Date

November 4, 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးအသင်းဟာ မနက်က အတ္တလန်တာကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန် မိနစ် ၆၀ ကျော်အတွင်း လူစားလဲခဲ့ရတဲ့ ဂျိုတာရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုမရှိဘူးလို့ သိရပါတယ်။ အတ္တလန်တာ မန်နေဂျာဖြစ်သူ ဂတ်စပါရီနီက သူ့အသင်းက မနှစ်က မန်စီးတီးကို ရံှူးခဲ့စဉ်ကထက် ပိုကောင်းလာပေမယ့်လည်း လီဗာပူးနဲ့ ကွာခြားချက်ကတော့ သိပ်ကြီးနေတာကြောင့် အရေးနိမ့်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ မန်စီးတီးပွဲနဲ့ ပက်သက်လို့ ဂျိုတာရဲ့ ကတိပေး ပြောစကားက ” စီးတီးနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲမှာ ကျနေ်ာတို့ clean sheet… Continue Reading →

ဂျိုတာရဲ့ ကြံ့ခိုင်မှုက စိုးရိမ်စရာ အနေအထား မဟုတ်ဘူးလို့ လီဗာပူးအသင်း ယုံကြည်

လီဗာပူးအသင်းဟာ မနက်က အတ္တလန်တာကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန် မိနစ် ၆၀ ကျော်အတွင်း လူစားလဲခဲ့ရတဲ့ ဂျိုတာရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုမရှိဘူးလို့ သိရပါတယ်။ ပြိုင်ဘက် ကစားသမားနဲ့ ထိတွေ့မှုဖြစ်ခဲ့ရာက ဂျိုတာက ကွင်းထဲ လဲကျနေခဲ့ပြီး ကုသမှု ခံယူခဲ့ရတယ်။ သိပ်မကြာခင်မှာပဲ ဖာမင်နိုနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်ကက ဂျိုတာ ဒဏ်ရာရကြောင်း စကားမျိုး မပြောခဲ့သလို ပွဲပြီး အင်တာဗျူးတွေမှာ ကစားသမားက သက်သောင့်သက်သာ အနေအထား ရှိနေတာကို မြင်ခဲ့ရတယ်။ ဒီကနေ့မှာတော့… Continue Reading →

မန်စီးတီးနဲ့ လီဗာပူးကြား ဘာကွာခြားသလဲဆိုတာကို အတ္တလန်တာ မန်နေဂျာ နှိုင်းယှဉ် ပြောဆို

အတ္တလန်တာဟာ ဒီရာသီ လီဗာပူးကို အိမ်ကွင်းမှာ ၅-၀ နဲ့ အရေးနိမ့်ခဲ့သလို မနှစ်တုန်းကလည်း အင်္ဂလန်ကလပ် မန်စီးတီးကို အဝေးကွင်းမှာ ၅-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ အီတလီကလပ်ရဲ့ မန်နေဂျာဖြစ်သူ ဂတ်စပါရီနီက မန်စီးတီးကို အရေးနိမ့်တာနဲ့ လီဗာပူးကို အရေးနိမ့်မှုကြားမှာ ခံစားချက် မတူဘူးလို့ ပြောပါတယ်။ သူ့အသင်းက မနှစ်က မန်စီးတီးကို ရံှူးခဲ့စဉ်ကထက် ပိုကောင်းလာပေမယ့်လည်း လီဗာပူးနဲ့ ကွာခြားချက်ကတော့ သိပ်ကြီးနေတယ်လို့ ဝန်ခံခဲ့တာဖြစ်တယ်။ လီဗာပူး၊ မန်စီးတီးတို့ကို အရေးနိမ့်မှုတွေအတွက် ကွာခြားချက်ကို ဂတ်စပါရီနီက ပြောရာမှာ ”… Continue Reading →

