Month

June 2021

ချစ်ခင်ရပါသော လီဗာပူးမိသားစုဝင်များထံသို့ ဆိုပြီး အိုဇန် ခါဘတ်ရဲ့ နှုတ်ဆက်လွှာ

ရှော်ကေးကနေ အငှားလာကစားနေတဲ့ အိုဇန်ခါဘတ်ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးပြီဖြစ်လို့ ဒီကနေ့မှာပဲ တူရကီခံစစ်မှူးဟာ လီဗာပူးအသင်းကို နုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ခါဘတ်ဟာ ဖေဖော်ဝါရီကစတင်ကာ လီဗာပူးအသင်းထံ အငှားလာကစားခဲ့ပြီး ၁၃ ပွဲထိ ကစားပေးနိုင်ခဲ့တယ်။ သူဟာ လီဗာပူးအသင်း ပရီးမီးယားလိဂ်မှာ တတိယနေရာက ရာသီသိမ်းဖို့နဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အကူအညီပေးနိုင်ခဲ့တယ်။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ မိခင်ကလပ်ကို ပြန်မှာဖြစ်ပြီး အဲ့ရောက်မှပဲ အနာဂတ်ကိစ္စကို စီစဉ်ပါလိမ့်မယ်။ လီဗာပူးအသင်းကတော့ အနာဂတ်မှာ အဆင်ပြေပါစေဆိုတဲ့… Continue Reading →

သတင်းထောက်ကြီးက အင်္ဂလန်ပွဲ လာအားပေးတဲ့ ယာဂင်အတုကို အစစ်ထင်ခဲ့လို့ ပွဲကျနေရ

ITV ရုပ်သံဌာနရဲ့ သတင်းထောက် ဂျိုနသန် ဆွိမ်းဟာ ဝင်ဘာလေမှာ အင်္ဂလန်အသင်းကို လာအားပေးတဲ့ ယာဂင် အတုကို အစစ်ထင်ပြီး ကြေညာခဲ့တာကြောင့် ဟားစရာဖြစ်ခဲ့ရပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ ပုံစံတူ ဝတ်ဆင်ထားတဲ့ ပရိသတ် တစ်ဦးက အင်္ဂလန်ပရိသတ်တွေနဲ့အတူ ကွင်းထဲ ဝင်ရောက်ခဲ့တာပါ။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံသဏ္ဍာန်ဟာ ကလော့ပ်နဲ့ ဆင်တူလွန်းခဲ့ပြီး သူ စကားပြောတာကို မကြားခင်ထိဆိုရင် ကလော့ပ် ကိုယ်တိုင် ပွဲလာကြည့်တယ်လို့ပဲ ထင်မိကြမှာပါ။ ဆွိမ်းကိုယ်တိုင်ကလည်း သူမြင်ခဲ့ရသူက ယာဂင်ကလော့ပ်ပါလို့ ယုံကြည်ခဲ့တာကြောင့် ပွဲတင်ဆက်မှုမှာ အင်္ဂလန်ပရိသတ်တွေနဲ့… Continue Reading →

သတင်းခေါင်းစီးတွေထဲ မပါဝင်တဲ့ ယနေ့ နံနက်ခင်း လီဗာပူး သတင်းတိုများ စုစည်းမှု

လီဗာပူး ပစ်မှတ် ဘာရာဒီအတွက် ဆက်ဆိုလို အသင်း ဈေးသတ်မှတ် အီတလီဘက်က သတင်းတွေ အရတော့ စီးရီးအေကလပ် ဆက်ဆိုလို အသင်းဟာ လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ ၎င်းတို့ တောင်ပံတိုက်စစ်သမား အတွက် ယူရို သန်း ၄၀ လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ဘာရာဒီဟာ ယူရိုပြိုင်ပွဲမှာ အထင်ကြီးဖွယ် ခြေစွမ်းပြခဲ့သလို စီးရီးအေမှာလည်း ပြီးခဲ့တဲ့ ရာသီက ၁၇ ဂိုးသွင်း ၈ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။ ဘာရာဒီကို ခေါ်ယူမယ် ဆိုရင် လီဗာပူးအသင်းဟာ အီတလီသား အတွက်… Continue Reading →

မာဆေးဆိုဒ်ပရိသတ်တွေရဲ့ ခံစားချက်ကို လစ်လျူရှုပြီး ရာဖာကို မန်နေဂျာအဖြစ် ခန့်အပ်တဲ့ မိုရှီရီ

