Date

November 26, 2020

မနက်ဖြန်သာ ချန်ပီယံလိဂ်ဖိုင်နယ်ဆို ဖာမီနိုနဲ့ ဂျိုတာ ဘယ်သူ့ကို လီဗာပူးပွဲထုတ်မလဲ အိုဝင် တင်စားပြောဆို

လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ပြီးခဲ့တဲေ့နွကမှ လီဗာပူးအသင်းထံ ရောက်လာပြီး မာဆေးဆိုဒ်ကလပ် အတွက် သက်ရောက်မှုကောင်းတွေ ပြသထားပြီ ဖြစ်တဲ့ ပေါ်တူဂီသား တိုက်စစ်မှူး ဂျိုတာရဲ့ စွမ်းဆောင်ရည်တွေကို အံ့သြနှစ်ခြိုက်နေပါတယ်။ ဂျိုတာရဲ့ လတ်တလော ခြေစွမ်းက ဘယ်လိုမှ လျစ်လျူရှုမထားသင့်တဲ့ အနေအထား ဖြစ်နေပြီလို့ အိုဝင်က ယုံကြည်နေပါတယ်။ တကယ်လို့သာ လီဗာပူးအသင်းဟာ မနက်ဖြန်သာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမယ့် ဆိုရင် ဂျိုတာဟာ လီဗာပူး အစဉ်တစိုက် အားထားလာရတဲ့ တိုက်စစ်မှူး ဖာမီနို ကိုတောင် ကျော်ပြီး… Continue Reading →

လီဗာပူးအသင်း အားပေးသူတစ်ယောက်ပါလို့ ထုတ်ပြောခဲ့ဖူးတဲ့ မာရာဒိုနာရဲ့ အမှတ်တရ စကား

ကမ္ဘာဘောလုံးဂန္တဝင်ကြီးဖြစ်တဲ့ မာရာဒိုနာဟာ သူဟာ လီဗာပူးအသင်းကို ရင်ထဲကနေ စွဲမြဲစွာ အားပေးမယ့်အကြောင်းကို နုတ်ကနေ ထုတ်ပြောခဲ့ဖူးပါတယ်။ ၂၀၀၅ ခုနှစ်မှာ လီဗာပူးက အေစီမီလန်ကို ပထမပိုင်း ၄၅ မိနစ်မှာ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဒုတိယပိုင်းမှာ ခြေပဂိုး ၃ ဂိုးပြန်သွင်းခဲ့တယ်။ နာကျင်အချိန်ပို မိနစ် ၃၀ ကို ကြံ့ကြံ့ခံခဲ့ကာ ပင်နယ်တီမှာတော့ အနိုင်ရပြီး ၅ ကြိမ်မြောက် ဥရောပ ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ Istanbul ပွဲအပြီးမှာ မာရာဒိုနာက “ အံ့ဖွယ်ထူးကဲ… Continue Reading →

အတ္တလန်တာပွဲ အရံှူးကို နာကျင်ခံစားဖို့ အချိန် ၁၀ မိနစ်ပေးခဲ့တဲ့ မန်နေဂျာကလော့ပ်

အတ္တလန်တာ ရံှူးပွဲအပြီးမှာ မန်နေဂျာ ကလော့ပ်က ” ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ နှစ်သင်းလုံး အခွင့်အရေး ဖန်တီးမှုတွေ သိပ်မလုပ်နိုင်ခဲ့ဘူး။ အတ္တလန်တာဘက်က သွင်းဂိုး ၂ ဂိုး မသွင်းနိုင်ချိန်ထိပေါ့။ ခက်ခဲတဲ့ပွဲနဲ့အတူ ထိုက်တန်တဲ့ ရံှူးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ” လို့ ဝန်ခံခဲ့တယ်။ မီဒီယာတွေ့ဆုံမှုမှာ လီဗာပူး ညံ့ဖျင်းခဲ့ပါတယ်ဆိုတာကို ဝန်ခံမှုနဲ့အတူ ကျရောက်လာမယ့် ဝေဖန်မှုတွေကို ခံယူသွားမယ်ဆိုတာကို ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အရံှူးရလဒ်ကို အကြာကြီး ခံစားနေဖို့ အချိန်မရှိပါဘူး။ စနေနေ့မှာပဲ လီဗာပူးဟာ ဘရိုက်တန်ကို… Continue Reading →

