Date

November 10, 2020

ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ ပူးပေါင်း တောင်းဆိုတဲ့ ကိစ္စကို ထပ်မံ ပယ်ချဦးမယ့် ပရီးမီးယားလိဂ်

မန်နေဂျာယာဂင်ကလော့ပ်နဲ့ မန်နေဂျာ ပပ်ဂွာဒီယိုလာတို့ရဲ့ ဒဏ်ရာရ ကစားသမားတွေ မြင့်တက်နေခြင်းကို တားဆီးဖို့ရာ အကူအညီဖြစ်လာဖို့ လူစားလဲမှု ၅ ခုကို လုပ်ခွင့်ပေးရေး တောင်းဆိုမှုကို ပရီးမီးယားလိဂ်က ပယ်ချသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ဒီဂျစ်တယ်၊ အားကစားနဲ့ ယဉ်ကျေးမှု မီဒီယာ ကော်မတီမှ အကြီးအကဲတစ်ီးဖြစ်သူ မာစတာက ပရီးမီးယားလိဂ်ဟာ အဆိုပါကိစ္စအတွက် မဲခွဲခြင်းမှာ ၂ ကြိမ်တိုင် ဆန့်ကျင်ခဲ့ကြပြီဖြစ်ကာ တတိယအကြိမ်မှာလည်း အပြောင်းအလဲ ဖြစ်လာမယ် မထင်ဘူးလို့ ဆိုပါတယ်။ မာစတာက “ ကလပ်အဆင့်မှာ နှစ်ကြိမ်တိုင် မဲပေးပြီးပါပြီ။… Continue Reading →

အမ်ဘတ်ပီနဲ့ ခံစစ်မှူးသစ် ကိစ္စတွေ ပါဝင်တဲ့ ဒီနေ့ည နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးနဲ့ အေစီမီလန်တို့ဟာ ရှော်ကေးခံစစ်သမား ဂါဘက်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အကြိတ်အနယ် ပြိုင်ဆိုင်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြလာပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ တိုက်စစ်မှူး အမ်ဘတ်ပီကို ဥရောပ ပြိုင်ဘက် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်အသင်းတွေထံ လက်လွတ် မပေးရဖို့ရာ ကာလရှည် သက်တမ်းတိုးနိုင်ဖို့ စတင် ကြိုးစားနေပါပြီ။ လီဗာပူးအသင်းက ဗန်ဒိုက်ကို လက်လွတ်ရပေမယ့်လည်း အလာဘာကို ချိတ်ဆက်ဖို့က မဖြစ်နိုင်ပါဘူးလို့ ခံစစ်မှူးဟောင်း မက် အတီယာက ထုတ်ပြောလိုက်ပါတယ်။ ဗြိတိန်သတင်းဌာန The Times က… Continue Reading →

လီဗာပူးအသင်းသားတွေကို ယာဂင်ကလော့ပ် ဘယ်လို ဆက်ဆံသလဲဆိုတာကို ဂျိုတာ ဖွင့်ဟ

ဒီယေဂို ဂျိုတာက မန်နေဂျာယာဂင်ကလော့ပ်ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အသင်းသားတွေနဲ့ သိပ်ကို ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလို့ ဖွင့်ဟလိုက်ပါတယ်။ သူကပဲ ကစားသမားဘဝ တစ်လျှောက်လုံးမှာ လက်တွဲလုပ်ခဲ့တဲ့ မန်နေဂျာတွေနဲ့ မတူညီတဲ့ အရည်အချင်းတွေကို ကလော့ပ်ထံက မြင်ရတယ်လို့ ဆိုတယ်။ ပေါ်တူဂီသားဟာ ဒီရာသီမှာ လီဗာပူးအတွက် ၁၁ ပွဲထိ ကစားပေးထားပြီလည်း ဖြစ်ပါတယ်။ ဂျိုတာက ပြောရာမှာ ‘ ယာဂင်က ကျနော် ပိုင်ဆိုင်ခဲ့ဖူးတဲ့ လေ့ကျင့်သူတွေနဲ့ ခြားနားသူတစ်ဦး ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆက်သွယ်မှုပိုင်းတွေမှာ တမူထူးခြားသူ ဖြစ်ပါတယ်။… Continue Reading →

