Month

September 2021

ချန်ပီယံလိဂ် အဝေးကွင်းမှာ ပေါ်တိုကို အလန်းစား ယှဉ်ပြိုင်ကစားပြီး အုပ်စုတွင်းကို ဆက်ဦးဆောင်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပေါ်တိုကို အဝေးကွင်းမှာ ၅-၁ ဖြင့် အနိုင်ရပြီး ချန်ပီယံလိဂ် အုပ်စုတွင်းကို ဆက်လက် ဦးဆောင်ပါတယ်။ ဆာလာ (၂) ဂိုး၊ မာနေး (၁) ဂိုးနဲ့ ဖာမင်နို (၂) ဂိုးတို့ သွင်းယူခဲ့ကြခြင်း ဖြစ်ပါတယ်။ အခြားသော ပွဲစဉ်အဖြစ် အက်သလက်တီကိုက အေစီမီလန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ရမှတ် ၄ မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးဟာ တတိယပွဲစဉ်အဖြစ် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင် ကစားရပါမယ်။ ထရန့် မပါနိုင်တဲ့… Continue Reading →

ဆာလာ၊ မာနေး၊ ဘော်ဘီတို့ ရှိနေတဲ့ လီဗာပူးအသင်းကို ဘယ်လိုအတွေးနဲ့ ပြောင်းလာလဲ ဂျိုတာ ပြန်ဖြေ

ဒီယိုဂို ဂျိုတာဟာ လီဗာပူးမှာ သူ့ရဲ့ ပထမဆုံးနှစ်ကို ပျော်ရွှင်ကျေနပ်နေခဲ့ပြီး ကလပ်ဟာ ဒီရာသီ ဆုဖလားတိုက်ပွဲအတွက် ရှေ့ဆုံးကနေ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လီဗာပူးနဲ့အတူ မွေးရပ်မြေဆီ ခရီးထွက်ခဲ့တဲ့ ပေါ်တူဂီသားဟာ အသင်းဖော်တွေနဲ့ မပူးပေါင်းခင် တနင်္လာနေ့ နေ့လည်ပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဂျိုတာရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြောကြားချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ လီဗာပူးကစားသမားဘဝ ပထမဆုံးနှစ် အကြောင်း… ဒီမှာ တစ်နှစ်ပြည့်သွားခဲ့ပြီပေါ့။ အန်ဖီးလို ပတ်ဝန်းကျင်၊ ကမ္ဘာတစ်ဝှမ်းက အားပေးမှုများစွာနဲ့ ဒီလို… Continue Reading →

လီဗာပူးတိုက်စစ်သမား ဂျိုတာရဲ့ အသင်းဟောင်း ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ရမှာအတွက် မှတ်ချက်

လီဗာပူးရဲ့ ပေါ်တူဂီသား တိုက်စစ်သမား ဂျိုတာဟာ ဒီကနေ့ညမှာတော့ အသင်းဟောင်း ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ အသင်းဝဘ်ဆိုဒ်ကနေ အသင်းဟောင်းနဲ့ ပတ်သက်လို့ ဂျိုတာက အခုလို ပြောဆိုပါတယ်။ လီဗာပူးနဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၂ ကြိမ်တွေ့ဆုံမှုအပြီး ပေါ်တိုက နာကျင်ရဦးမလား ဒါက ပြောဖို့ခက်ပါတယ်။ ပြီးခဲ့တဲ့ ရလဒ်တွေက ပေါ်တိုအတွက် မကောင်းခဲ့ဘူး။ သူတို့က အသင်းတွေကြားမှာ တကယ့် ကွာခြားမှု ကြီးကြီးမားမား မပြသခဲ့ဘူး။ သူတို့အိမ်ကွင်းမှာ ကစားရတာက အဝေးအသင်းတွေအတွက် ဘယ်တော့မှ မလွယ်ပါဘူး။ ဒါကြောင့်… Continue Reading →

လီဗာပူးကို ဝယ်ယူဖို့ ရှိတ်မန်ဆော်ဘက်က အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း ဆောင်းနက် ပြောပြ