ဘယ်ပွဲစဉ်ကစပြီး အန်ဖီးကွင်းထဲ အနီရောင်ပရိသတ်တွေ ပြန်လည် ဝင်ရောက်လာတော့မှာလဲ

ဗြိတိန်မှာတော့ ဒီဇင်ဘာလ ၂ ရက်နေ့ကနေစပြီး လော့ဒေါင်းတွေကို ဖြေလျော့မှုတွေ ပြုလုပ်ပေးတော့မှာဖြစ်ကာ အားကစားကွင်းတွေထဲ ပရိသတ် ဝင်ခွင့်တွေကို ပြန်လည် ခွင့်ပြုလာပါတော့မယ်။ အစောပိုင်းမှာ ကိုဗစ်ဗိုင်းရပ်စ် ပျံ့နှံ့မှုမြင့်တဲ့ လီဗာပူးဟာ အန္တရာယ်ကြီးတဲ့ ဒေသဖြစ်ခြင်းကြောင့် ပရိသတ်တွေ ဝင်ခွင့်မရဘဲ ကွင်းပိတ်ပဲ ဆက်ကစားရမယ်လို့ သိထားရတယ်။ သို့ပေမယ့်လို့ လီဗာပူးမြို့ကော်စီရဲ့ နယ်ပယ်တွင်း ထိန်းချုပ်မှုတွေကို လုပ်ဆောင်နိုင်ခြင်းကြောင့် Tier 2 အဆင့်ထဲ ဝင်ရောက်လာပါတယ်။ Tier 2 မှာတော့ အားကစားကွင်းထဲ ပရိသတ် ၂၀၀၀ ထက် မပိုတဲ့… Continue Reading →

လီဗာပူး ပါဝင်တဲ့ ချန်ပီယံလိဂ် အုပ်စု D ကနေ ရှူံးထွက်ကို တက်ရောက်နိုင်ချေ အမြင့်ဆုံး ၂ သင်း

လီဗာပူးအသင်းက အတ္တလန်တာကို ၂-၀ ဖြင့် အရေးနိမ့်ပြီး အေဂျက်က မစ်ဂျီရန်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စု D အတွင်းမှာ အပြောင်းအလဲ အနည်းငယ် မြင်လာရပြီဖြစ်ပါတယ်။ လီဗာပူးက ၄ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ဖြင့် ထိပ်ဆုံးမှာ ဆက်ရှိနေခဲ့ပြီး အတ္တလန်တာနဲ့ အေဂျက်တို့က ၄ ပွဲကစား ရမှတ် ၇ မှတ်တွေ ရထားကြပြီဖြစ်ပါတယ်။ သို့ပေမယ့် ဒိန်းမတ်ကလပ် မစ်ဂျီရန်ကတော့ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ… Continue Reading →

အတ္တလန်တာပွဲ လူရွေးချယ်မှုပိုင်းက လိုအပ်လို့ လုပ်ဆောင်ခြင်းလား စိတ်ပျက်ဖွယ် မှားယွင်းမှုလား