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် စီနီယာ အားလုံး နီးပါး လက်လွတ်ရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲ မတိုင်ခင် နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် စီနီယာအသင်းသား ၁၇ ဦးထိ လက်လွတ်ထားရပါတယ်။ အောက်တိုဘာလတုန်းက လက်ရွေးစင်အသင်းတွေကို ကစားသမား ၂၁ ဦးထိ စေလွှတ်ခဲ့ရပြီး ကိတ်တာ ဒဏ်ရာနဲ့ ပြန်လာခဲ့သလို ရှာကွီရီကလည်း ကိုဗစ် သံသယကြောင့် ရက်အတန်ကြာ ကစားခွင့် မရခဲ့ပါဘူး။ နိုင်ဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာတော့ နိုင်ငံပွဲ ၃ ပွဲကို ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ကိုဗစ် ကူးစက်မှုနဲ့ ဒဏ်ရာ ပြဿနာတွေ… Continue Reading →

ဗန်ဒိုက် မရှိပေမယ့် လီဗာပူးရဲ့ ခံစစ်ကစားပုံ ထိုးကျမသွားဘဲ ဟန်ချက်ညီနေခြင်း အကြောင်းရင်း

လီဗာပူးအသင်းဟာ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို ဒဏ်ရာနဲ့ လက်လွတ်လိုက်ရတာက ဒီရာသီ အကြီးမားဆုံး အထိနာချက် ဖြစ်လာခဲ့ကာ ချန်ပီယံရေပန်းစားမှုပါ လျော့ကျလာခဲ့ပါတယ်။ ဗန်ဒိုက် ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရချိန်မှာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ရဲ့ အဓိက စိန်ခေါ်သူအဖြစ်ကနေ လျော့တွက်မှုတွေ ရှိလာခဲ့တယ်။ အခုဆိုရင်တော့ ပရီးမီးယားလိဂ် သုံးသပ်သူ အများအပြားက လက်စတာနဲ့ စပါးတို့ကလည်း လီဗာပူး၊ မန်စီးတီးတို့နဲ့ တန်းတူ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ပြီလို့ မှတ်ချက်ပြုလာခဲ့ပါတယ်။ ဗန်ဒိုက်လို ကမ္ဘာအကောင်းဆုံး ခံစစ်သမား နှစ်ဦးထဲက တစ်ဦးလို့ လက်ခံထားရတဲ့… Continue Reading →

မန်စီးတီးတို့ အံ့အားသင့်ခဲ့ရတဲ့ လီဗာပူးရဲ့ နည်းစနစ်ပိုင်း ရွေးချယ်မှုကို ချီးကျူးသွားတဲ့ ဂယ်ရီနဗီး

အီသီဟဒ်မှာ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း လီဗာပူးရဲ့ တိုက်စစ်လေးယောက် ကစားကွက်က မန်စီးတီးကို အမှားတွေ လုပ်မိစေခဲ့တယ်လို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းမှာ တစ်စုံတစ်ခုက အရင်နဲ့ မတူတော့ဘူးလို့ ထောက်ပြခဲ့ပါတယ်။ ကလော့ပ်က မာနေး၊ ဆာလက်၊ ဂျိုတာ၊ ဖာမီနိုတို့နဲ့ ပွဲထွက်ဖို့ ရွေးချယ်ခဲ့ပြီး စီးတီးကို အံ့အားသင့်စေခဲ့သလို ပထမပိုင်းအတွင်းမှာပဲ တက်ကြွတဲ့ တိုက်စစ်ကစားပုံကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သရေပွဲက လီဗာပူးကို ပရီးမီးယားလိဂ် ဇယားထိပ်ပြန်ရောက်စေဖို့ မလုံလောက်ခဲ့ပေမယ့်လဲ လက်ရှိချန်ပီယံတွေအတွက် နိုင်ငံတကာသီတင်းပတ်အတွင်း စီးတီးကို ၅မှတ်ဖြတ်ထားနိုင်စေခဲ့တာပါ။… Continue Reading →