စကိုင်းစပေါ့နဲ့ အစီအစဉ် တင်ဆက်နေတုန်းမှာ လီဗာပူးဂန္တဝင်ကြီး ဂရေမီ ဆောင်းနက်က ရှိတ်မန်ဆော်ဟာ မန်စီးတီးအသင်းကို ဝယ်ယူမှု မတိုင်ခင်မှာ လီဗာပူးအသင်းကို ဝယ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။ မန်စီးတီးကို အဘူဒါဘီမိသားစုက ဝယ်ယူမှုမှာ အဓိက ကြိုးစားပေးခဲ့တဲ့ Amanda Staveley နဲ့ ဒူးဘိုင်းမှာ တွေ့ဆုံခဲ့ဖူးတဲ့ ဆောင်းနက်က ဒီအကြောင်းတွေကို ပြောပြရာမှာ “ အရင် ၁၂ နှစ် ၁၃ နှစ်ကထင်တယ်။ ကျနော် ဒူဘိုင်းကို သွားခဲ့သေးတယ်။ ကျနော် ဇနီး၊ သားတို့နဲ့… Continue Reading →

ပေါ်တိုကို ထွက်ခွာတဲ့ ခရီးမှာ ထရန့် မပါဝင်၊ မန်စီးတီးနဲ့ပွဲကိုပါ လွဲချော်နိုင်တယ်လို့ သတင်းထွက်လာ

ညာအစွန်လူ ထရန့်ဟာ ပေါ်တူဂီကို ထွက်ခွာသွားတဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းမှာ မပါဝင်သွားဘူးလို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ညာအစွန်လူဟာ ချန်ပီယံလိဂ်ပွဲအပြင် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲကိုလည်း လွဲချော်သွားမယ့် အခြေအနေလို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဖော်ပြလာခဲ့ကြတယ်။ အသင်းရဲ့ ကွင်းဖွင့် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပေမယ့်လို့ နောက်ပိုင်း နည်းပြအဖွဲ့နဲ့ တွေ့ဆုံတဲ့ စည်းဝေးပွဲကိုတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ထရန့်ဟာ ကြံ့ခိုင်မှု ပြဿနာကြောင့် မပါနိုင်ခြင်းလို့ အသံထွက်လာပြီး ပေါ်တူဂီခရီးမှာတော့ ညာအစွန်လူ နီကိုး လိုက်ပါသွားပါတယ်။ အခြားသော ရွေးချယ်စရာတွေအဖြစ် ဝါရင့်ကွင်းလယ်လူ… Continue Reading →

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ လီဗာပူး အဝတ်လဲခန်းတွင်း ခေါင်းဆောင် ၆ ဦးကို ကလော့ပ် ကြေညာ

မန်နေဂျာယာဂင်ကလော့ပ်က ပေါ်တိုပွဲကြိုမှာပဲ လီဗာပူးအသင်းရဲ့ အဝတ်လဲခန်းတွင်း ခေါင်းဆောင်စာရင်းကို အသစ်ပြန်ဖွဲ့စည်းခဲ့ပြီလို့ ကြေညာပေးပါတယ်။ လီဗာပူးအသင်းဟာ အရင်နှစ်တွေတုန်းက ခေါင်းဆောင်ပိုင်း ၄ ဦး ရှိခဲ့ပြီး ဟန်ဒါဆန်၊ မီလ်နာ၊ ဗန်ဒိုက်နဲ့ ဝိုက်နယ်ဒမ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မနှစ်တုန်းကတော့ သူတို့ လေးဦး မကစားချိန်မှာ ခေါင်းဆောင်ပိုင်း ထပ်တိုးဖို့အတွက် ရိုဘို၊ ထရန့်၊ ဂိုးမက်စ်တို့ကို ခံစစ်ပိုင်း ခေါင်းဆောင်တွေအဖြစ် ယာဂင်ကလော့ပ်က သတ်မှတ်ပေးခဲ့တယ်။ ဒါပေမယ့်လို့ ဂိုးမက်စ်ကလည်း ဒဏ်ရာ ထပ်ရခဲ့ပြန်ပါတယ်။ မနှစ်က ခံစစ်နဲ့ ကွင်းလယ်မှာ ဒဏ်ရာရ… Continue Reading →

