ညာအစွန်လူ ထရန့်ဟာ ပေါ်တူဂီကို ထွက်ခွာသွားတဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းမှာ မပါဝင်သွားဘူးလို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။

ညာအစွန်လူဟာ ချန်ပီယံလိဂ်ပွဲအပြင် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲကိုလည်း လွဲချော်သွားမယ့် အခြေအနေလို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဖော်ပြလာခဲ့ကြတယ်။ အသင်းရဲ့ ကွင်းဖွင့် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပေမယ့်လို့ နောက်ပိုင်း နည်းပြအဖွဲ့နဲ့ တွေ့ဆုံတဲ့ စည်းဝေးပွဲကိုတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။

ထရန့်ဟာ ကြံ့ခိုင်မှု ပြဿနာကြောင့် မပါနိုင်ခြင်းလို့ အသံထွက်လာပြီး ပေါ်တူဂီခရီးမှာတော့ ညာအစွန်လူ နီကိုး လိုက်ပါသွားပါတယ်။ အခြားသော ရွေးချယ်စရာတွေအဖြစ် ဝါရင့်ကွင်းလယ်လူ မီလ်နာနဲ့ ခံစစ်မှူး ဂိုးမက်စ်တို့လည်း လိုက်ပါသွားသေးတာ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ပွဲကြိုမှာ ကာလရှည် ဒဏ်ရာရနေတဲ့ သီယာဂိုနဲ့ အယ်လီးယော့တို့ကလွဲရင် အဓိက အသင်းသား ၂၃ ဦးလုံး လိုက်ပါပါမယ်လို့ ပြောဆိုခဲ့တယ်။ ဒါပေမယ့်လို့ အသင်းသား ၂၂ ဦးပဲ ချန်ပီယံလိဂ်ခရီးကို လိုက်ပါသွားနိုင်ခဲ့ပါတယ်။

ထရန့်ဟာ ပဲလေစ့်နဲ့ပွဲကို အဖျားရောဂါကြောင့် မပါနိုင်ခဲ့ဘဲ ဘရန့်ဖိုဒ့်နဲ့ပွဲမှာ ပြန်လည် ပါဝင်ခဲ့တာပါ။ အဲ့နောက်ပိုင်းမှာ ကြံ့ခိုင်မှု ပြဿနာနဲ့ ပတ်သက်လို့ ထူးထူးခြားခြား သတင်းတွေ မသိရပေမယ့် အခုလို လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

ပေါ်တိုအသင်း ပွဲကြိုမှာပဲ ကလော့ပ်က ခေါင်းဆောင်ပိုင်းကော်မတီမှာ ထရန့်ကလည်း ရိုဘို၊ အယ်လီဆန်တို့နဲ့အတူ ပါဝင်လာတယ်လို့ ပြောဆိုထားသေးတာ ဖြစ်ပါတယ်။

ZAWGYI

ညာအစြန္လူ ထရန္႔ဟာ ေပၚတူဂီကို ထြက္ခြာသြားတဲ့ ခ်န္ပီယံလိဂ္ပြဲ လူစာရင္းမွာ မပါဝင္သြားဘူးလို႔ အတည္ျပဳႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ညာအစြန္လူဟာ ခ်န္ပီယံလိဂ္ပြဲအျပင္ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမယ့္ အမွတ္ေပးပြဲကိုလည္း လြဲေခ်ာ္သြားမယ့္ အေျခအေနလို႔ မာေဆးဆိုဒ္ သတင္းေထာက္ေတြက ေဖာ္ျပလာခဲ့ၾကတယ္။ အသင္းရဲ႕ ကြင္းဖြင့္ ေလ့က်င့္ေရးမွာ ပါဝင္ခဲ့ေပမယ့္လို႔ ေနာက္ပိုင္း နည္းျပအဖြဲ႔နဲ႔ ေတြ႔ဆံုတဲ့ စည္းေဝးပြဲကိုေတာ့ တက္ေရာက္ႏုိင္ျခင္း မရွိပါဘူး။

ထရန္႔ဟာ ၾကံ႕ခိုင္မႈ ျပႆနာေၾကာင့္ မပါႏုိင္ျခင္းလို႔ အသံထြက္လာျပီး ေပၚတူဂီခရီးမွာေတာ့ ညာအစြန္လူ နီကိုး လိုက္ပါသြားပါတယ္။ အျခားေသာ ေရြးခ်ယ္စရာေတြအျဖစ္ ဝါရင့္ကြင္းလယ္လူ မီလ္နာနဲ႔ ခံစစ္မွဴး ဂိုးမက္စ္တို႔လည္း လိုက္ပါသြားေသးတာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ပြဲၾကိဳမွာ ကာလရွည္ ဒဏ္ရာရေနတဲ့ သီယာဂိုနဲ႔ အယ္လီးေယာ့တို႔ကလြဲရင္ အဓိက အသင္းသား ၂၃ ဦးလံုး လိုိက္ပါပါမယ္လို႔ ေျပာဆိုခဲ့တယ္။ ဒါေပမယ့္လို႔ အသင္းသား ၂၂ ဦးပဲ ခ်န္ပီယံလိဂ္ခရီးကို လိုက္ပါသြားႏုိင္ခဲ့ပါတယ္။

ထရန္႔ဟာ ပဲေလစ့္နဲ႔ပြဲကို အဖ်ားေရာဂါေၾကာင့္ မပါႏုိင္ခဲ့ဘဲ ဘရန္႔ဖိုဒ့္နဲ႔ပြဲမွာ ျပန္လည္ ပါဝင္ခဲ့တာပါ။ အဲ့ေနာက္ပိုင္းမွာ ၾကံ႔ခိုင္မႈ ျပႆနာနဲ႔ ပတ္သက္လို႔ ထူးထူးျခားျခား သတင္းေတြ မသိရေပမယ့္ အခုလို လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။

ေပၚတိုအသင္း ပြဲၾကိဳမွာပဲ ကေလာ့ပ္က ေခါင္းေဆာင္ပိုင္းေကာ္မတီမွာ ထရန္႔ကလည္း ရိုဘို၊ အယ္လီဆန္တို႔နဲ႔အတူ ပါဝင္လာတယ္လို႔ ေျပာဆိုထားေသးတာ ျဖစ္ပါတယ္။