အယ်လီဆန်ရဲ့ အခြေအနေကြောင့် နယ်သာလန်လိဂ်ကို ထွက်ခွာဖို့ ဖျက်သိမ်းခဲ့ရတဲ့ ဂလယ်ဟာ

နွေအပြောင်းအရွှေ့တုန်းက လီဗာပူး လူငယ်ဂိုးသမားလေး ဂလယ်ဟာ ဟာ နယ်သာလန်လိဂ်ကို ပြောင်းဖို့ လုပ်ဆောင်နေခဲ့ပေမယ့် အယ်လီဆန် ဒဏ်ရာရခဲ့ခြင်းကြောင့် အဆိုပါ ကိစ္စကို ဖြတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် အိုင်ယာလန် ဂိုးသမားဟာ ပုံမှန်ပွဲကစားခွင့်အတွက် နယ်သာလန် အဆင့်မြင့်တန်းလိဂ်ကို အငှားထွက်ဖို့ ရှိခဲ့တာပါ။ ဒါပေမယ့် အယ်လီဆန် ဒဏ်ရာရသွားတဲ့နောက် အတ်ဒရီယန် ပထမဂိုးသမားတာဝန်ကို ပြောင်းယူခဲ့ပြီး အရန်ဂိုးသမားနေရာအတွက် အသင်းမှာ သူဆက်ရှိနေခဲ့တာဖြစ်တယ်။ အိုင်ယာလန် လက်ရွေးစင်အသင်း မန်နေဂျာကတော့ ဂလယ်ဟာရဲ့ အငှားထွက်မယ့် အစီအစဉ် မဖြစ်မြောက်ခဲ့တာအတွက်… Continue Reading →

ငရဲလို နေ့ရက်တွေကို ကျော်ဖြတ်နေရတဲ့ ဗန်ဒိုက်နဲ့ ပက်သက်ပြီး ဝိုက်နယ်ဒမ် ထုတ်ပြော

နယ်သာလန် ကွင်းလယ်လူ ဝိုက်နယ်ဒမ်က လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းချိန်မှာ အသင်းဖော် ဗန်ဒိုက်နဲ့ ပက်သက်လို့ ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ကစားသမားဘဝ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရသူဖြစ်ပြီး ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ကာလရှည် အနားယူရမှာဖြစ်တယ်။ ဒီအခြေအနေမှာ ကစားသမားကို FaceTime ကနေ ပဲ အားပေးခွင့်ရနေပြီး ဗန်ဒိုက်ကလည်း ကြိုးစား ကျော်ဖြတ်နေပါတယ်လို့ ဝိုက်နယ်ဒမ်က ဖွင့်ဟပါတယ်။ ဝိုက်နယ်ဒမ်က ပြောရာမှာ ” ဘုရားသခင်ရဲ့ အလိုအတိုင်း ဗာဂျယ်က ပြန်လာပါလိမ့်မယ်။ သူ့အတွက် အရမ်းကို… Continue Reading →

ဒဏ်ရာကြောင့် ၄ ပတ်ကြာ နားရမှာဖြစ်ကာ အရေးပါတဲ့ပွဲစဉ် (၆) ပွဲ လွဲချော်မယ့် ထရန့်

လီဗာပူးညာအစွန်လူ ထရန့်ဟာ မန်စီးတီးနဲ့ပွဲမှာ ရခဲ့တဲ့ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ၄ ပတ်ထိ အနားယူမယ်လို့ The Times သတင်းထောက် paul joyce က အတည်ပြုပါတယ်။ အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်မှာ မဟုတ်ဘဲ နုတ်ထွက်ထားတဲ့ ထရန့်ဟာ လီဗာပူးရဲ့ လက်စတာ၊ အတ္တလန်တာနဲ့ ဘရိုက်တန်ပွဲတွေကိုပါ သေချာပေါက် လွဲချော်မှာပါ။ သူဟာ အေဂျက်၊ ဝုဗ်နဲ့ မစ်ဂျီလန်ပွဲတွေကို ယှဉ်ပြိုင်ကစားရမယ့် ဒီဇင်ဘာ အစောပိုင်းပွဲတွေကိုလည်း လွဲချော်နိုင်ဖို့ များနေပါတယ်။ ဒီရာသီ ပွဲကြပ်တွေနဲ့အတူ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!