ဒီရာသီမှာ လီဗာပူးက ချန်ပီယံလိဂ်ကို ထပ်မံ အနိုင်ရမလား? မေးခွန်းကို ဆာလက် အဖြေပေး

အတ္တလန်တာကို အနိုင်ရတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူခဲ့တာကြောင့် ဆာလက်ဟာ ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် သွင်းဂိုး ၂၁ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ လီဗာပူးရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ကြီး စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကို လိုက်မှီခဲ့ခြင်းဖြစ်တယ်။ ဆာလက်ကတော့ အဲ့လို လုပ်နိုင်တာအတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဆာလက်က “ အမြင့်ဆုံးကို ရောက်လာတာအတွက် ကျနော် ပျော်ပါတယ်။ စတီဗင်ဂျရတ်ဆိုတာ လီဗာပူးအသင်းရဲ့ ဂန္တဝင်တစ်ဦးပါ။ ဒီစံချိန်က ကျနော် ဂုဏ်ယူရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောခဲ့ဖူးသလိုပါပဲ။… Continue Reading →

ဂျိုတာ လီဗာပူးကို ပြောင်းမလာခင်မှာပဲ ကူညီပေးဖို့ သွားမိတ်ဆက်ခဲ့တဲ့ လီဗာပူးအသင်းသား

အတ္တလန်တာနဲ့ပွဲမှာ hat-trick ရခဲ့တဲ့ ဂျိုတာဟာ လီဗာပူး ကစားသမားဟောင်း မိုင်ကယ်အိုဝင်နဲ့ တိုက်စစ်သမား မာနေးတို့နောက်ပိုင်း ချန်ပီယံလိဂ် အဝေးကွင်းမှာ hat-trick ရယူနိုင်သူ ဖြစ်လာခဲ့တယ်။ ဂျိုတာဟာ ၁၁ ရက်အတွင်းမှာ လီဗာပူးအတွက် ၄ ပွဲကစားခဲ့ပြီး သွင်းဂိုး ၆ ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ သူဟာ ၄၁ မိနစ်တိုင်းမှာ သွင်းဂိုး ၁ ဂိုးနှုန်း ရယူနိုင်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ ရော်ဘီဖောင်လာရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး ၁၀ ပွဲအတွင်း သွင်းဂိုး ၇… Continue Reading →

ဂျိုတာရွေးမလား ဖာမင်နိုလား ခွဲခြားသူတွေကို ပြတ်သားစွာ တုန့်ပြန်လိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အတ္တလန်တာပွဲမှာ ဂျိုတာ ပွဲထွက်လာခဲ့ပြီး hat-trick သွင်းယူခဲ့တဲ့နောက် တိုက်စစ်တစ်နေရာအတွက် ဖာမင်နို၊ ဂျိုတာ ခွဲပြောနေကြမှုတွေကို စိတ်ပျက်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ ကလော့ပ်က လီဗာပူးက အသင်းဖြစ်သလို ဖာမင်နိုရဲ့ ထူးချွန်မှုတွေကြောင့် အသင်းဟာ ချန်ပီယံလိဂ်ကို ရောက်လာခဲ့တာလို့ ဆိုတယ်။ အတ္တလန်တာနဲ့ပွဲမှာတော့ ပုံစံကောင်းမှာ ရှိနေတဲ့ ဂျိုတာကို ပွဲထွက်လူစာရင်းမှာ ထည့်ခဲ့တာတင်ဖြစ်ပြီး ဘာအကြောင်းနဲ့မှ အသင်းသားတွေကြား ခွဲခြား မေးခွန်းထုတ်စရာ မရှိဘူးလို့ ဆိုပါတယ်။ မန်နေဂျာကလော့ပ်က ” အားလုံး ကောင်းပါတယ်။ သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေက… Continue Reading →

ဇာပါတာကို ထိန်းချုပ်ပြကာ မရှိသုံး မဟုတ်ကြောင်း သက်သေထူခဲ့တဲ့ ခံစစ်သမားလေး ရိုင်းစ်