စပိန်မန်နေဂျာကြီး ရာဖာ ဘင်နီတက်စ်ဟာ အဲဗာတန်အသင်း မန်နေဂျာရာထူးအတွက် ၃ နှစ်စာချုပ်ဖြင့် သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ အဓိက ရှယ်ရာရှင် ဖာဂတ် မိုရှီရီဟာ သမိုင်းဝင် ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး ရာဖာ ဘင်နီတက်စ်ဟာ ၁၈၉၀ ခုနှစ်တုန်းက လီဗာပူးနဲ့ အဲဗာတန် နှစ်သင်းလုံးကို ကိုင်တွယ်ခဲ့တဲ့ ဝီလီယမ် အတ်ဝတ် ဘာကလေ နောက်ပိုင်း မာဆေးဆိုဒ် နှစ်သင်းလုံးကို ကိုင်တွယ်တဲ့ ပထမဆုံး မန်နေဂျာ ဖြစ်လာပါတယ်။ အသက် ၆၁ နှစ်အရွယ် စပိန်သားဟာ အီတလီမှာ မိုရှီရီနဲ့… Continue Reading →

ရာသီသစ်မှာ ယာဂင် ခံစစ် ၃ ယောက်တန်းစနစ် သုံးမှာ မဟုတ်ကြောင်း အတည်ပြုနိုင်ပြီ

ရာသီသစ်အတွက် လီဗာပူးရဲ့ ပထမဆုံး လက်မှတ်ထိုးမှုဟာ ပြင်သစ်သား ခံစစ်မှူး ကိုနာတေး ဖြစ်လာတဲ့နောက် ယာဂင်ရဲ့ နည်းဗျူဟာ အပြောင်းအလဲ မြင်လာရတော့မလားဆိုပြီး ပရိသတ်တွေကြား မေးခွန်းရှိလာခဲ့ပါတယ်။ ယာဂင်ဟာ စာရွက်ပေါ်မှာ ၄-၃-၃ နည်းဗျူဟာ ချလေ့ရှိပေမယ့် တကယ်တမ်းမှာတော့ ဘယ်အစွန်နဲ့ ညာအစွန်ကိုပါ တိုက်စစ်တင်လေ့ရှိပြီး ၂-၃-၅ ဗျူဟာမျိုး ဆင်နွှဲသူလို့ မှတ်ချက်တွေလည်း ရထားခဲ့တယ်။ ဒါကြောင့် ရာသီသစ်မှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ကိုနာတေးတို့ဖြင့် ခံစစ် ၃ ဦးထားကာ ထရန့်၊ ရော်ဘတ်ဆန်တို့ကို အစွန်-တောင်ပံ ကစားစေမလားဆိုတဲ့… Continue Reading →

ဂျာမနီနည်းစနစ်ကို မေးခွန်းထုတ်တဲ့ ကလော့ပ်ကို လက်ရွေးစင် မန်နေဂျာ တုန့်ပြန် စကားဆို

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဂျာမနီအသင်းရဲ့ ခံစစ်ကစားပုံကို ယာဂင်ကလော့ပ် ဝေဖန်ခြင်းနဲ့ ပတ်သက်လို့ လက်ရွေးစင် မန်နေဂျာ ဂျိုအာချင်လိုးက တုန့်ပြန်လိုက်ပါတယ်။ ဂျာမာန်အသင်းဟာ ခံစစ် သုံးယောက်တန်းနဲ့ အစွန်-တောင်ပံသမားတွေ ထားတဲ့ နည်းစနစ်ကို ယူရို ပြိုင်ပွဲမှာ အသုံးပြုနေတာဖြစ်တယ်။ ယာဂင်ကလော့ပ်က ဂျာမနီကို ကွင်းလယ် ၃ ဦးထားစေတဲ့ နည်းစနစ်ကိုပဲ သုံးစေလိုပြီး ဂျိုအာချင်လိုးက သူလက်ရှိ သုံးနေတဲ့ နည်းစနစ်က အကောင်းဆုံးဖြစ်ကြောင်း ပြန်လည် ဖြေရှင်းလာခဲ့တယ်။ ဂျိုအာချင်လိုးရဲ့ နည်းစနစ်ကို မေးခွန်းထုတ်တဲ့ မန်နေဂျာတွေက ကလော့ပ်… Continue Reading →