အန်ဖီးကွင်းမှာ လီဗာပူးက အတ္တလန်တာကို အရေးနိမ့်ခဲ့ရာမှာ လူထုတ်ပုံနဲ့ ပက်သက်ပြီး မန်နေဂျာကလော့ပ်ကို ဝေဖန်မှု လုပ်ကြတာတွေ အများကြီး ရှိခဲ့ပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပေါက် တည့်မှု တစ်ကြိမ်တောင် မရှိခဲ့သလို ၂ ဂိုးပြတ် အရေးနိမ့်တယ်ဆိုတာက ယာဂင်ကလော့ပ် လက်ထက်မှာ လုံးဝ မရှိဖူးတဲ့ မှတ်တမ်းဖြစ်တယ်။ တကယ်တမ်း ပြောရရင် ဒီမှတ်တမ်းမျိုးကို နောက်ဆုံး မြင်ခဲ့ရတာက လွန်ခဲ့တဲ့ ၁၇ နှစ်ဖြစ်တဲ့ ဂျရတ်ဟူးလီယာခေတ်လောက်က ဖြစ်ပါတယ်။ ဒီလို ဆိုးရွာတဲ့ ပုံစံဖြင့် အရေးနိမ့်ခဲ့တာအတွက်… Continue Reading →

အတ္တလန်တာကို အရေးနိမ့်တဲ့ပွဲမှ လီဗာပူးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ

အတ္တလန်တာကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှ လီဗာပူးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကို အကျဉ်းသဘော ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Alisson Becker 7 ကောင်းမွန်တဲ့ ကာကွယ်မှုတွေနဲ့ အသင်းခံစစ်ကနေ ဘောလုံးထုတ်ဖို့အတွက် ကောင်းမွန်တဲ့ ကူညီမှုတွေ လုပ်ပေးခဲ့တယ်။ သွင်းဂိုး ၂ ဂိုး ခွင့်ပြုရပေမယ့် စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ လီဗာပူးအသင်းသား ဖြစ်ပါတယ်။ Neco Williams 5 အတ္တလန်တာက နီကိုးဘက်ခြမ်းကို ပစ်မှတ်ထားခဲ့ပြီး ဝေလ်းအစွန်လူက တည်ငြိမ်တဲ့ ပုံစံကို ပြသဖို့လည်း ရုန်းကန်ခဲ့ရတယ်။ တိုက်စစ်ကို လိုက်ပါပေမယ့် ပံ့ပိုးမှု… Continue Reading →

လေးတွဲတဲ့ ခြေစွမ်းကြောင့် အတ္တလန်တာကို အရေးနိမ့်ခဲ့မှုကနေ ဘယ်လို ရုန်းထမလဲ ဝန်ခံမှု

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ် ၄ အဖြစ် အတ္တလန်တာကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရာမှာ လိုအပ်ချက်များတဲ့ ကစားပုံနဲ့အတူ အရေးနိမ့်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မီလ်နာက အသင်းရဲ့ လိုအပ်ချက် များမှုကို ပွဲအပြီးမှာ ဝန်ခံတယ်။ ဒီအပတ်အကုန်မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေတာကြောင့် အဆိုပါပွဲမှာ ရလဒ်ကောင်းဖြင့် တုန့်ပြန်ပြဖို့လည်း အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။ မီလ်နာက BT Sport ကို ပြောရာမှာ ” ကျနေ်ာတို့ အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ဆိုတာကိုလည်း… Continue Reading →

အတ္တလန်တာကို အရေးနိမ့်အပြီး ပွဲနဲ့ ပက်သက်လို့ မှတ်ချက်ပေးလိုက်တဲ့ မန်နေဂျာကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အတ္တလန်တာကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ထိုက်ထိုက်တန်တန် အရေးနိမ့်ခဲ့ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။ ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်နေရာက ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီပွဲနိုင်ရင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ များပြားတဲ့ ဒဏ်ရာ အခြေအနေတွေကို ကျော်လွှားဖို့နဲ့ ကြံ့ခိုင်မှု သတင်းဆိုးတွေ ထပ်မရဖို့ ဒီကနေ့ပွဲမှာ ပွဲကစားခွင့် မရကြတဲ့ ကစားသမား အများအပြားကို ထုတ်သုံရာက အသင်းရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆိုးရွားခဲ့တာပါ။ ခြေစွမ်း မကောင်းခဲ့တာနဲ့ ပက်သက်လို့ ဝန်ခံတဲ့ ကလော့ပ်ဟာ ပွဲချိန်အတွင်းမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!