တိုက်စစ်က ခြိမ်းခြောက်နိုင်စွမ်း အမြင့်ဆုံးမှာ ရှိပေမယ့် ခံစစ်ကတော့ ရက်ရောလွန်းနေခဲ့တဲ့ လီဗာပူး

စနေညဟာ စိတ်လှုပ်ရှားစရာ၊ သွင်းဂိုးတွေ၊ ဖျော်ဖြေမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ပရိသတ်ထုကြီးကို အသက်ရှုမှားလောက်စရာ ဖြစ်စေခဲ့ပါတယ်လို့ လီဗာပူးသတင်းထောက် Dominic King ကဆိုပါတယ်။ ဘရန့်ဖို့ဒ်ဟာ ရာသီအစောပိုင်း ကာလမှာတင်ပဲ အကောင်းဆုံး ဖြစ်စေမယ့် ပွဲတစ်ပွဲမှာ သူတို့ရဲ့ ကဏ္ဍကို ပါဝင်ကစားခဲ့ပါတယ်။ ဘရန့်ဖိုဒ့်ဘက်က အိမ်ကွင်းကို ခမ်းခမ်းနားနား ဖြစ်စေခဲ့ပြီး ပွဲအပြီးမှာ လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ပွဲပြီး အင်တာဗျူးကို စောင့်နေရင်း ပြိုင်ဘက်ပရိသတ်တွေရဲ့ အားပေးမှုကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပါတယ်။ ကင်မရာတွေ မရှိပဲ ခဏတာ ငြိမ်သက်နေတဲ့… Continue Reading →

လာမယ့် သီတင်းပတ်တွေမှာ ကာတစ်ဂျုံးကို ပိုမို အားကိုးရမယ့် ယာဂင်နဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေတာကြောင့် ချန်ပီယံလိဂ်ပွဲနဲ့ မန်စီးတီးပွဲတွေမှာ ကာတစ်ဂျုံးကို နေရာပေးရဖွယ် ရှိနေပါတယ်။ The Athletic မှ လီဗာပူးသတင်းထောက် အိုနီးလ်က ကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒါဆန်ကို အထိုင်ထားပြီး ဂျုံး၊ မီလ်နာ၊ ချိန်ဘာလိန်တို့နဲ့ တွဲဘက်ပေးမယ်လို့ မြင်ပါတယ်။ နောက်ထပ် ကွင်းလယ်လူအဖြစ်တော့ လူငယ်အသင်းက တေလာ မော်တန်ကို စီနီယာအဆင့်ထံ ခေါ်ယူခြင်းမျိုး ဖြစ်ပါတယ်။ သီယာဂိုဟာ နိုင်ငံတကာသီတင်းပတ် အပြီးမှ ပြန်ကစားနိုင်မှာဖြစ်ပြီး ကာရာဘောင်းပွဲမှာ မြက်ခင်းကို ကန်မိခဲ့တဲ့ ကိတ်တာရဲ့… Continue Reading →

အကြောင်းရင်း တစ်ချက်နဲ့တင် လီဗာပူးက ဟာလန်းကို မခေါ်ယူပါဘူးလို့ မက်မန်နာမန် မှတ်ချက်ပေး

ဟာလန်းဟာ လီဗာပူးနဲ့ ချိတ်ဆက်နေတဲ့ ကောလဟာလေအသစ်တွ ထပ်မံ ပေါ်ထွက်လာခဲ့ပြီး နောက်နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၉၀ နဲ့ သူ့ကို ရဖို့ အလုအယက် ကြိုးပမ်းမှုတွေအတွင်း လီဗာပူးကိုပါ မြင်တွေ့ရဖွယ်ရှိတယ်လို့ ယူဆနေကြပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဘောလုံးလောကမှာ အထင်ရှားဆုံး အဖိုးတန်ကြယ်တစ်ပွင့် ဖြစ်လာခဲ့သလို သူ့ကို ခေါ်ယူနိုင်ခွင့်အား ဥရောပ ဘီလူးတွေက ဆက်တိုက် စောင့်ကြည့်နေတာပါ။ အဲ့ဒီ့အသင်းတွေထဲမှာ လီဗာပူး ပါဝင်ပြီး ကလော့ပ်အနေနဲ့ အသင်းဟောင်း ဒေါ့မွန်ဆီက ကစားသမားတွေကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!