Date

November 23, 2020

သီယာဂို၊ ထရန့်၊ ဟန်ဒိုတို့ရဲ့ ကြံ့ခိုင်မှုနဲ့ တနင်္လာနေ့ညပိုင်း နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ထရန့်နဲ့ သီယာဂိုတို့ ဒဏ်ရာက ပြန်သက်သာလာဖို့က မဝေးတော့ကြောင့် မန်နေဂျာကလော့ပ်က ထုတ်ပြောပေမယ့် ကြားရက်ပွဲမှာ သီယာဂို ပြန်ပါမှာ မဟုတ်သေးကြောင်း အတည်ပြုပါတယ်။ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးတစ်နေရာကို ယာယီဦးဆောင်ထားခဲ့တဲ့ လက်စတာကို ထူးချွန်တဲ့ ခြေစွမ်းဖြင့် ဂိုးပြတ် အနိုင်ယူတဲ့နောက် တနင်္လာနေ့ သတင်းစာမျက်နှာဖုံးတွေမှာ လီဗာပူး ချီးမွမ်းလွှာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒီယေဂို ဂျိုတာက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် လက်နှစ်ဖက်နဲ့ M စာလုံး ပုံဖော်ခဲ့သလို ညက လက်စတာနဲ့ပွဲမှာလည်း ဂိုးသွင်းယူပြီးနောက် A… Continue Reading →

ဂျိုတာရဲ့ အောင်ပွဲခံမှုတွေ အပေါ် စိတ်ကူးနဲ့ အဓိပ္ပါယ် ဖော်နေကြတဲ့ လီဗာပူး ပရိသတ်များ

လီဗာပူး တိုက်စစ်မှူး ဂျိုတာဟာ ဂိုးသွင်းယူပြီး အောင်ပွဲ ခံချိန်မှာ အင်္ဂလိပ် စာလုံးတွေ ပုံဖော်နေခဲ့တာကို လီဗာပူး ပရိသတ်တွေက သတိပြုမိပြီး ဒီစကားလုံးတွေကနေ ဘာကို ရည်ရွယ်သလဲ ဆိုတာ စိတ်ကူးနဲ့ အဓိပ္ပါယ် ဖော်ကြည့်နေကြပါတယ်။ ဒါဟာ အပျော်သဘော ဆားပုလင်းနှင်းမောင် လုပ်ကြည့်နေကြတာလို့ ဆိုရမှာပါ။ ဒီယေဂို ဂျိုတာက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် လက်နှစ်ဖက်နဲ့ M စာလုံး ပုံဖော်ခဲ့သလို ညက လက်စတာနဲ့ပွဲမှာလည်း ဂိုးသွင်းယူပြီးနောက် A ပုံစံ ဖော်ပြကာ ထပ်မံ… Continue Reading →

လီဗာပူးက ကြီးကျယ်ခမ်းနားတဲ့ အသင်းလို့ လက်မခံနိုင်ဖြစ်နေကြတဲ့ အီဗရာနဲ့ ယွန်းဘတ်

ယူနိုက်တက်နဲ့ အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်တဲ့ အီဗရာနဲ ယွန်းဘတ်တို့က လီဗာပူးက အမှတ်ပေးဖလားကို ဆက်တိုက် အနိုင်ယူနိုင်မှ ကြီးကျယ်ခမ်းနားတဲ့ အသင်းလို့ ခေါ်တွင်ပါမယ်လို့ ထုတ်ပြောခဲ့ပါတယ်။ လီဗာပူးဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ယူခဲ့ရာမှာ အဓိက ကစားသမား အများအပြားကို မထည့်သုံးနိုင်ခဲ့ဘူး။ အန်ဖီးမှာ ၆၄ ပွဲဆက်တိုက် ရံှူးပွဲမရှိ စံချိန် ရေးထိုးထားတဲ့ ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ အမှတ်ပေးဖလားကို အနိုင်ရနိုင်တဲ့ အဓိက အသင်းလည်းဖြစ်ပါတယ်။ စကိုင်းစပေါ့မှာ အီဗရာပြောခဲ့တာက “ အသာလေးလုပ်ရအောင် အခုမှ… Continue Reading →