လီဗာပူးရဲ့ ၁၉ နှစ်သာ ဗဟိုခံစစ်မှူး ရိုင်းစ် ဝီလီယမ်ဟာ ချန်ပီယံလိဂ်မှာ ၃ ပွဲ ကစားခွင့်ရထားကာ သူပါဝင်ကစားခွင့်ရတဲ့ ၃ ပွဲလုံး ခံစစ်က ဂိုးမပေးရတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ရိုင်းစ်ဟာ မနှစ်ကတုန်းက အင်္ဂလန်ရဲ့ အဆင့်နိမ့်တန်းတင် မဟုတ်ဘဲ အပျော်တမ်း လိဂ်မှာ သွားကစားထားသူပါ။ သူ့ရဲ့ အလားအလာကို မြင်တဲ့ ပထမအသင်းရေးရာ လူငယ်ကစားသမား နည်းပြ ဗစ်တာ မာတိုစ့်က ကလော့ပ်အား ရိုင်းစ်ကို စမ်းသုံးကြည့်ဖို့ ထောက်ခံရာက စီနီယာအဆင့်မှာ ပူးပေါင်းခွင့် ရလာခဲ့တာဖြစ်တယ်။… Continue Reading →

ဂျိုတာနဲ့ တိုက်စစ် သုံးယောက်တန်းအပြင် အတ္တလန်တာပွဲမှာ ဘယ်သူတွေက ခြေစွမ်းကောင်းခဲ့လဲ

လီဗာပူးနဲ့ အတ္တလန်တာပွဲဟာ ကလော့ပ်လက်ထက် အကောင်းဆုံး ချန်ပီယံလိဂ်ပွဲတွေထဲက တစ်ပွဲလို့ ညွှန်းဆိုခံနေရတယ်။ ဒီပွဲမှာ ဘယ်သူတွေက ဘယ်လို ကောင်းခဲ့ကြလဲ အကျဉ်းသဘော ဖော်ပြမှာ ဖြစ်ပါတယ်။ Alisson Becker 8 ဇာပါတာရဲ့ ဒုတိယပိုင်း အကောင်းဆုံး ပိတ်သွင်းမှုအပြင် အယ်လီဆန်ဟာ အပိုင်အခွင့်အရေး သုံးကြိမ်လောက်ကို ကာကွယ်မှု လုပ်ပေးခဲ့တယ်။ သူဟာ ဘောလုံး ဖြန့်ဝေမှုပိုင်းမှာလည်း အကောင်းဆုံး ပါဝင်ခဲ့ပါတယ်။ သူမပါဘဲ ဒီပွဲက ဒီလောက်ထိ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ Trent Alexander-Arnold 8 ဂျိုတာရဲ့… Continue Reading →

ဘယ်လို နည်းစနစ်ကမှ လီဗာပူးတိုက်စစ်ကို ရပ်တန့်နိုင်မှာ မဟုတ်ကြောင်း ကလော့ပ် ချီးကျူး

ချန်ပီယံလိဂ်မှာ စီးရီးအေကလပ်ကို ၅ ဂိုးပြတ် အနိုင်ရတဲ့နောက် မန်နေဂျာကလော့ပ်က ကိုယ်အသင်းသားတွေကို အထူး အမွှန်းတင်မှု ပြုလုပ်သွားပါတယ်။ ကလော့ပ်ကတော့ ပွဲကို သိပ်နှစ်သက်မိကြောင်း ဝန်ခံတယ်။ ဒါ့အပြင် သွင်းဂိုးတွေကို သွင်းယူပေးခဲ့တဲ့ ဂျိုတာ၊ ဆာလက်၊ မာနေး တို့ရဲ့ တိုက်စစ် သုံးယောက်တန်းကိုလည်း ချီးကျူးခဲ့ပြီး ဒီညမှာ သူတို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် တိုက်စစ်သမားတွေကို ရပ်တန့်နိုင်မယ့် နည်းစနစ်မျိုးက မရှိနိုင်ဘူးလို့ပါ ညွှန်းဆိုသွားခဲ့ပါတယ်။ ကလော့ပ်က ” အရမ်းကောင်းတယ်လို့ ခံစားရတယ်။ သိပ်ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ ငါတို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!