ကိုးမန်းအတွက် ဘိုင်ယန် ယူရို သန်း ၁၀၀ ဈေးခေါ်၊ တီကိုက ထွက်လိုတဲ့ ဆောနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

တီကိုက ထွက်လိုတဲ့ ဆော အက်သလက်တီကို ကွင်းလယ်လူ ဆောနီဂွက်စ်ဟာ ဒီနွေမှာ မက်ဒရစ်အခြေစိုက် ကလပ်ကနေ ထွက်ခွာလိုနေပါပြီ။ စပိန်ကွင်းလယ်လူဟာ တီကိုမှာပဲ ကာလရှည် နေလိုခဲ့ပေမယ့် လာလီဂါ အနိုင်ရမှုမှာ အရေးပါတဲ့ အသင်းသား မဟုတ်ခဲ့သလို ယူရို ပြိုင်ပွဲဝင် စပိန်အသင်းမှာလည်း နေရာမရခြင်းကြောင့် သူ့စိတ်ကူးကို ပြောင်းလဲလာခဲ့တာပါ။ ဆောကို ခေါ်ယူလိုတဲ့ ကလပ်တွေက များပြားပြီး အဆိုပါ အသင်းတွေထဲ လီဗာပူးလည်း ပါဝင်တယ်။ တီကိုဘက်က ဒီနွေမှာ ယူရို သန်း ၄၀ ဖြင့် ကစားသမားကို… Continue Reading →

ဂရုဂျစ် အလိုက်ပါမယ့် သဘောတူညီမှုဖြင့် ပေါ်တိုကွင်းလယ်လူကို ခေါ်ဖို့ ညိနှိုင်းနေတဲ့ လီဗာပူး

လီဗာပူးအသင်းနဲ့ ပေါ်တိုအသင်းတို့ဟာ ကွင်းလယ်လူ အိုထိဗီယိုကို ခေါ်ယူဖို့ စကားပြောမှု အခြေအနေ ကောင်းမွန်နေကြောင်း ပေါ်တူဂီသတင်းဌာန A Bola က ဖော်ပြသွားပါတယ်။ ယာဂင်ကလော့ပ်က အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို နှစ်သက်မှုရှိပြီး ဘောလုံးဆိုင်ရာ အရည်အချင်း ပြည့်ဝသူလို့ တင်စားထားကြောင်း သိရတယ်။ ကလပ်နှစ်သင်းဟာ ပြောင်းရွှေ့ကြေးအတွက် ညိနှိုင်းနေကြပြီဖြစ်ကာ ကွင်းလယ်လူ ဂရုဂျစ်ကလည်း ဒီအပြောင်းအရွှေ့ထဲ ပါဝင်သွားနိုင်ပါတယ်။ ပေါ်တိုဘက်က ကစားသမားကို ယူရို သန်း ၆၀ ရရင် ထွက်ခွင့်ပေးရမယ့် သဘောတူညီချက် ရှိထားပေမယ့်… Continue Reading →

ကိုစတက်၊ ကိုးမန်း၊ ကော်တင်ညိုတို့နှင့် ဒီကနေ့အတွက် လီဗာပူး အပြောင်းအရွှေ့ သတင်းတိုများ

နာပိုလီဘက်က လီဗာပူး ဘယ်အစွန်လူ ကိုစတက်ကို ဒီနွေမှာ ခေါ်ယူဖို့ ကမ်းလှမ်းမှာ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက စီးရီးအေကလပ်ဟာ ကိုစတက်အတွက် ကြိုးစားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ခေါ်ယူဖို့ အစီအစဉ် မရှိသလို လီဗာပူးကလည်း ရော်ဘတ်ဆန်နေရာ အင်အားဖြည့်ထားတဲ့ အစွန်လူကို ရောင်းထုတ်လိုစိတ် မရှိပါဘူး။ လီဗာပူးဘက်က စိတ်ဝင်စားမှု ရှိနေတဲ့ ပီအက်စ်ဗီ တိုက်စစ်မှူး မာလန်က ဒီနွေမှာပဲ သူ့ကို ထွက်ခွာခွင့်ပေးဖို့ နယ်သာလန်ကလပ်ကို တောင်းဆိုထားပါတယ်။ ဒီနွေမှာ ရှက်ဖီးကွင်းလယ်လူ ဆန်ဒါဘတ်ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၁၀ သန်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!