ကွင်းလယ်ဒိုင်ကို စိတ်ဆိုးပြီး ဒိုင်ဗင် တကယ် ပစ်ပြမယ်လို့ ပေါ်တင် ရေရွတ်ခဲ့တဲ့ ဂျိုတာ

လက်စတာနဲ့ပွဲမှာ ပွဲထွက်ကစားသမားနေရာက ပါဝင်လာတဲ့ တိုက်စစ်သမား ဂျိုတာဟာ ဂိုးထပ်သွင်းယူခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ရှေ့ဆက်နိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ၁၂ ပွဲ ကစားခွင့်ရထားတဲ့ ဂျိုတာဟာ လက်ရှိမှာ သွင်းဂိုး ၈ ဂိုးထိ ရယူထားနိုင်ပါပြီ။ ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို သူ ပြေးဝင် ခေါင်းတိုက်ပြီး ဂိုးသွင်မှု မတိုင်ခင်မှာ ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေဟာ ကစာကွက် တည်ဆောက်မှုအတွင်း ပေးချက် ၃၀ အထိ လုပ်ခဲ့ကြတာကလည်း စံချိန်တင် မှတ်တမ်းတစ်ခုဖြစ်တယ်။ ဂျိုတာဟာ သူ့ရဲ့ ပုံစံအတိုင်း… Continue Reading →

ချန်ပီယံရဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တံဆိပ်ခတ်ထားသော လီဗာပူးဆိုတဲ့ ချီးကျူးသံများ

အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးတစ်နေရာကို ယာယီဦးဆောင်ထားခဲ့တဲ့ လက်စတာကို ထူးချွန်တဲ့ ခြေစွမ်းဖြင့် ဂိုးပြတ် အနိုင်ယူတဲ့နောက် တနင်္လာနေ့ သတင်းစာမျက်နှာဖုံးတွေမှာ လီဗာပူး ချီးမွမ်းလွှာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဗြိတိန် အားကစား ကလောင်ရှင်တွေက လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို အတော်လေး အားရကျေနပ်ခဲ့ကြတယ်။ ၎င်းတို့ဟာ ဒဏ်ရာ၊ ကိုဗစ်နဲ့ ဘယ်လို အခက်အခဲကမှ လီဗာပူးရဲ့ အောင်မြင်လိုစိတ်ကို တားဆီးနိုင်ခြင်း ရှိမယ် မထင်ဘူးလို့ တင်စားမှုတွေလည်း လုပ်ခဲ့ာကပါတယ်။ Goal ရဲ့ Neil Jones က “ အကယ်လို့ ဒါက… Continue Reading →

အတ္တလန်တာနဲ့ပွဲမှာ ဆာလက် ပြန်ကစားနိုင်မလား မေးခွန်းအတွက် အသေးစိတ် အခြေအနေ

တနင်္ဂနွေနေ့က လက်စတာပွဲကြို ကိုဗစ်စစ်ဆေးမှုအတွင်း ဆာလက်ရဲ့ ရလဒ်ဟာ negative ဖြစ်တာကြောင့် ကြားရက် အတ္တလန်တာပွဲကို ပြန်ပါလာဖို့ ရှိနေကြောင်း The Athletic က ဖော်ပြပါတယ်။ အီဂျစ်သားဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် တနင်္လာနေ့ လေ့ကျင့်ရေးမှာ ပြန်ပါလာမယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က အတည်ပြုပါတယ်။ ဘာတွေဖြစ်ခဲ့လဲ ဆာလက်ဟာ နိုင်ငံတကာသီတင်းပတ်အတွင်း အီဂျစ်ကို ပြန်ရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ ညီကိုဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တာပါ။… Continue Reading →

