမြင့်ဆုံး ကစားသမားဖြစ်ခဲ့တာပါ။ သူ့ရဲ့ အရည်အချင်းက ဒီကနေ့ပွဲမှာ အသုံးဝင်ခဲ့ပြီး နက်ဖီးလစ်ဟာ ဝက်ဟမ်းရဲ့ အမြင့်ဘောတွေကို တားဆီးနိုင်ခဲ့တယ်။ နွေမှာ အသင်းပြောင်းဖို့ နီးစပ်ခဲ့တာကြောင့် ချန်ပီယံလိဂ်… Continue Reading →

အရန်ခုံကနေ ပွဲကိုကြည့်ပြီး ပွဲနဲ့ ပက်သက်လို့ ဘာစဉ်းစားနေခဲ့လဲဆိုတာကို ပြောပြတဲ့ ဂျိုတာ

ဝက်ဟမ်းနဲ့ပွဲမှာ ဂျိုတာဟာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးကို ၂-၁ နဲ့ အနိုင်ရစေခဲ့တယ်။ ဒီပွဲမှာ သူဟာ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ အဲ့တာကတော့ ၂၀၀၄ ခုနှစ်က ဂါစီယာနောက်ပိုင်းမှာ လီဗာပူးရဲ့ ပထမဆုံး အိမ်ကွင်းပွဲ ၃ ပွဲကို ပါဝင်ကစားပြီး ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာစေခဲ့တယ်။ သူဟာ သီယာဂို၊ ကိုစတက်တို့နဲ့အတူ အသင်းကို ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ အချိန်ထိတော့ လက်တွေ့အကျဆုံးအဖြစ် အသင်းအတွက် အကျိုးအဖြစ်ဆုံး ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ ဂျိုတာက ”… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!