ပွဲထွက် ၁၁ ယောက်တောင် ကျန်မှာမဟုတ်တော့ဘူးလို့ ရုပ်သံဌာနတွေကို ကလော့ပ် ပေါက်ကွဲ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဗြိတိန် ရုပ်သံဌာနတွေကို တိုက်ရိုက် ဝေဖန်ခဲ့ပြီး ဒီအတိုင်း ဆက်ကစားစေရင် ရာသီသိမ်းပွဲအတွက် ပွဲထွက် ၁၁ ယောက်တောင် ကျန်မှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် ပြောဆိုပါတယ်။ ကိုဗစ်ကပ်ဘေးမှာ ဘောလုံးအသင်းတွေဟာ ရုပ်သံဝင်ငွေတွေကို အားကိုးနေရတာပါ။ ကွင်းဝင်ကြေးတွေ လုံးဝမရတဲ့ အနေအထားမှာ များပြားတဲ့ ရုပ်သံဝင်ငွေတွေကပဲ ကလပ်တွေရဲ့ ထွက်ပေါက်ဖြစ်တယ်။ ဒီအနေအထားမှာ ရုပ်သံဌာနတွေရဲ့ လွှမ်းမိုးမှုပါတဲ့ ပွဲစဉ်ဇယား ပုံစံတွေက ဒဏ်ရာရ ကစားသမားတွေကို ပိုမို မြင့်တက်လာစေပါတယ်။ ကလော့ပ်က ” ကျနော် ပြောနေတာက… Continue Reading →

ကိတ်တာ၊ ရှာကွီရီ၊ ဆာလက်တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် ကလော့ပ်ရဲ့ သတင်းပေးမှု

လက်စတာနဲ့ပွဲ အပြီးမှာ မန်နေဂျာကလော့ပ်က ပွဲချိန်တွင်း ဒဏ်ရာရသွားတ့ ကိတ်တာနဲ့ ပွဲမတိုင်ခင် ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ ရှာကွီရီ၊ ကိုဗစ် ကူးစက်ခံထားရတဲ့ ဆာလက်တို့အကြောင်းကို ပြောပြသွားပါတယ်။ မန်နေဂျာကလော့ပ်က ကွင်းလယ်လူနဲ့ ပက်သက်လို့ “ ကိတ်တာက တံကောက်ကြောမှာ ခံစားခဲ့ရပြီး ဆက်မကစားနိုင်တော့ဘူး။ အခြားတနည်းနဲ့ ပြောရရင် သူက ကွင်းထဲမှာ ဆက်ပြီး ရှိမနေနိုင်ခဲ့ပါဘူး ” လို့ ပွဲအပြီးမှာ ပြောပြခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာ ရှာကွီရီ မပါခဲ့သလို အရန်လူစာရင်းမှာလည်း သူ့ကို မမြင်ခဲ့ရဘူး။ ပွဲအပြီးမှာတော့ ကလော့ပ်က… Continue Reading →

လီဗာပူးကို အိမ်ကွင်း အန်ဖီးမှာ အနိုင်ယူလို့မရ ဖြစ်နေခြင်းအတွက် ရော်ဂျာနဲ့ ယာဂင်တို့ရဲ့ မှတ်ချက်

လက်စတာကို အန်ဖီးကွင်းမှာ အနိုင်ယူခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း အိမ်ကွင်း ရံှူးပွဲမရှိတာဟာ ၆၄ ပွဲထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကလပ်သမိုင်းမှာ အမြင့်ဆုံးနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအမြင့်ဆုံး စံချိန်လည်း ဖြစ်ပါတယ်။ လီဗာပူးရဲ့ အန်ဖီးကွင်းဟာ အင်္ဂလန်ရဲ့ ကြောက်စရာအကောင်းဆုံး ကွင်းဖြစ်လာခဲ့ကာ The Kop တွေကို အိမ်ကွင်းမှာ သရေတစ်မှတ် ရယူဖို့တောင် မလွယ်လှပါဘူး။ အန်ဖီးကွင်း ရံှူးပွဲအကြောင်း ပြောမယ်ဆိုရင် ပြောစရာပွဲ နည်းပါးလွန်းတာကြောင့် လူတိုင်းဟာ အက်သလက်တီကိုနဲ့ ပွဲတစ်ပွဲတည်း မှတ်မိကြတဲ့ထိကို လီဗာပူးရဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!